အဲ့ မမှန်ကြောင်းကိုလည်း တင်ပြပြီးပြီ။
အောက်မြစ် ထည့်လိုက်ခြင်းဟာ ၏ သဘောဖြစ်စေပါတယ်။
ငါ ငါ့
သင် သင့်
သူ သူ့
မောင်မောင့်
အဖေ့
အကို့
စသည်။
အဲ၏ လို့ မရှိပါ။
အာ၏ လို့လည်း မရှိပါ။
အဲ့ အော့
မနေ့ညက တင်ပြလိုက်တဲ့ “အာ့ မမှန်ပါ” စာအဆက် ဖြစ်ပါတယ်။
အခု ရေးနေကြတဲ့ တခုခုကိုရည်ညွှန်းပြီး အဲ့ဟာ၊ အဲ့တာ အသုံးတွေ မမှန်ပါ။
မြန်မာအဘိဓာန် အကျဉ်းချုပ်၊ အတွဲ ၅ ကို ကိုးကားပါမယ်။
အဲ့ — န / အဲ့ / မြန်မာသရ နှစ်ဆယ့်နှစ်လုံးတို့တွင် အခါအဝင်ဖြစ်သော ဆယ့်ခြောက်လုံးမြောက်သရ။
အဲ့ — ကြိ / အဲ့ / အသံကြည်လင်ခြင်းမရှိ ဖြစ်သည်။ “အသံမှာ အဲ့၍ ချောင်းလည်း အမြဲဆိုးသူဖြစ်လေသည်။” သည်မိုး။၃၉။
အော့ - န / အော့ / မြန်မာသရ နှစ်ဆယ့်နှစ်လုံးတွင် အပါဝင်ဖြစ်သော ဆယ့်ခြောက်လုံးမြောက် သရ။
အော့ - ကြိ / အော့ /
၁၊ အစာအိမ်မှ အစာ၊ အရည် စသည် ပါးစပ်မှ ပြန်ထွက်သည်။ "အလျှင်စမ်းကျ၍ နောက်အောံ့လျှင် မီးကင်စေ။" မာတြာ။ ၁၀၂။ ၂၊ အန်ထုတ်သည်။ "ကျွန်ုပ်သည် အစာကို အော့၍ကျွေးသော ကောင်းမှုကြောင့်။" ကုလား။ ပ။ ၉၀။ ၃၊ အစာအိမ်မှ အစာ၊ အရည် စသည် ပါးစပ်မှ အန်ထွက်လုနီးဖြစ်သည်။ ၄၊ [ဥပစာ] မနှစ်မြို့ဖွယ်ဖြစ်သည်။ စက်ဆုပ်ရွံရှာသည်။ "အပြောကမယဉ်၊ အသွင်ကရိုင်းရိုင်း၊ လူမြင်တိုင်းအောံ့သူကို။" မဉ္ဇူရီ။ ဒု။ ၉၀။
အော့ကြောလန် — ကြိ / အော့ဂျောလန် / နောင်အခါတွင် မဆက်ဆံချင်လောက်အောင် စက်ဆုပ်ရွံရှာမုန်းတီးသည်။
အော့နာကျ — န / အော့နာဂျာ / အော့နာဝမ်းကျ — န၊ နှင့် အတူတူ။
အော့နာဝမ်းကျ — န / အော့နာဝမ်းဂျာ / အောံ့နာဝမ်းဂျ?/ အောံ့အန်၍ ဝမ်းလျှောသောရောဂါ။ ပင်လယ်အူနာ။
အော့နှလုံးနာ — ကြိ / အော့နှလုံးနာ / စက်ဆုပ် ရွံရှာသည်။ "နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်နေသူကိုတော့... အောံ့နှလုံးနာကြမြဲ ဓမ္မတာပါဘဲ။" လောဝိ။ ၁၅၈။
အော့အန် — ကြိ / အော့အန် / အောံ့ — ကြိ၊ ၁၊ နှင့် အတူတူ။
ဒေါက်တာတင့်ဆွေ



Comments
Post a Comment