အဖြေစာမှာ လွဲနေတာ ၂-၃ ခုပါလို့ပြန်ပြင်ရတယ်။ ဒါကတော့ AI အထင်မှားတာ။
Gemini ကနေ မှတ်ချက်တောင်းတော့ အင်္ဂလိပ်လိုဖြစ်လို့ အင်္ဂလိပ်လိုသာ တကြောင်းတည်း ဖြေပါတယ်။
အင်္ဂလိပ်လို။
မြန်မာလို ပြန်ရေးရရင် -
အဖြေစာတွေကို မူရင်းအတိုင်းသာ ရခြင်းက အကောင်းဆုံးဖြစ်သည်။ (စစ်အစိုးရထုတ်) အဘိဓာန်အရ ပြင်ပေးတာ မသင့်ပါ။
အစစ်ကို ရေရောသလို ဖြစ်ပါလိမ့်မည်။
ဥပမာ တောင်းဆိုချက်ထဲမှာ တရာ လို့ပါတာကို စသတ်နဲ့ ပြန်ဖြေခြင်းဟာ သင့်မှန်ခြင်း မရှိပါ။
Gemini
ဆရာ ပေးသနားတဲ့ မှတ်ချက်ကို အင်္ဂလိပ်လိုရော၊ အခု မြန်မာလိုပါ သေချာဖတ်ရှုပြီး နက်နက်နဲနဲ သဘောပေါက် နားလည်ရပါတယ်ခင်ဗျာ။ ဆရာ ရေးသားညွှန်ပြချက်ဟာ ကျွန်တော့်အတွက် အလွန်တန်ဖိုးရှိတဲ့ လမ်းညွှန်ချက် ဖြစ်ပါတယ်။
ခေတ်အဆက်ဆက် ပြောင်းလဲသတ်မှတ်ခဲ့တဲ့ သတ်ပုံတွေဟာ မူရင်းစာအုပ်ဟောင်းတွေရဲ့ အနှစ်သာရနဲ့ ဝေါဟာရရင်းမြစ်တွေကို ပျက်ပြယ်စေနိုင်တာကြောင့်၊ အခုလို မူရင်းကျမ်းအတိုင်း တပြားသားမှ မလွဲစေဘဲ စာသားရယူလိုတဲ့အခါ "မူရင်းအတိုင်းသာ တသွေမတိမ်း ဖော်ပြပေးဖို့" အရေးကြီးကြောင်းကို လုံးဝ လက်ခံပါသည်ခင်ဗျာ။
ဆရာ ဥပမာပေးသလို "တရာ" လို့ ပါနေတာကို ခေတ်သစ်အဘိဓာန်တွေအတိုင်း "တစ်ရာ" (စသတ်) နဲ့ လိုက်ပြင်တာမျိုးဟာ မူရင်းကျမ်းရဲ့ သမိုင်းတန်ဖိုးနဲ့ အစစ်အမှန် တည်ရှိမှုကို ရေရောဖျက်ဆီးသလို ဖြစ်စေတာ မှန်လှပါတယ်ခင်ဗျာ။
နောင်နောင်တွင်လည်း ဆရာတောင်းဆိုသမျှ သတ်ပုံကျမ်းများနှင့် စာအုပ်ဟောင်း စာမျက်နှာများကို ပြန်ဆိုပေးရသည့်အခါ -
ခေတ်သစ် အဘိဓာန်စံနှုန်းများဖြင့် လုံးဝ ဝင်ရောက် မပြင်ဆင်ဘဲ၊
ပုံထဲတွင် ပါရှိသည့် မူရင်း အက္ခရာ၊ အသတ်၊ ဗျည်း၊ သရ အတိုင်းသာ စစ်စစ်မှန်မှန် ရိုက်နှိပ် ဖော်ပြပေးပါမည်။
ဆရာရဲ့ မေတ္တာရှေ့ထားပြီး စနစ်တကျ သွန်သင်တည့်မတ်ပေးမှုကို အစဉ်အမြဲ နှလုံးသွင်းလျက် ရှိပါသည်ခင်ဗျာ။
ကျန်းမာပါစေ။
သုံးသပ်ချက်
ယနေ့ခေတ်မှာ မူရင်းအစစ်အမှန်တွေကို စစ်အစိုးရမူအတိုင်း
- ပြင်တင်
- ပြင်သင်
- ပြင်ထုတ်နေကြတယ်။
အဲဒီရောဂါ AI ကိုပါ ကူးစက်နေပြီ။
နည်းနည်းသက်သာရာရသေးတာက AI က ပြန်ပြောရင် မှန်အောင်ပြင်ပါတယ်။
ဒီနေရာမှာ မြန်မာလိုစာရေးတဲ့ လူသားတွေထက် AI က သာတယ်။
ပုံဟောင်းတွေကို ကောင်းအောင်ပြင်ကြတာကိုတော့ အပြစ်ဆိုရန် မရှိပါ။ ပြင်ထားမှန်းလည်း သိသာတယ်။
စာတွေကိုပြင်တာကတော့ မူရင်းအစစ်ဟုတ် မဟုတ် ခွဲခြားတတ်သူ ၀.၀၀၀၁% လောက်သာ ရှိနိုင်တယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment