Skip to main content

Word Spacing စာကို ခြာ၍ ရေးသားခြင်း

မင်္ဂလာပါဆရာ မြန်မာစာရေးရင် စာကြောင်းအတွင်းမှာ အဖြတ်အတောက် (space) ကို ဘယ်လိုထားရမလဲ ဆိုတာမျိုး စည်းကမ်းချက် သပ်သပ် ရှိပါသလား သိချင်ပါတယ်။ဥပမာတချို့တွေရေးကြတာ တကြောင်းလုံး အဖြတ်အတောက်မရှိပဲ ရေးကြလို့ ဖတ်ရတာတမျိုးကြီးဖြစ်ရပါတယ်။ တချို့ကြတော့ စာလုံး ၃ ၄ လုံး တခါစီ ဖြတ်ရေး နေကြတာလည်း တွေ့ရ ပါတယ်။ ဖြေကြားပေးပါ ခင်ဗျား ကျေးဇူးတင်ပါတယ်။

Space ခေါ် ခြာရေးတာ ဘယ်ဘာသာစကားမှာမဆို ရှိတယ်။ မြန်မာစာမှာ တလုံးနဲ့တလုံး၊ စကားစုတခုနဲ့တခုကြား ခြာမရေးရင် ဘာကိုဆိုလိုသလဲ နားလည်ရခက်စေတယ်။

မောင်ဘသည် ကျောင်းသားတယောက် ဖြစ်၏။

ဆောင်းဥတု ရောက်လာသဖြင့် အေး၏။

ဂဏန်းနဲ့ စာလုံးကြားမှာလည်း ခြာသင့်တဲ့နေရာတွေမှာ ခြာရေးရမယ်။

အသက် ၂၀ ရှိပြီ။

ကလေး ၃ ယောက်ရှိပါသည်။

အင်္ဂလိပ်စာလုံးနဲ့ မြန်မာစာလုံးကြားမှာလည်း ခြာရေးသင့်တယ်။

အသဲရောင် B ပိုး ရှိသလား။

Paracetamol တပြား သောက်ပါ။

မေးခွန်းတခုမှာ cပိုးရှိပါတယ် တဲ့။ ရုတ်တရက်ဖတ်ရင် ငပိုးလို့ ထင်စေတယ်။

ယတိဘေ ခေါ် မြန်မာစာရေးနည်းလို့ ရှိပါတယ်။

ယတိ (ပါဠိ)

ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။

ယတိပြတ် (မြန်မာ)

အပြီးအပြတ်။ တခုခုကိုယတိပြတ်ဆုံးဖြတ်ထားပြီး။ 

အင်္ဂလိပ်စာမှာ ပန်ကျူယေးရှင်းလို့ ခေါ်ပါတယ်။ ယတိဆိုတာ အဖြတ်အတောက်။ မြန်မာစာမှာ အဖြတ်အတောက်အပြင် ပန်ကျူယေးရှင်းထဲက သုံးသင့်တာတွေကိုပါ သုံးပြီး ရေးသား၊ ရိုက်နှိပ်ရတယ်။ အဖြတ်အတောက် မမှန်တဲ့စာ ဖတ်ရတာ ဆိုလိုရင်းကို မရောက်စေနိုင်။ အပို မပါရ၊ မလိုစေရ။

၁။ ဝိဘတ်တလုံး၊ ဆုံးခဲ့တုံမှတ်၊ ပုဒ်နောက်ရပ်၊ ကွက်လပ် ခြားရမည်။

၁၆။ တဝါကျတည်း၊ ပြီးဆုံးခဲ့ရာ၊ နောက်ဆုံးမှာ၊ ချပါ ပုဒ်ကြီး တည်း။

၃၂။ ဝေါဟာမကုန်၊ စာကြောင်းကုန်၊ တဖုံ တုံးကို ချစမြဲ။

၄၁။ သင်္ချာကိန်းများ၊ သုံးလိုငြားက၊ ငါးလုံးတဖြာ၊ သုံးလုံးမှာ၊ ပုဒ်ကန့် တည်း။

၄၃။ မျိုးတူ မည်ကွဲ၊ တကြောင်းထဲ၌၊ တွဲစပ် ရေးလျှင်၊ ဝင်လေ ပုဒ်ကန့် တည်း။

၄၆။ တဆင့်ပြောဟန်၊ ကြံစည်ဟန်ကို၊ ရေးရန် ကြုံက၊ မီးပြကြီး အတွင်း၊ မီးပြလေး ကိုသွင်း။

၅၆။ အရေးကြီးလာ၊ ကြောင်းခြင်းရာကို၊ ပေါင်းကာ စုကြ၊ တဘက်ကွင်းရှည် ကို ပြ။

၅၇။ စကား ပေါရာ၊ များတုံပါလည်း၊ ဓိပ္ပာ အတ္တ၊ တခုရ၊ တဘက်ကွင်းရှည် ကို ပြ။

၆၁။ တမင်ချန်လျက်၊ အညွှန်းဆက်၊ ချန်ကွက် ကိုသာ သုံးလေသည်။

ရှေးစာကဗျာများ ကျေးဇူး။

ပုဒ် ၃ ပါး 

(၁) စာရေးရာ၌ အနက်အဓိပ္ပာယ်ကို သိခြင်း၏ အကြောင်းဖြစ်သော ပုဒ်များ။

•  Punctuation Marks မြန်မာစာ ပန်ကျူယေးရှင်း အမှတ်အသားများ https://dr-tint-swe.blogspot.com/2021/07/punctuation-marks.html

•  Punctuation မြန်မာစာ ပန်ကျူယေးရှင်း https://burmese-spelling.blogspot.com/2022/08/punctuation.html

•  Punctuation မြန်မာစာ ပန်ကျူယေးရှင်း https://dr-tint-swe.blogspot.com/2022/07/punctuation.html

•  Punctuation မြန်မာစာ ပန်ကျူယေးရှင်း https://dr-tint-swe.blogspot.com/2021/11/punctuation.html

•  Punctuation မြန်မာစာ ပန်ကျူယေးရှင်း https://dr-tint-swe.blogspot.com/2020/12/punctuation.html

•  Punctuation မြန်မာစာ ပန်ကျူယေးရှင်းစနစ် ရှိသင့် https://dr-tint-swe.blogspot.com/2022/01/punctuation.html

•  ကွယ်ရှင်မတ် https://dr-tint-swe.blogspot.com/2022/01/blog-post_75.html

•  မြန်မာစာရေးတာ ဘာကြောင့်မှားကြသနည်း https://dr-tint-swe.blogspot.com/2021/07/blog-post_150.html

•  ဝါစင်္ဂ နှင့် ပန်ကျူယေးရှင်း https://dr-tint-swe.blogspot.com/2021/06/blog-post_331.html

•  ပုဒ်ကြီး / ပုဒ်ကလေး / ပုဒ်ထီး / ပုဒ်မ https://burmese-spelling.blogspot.com/2024/03/blog-post_494.html

•  Beautiful and Intelligntလှလိုက်တာ ချောလိုက်တာ https://burmese-spelling.blogspot.com/2024/06/beautiful-and-intelligent.html

Improve Word Spacing Issues - Kids Play Smarter

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ