(တိုင်းပြည်ထွက်ပြေး နိုင်ငံရေးလုပ်သူတယောက် ဟိုရောက်ဒီရောက်) ၂၀၁၄ ခုနှစ် ယူအက်စ်အေကိုရောက်စမှာ စလယ်ဝင်အိုးလေးဖြစ်သွားတယ်။ နှစ်ယောက်တည်းသာနေတဲ့မိသားစုမှာ ဟင်းခွက် များတဲ့အခါများ။ တခါတခါ ထမင်းကြော်တာနဲ့သာပြီးကြတယ်။ ကနေ့တော့ ဟင်းခွက်တွေများတယ်။ မြန်မာပြည်မှာ ငါးဆင့်ချိုင့် သုံးကြတယ်။ ဘုန်းကြီးကျောင်း ဆွမ်းပို့ကြတယ်။ ဥပုသ်နေ့မှာ စားစရာတွေ ထည့်ယူသွားလေ့ရှိကြတယ်။ ကျွန်တော့်မိသားစုလည်း ပြည်တွင်းမှာနေရစဉ်က တခါတခါသုံးပါတယ်။ ကျွန်တော် တိုင်းပြည်ကနေထွက်ပြေးရပြီးမကြာခင် ဒေါ်မြမြအေး အဖမ်းခံရတယ်။ မုံရွာထောင်ထဲမှာထားပြီး စစ်ဆေးတယ်။ အဝတ်တထည်ကိုယ်တခုနဲ့။ တကယ့်ကို ကျပ်တည်းတဲ့ကာလ။ မေးတာမြန်းတာ သွားလာတာ လုပ်ရဲစရာမရှိတဲ့ စစ်ထောက်လှမ်းရေးက အာဏာကို တရားမဲ့သုံးနေတဲ့ကာလမှာ။ မုံရွာမှာနေတဲ့ သူ့အဒေါ် ညောငကန်သူတယောက်ကတော့ ငါးဆင့်ချိုင့်အဆင့်တိုင်းမှာ စားစရာတွေအပြည့်နဲ့ အချုပ်ထဲရောက်အောင် ပို့ပေးပါသတဲ့။ အခုနေ့လယ်စာစားနေရင်းနဲ့ ပြန်ပြောပြလို့ သိရတာ။ ၂၀၁၈ ခုနှစ်က အလည်ပြန်တော့ သူ့အဒေါ်ရဲ့ ဂျစ်ကားတိုက်ကို ရောက်ပါတယ်။ အဒေါ်ဖြစ်သူကတော့ ကွယ်လွန်သွားပါပြီ။ ကျန်ရစ်တဲ့မိသားစု နေကောင်းကြပါစေ။ ဒေါက်တာတင့်ဆွေ ၁၁-၅-၂၀၁၉
ငန်ငြိငြိ = အနည်းငယ်ငန်သော ငန်ကျိကျိ လည်းတွေဘူး လို့ပါ ဆရာ ငန်ငြိငြိ = ငန်ကျိကျိ၊ ငန်တန်တန်၊ လေးတေးတေး၊ ငန်ပျပျ။ မန္တလေးကို အမည်တော်ပြောင်းပွဲလုပ်နေကြတယ်။ မန်းလေး တဲ့။ မန်းလေး တဲ့။ ငန်ကျိကျိနေတော့မယ် ထင်တယ်။ သွေးတိုးနည်းနည်းရှိလို့ ဒီတခါ မန္တလေးရောက်ရင် ဆိုင်တွေမှာ မစားရဲတော့ဘူး။ အမျိုးတွေ သူငယ်ချင်းတွေအိမ်မှသာ စားတော့မယ်။ မန္တလေး ကျုံးရေပါ ငန်ငြိငြိနေတော့မယ် ထင်တယ်။ ရန်ကုန်က အင်းယားရေတစည်နဲ့ မန္တလေးက ကျုံးရေတစည် အလေးချိန် တူညီတော့မည်မဟုတ်။ ဒေါက်တာတင့်ဆွေ