(ငါးသန်သေးနုပ်၊ ရေလုံပြုတ်များကို၊ တလုပ်ကယ် ဝဝ၊ စားလိုက်ရလျှင်ဖြင့်)
သြော်…!
လူ့ဘုံခန်းဝါ၊ လူ့ပြည်ရွာမှာ၊ ဝမ်းစာခဲခက်…၊
မုရင်းထမင်း ချဉ်ပေါင်ဟင်းနှင့်၊
ဆန်တွင်းက နက်လွန်းလို့…၊
အသက်ရှိစဉ်၊ မသေခင်ကို၊
ကောက်လျင်ကြီးဆန်၊ နီတာလံနှင့်၊
ငါးသန်သေးနုပ်၊ ရေလုံပြုတ်များကို၊
တလုပ်ကယ် ဝဝ၊ စားလိုက်ရလျှင်ဖြင့်၊
အာဂ ပါးစပ်၊ လူဖြစ်ကျိုး နပ်လေငဲ့…၊
မရပ်မနား ရေကိုရောင်းလို့၊
ဝမ်းကျောင်းပါငြား ကပဲ၊
စားရသည့်နေ့၊ တလလုံးတွင်မှ၊
သုံးနပ်လောက်ကယ်သာ တွေ့ရတယ်။
ငွေ့နှယ် ကြေးနှယ်၊ ဘဟာ့နှယ်များကို၊
ကွယ်လေငဲ့ ပိတ်ပိတ်ပျောက်၊
အမွဲတကာ့ ထွတ်ခေါင်၊
ဖွတ်မင်းနောင်မှာ၊
ပြာတောင်ကြီး ပေါက်ကရော့၊
ပြောင်မြောက်အောင် မွဲနိုင်တဲ့ ငါ့ကိုယ်နော်…!။ ။
ဟယ်… သို့သော်လည်း ယောက်ျား…!
ကံရှေ့သွား၊ ကံထားရာဟဲ့၊
မနုံနဲ့ပါဘူး၊
အလှည့်သင့် ချက်ပိုင်၊
ကြက်ကန်းခွပ်လို့၊ ပွဲကျွတ်အောင် နိုင်သေးသပ၊
ကံဆိုင်လို့တကယ်၊ ချက်ကောင်းကို တွယ်မိလျှင်၊
ရေသယ် မောင်မောင်၊
လူနေလှလို့၊ ရွှေချသလို ပြောင်လိမ့်မယ်…၊
အဆောင်တော် ရေအိုးနှင့်၊
ဆိုင်းထမ်းပိုး စုံအလင်၊
ရေချိုကို ဆန်နှင့်လဲရအောင်၊
မြို့ထဲကို ဝင်တော့မယ်…၊
မှန်ဝိုင်းရှင်တော်သုံးက၊
ရေပုံကြိုးဆက်…။ ။ (ဦးပုည)
ပြဇာတ်တို့တွင် ဇာတ်ကောင်တို့၏ စကားပြောကို အကြောင်းအားလျော်စွာ နဘေစပ်ရှစ်ပါးတို့ဖြင့် ရေးရသည်။
နဘေစပ်ရှစ်ပါး
၁။ နဘေ
၂။ ပြန်ကဟပ်
၃။ ရွက်ချပ်
၄။ ကတ္တရာ
၅။ ချိန်ခွင်ညှာ
၆။ ခြင်္သေ့
၇။ တေ့ဆက် တထွေ
၈။ နဘေပြန်ကဟပ်-
ဤရှစ်ရပ် အစပ်နဘေ ရှစ်ပါးတည်း။
https://m.facebook.com/story.php?story_fbid=1888796494483615&id=1877881868908411)
သံညှင်း ဆိုင်းဆင့် နာရီချ ပတ်တိုက်မှစ၍ ပြောငိုများပါ သင့်ရာသင့်ရာ စပ်ရလေသတည်း။
ရှေးစာကဗျာများ
ဒေါက်တာတင့်ဆွေ

Comments
Post a Comment