Sunday, January 22, 2023

ဝီလျံဆလင်း ကန်မြဲဇဂျမ်း စစ်ချီရာလမ်း

ပို့စ် - ပန်းရည်ဘဏ်တိုက်နှင့် နဂါးလိမ်ချော်ဆစ် (မောင်စွမ်းရည်) (မိုးမခ) ဇန်နဝါရီ ၂၁၊ ၂၀၂၃

ကွန်မင့် (မင်း စော) - ဆရာခင်ဗျ ဆရာကြီး မောင်စွမ်းရည်ရေးတာကိုတော့ မှတ်သားပါတယ်၊ မြင်မိတာလေး တချက်ပါ မဟာမိတ်စစ်တပ်တွေ မြင်းခြံကို လာတယ်ဆိုတာ ပခုက္ကူကနေ ညောင်းဦးနယ် လက်ပံချေပေါ်ကိုကူးပြီး လာခဲ့ရင်သာ ကန်မြဲကို ဖြတ်စရာလိုပါမယ် (မိုင် ၃၀ ဝန်းကျင်)၊ မိတ္ထီလာကနေ လာမယ်ဆိုရင် ကန်မြဲကို ဖြတ်စရာ မလိုပါဘူး၊ သဲချောင်းတွေ ဖြတ်စရာရှိပေမယ့် မြေပြင်အနေအထားက လမ်းမရှိရင်တောင် တောင်သာအနောက် ၁၀မိုင်က ကန်မြဲကို မရောက်နိုင်ပါဘူး၊ တောင်သာကနေ လမ်းရှိနေပါပြီ ဝီလျံဆလင်းရဲ့ စာကိုကိုးထားတဲ့ ဆောင်းပါးတပုဒ်ဖတ်ဖူးတာအရ ကျွန်တော်အမှတ်အသား ထားမိတာ မိတ္ထီလာကိုလည်း ညောင်ဦးကနေ ကျော်ပန်းတောင်းကိုဖြတ် ချီတတ်တယ် ဆိုပါတယ် လေးစားလျက်ပါ

Tint Swe - ရေးတဲ့ကွန်မင့်ကို ဆရာစွမ်းဆီ ပို့လိုက်ပါမယ်။

Win Pe (မောင်စွမ်းရည်) - ကျေးဇူးပါ၊ ကျန်းမာတယ်နော်၊ ဝမ်းသာတယ်။ ကျနော်လဲမြင်းခြံတောင်သာ၊ မိတ္ထီလာကားလမ်းရော ရထားလမ်းပါ သွားမနကျပါ၊၊ ဒါပေမဲ့ ဆာဝီလျံဆလင်းတို့ စစ်ချီလာတာက 

ကားလမ်းကမလာ၊ ကန်မြဲဇဂျမ်းဘက်က ဆင်တဲဝချောင်းဖြတ်လာတယ်လို့ပဲ ဖတ်ရမှတ်ရဖူးပါတယ်။ ဆလင်း စာအုပ်အမည်လဲမေ့နေပြီ၊ ဆရာမှတ်မိရင်ပြောပါဦး၊ အဆင်သင့်ရင် ပြန်ရှာဖတ်ရအောင်။ ပန်ကြားပါရစေ။ ဆရာ စာရေးပါ၊ စာအုပ်ထုတ်ဖို့လုပ်ကြရအောင်။ မိုးမခနဲ့ငါတို့စာပေကိုထုတ်ခိုင်းမယ်။

Tint Swe - ကျေးဇူးပါဆရာ။ အခုအကြောင်းအရာမှာ ကျွန်တော်က နည်းနည်းသာသိပါတယ်။ က်ိုယ်ရေးစာအုပ်အတွက် မိတ်ဆွေတဦးကပေးတဲ့အကြံအတိုင်း အသံစသွင်းပါတော့မယ်။ ပိုသိသူတွေက ဖြည့်တော့ ပိုပြည့်စုံလာပါမယ်။ နေကောင်းကြပါစေ။

William Slim: The soldiers’ soldier https://www.nam.ac.uk/explore/william-slim

William Slim, 1st Viscount Slim https://en.wikipedia.org/wiki/William_Slim,_1st_Viscount_Slim

Burma campaign https://en.wikipedia.org/wiki/Burma_campaign

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

ဧက

ဧက = တခုသော။ တယောက်သော။ တူသော။ ဧကံ = တချက်တည်း။ တပေါင်းတည်း။ ဧကံ သမယံ = တပါးသော အခါ၌။ ဧကသ္မိံ သမယေ = တပါးသော အခါ၌။ ဧကောဝ အာဂတော သိ = သင်သည် ...