၁။
ဆီး၊ ဆော၊ ပျဉ် ကို ခွ
ဆီး၊ ဆော၊ ပျဉ် ကို ခွ
ရန် ကုန် မြို့ ကို သင် လမ်း ပြ၊
ခြေ တ ဖက် ချီ ခြေ တ ဖက် ချ
ရန် ကုန် သွား လမ်း ဤ သို့ ဗျ။ ။
၂။
ဟီး လေး ပေါက် ပင်
ဟီး လေး ပေါက် ပင်
က စွန်း ပင်၊
နေ ဝင် ခါ နီး
က စွန်း သီး။
ဟီး လေး ရယ် ရှိ
ဟီး လေး ရယ် ရှိ
ချို ပေါက် တဲ့ နွား၊
ဒို့ လယ် ဝင် ကာ စား တယ်၊
ကြီး တော် ရဲ့ နွား။ ။
၃။
တစ်၊ နှစ်၊ အင်း ကျီ ဝတ်
တစ်၊ နှစ်၊ အင်း ကျီ ဝတ်၊
သုံး၊ လေး၊ တံ ခါး ပိတ် ပေး၊
ငါး၊ ခြောက်၊ တုတ် တွေ ကောက်၊
ခု နှစ်၊ ရှစ်၊ တည့် တည့် ပစ်၊
ကိုး၊ တ ဆယ်၊ ကြက် မ ကြီး ကို ဝယ်။
၄။
ဆပ် သ ဖူး
ပျို လေး တို့ အိမ် ဦး
ဆပ် သ ဖူး တဲ့ တ ရံ နှစ် ရံ၊
ကျေး တွေ က အုံ၊
မ အုံ ပါ နဲ့ ကို ရွှေ ကျေး။
ပျို တို့ မောင် ရှင် လိင် ပြန် တော့
နား ပန် ဖို့ လေး။
ခွေး မြီး ကောက်
ပျို လေး တို့ အိမ် အောက်
ခွေး မြီး ကောက် တဲ့
တ ကောင် နှစ် ကောင်၊
ဆီး တဲ့ လို့ ဟောင်။
မ ဟောင် ပါ နဲ့ ကို ရွှေ ခွေး။
ပျို တို့ မောင် လိင် ပြန် စ ကို
ဆီး ကြို ပ လေး။ ။
၅။
ကိန် န ရီ အ သူ ဖြစ် ချင် တယ်
ကိန် န ရီ အ သူ ဖြစ် ချင် တယ်
တ ကိုယ် တည်း သီ ချင်း ဆို လို့ ကွယ်၊
မြိုင် တော ကြီး ပင် မြေ နန်း ပေါ် ဝယ်
ပန်း ပု တီး လည် ဆွဲ ရ စေ မယ် ?
ကိန် န ရီ
ကိန် န ရီ သီ တာ ဖြစ် ချင် တယ်
တ ကိုယ် တည်း သီ ချင်း ဆို လို့ ကွယ်၊
မြိုင် တော ကြီး ပင် မြေ နန်း ပေါ် ဝယ်
ပန်း ပု တီး လည် ဆွဲ ရ ရင် ကွယ်။
ရွှေ ကြက် ဖ
ရွှေ ကြက် ဖ တွန် သံ သာ
ငါ့ ကို ပြော ရန် လာ၊
လိမ် မာ သူ လူ က လေး
နိုး ချိန် တန် ပေါ့ လေး။ ။
၆။
ခြစ် ချက်, ခြစ် ချက်, ချောက်
ခြစ် ချက်, ခြစ် ချက်, ချောက်
နာ ရီ ပေါ် ကြွက် က လျှောက်၊
နာ ရီ သံ တ ချက် ပေး
ကြွက် ငယ် ဆင်း လို့ ပြေး၊
ခြစ် ချက်, ခြစ် ချက်, ချောက်။ ။
၇။
ပဲ, ပဲ, သိုး မဲ
ပဲ, ပဲ, သိုး မဲ
သိုး မွှေး ရှိ ပါ စ
ဟုတ် ကဲ့ သ ခင်
သုံး အိတ် အ ပြည့် ဗျာ၊
တ အိတ် က သ ခင် ဖို့
တ အိတ် က သ ခင် မ
အ ရပ် ထဲ က လူ က လေး သို့
ကျန် တ အိတ် ကို ဗျာ။
၈။
လူ က လေး တဲ့ ချော့ စ ရာ
လူ က လေး တဲ့ ချော့ စ ရာ။
မိ တ္ထိ လာ ကန် တော် အောက် က
ဖါးး ကောက် ခဲ့ ပါ။
ဖါးး ပါ ရင် တ ကောင် ပေး ပါ။
မျက် လုံး ကြောင် တောင် နဲ့
ဖါးး ကောင် က သေး။ ။
၉။
ရွှေ မိုး
ရွှေ မိုး ညို ညို
မ ရွာ ပါ နဲ့ ဆို၊
နောက် တ နေ့ မှ လာ ခဲ့ ပါ
မ လို သေး လို့ တောင်း ပန် တာ
ကို နီ လေး က စား ချင် လို့ ပါ။ ။
မှတ်သားရန်
ဖါး လို့ပြင်ပါမည်။
အရင် ကျောင်းသားတွေဟာ ခဲတံနဲ့စာရေးတဲ့အခါ မောက်ချ၊ ဝိုက်ချ ထင်ရှားအောင် ဖါး၊ ဓါ၊ ဓေါ် စသဖြင့် ရေးကြရပါတယ်။
မောက်ချ နဲ့ ဝိုက်ချ ကို တရားသေ သတ်မှတ်ခြင်း မရှိခဲ့ပါ။
ဖါ၊ ဖါး၊ ဓါတုဗေဒ၊ ဓါတုကလျာ၊ ရွှေမော်ဓေါ၊ ရွှေမေါ်ဓေါ လို့ရေးတာကို အမှား မပေးပါ။
ဖါတလုံး ခေါင်းကျား ဖါတလုံးခေါင်းကျား စာအုပ်နဲ့ ရုပ်ရှင်ရှိခဲ့ပါတယ်။
ဒေါက်တာတင့်ဆွေ











Comments
Post a Comment