'မ' နောက်က 'ဘဲ' လိုက်တဲ့။ အရင်က မရှိခဲ့ပါ။ ၁၉၈၈ မတိုင်ခင်အထိ ပုံသေနည်း မရှိပါ။
အရင်ကလည်း သက်သေခံတွေ အများကြီး တင်ပြထားတယ်။
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉)၊ စာမျက်နှာ ၉ ကို ကိုးကားတင်ပြပါဦးမယ်။
ပဲ
ပဲပင်။ ပဲစေ့။ ပဲသီး။ ပဲအမျိုးမျိုး။ ပဲဟင်း။ ပဲကြော် စသည်။
၁။ ဗြိတိသျှခေတ် မြန်မာနိုင်ငံသုံး ငွေတကျပ်၏ ၁၆ ပုံ ၁ ပုံ တန်ဖိုးရှိသော ငွေ။ (လေးပြားနှင့် ညီမျှ၏။)
၂။ ရှေး မြန်မာနိုင်ငံသုံး ငွေတကျပ်၏ ၂၀ ပုဲ ၁ ပုံတန်ဖိုးရှိ ငွေ။
၃။ အလေးချိန် တကျပ်သား၏ ၁၆ ပုံ ၁ ပုံအလေးချိန်။
၄။ တလက်မ၏ ၁၆ ပုံ ၁ ပုံ အတိုင်းအတာ။
ပဲ
၁။ မူ၍။ (တားမြစ်စကားနှင့် တွဲ၍ မသွားပဲ၊ မလာပဲ စသည် သုံးလေ့ရှိသည်။)
ငယ်လည်းငယ်ကိုယ်၊ ပျိုလည်းပျိုမြဲ၊ မအိုပဲလျှင်။
၂။ ဆိုလိုရာနာမ် သို့မဟုတ် နာမ်စာပုဒ်ကို အခြားနာမ် သို့မဟုတ် နာမ်စားပုဒ်မှ ခွဲခြား၍ အထူးသေချာ သီးသန့်ထင်ရှားအောင် ဖော်ပြရာ၌ နှုတ်ပြောအားဖြင့် သုံးသည့်စကားလုံး။ (ပင်လျှင်၊ သာပင် စသည်နှင့် တူသည်။
ကျုပ်ပဲ သွားမယ်။ တခြားသူ သွားစရာမလိုတော့ဘူး။
၃။ ဆိုလိုရာ အပိုင်းအခြားကိုကန့်သတ် သတ်မှတ်ဖော်ပြရာ၌ နှုတ်ပြောအားဖြင့် သုံးသောစကားလုံး။
ကျွန်တော် စားရုံပဲစားမယ်။
၄။ သီးခြားကြိယာ သဘောဖြင့် ဖြစ်သည်ဟူသော အနက်၌ ဖြစ်ကြိယာကို မြှုပ်ချန်၍သုံးသော စကားလုံး။
(ပါပဲ၊ ပေပဲ စသဖြင့်လည်း သုံးသည်။ ပေတည်းနှင့် အရတူသည်။)
အလှူပေးသောသူဟာ ဒီပုဂ္ဂိုလ်ပါပဲ။
ပဲ နဲ့ ဘဲ ပဲ နဲ့ ဘဲ ပဲ နဲ့ ဘဲ https://burmese-spelling.blogspot.com/2025/04/blog-post_4.html
မြန်မာစာမှာ ဓါတုဗေဒလို ဖေါ်မြူလာတွေထုတ်တာ မမှန်ပါ https://burmese-spelling.blogspot.com/2025/01/blog-post_332.html
ပဲ နဲ့ ဘဲ ကပ်ရောဂါ မြန်မာပြည်မှာ https://burmese-spelling.blogspot.com/2025/01/blog-post_72.html
ပဲ နဲ့ ဘဲ ဋီကာ https://burmese-spelling.blogspot.com/2023/07/blog-post_12.html
ပဲ နဲ့ ဘဲ https://burmese-spelling.blogspot.com/2023/03/blog-post_366.html
ပဲ နဲ့ ဘဲ ဋီကာ (၂) https://burmese-spelling.blogspot.com/2024/06/blog-post_693.html
ပဲ နဲ့ ဘဲ ဘဲ နဲ့ ပဲ https://burmese-spelling.blogspot.com/2024/09/blog-post_216.html
ပဲ နှင့် ဘဲ သို့မဟုတ် မြန်မာစာမှာ ဖေါ်မြူလာရှိသလား https://burmese-spelling.blogspot.com/2022/10/blog-post_208.html
ပန်းပန်လျက်ပဲ လို့ရေးတာက ဆိတ်အုပ်ကဗျာ https://burmese-spelling.blogspot.com/2023/02/blog-post_60.html
သူငယ်ချင်းလို့ဘဲ ဆက်၍ခေါ်မည် မပဲပဲ https://burmese-spelling.blogspot.com/2024/09/blog-post_454.html
ဗေဒါလမ်း သို့မဟုတ် သတ်ပုံတွေကို မူရင်းအတိုင်းမဟုတ်ဘဲ တမင်တကာ မှားအောင်ပြင်ထားတဲ့ ခေတ်သစ်ကဗျာပျက် https://burmese-spelling.blogspot.com/2023/06/blog-post_439.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment