ဩော် ... လူ့ပြည်လောက၊ လူ့ဘဝကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့်။
သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။
သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။
သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း။ ။
(ဇော်ဂျီ - ၁၉၃၅ ခုနှစ် ဒီဇင်ဘာလထုတ် အိုးဝေမဂ္ဂဇင်း)
ကျွန်တော်မမွေးခင် ၁၃ နှစ်က ဆရာဇော်ဂျီရေးတဲ့ကဗျာဖြစ်ပါတယ်။ ကဗျာသမား စာသမားမဟုတ်တဲ့ကျွန်တော်က ကျန်ကောင်းသင့်သည် အဆုံးအမအရ တို့စာ တို့စကား တို့တိုင်းပြည်စာတိုလေးတွေ ရေးနေပါတယ်။
ဆရာဇော်ဂျီခင်ဗျား စာနဲ့စကားလည်း နာတာရှည်ရောဂါတွေ ရနေပါပြီခင်ဗျား။ ဆရာဝန်ကလည်း လက်ဝါးပြသူကိုသာ လျက်ဆားပေးနိုင်ပါသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment