ပိုးလောက်လန်း
၃၆၂ — ကဝိသေသတ်ပုံကျမ်း။
သည်၊ ပေါင်းလန်အောင်များသည်။ ကလန်သံပျင်၊ နာလန်ထသည်။ တပ်လန်သည်။ ။
ဠန်။ ။ နာဠန်
နဠန္ဒရွာ = (ရှင်သာရိပုတ္တရာ မွေးဖွားသောရွာ) ။ ။
လာန်။ ။ ရှင်မောဂ္ဂလာန်။ မောဂ္ဂလာန်သဒ္ဒါကျမ်း။ ။
လန့် - လန်း - လမ်း
လန့်။ ။ လန့်ဖျပ်သည်။ တံခါးကန့်လန့်ကျင်၊ ကန့်လန့်ကာ၊ ထိပ်လန့်သည်။ တထိတ်ထိတ်တလန့်လန့်။ ကြောက်လန့်သည်။ ကြောက်ကြောက်လန့်လန့်။ ကိုးလိုးကန့်လန့်။ ကျီးလန့်စာ စားသလို။
လန်း။ ။ လန်းသည်။ ရွှင်လန်းသည်။ လန်းလန်းရွှင်ရွှင်။ စိမ်းလန်းစိုပြေ။ ပွင့်လန်းသာကြည်။ တန်းလန်းဖြစ်နေသည်။ တမလန်းပင်။ ဒေါင်းလန်း။ လန်းလန်းလတ်လတ်။ ကြော့လန်း။ လူလှလန်းလန်း။ မညှိုးသံလန်းအမတ်။ မရှင်မလန်း။ သမလန်းပင်၊ နွှယ်လန်း။ ။
လမ်း။ ။ လမ်းကြောင်းခရီး။ လမ်းသွား လမ်းလာ။ လမ်းမတော်။ ကြောင်းလမ်းသည်။ ခရီးလမ်း။ ခြေလမ်း။ ခွဲလမ်းသည်။ ပွဲလမ်းသဘင်။ အခွင့်အလမ်း။ ဝေးကွာလမ်း။ ကွဲလမ်း။ ခွဲခွဲလမ်းလမ်း။ လောက်လမ်းသဖွယ်။ ဝိညာဉ်တွယ်။ လမ်းကောင်းလမ်းဆိုး။ ကုန်းလမ်းရေလမ်း။ စကားကမ်းလမ်း။ အခွင့်အလမ်း။ ။
စွဲလမ်း စိမ်းလန်း လန်းဆန်း https://burmese-spelling.blogspot.com/2025/03/blog-post_173.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment