ဇင်ဘာသာဝင် ရဟန်းလေးပါးသည် စကားမပြောဘဲ သီတင်းနှစ်ပတ်ကြာ တရားထိုင်ရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့ရဲ့ အလေ့အကျင့်ကို သင်္ကေတအဖြစ် ဖယောင်းတိုင်တချောင်းထွန်းညှိပြီး စတင်လိုက်ကြတယ်။
ပဌမနေ့ ညမိုးချုပ်တော့ ဖယောင်းတိုင်မီးက တဖျပ်ဖျပ်ခတ်ပြီး ငြိမ်းသွားတော့တယ်။
ပဌမရဟန်းက "အိုး … ဖယောင်းတိုင်က ငြိမ်းသွားပြီ။"
ဒုတိယရဟန်းက “ငါတို့ စကားမပြောသင့်ဘူး။”
တတိယရဟန်းက “မင်းတို့နှစ်ယောက်က ဘာလို့ တိတ်ဆိတ်မှုကို ဖျက်ကြတာလဲ။”
စတုတ္ထရဟန်းက ရယ်ပြီး “ဟား … ငါတယောက်သာ စကားမပြောတဲ့သူပဲ။”
ဒေါက်တာတင့်ဆွေ

Comments
Post a Comment