ကိုးကားချက် (၁)
တောင်ငူမင်းဆက် (တောင်ငူအင်ပါယာ) သည် အရှေ့တောင်အာရှ၏ ကျယ်ပြောလှသော နယ်မြေကို ၎င်း၏ တန်ခိုးအာဏာဖြင့် အုပ်ချုပ်ခဲ့သည်။
ဝန်းရံထားသော နယ်မြေ
• ခေတ်မီမြန်မာ့အများစု (ရခိုင်၊ အင်းဝ၊ ပုဂံ၊ ပြည်၊ ပဲခူး၊ မုတ္တမနှင့် မြိတ်) ဒေသများ အပါအဝင်၊
• အယုဒ္ဓယ၊ သုခိုထိုင်း နှင့် Lanna တို့ကဲ့သို့သော တိုင်းနိုင်ငံများ အပါအဝင် ခေတ်သစ်ထိုင်းနိုင်ငံအားလုံး
• Lan Xang နှင့် Luang Prabang အပါအဝင် ခေတ်မီလာအို
• တိဘက်နှင့် မင်မင်းဆက် နယ်စပ်ဒေသများ အပါအဝင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၏ အစိတ်အပိုင်းများ
• ကမ္ဘောဒီးယား အနောက်မြောက်ပိုင်း (Preah Vihear) ဒေသ၊
• အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မဏိပူရနှင့် ပတ်ဝန်းကျင်ဒေသများ
ခန့်မှန်းဧရိယာ-
မြေပုံပေါ်တွင်ပြသထားသည့် ပထဝီဝင်ဧရိယာကို အခြေခံ၍-
• ခေတ်မီမြန်မာပြည်- ±676,578 စတုရန်းကီလိုမီတာ
• ခေတ်မီထိုင်းနိုင်ငံ- ±513,120 စတုရန်းကီလိုမီတာ
• ခေတ်မီလာအို- ±236,800 စတုရန်းကီလိုမီတာ
• ကမ္ဘောဒီးယားနှင့် ဗီယက်နမ်၏ သေးငယ်သော အစိတ်အပိုင်းများ- ± 50,000 စတုရန်းကီလိုမီတာ
• အရှေ့မြောက်အိန္ဒိယနှင့် တရုတ်နိုင်ငံအနောက်တောင်ပိုင်း၏ အစိတ်အပိုင်းများ- ± 50,000 စတုရန်းကီလိုမီတာ (ခန့်မှန်း)
Tongoo မင်းဆက်၏ စုစုပေါင်း ခန့်မှန်းဧရိယာ- ± 1,500,000 စတုရန်းကီလိုမီတာ
ကိုးကားချက် (၂)
Taungu Empire တောင်ငူအင်ပါယာ သမိုင်းသင်္ခန်းစာ
ပထမတောင်ငူအင်ပါယာ (၁၅၁၀-၁၅၉၉) နဲ့ ဒုတိယတောင်ငူအင်ပါယာ (ညောင်ရမ်း) ၁၅၉၉-၁၇၅၂) အထိ ရှည်ကြာတယ်။ တောင်ငူမင်းဆက်မှာ တပင်ရွှေထီးနဲ့ ဘုရင့်နောင်တို့က နာမည်ကြီးတယ်။ ၁၂၈၇ ကတည်းက ပျက်သုဉ်းသွားတဲ့ ပုဂံအင်ပါယာကို ပြန်ပြီးစုစည်းနိုင်ခဲ့တာဖြစ်တယ်။ ညောင်ရမ်းနဲ့ အနောက်ဖက်လွန်မင်းတွေက ပြန်လည် စုစည်းခဲ့တာဖြစ်တယ်။ တောင်ငူအင်ပါယာရဲ့ အထွတ်အထိပ်ကာလမှာ မဏိပူ၊ တရုပ်လွှမ်းမိုးထားတဲ့ ရှမ်းဒေသ၊ (ဆိုင်ယမ်) ခေါ် ထိုင်းနဲ့ (လန်ဇန်း) ခေါ် လာအိုတို့လည်းပါတယ်။
၁၄၈၀ ကတည်းက အင်းဝကျဆင်းလာခဲ့တယ်။ ၁၅၁ဝ မှာ တောင်ငူက လွတ်လပ်ရေးကြေညာတယ်။ ၁၅၂၇ မှာ ရှမ်းတွေက အင်းဝကိုသိမ်းယူလို့ မြန်မာဒုက္ခသည်တွေ တောင်ငူမှာခိုလှုံကြရတယ်။ တောင်ငူ-ဟံသာဝတီစစ် (၁၅၃၄-၁၅၄၁) ဖြစ်တယ်။ ၁၅၃၉ မှာ တပင်ရွှေထီးက ပဲခူး (ပဂိုး) မှာ ထီးနန်းပြောင်းစံတယ်။ ပုဂံကို ၁၅၄၄၊ ရခိုင်ကို ၁၅၄၅-၄၇၊ ထိုင်းကို ၁၅၄၇-၄၉ မှာ သိမ်းတယ်။
သူ့နောက်ဆက်ခံတဲ့ ဘုရင့်နောင်က အင်းဝကို ၁၅၅၅ မှာ၊ ရှမ်းကို ၁၅၆၂-၆၃ မှာ၊ ထိုင်းကို ၁၅၆၄-၆၉ မှာ၊ လာအိုကို ၁၅၆၅-၇၄ မှာသိမ်းတယ်။ ဘုရင့်နောင်နတ်ရွာစံတဲ့ ၁၅၈၁ နောက်၊ ၁၅၈၄ မှာ ဆိုင်ယမ် (ထိုင်း) ကပုန်ကန်ပြီး၊ ၁၆ဝ၅ ကတည်းက မြန်မာ့မြေပုံမှာမပါတော့ဘူး။ ၁၅၉၉ မှာ ပေါ်တူဂီတွေအကူအညီနဲ့ ရခိုင်က ပဲခူးကိုဖျက်ဆီးနိုင်ခဲ့တယ်။ ပေါ်တူဂီလူမျိုး (ဖိလစ် ဒီဘရစ်တို) က သူ့သခင်ရခိုင်တွေကို ပုန်ကန်ပြီး၊ ဂိုအာမှာရှိတဲ့ ပေါ်တူဂီထောက်ခံမှုနဲ့ ၁၆ဝ၃ မှာ သန်လျင်ကို ထူထောင်လိုက်တယ်။ ၁၆၁၃ ဧပြီလမှာ အနောက်ဖက်လွန်မင်းတရားက သန်လျင်ကိုသိမ်းပြီး၊ ဒီဘရစ်တိုကို ကားစင်တင်သုတ်သင်တယ်။ သူ့မဟာမိတ် တောင်ငူဘုရင်၊ ရိုမန်ကက်သလစ်ဖြစ်သွားတဲ့ (ရတုစာဆို) နတ်ရှင်နောင်ကိုပါ ကွပ်မျက်လိုက်တယ်။
ယိုးဒယား-မြန်မာစစ် (၁၇၆၅-၁၇၆၇) ဟာ မြန်မာ့ကုန်းဘောင်မင်းဆက်နဲ့ (ဆိုင်ယမ်) ယိုးဒယား (ဘန် ဖလူ လောင်) မင်းဆက်မှာ ဖြစ်ခဲ့တယ်။ စစ်ပွဲအဆုံးမှာ ရာစု (၄) ခုကြာရှည်ခဲ့တဲ့ (ဆိုင်ယမ်) မင်းဆက်ပျက်သုဉ်းသွားတယ်။ ဒါပေမယ့် မြန်မာဘုရင်ဟာ တရုပ်ရဲ့ကျူးကျော်မှုကြောင်း ခက်ခက်ခဲခဲတိုက်ယူထားတဲနယ်မြေကနေဆုတ်ခွါလာခဲ့ရတယ်။ (ဆိုင်ယမ်) မှာ ကနေ့အထိသက်တမ်းရှည်တဲ့ မင်းဆက် ၁၇၇ဝ ကနေစပြီး ထူထောင်လာနိုင်တယ်။ ဘုရင့်နောက်နတ်ရွာစံပြီး (၁၈) နှစ်အကြာ၊ (၂၆၆) နှစ်တာရှည်ခဲ့တဲ့၊ အရှေ့တောင်အာရှမှာ အကြီးဆုံးဖြစ်ခဲ့တဲ့ တောင်ငူအင်ပါယာကြီးဟာ ပျက်စီးသွားပါတော့တယ်။
တောင်ငူအင်ပါယာကပေးတဲ့ သမိုင်းသင်္ခန်းစာ
တောင်ငူအင်ပါယာ အရွယ်သေးလာ မြန်မာဖြစ်လာ၏။
ဘေးအနားသား အရင်စားခံရ၏။
အလယ်သားမှာ မှိုတက်လာ၏။
အလေးချိန်ပါ ပိန်ပိန်လာ၏။
အနှစ်အကာ မဖြစ်စလောက်သာကျန်တော့၏။
အဆီအနှစ်မှာလည်း မြေပေါ်မြေအောက်၊ ရေအောက် ခမ်းခြောက်လာ၏။
ဂုဏ်အသရေမတိုး ညှိုညှိုးလာ၏။
တန်ခိုးတေဇာ ထွန်းတောက်စရာ ဆီမီးလောက်သာကျန်တော့၏။
စည်းလုံးခွန်အား လုံးပါးပါးလာ၏။
ဆေး အဝေးမှာရှာစရာမလို ကိုယ်တိုင်ဖေါ်စပ်လို့ရ၏။
ပျောက်ချင်စိတ်အတိ၊ ဆေးနည်းရှိ၏။
ဆေးတဖုံ ငရုတ်ဆုံမှာ နာနာထောင်းဘို့တော့လို၏။ ။
Map = Taungoo empire at its greatest extent (1580)
ကိုးကားချက် (၃)
၁၉၇၉ ခုနှစ်ထဲမှာ ဖတ်ကြားတင်သွင်းတဲ့ ခရီးသွားစာပေ စာတမ်းတွေထဲက နမူနာတိုတိုလေးတခု ထုတ်ယူတင်ပြပါမယ်။
ဘုရင်တွေခေတ်မှာ နည်းအမျိုးမျိုး အကြောင်းခံအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ တိုင်းတပါးသားတွေက သူတို့ခရီးစဉ်တွေကို ဘယ်လို မှတ်တမ်းတင်ခဲ့ကြသနည်း။ သူများတွေက မြန်မာပြည်အကြောင်း မှတ်တမ်းပြုထားတာတွေထဲက ဖြစ်ပါတယ်။
Caesar Frederick ဆီဇာ ဖရက်ဒရစ် သည် အေဒီ ၁၅၉၆ ခုနှစ်တွင်လည်းကောင်း၊ Ralph Fitch ရပ်ဖစ် သည် အေဒီ ၁၅၈၇-၈၈ ခုနှစ်တွင်လည်းကောင်း တောင်ငူခေတ် မြန်မာနိုင်ငံသို့ ရောက်ခဲ့ကြလေသည်။ ထိုခေတ်နိုင်ငံကို စည်းရုံးမှုပေးခဲ့သော ဘုရင့်နောင်မင်းတရားအကြောင်းကို ဆီဇာ ဖရက်ဒရစ် ကရေးခဲ့သည်မှာ အောက်ပါအတိုင်းပင်။
- ဤကမ္ဘာမြေဝယ် ပဲခူး (ဟံသာဝတီ) ဘုရင်လောက် တန်ခိုးကြီးမားသူ မရှိ။ ထိုဘုရင့်လက်အောက်တွင် ထီးဆောင်းမင်း ၂၆ ဦးရှိလေသည်။
- ငွေဓနအင်အား၊ လူအင်အား၊ ကုန်တပ်အင်အား အရာရာတွင် ထိုဘုရင်သည် အော်တိုမန်ဘုရင်ဧကရာဇ်ထက် သာလေသည်။
- သူ့မှာ ရွှေတိုက်တော် အများအပြားရှိ၍ ရွှေငွေတို့သည် နေ့စဉ်နှင့်အမျှ တိုးပွားလျက်သာရှိသည်။ သူသည် နီလာကျောက်သံပတ္တမြားတို့၏ အရှင်သခင်လည်း ဖြစ်ပေသည်။
- ထိုဘုရင်သည် မြင်း ၁၆ ကောင်ကသော ရွှေချပြာဿာဒ်ရထားကို စီးသည်။ ရထားနောက်တွင် မှူးမတ် ၂၀ လိုက်ရ၍ ရထားကြိုးကို ဆွဲကိုင်ရသည်။ ရထားအလယ်တွင် ဘုရင်စံပယ်၍ ဘုရင့်မျက်နှာလေးဘက်တွင် သူအမြတ်နိုးဆုံး မှူးမတ် ၄ ဦး ရံရလေသည်။ ရထားရှေ့တွင် စစ်သည်တော်များနှင့် မှူးမတ်များ ပါရသည်။ ပတ်လည်တွင်မူ အအုပ်အချုပ်ခံ နယ်ပယ်များမှ ရာထမ်းမှုထမ်းများ ဝိုင်းလျက် ရှိရလေသည်။
- ဤမျှစနစ်တကျ တခမ်းတနား မြင်တွေ့ရလေသည်မှာ အံ့ဖွယ်ရာပင်တည်း။
- ပဲခူး (ဟံသာဝတီ) ဘုရင်တွင် မိဖုရား(ခေါင်) တပါး၊ မောင်းမ ကိုယ်လုပ်တော် ၃၀၀ ရှိသည်။ သားတော် သမီးတော်များကား ကိုးကျိပ်ဟူ၏။
- နေ့စဉ်မပြတ် ရှင်ဘုရင်သည် တိုင်းသူပြည်သားတို့၏ အမှုအခင်းများကို ကြားနာဆုံးဖြတ်လေသည်။ လွှတ်ရုံး ရာဇပလ္လင်ထက်၌ ဘုရင်သည် ထိုင်၏။ သူ့အောက်တွင် မှူးမတ်များ၊ ထို့နောက် ဘုရင့်နားတော်တင်ရန် စောင့်ဆိုင်းနေကြသော အမှုသည်များဟူ၍ ရှိသည်။ အမှုသည်များ၏ လက်တွင်ကား လျှောက်လွှာပေရွက်များ၊ ထို့ပြင် အမှု၏တန်ဖိုးအလိုက် လက်ဆောင်ပဏ္ဏာများ ကိုင်ထားသည်။ ဤတွင် ရုံးအရာရှိများက လျှောက်လွှာကို ယူငင်၍ ဖတ်ပြကြရ၏။ ဘုရင်က သူတို့လျှောက်သည့်အတိုင်း သင့်သည်ဟု သဘောရလျှင် သူတို့လက်မှ လက်ဆောင်ပဏ္ဏာများကို သိမ်းရန် အမိန့်ပေးလေသည်။ တရားနည်းလမ်း မကျဟု သဘောရလျှင် လက်ဆောင်ပဏ္ဏာများကို မယူရန် အမိန့်ပေးသည်။
ခရီးသွားစာပေ စာတမ်းများထဲက မြန်မာနိုင်ငံရောက် နိုင်ငံခြားသားများအမြင်ဖြင့် ရေးသော ခရီးသွားစာပေ
တင်ပြသူ - ဦးသန်းထွတ် (တိုက်စိုး)၊ စာအုပ်စာမျက်နှာ ၂၄၂ မှ ၃၁၁။ စာတပိုဒ်တည်းကိုသာ ကူးယူတင်ပြပါတယ်။
မှတ်ချက် -
အခုတင်ပြချက်ကို သမိုင်းမှတ်စုလို့သာလို့သာ ယူဆပါရန်။ သမိုင်းကို သမိုင်းဆရာတွေကသာ ဘက်မလိုက်ဘဲ ရေးသားရပါတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment