ကျွန်တော့်မိဘတွေဟာ ရောင်စုံသူပုန်လို့ ပြောလေ့ရှိတဲ့ခေတ်မှာ တောကနေ မြို့ပြောင်းနေရတယ်။ ကျွန်တော်က ပါလီမန်ဒီမိုကရေစီခေတ်မှာ ကျောင်းသားဖြစ်ပြီ။ တပါတီဆိုရှယ်လစ်ခေတ်မှာ ဆရာဝန်ဖြစ်တယ်။ စစ်အစိုးရခေတ်မှာ နိုင်ငံရေးလုပ်တဲ့သူဖြစ်လာတယ်။ အဲသည်ကတည်းက တိုင်းပြည်တွေ ပြောင်းပြီးနေရတယ်။ တတိယနိုင်ငံရောက်ပြီ။ စစ်အာဏာသိမ်းမျိုးဆက်ကလည်း တတိယ ကြေးတံဆိပ်ယူထားတယ်။
ကျွန်တော်လည်း အိုပြီ။ မြန်မာစာသက်တမ်းလည်း ကြီးပြီ။ လွတ်လပ်ရေးလည်း အသက်ရင့်လာပြီ။ ပြည်တွင်းစစ်ကတော့ အိုသေးပုံမရ။
စစ်ကိုင်းကောင်းမှုတော် စေတီကြီးကို လုံးတော်ပြည့်ရွှေချခဲ့တယ်။ မြန်မာစာသတ်ပုံကိုပါ ရွှေချထားတယ်။ အမွေအနှစ်ဆိုတာ မူရင်းအတိုင်းထားတာကာ တန်ဖိုးရှိပါတယ်။ လွတ်လပ်ရေးကျောက်တိုင်တော့ တိုင်ထိပ်အထိ ရွှေချမခံရသေးပါ။ ကျော်တိုင်ပေါ်မှာ ရေးထိုးထားတဲ့ စာတွေကိုတော့ စာလုံးပေါင်းသတ်ပုံတွေ ပြင်ကုန်ကြပြီ။
ဒေါက်တာတင့်ဆွေ
၂၇-၁၂-၂ဝ၁၈
Comments
Post a Comment