Skip to main content

တန်ဖိုး နှင့် တန်ဘိုး


1. ဆရာ ဆေးဖိုးနဲ့ ဆေးဘိုး ဘယ်ဟာမှန်သလဲ ကျေးဇူးပါ။

2. ဆရာ တန်းဘိုး နှင့် တန်ဖိုး ဘယ်ဟာအမှန်လဲရှင့်။ ကျွန်မ အမှန်လို့သိထားတာက တန်ဖိုးပါ။

3. ဆရာရှင့် အဖိုးထိုက် နဲ့ အဘိုးထိုက် လေးရှင်းပြပေးပါဦးရှင်

4. တန်ဖိုး နဲ့ တန်ဘိုး ကွာခြားချက်လေး သိပါရစေ ဆရာ

5. တန်ဖိုး လားလို့ဆရာ သူတို့ရေးတာမှားတာလား ကျမထင်တာမှားတာလားဆရာ

6. တန်ဖိုးကို ဘယ်အချိန်က ပြောင်းသုံးပါသလဲဆရာ။ (မသိပါ။ ဆောရီး။)

7. မင်္ဂလာပါ ဆရာ မုန့်ဘိုး နဲ့ မုန့်ဖိုး ဘယ်ဟာအမှန်လဲရှင့်

8. အဘိုးနဲ့ တန်ဖိုး ဘယ်ဟာက အမှန်လဲဆရာ။ တန်ဘိုးရော မှန်ရဲ့လားဆရာ။

မူကွဲလို့ပြောနိုင်ပါတယ်။ ၂ မျိုးလုံးရေးကြတယ်။ နောက်ပိုင်းမှာ တန်ဖိုးလို့ရေးလာတယ်။ အရင်က တန်ဘိုး ၅၀ ပြားလို့ ရေးတာလည်း ရှိတယ်။ အဘိုး ၁ ကျပ် ၂၅ ပြားလို့လည်းရေးတယ်။ အဖိုးငွေ ၅ ကျပ်လို့လည်းရှိတယ်။

• ၁၅-၅-၁၉၆၄ မှာ ၅ဝ တန်နဲ့ ၁ဝဝ တန်တွေကို ပဌမဆုံးအကြိမ်တရားမဝင်ကြေညာလိုက်ပါတယ်။

• ၃-၁၁-၁၉၈၅ နေ့မှာ ၂၅၊ ၅ဝ နဲ့ ၁ဝဝ ကျပ်တန်ငွေစက္ကူတွေကို ဒုတိယအကြိမ်တရားမဝင်ကြေညာလိုက်တယ်။

• ၅-၉-၁၉၈၇ နေ့မှာ ၂၅၊ ၃၅ နဲ့ ၇၅ ကျပ်တန်ငွေစက္ကူတွေကို တတိယအကြိမ်တရားမဝင်ကြေညာလိုက်ပါတယ်။

ဖိုး

ဖိုးကျိုင်းဒုတ် = ဖုန်းကျိုင်းဒီး (ဖုန်း = ကျွန်တော် + ကျိုင်း = စိတ် + ဒီး = ကောင်းသည်။ ယိုးဒယား)

ဖိုးခေါင်ကြွေးကြော်

ဖိုးခေါင်ငှက်

ဖိုးခေါင်ရွာ

ဖိုးဖိုးဖိန်းဖိန်း

ဖိုးရိုးဖါးလျား

ဖိုးလင်း = လွန်စွာအဖိုးထိုက်သည်

အဖိုးငွေ

အဖိုးထိုက်တန်

အဖိုးဖြတ်သည်

အဖိုးအခ

ဘိုး

ဘိုးကြီးဘွားကြီး

ဘိုးစဉ်ဘောင်ဆက်

ဘိုးတော်မင်းတရား

ဘိုးဘိုးကြီးနတ်

ဘိုးဘိုးအောင်

ဘိုးမင်းခေါင်

ဘိုးသူတော်

ဘိုးအေ

အဘိုးအေ

မိုဃ်းပေါ်မှာ ကြယ်တလုံး

တိမ်ဖုံးပါလို့ လမသာ

သာတော့ခါ သာပါလိမ့်

နတ်ဒေဝါ သူဖန်ဆင်း

ဘိုး ရွှေလမင်း။ (မောင်ဘ)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ