သီဒါမူးလယ်၊ မြန်တိုင်းကျယ်ကို
ဆန်းကြယ်ညာဏ်ရှု၊ လက်နက်ပြု၍
ငါးခု စွန်းဆောင်၊ ဆယ်ရာထောင်ဝယ်
မြန်ဘောင်ဦးစွန်း၊ ကျုံးမြို့နန်းနှင့်
နတ်ကွန်း ပဟိုရ်၊ ရွှေချက်သိုက
ရေညိုမြဟန်၊ နန္ဒာကန်ကို
လျှင်ထန်မရှည်၊ ဘိုးတော်တည်သည်
အောင်စည်တည့် ရိုက်ကြွေး သိကြားတွေး။ ။
(ပလိပ်စားဧချင်း)
မြန်မာ ဂဏန်းသင်္ချာ၌ (ကာရန်မငဲ့က) တစ်မှ တဆယ်အထိ အသံတခုသာ ရသည်။
၁ (ဂဏန်း) = တစ် (အရေး) = တစ် (အသံထွက်)
၂ ……………… နှစ် ………………… နှစ်
၃ ……………… သုံး ………………… သုံး
၄ ……………… လေး ……………… လေး
၅ ……………… ငါး ………………… ငါး
၆ …………… ခြောက် …………… ခြောက်
၇ …………… ခုနစ် ………………… ခုနစ် (ခွန်)
၈ ……………… ရှစ် ………………… ရှစ်
၉ ……………… ကိုး ………………… ကိုး
၁၀ …………… တဆယ် …………… ဆယ်
၁၁ …………… တဆယ်တစ် ……… ဆယ့်တစ်
၁၂ …………… တဆယ်နှစ် ………… ဆယ့်နှစ်
၁၃ …………… တဆယ်သုံး ………… ဆယ့်သုံး
၁၄ …………… တဆယ်လေး ……… ဆယ့်လေး
၁၅ …………… တဆယ်ငါး ………… ဆယ့်ငါး
၁၆ …………… တဆယ်ခြောက် …… ဆယ့်ခြောက်
၁၇ …………… တဆယ်ခုနစ် ………… ဆယ့်ခုနစ်
၁၈ …………… တဆယ်ရှစ် …………… ဆယ့်ရှစ်
၁၉ …………… တဆယ်ကိုး ………… ဆယ့်ကိုး
၂၀ …………… နှစ်ဆယ် ……………… နှစ်ဆယ်
၂၁ …………… နှစ်ဆယ်တစ် ……… နှစ်ဆယ့်တစ်
၂၂ …………… နှစ်ဆယ်နှစ် ………… နှစ်ဆယ့်နှစ်
……
၃၀ ……………… သုံးဆယ် …………… သုံးဆယ်
၄၀ ……………… လေးဆယ် ………… လေးဆယ်
၅၀ ……………… ငါးဆယ် …………… ငါးဆယ်
……
၁၀၀ …………… တရာ ……………… တရာ
၂၀၀ …………… နှစ်ရာ ……………… နှစ်ရာ
၁၀၀၀ ……………တထောင် ………… တထောင်
-> ဖတ်ရွတ်ပုံ ဥပမာ-
လူ၊ ခွေး ………………… နာမ်
ယောက်၊ ကောင် …… မျိုးပြပစ္စည်း
တစ်၊ နှစ် ……………… သင်္ချာ
ခွေး တကောင်
ခွေး နှစ်ကောင်
ခွေး သုံးကောင်
ခွေး …၄ ၅ ၆ ၇ ၈ ၉ ကောင်
ခွေး ဆယ်ကောင်။
ခွေး ဆယ့်တကောင်
ခွေး ဆယ့်နှစ်ကောင်
ခွေး ဆယ့်သုံးကောင်
ခွေး …၁၄၊ ၁၄၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈ ကောင်
ခွေး ဆယ့်ကိုးကောင်
ခွေး အကောင် နှစ်ဆယ်
ခွေး အကောင် သုံးဆယ် ………
ခွေး အကောင် တရာ
ခွေး အကောင် တထောင်
တစ်မှ တဆယ်ထိ ဆယ်လုံးကား အသံတခုသာ ထွက်သည်။
တဆယ်မှ တဆယ့်ကိုး အထိ တ-အသံကို ဖျောက်၍ ရွတ်ရသည်။
၎င်းတွင် မျိုးပြပစ္စည်း တွဲလိုက သင်္ချာပုဒ်၏ အနောက်က ထားရသည်။
နှစ်ဆယ်က စ၍ ဆယ်ပြည့် ရာပြည့် ထောင်ပြည့် စသည်တို့ကား အသံနှစ်ခု ထွက်သည်။
မျိုးပြပစ္စည်းကို သင်္ချာပုဒ်၏ အရှေ့က ထားရပါသည်။
#ရှေးစာကဗျာများ ကျေးဇူး။
မှတ်ရန်
သလ္လာ = သလ္လာဝတီ ချင်းတွင်းမြစ်။
မူး = မူးမြစ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment