Skip to main content

Posts

Showing posts from March, 2024

စပ်ကြား

ဆရာ နိဗ္ဗာန်မရောက်ခင် စပ်ကြား ရေးတာ မှန်လားဆရာ (စပ်ကြား)ရေးတာ မှန်လားသိချင်တာ။ စပ်ကြား = နှစ်ခု၊ နှစ်ယောက်၊ အချိန်ကာလနှစ်ခုတို့၏အကြား။ ဝေသာလီပြည်နှင့် ရာဇဂြိုလ်ပြည်စပ်ကြားတွင်။  သစ်မရှိခင်စပ်ကြား ဝါးပေါင်းကွပ်။  နိဗ္ဗာန်မရမှီ စပ်ကြား - မှီ နဲ့ မီ မှားနေ။ မှီဆိုတာ မှီခိုတာ။ မီဆိုတာက မတိုင်မီ။ နိဗ္ဗာန်မရမီစပ်ကြား - မှန်။ နိဗ္ဗာန်မရောက်ခင်စပ်ကြား တရားတော် - မှန်။ အပင်စပ်ကြား ဖြတ်တောက်  ဒေါက်တာတင့်ဆွေ

စာကို မှန်အောင်ရေးကြသဖြင့် ကောင်း၏

- ဂရိ ဒဏ္ဍာရီဇာတ်လမ်းမှာ ဇုရ် နတ်မင်းကြီး ဟာ ခြေလေးချောင်း လက်လေးချောင်းရှိတဲ့ လူက ရန်ပြုခံရမှာကြောက်လန့်ပြီး သူရဲ့အစွမ်းထက်တဲ့ ဝရဇိန်မိုးကြိုးလက်နက်နဲ့ ဖြိုခွဲလိုက်လို့ တခြမ်းစီဖြစ်သွားခဲ့။ - ပြည်တဖက်ကမ်း ပန်းတောင်းမြို့က လက်ရာစစ်စစ်ပါ ပြည်မှာထမင်းသုပ်နံမည်ကြီးသလို ပန်းတောင်းမြို့ရဲ့ထမင်းသုပ်ကလဲ တမူထူးခြားပါတယ် - အခုတလော ခေတ်ဟောင်းသီချင်းတွေ နားထောင်ချင်တယ်၊ - တခါတလေတော့လည်း လွမ်းမိပါတယ် - ခေတ်ပျက်ထဲ တကိုယ်စာလေး ရှင်သန်ဖို့အတွက်  - တချို့တချို့ရဲ့ဘဝတွေ - အရင်တခေါက်က ပစ္စည်းပြတ်လို့ မရလိုက်သူတွေအတွက်  - အပြုံးဆိုတာ တဖက်လူကိုအနိုင်ယူတဲ့လက်နက်တမျိုးတဲ့။ - တချိန်ကသတိရစရာလေးတွေ - သမော်တီးလေး တယောက်ရှိတာ အသုံးမကျ - တခါမျှမတွေ့ဘူး မစိုက်ဘူးပါ - ငါတယောက်ထဲ စကားပြောတတ်လာတယ် - အပွင့်ကရက်အကြာကြီးခိုင်တယ် ခုပွင့်တဲ့ပုံစံလေးအတိုင်း အစုပ်စုပ်နဲ့(အဆုပ်အဆုပ်)လှလဲလှတယ်။ - အဆင်မပြေမူ့တွေ - အဆင်မပြေမူတွေ  - ညောင်လေးပင် တရုပ်နှစ်ကူးမှ အပြန်တောင်းယူလာခဲ့သော ယိုးဒယား မျိုး အမည်မခေါ်တတ်သောပန်းပင် - အမေနဲ့အဖေ့အကြောင်းလေးတွေ ကျွန်တော့်စာအုပ် ၁၄အုပ်ထဲမှာ တခုတ်တရတော့ - ကျနော် စာအုပ်ဆိုင်တဆိုင်ထဲ စာအုပ်ဝယ်နေချိန

ထွက်ပြေးချင်တယ်

မိုးလင်း လင်းခြင်း သီချင်းလှိုက်လှိုက်၊ ပန်းငုံကိုက်ဆိတ် ချိုးသိုက်-ဖိုမ၊ ချိုမြအေးလဲ စိတ်လေးကြပ်ညပ်ရူးချင်တယ်။ မြို့လုံးနေရောင် အိမ်ခေါင်မိုးတွေ၊ မီးခိုဝေညစ် နွေမိုးဆောင်းတိုင်း၊ အိုကိုင်းညွှတ်လာ ရပ်ရွာလူသူ၊ စကားဆူညံ အူချာလည်ပြေး၊ အသက်မွေးကြ ရင်လေးကြပ်ညပ်ရူးချင်တယ်။ တခါချိန်၌ မီးအိမ် ငြိမ်းလိုက်၊ ညဉ့်ဦးမိုက်မဲ ကြယ်လဲမပွင့်၊ လ မမြင့်မှာ လွတ်ခွင့်ကိုရှာ၊ စိတ်ချမ်းသာခြင်း မှောင်မှာတွေ့ငြား ထွက်လာမိ။ မှောင်ကြီးမဲကြီး မရဲတရဲ၊ တယောက်ထဲပင် ဘာလဲမမြင်၊ စမ်းသတ်ဝင်ခဲ့ မြေပြင်သိပ်သဲ၊ မောပမ်းလှဲချ ကြဲကြဲမှောင်ပိတ်၊ စိမ်းမြရိပ်၌ အိပ်မယ်ကြံမှာ၊ မောင့်ကိုလာတွေ့၊ ဘယ်ခါလွတ်ပါ့မလဲကွယ်။ (ကြည်အေး) တာရာမဂ္ဂဇင်း ၁၉၄၉ နိုဝင်ဘာလ ဒေါက်တာတင့်ဆွေ

အတုမြင် အတတ်သင်

အတုခိုးကြတာ အလေ့အထသာဖြစ်ပါသည်။ မှန်တာ ကောင်းတာကို အတုယူသော် အလွန်ကောင်းပါသည်။ ဘန်းစကားတွေကိုလည်း ထပ်တူလိုက်ပြီး ရေးသား ပြောဆိုကြပါသည်။ အရင်ကလည်း အလားတူ လုပ်ကြပါသည်။ လှသမိန်က ‘ဘန်းစကား’ စာအုပ်တအုပ်ပြုစုထားပါသည်။ တာရှည်ခံပြီး အဓိပ္ပါယ်လည်း ရှိတာတွေ ဖြစ်ပါသည်။ ဖေ့စ်ဘွတ်က ပေါ်ပင် ခေါ် ခေတ်အသုံးခေါ် ဘန်းစကားတွေကတော့ နေ့မြင် ညပျောက်ဖြစ်သည်။  တချို့အသုံးတွေကတော့ ရက်လ အတန်ကြာ ခံပါသည်။ ‘မွန်းငါး’၊ ‘မွတ်ငါး’ အစားနည်းသွားပြီထင်ပါသည်။ ‘ဂျင်း’ ကတော့ စားလို့ကောင်းနေကြဆဲ။ ‘ညမ’ ‘ကျယ်မ’ တွေကို ကင်ဆာနေရာတွေမှာ တွေ့နေရဆဲဖြစ်သည်။ ‘ပီ’ ‘ပါပီ’ ‘ဖစ်’ ‘တေ’ ‘အူး’ ‘မာ’ ‘က’ ‘ဝူး’ တွေလည်း ကင်ဆာနေရာတွေမှာ များပါသည်။ အဲလိုရေးသူတွေကို ကင်ဆာကို စောစောသိအောင် စစ်ကြပါရန်လို့ အကြံပေးနေရပါသည်။ ‘နေ့တိုင်း သစ္စာဆိုမယ်’၊ ‘နေ့တိုင်းတင်မယ်’ ဆိုတာတွေကို နောက်ရက်မှာ မတွေ့မိပါ။ အကုန်လိုက်မဖတ်အားလို့လည်း ဖြစ်နိုင်ပါသည်။ ‘ရောင်းလို့ကုန်ပြီ’ ဘိုစာလုံး သုံးလိုက်ရမှသာ ငါဟာ ခေတ်မီသူကြီးလို့ အထင်ခံချင်သူတွေ မနည်းပါ။ ဒေါက်တာတင့်ဆွေ

မကွေ့တရာရွာ

ဆရာ မဂ်လာပါ စဥ့်ကူးမြို့နယ်ရောက်နေတာလားဆရာ။ ဘာ့ကြောင့် အဲလိုထင်ရတာပါလဲ။ မကွေ့တရာ ရွာ ဆိုတာပါနေလို့ပါဆရာ။ ပုံက ၂၀၁၈ ခုနှစ်အလည်ပြန်စဉ်က မန္တလေးဆေးရုံကြီးအမိုးပေါ်မှာ ရိုက်ထားတာ။ မကွေ့တရာရွာ ဆိုတာက တင်ထားတဲ့ပို့စ်ထဲက တရာကို မှန်အောင်ရေးတတ်သူကို ချီးမွမ်းတာ။ ဟုတ်။ စဥ့်ကူးမြို့နယ် ယကန်းစင်တောင်အတက်လမ်းမှာ မကွေ့တရာဆိုတဲ့ရွာလေးရှိလို့ ဆရာရောက်နေတယ် ထင်လို့ မကွေ့တရာရွာက ကျန်တော်ဇာတိရွာလေးမို့ အိမ်လည်ဖိတ်ချင်လို့မေးလိုက်တာပါဆရာ။ ဆရာ အကြောင်းက ကျန်တော်တို့ ငယ်ငယ်လေးတည်းက ကျန်တော်အဘိုးပြောပြောပြလို့ကြားဘူးပါတယ်။ ဆရာကို လေးစားလို့ ဇာတိရွာနားရောက်နေတယ်ထင်ပြီး ဖိတ်လိုက်တာပါဆရာ။ ကျေးဇူး။ အခုဘဲ ရောက်သွားရသလို ခံစားမိပါတယ်။ နေကောင်းကြပါစေ။ ဟုတ်ဆရာ ကျန်တော် အဘိုးက ဦးအုန်းငွေ (၁၉၉၀ နတ်တလင်း) ပါဆရာ မကွေ့တရာနဲ့ နတ်တလင်းအမည်တွေ သတ်ပုံပြင် မခံကြရပါစေသတည်း။ ဒေါက်တာတင့်ဆွေ

ဖေ့စ်ဘွတ် လူပင်လယ်ကြီး

လေးနှစ်ကြာ မသုံးဘဲထားရတဲ့ အကောင့်အဟောင်းတခုကို ပြန်သုံးနေရတယ်။  ဖေ့စ်ဘွတ်က ခဏခဏပျက်တာ အကြိမ်ရေ မနည်းတော့ပါ။ အကြာဆုံးသုံးနေတာကို ရက်ပေါင်း ၁၈၀၊ မွမ်းမံပြန်သုံးတဲ့ အဟာင်းတခုကို ၂၉ ရက်၊ နောက်အဟောငး်ဆုံးတခုကို ပြန်သုံးတာ ၂၄ နာရီနေတော့ ၂၄နာရီပိတ်၊ ပြန်ရလို့ ၁၂ နာရီလောက်သုံးပြီးတော့ နောက်ထပ် ၂၄ နာရီပိတ်သတဲ့။ အဲဒါကို နောက် ၂ နာရီနေရင် ပြန်ရမယ်။ ဒါပေမဲ့ ကမ္မသကာ။ အဲဒါမှာ ဖရင်းက ၁၀ ယောက်သာရှိလို့ ထပ်ထည့်ပါတယ်။ အများစုကတော့ ဟိုအရင်ကတည်းက ဖရင်းရီကွက်စ် လာထားတာတွေကို လက်ခံရတာ။ အသစ်တွေလည်း ပါတယ်။ အခုစာရေးနေချိန်မှာ ဖရင်း ၂၂၈၈ ယောက်ရှိသွားပြီ။  တခါနဲ့တခါ ဖရင်းတွေက မတူပါ။ ကြာကြာသုံးခွင့်ရတဲ့နေရာမှာ အချိန်ကြာလာတော့ အထာသိသူတွေသာ များတယ်။ အသစ်တွေထဲမှာတော့ အကျိုးအကြောင်း မသိသူများတယ်။ သတင်းတွေ၊ ပုံတွေ၊ ဆုတောင်းစာတွေ ပို့ကြတယ်။ မပို့ပါရန်လို့ အကြိမ်ပေါင်းများစွာ တင်ပြထားပြီးသားကို မသိကြသူတွေ။ ဖုန်းဆက်ကြတယ်။ ဖုန်း၊ အသံဖိုင်၊ ဗီဒီယို မဖွင့်ပါလို့ အကြိမ်ပေါင်းများစွာ တင်ပြထားပြီးသား။ ဆုတောင်းစာ၊ တရားစာတွေက သတ်ပုံမမှန်တာများတယ်။ အဘ၊ ဦးလေး၊ အကို စသဖြင့် အမျိုးစပ်ခေါ်ကြတယ်။ ဆရာဝန်လို့လည်း သိကြပုံမရ။ အကြိမ်ပေါင်း

April ဧပြီလ

၂၀၂၄ ခုနှစ် ဧပြီလဟာ မြန်မာပြက္ခဒိန်မှာ ၁၃၈၅-၈၆ ခုနှစ်၊ တပေါင်းလဆုတ် (၈) ရက်ကနေ တန်ခူးလဆုတ်(၇) ရက်နေ့အထိ ဖြစ်တယ်။ ရာသီပန်းတွေက တန်ခူးလအတွက် ကံ့ကော်ပန်းနဲ့ ပိတောက်ပန်း၊ ကဆုန်လအတွက် စကားဝါပန်းဖြစ်တယ်။ ဧပြီလကို သင်္ကြန်လလို့လည်းဆိုနိုင်တယ်။ ၁၃ ရက်နေ့က သင်္ကြန်အကြို၊ ၁၄ အကျ။ ၁၅ အကြတ်နဲ့ ၁၆ အတက်နေ့တွေ ဖြစ်ပြီး ၁၇ ရက်နေ့က မြန်မာနှစ်သစ်ကူးနေ့ဖြစ်ပါတယ်။ လက်တင်လို Aprilis ကနေယူပြီး၊ ရိုမန် (ရောမ) ပြက္ခဒိန်မှာ April ဧပြီနာမည်ပေးထားတယ်။ ဖွင့်ရန်လို့ အဓိပ္ပါယ်ရှိတယ်။ သစ်ပင်တွေကနေ နွေဦးရာသီကိုဖွင့်လှစ်ပေးတယ်လို့ ဆိုလိုတယ်။ ဖင်လန်မှာ တောင်ယာတွေကို မီးရှို့တာစတင်တဲ့လ ဖြစ်ပြီး၊ တရုပ်ဧကရာဇ်တွေက လယ်ထွန်မင်္ဂလာပွဲဆင်နွဲတဲ့လဖြစ်တယ်။ မြန်မာပြည်မှာက မိုးဖြိုင်ဖြိုင်ကျမှသာ လယ်ထွန်မင်္ဂလာပွဲကို ကျင်းပလေ့ရှိတယ်။ ဧပြီဟာ ရောမ Venus ဗီးနပ်စ်နတ်သမီးနဲ့ ဆက်စပ်နေတယ်။ ဂရိမှာတော့ Aphrodite (Aphros) နတ်သမီးဖြစ်တယ်။ အဖရိုဒိုက်ဆိုတာ အချစ်၊ အလှ၊ သာယာမှုနဲ့ မျိုးပွါးခြင်းနတ်သမီးဖြစ်တယ်။ ဗီးနပ်စ်ဟာ ရောမဒဏ္ဍာရီမှာတော့ အချစ်၊ အလှ၊ လိင်၊ မျိုးပွါးခြင်းနဲ့ ချမ်းသာခြင်းတွေကို ကိုယ်စားပြုတယ်။ Aphrodisiac လိင်စိတ်အားပေး အစာနဲ့ဆေးမျ

ကောင်း၏

ကောင်း၏ (၁) ဖေ့စ်ဘွတ် အကောင့်ဟောင်းတခုကို အသစ်ပြုပြင်ပြန်သုံးတဲ့နေရာမှာ အရင်က အချိန်ကြာကြာသုံးခဲ့ရတဲ့အကောင့်နဲ့ ဆက်စပ်နေတဲ့နေရာမှာထက် စာကို မှန်အောင်ရေးသားတတ်သူတွေ ပိုများတာတွေ့ရတယ်။  - ဒီဦးထုပ်တလုံးသာ ပါမလာခဲ့ရင် လက်တဖက်ကိုဘယ်နားထားရမလဲဆိုတာ ငါလေးစဉ်းစားလိုတောင်မရဘူး  - လွန်ခဲ့သော ၅ နှစ်ခန့်က ဘဝတပါး ပြောင်းသွားသော ဖခင်ကြီးအား ရည်စူး၍  - ကိုယ့်နောက်ကွယ်မှာ ကိုယ့်မကောင်းကြောင်းပြောရင် ကာကွယ်ပေးတဲ့သူတယောက် နှယောက်(နှစ်ယောက်)လောက်ရှိရင် ခင်ဗျားကံကောင်းတာပဲ - ရန်ကုန်ကနေ မန္တလေးက သားကြီးဆီမှာတထောက်နား  - ဒုတိယ နိုင်ငံမှာတင် တဝက်လောက်မကုန်ပါစေနဲ့ - တွံတွေး ရွေဆံတော် သွားတာက တကိစ္စ ရောက်တာက ဘုရားဖူး - စကေးကို တချက်ရှိးလိုက် - မန္တလေးသို တယောက်တည်း ၉ ရက်နေ့ နေ့လယ်‌လာမယ် ကောင်း၏ (၂) ဖေ့စ်ဘွတ် အကောင့်ဟောင်းတခုကို အသစ်ပြုပြင်ပြန်သုံးတဲ့နေရာမှာ အရင်က အချိန်ကြာကြာသုံးခဲ့ရတဲ့အကောင့်နဲ့ ဆက်စပ်နေတဲ့နေရာမှာထက် စာကို မှန်အောင်ရေးသားတတ်သူတွေ ပိုများတာတွေ့ရတယ်။ ကောင်း၏။ - တချက်ရှိးလိုက်ပါ - နက်ဖန်ပွဲက တချက်ထဲဝင်ရင် ၃၅သိန်းတန် စိန်လက်စွတ်(လက်စွပ်)တကွင်း  - အပွကြံသူတွေကလည်းတအုပ်တမ - ဟိုတခါနွေ အညာမြေမှာ - သစ

‘နော်’

- အားတင်းထားပါနော် အားပေးတဲ့သူမှာ အားမရှိသလိုဖြစ်နေတယ်။ - ဖြေပေးပါနော် ဆရာဝန်ကို အဲလို ခခယယရေးရန် မလိုအပ်ပါ။ စာကြောင်းအဆုံးတိုင်းလိုလိုမှာ ‘နော်’ထည့်ရေးကြတာ သိပ်တော့မကြာလှသေးပါ။ နေရာတိုင်းမှာ မသင့်ပါ။ ကိုယ်စကားပြောတဲ့သူ၊ ကိုယ့်စာကိုဖတ်မဲ့သူကို ကြည့်ပြီးသာ ‘နော်’ထည့် သင့် မသင့် ချင့်ချိန်ရတယ်။ ‘နော်’ဆိုတာ ချစ်ခင်လေးစားမှုအတွက် သုံးလေ့ရှိတာ မှန်ပါတယ်။ ‘နော့’ လို့လည်း သုံးတယ်။ ဆရာဝန်ဆီကို စာရေးတာ အဆုံးမှာ နော် မလိုအပ်ပါ။ အစမှာလည်း Hi မလိုအပ်ပါ။ ဒါပေမဲ့ အများအားဖြင့် ရင်းနှီးသူတွေအတွက် သုံးရတယ်။ လူတိုင်းကိုတော့ မသုံးသင့်ကြပါ။ ဘယ်ဆရာဝန်ကိုဖြစ်ဖြစ် မေးတာမှာ ‘နော်’ မသုံးသင့်ပါ။ အများနဲ့သက်ဆိုင်တဲ့နေရာတွေမှာ စကားပြောတဲ့အခါ သတိထားရတာတွေ ရှိတယ်။  ဥပမာ - “လူကြီးမင်းများ ခင်ဗျာ-ရှင်။” “ကြွရောက်လာသူများ ခင်ဗျာ-ရှင့်။” “ဧည့်ပရိသတ်များ ခင်ဗျာ-ရှင့်။” “ရွှေပွဲလာ ပရိသတ်များ ခင်ဗျာ-ရှင့်။”  “စာရှုသူများ ပရိသတ်များ ခင်ဗျာ-ရှင့်။”  ချော့မော့ပြောဆိုရာမှာလည်း သုံးတယ်။  “သားသား ဒီမုံ့တွေ မစားနဲ့နော်။” “သမီး အိပ်တော့နော်။” ခယတောင်းပန်ရာမှာလည်း သုံးတယ်။ “ဒီအရုပ်လေး ပေးပါနော်။” “ဈေးဦးပေါက်မို့ တည့်အောင်ပေးပါနော

Foundation အုတ်မြစ်

ကွန်မင့်တခု = (စ)ကျွန်တော်တို့မြို့က မြန်မာစာဆရာ စာလုံးပေါင်းအတော်မှန်အောင်ရေးနိုင်တာ သိရပါတယ်။ သို့သော် မြန်မာစကားပြေကိုရေးတတ်အောင် ကလေးတွေကို မသင်တတ်တာတွေ့ရပါတယ်။ မြန်မာကဗျာ၊ မြန်မာစကားပြေ၊ ရေသည်ပြဇာတ်တို့ကိုကိုယ့်အတွေးအခေါ်နဲ့ ကိုယ်ပိုင်ဟန်နဲ့ရေးတတ်အောင် ကလေးတွေကို သင်မပေးနိုင်ပါ။ သူများရေးထားတဲ့စာတွေကိုသာကလေးတွေကိုအလွတ်ကျက်ခိုင်းတာတွေ့ရပါတယ်။ စာစီစာကုံးရေးနည်း တွေးနည်းတွေကိုလည်းမသင်တတ်ပါဘူး။ စာတော်တဲ့ကလေးတွေ နစ်နာကြပါတယ်။ သူတို့ကိုယ်ပိုင်ကျောင်းကတော့အောင်ရုံသက်သက်ပါဘဲဗျာ။ (ဆုံး) ဟုတ်။  ဆယ်တန်းအထိကတော့ ပညာယူရတဲ့အဆင့်လောက်သာ သင်ကြားလေ့ရှိပါတယ်။ စာစီစာကုံးသာ ရေးစေတယ်။ ကောလိပ်ရောက်တော့မှသာ ရသသဘောပါတာကို ရေးခိုင်းတယ်။ အဲဒါမှာလည်း မြန်မာစာကို အထူးပြုလေ့လာတဲ့ ဥပမာ စိတ်ကြိုက်မြန်မာစာဆိုရင်တော့ တခြားဘာသာယူ ကျောင်းသားတွေထက် မြန်မာစာကို ပိုပြီး အာရုံစိုက်သင်ပေးပြီး ရေးစေတယ်။ ကျောင်းသားတွေမှာလည်း စိတ်ပါဝင်စားမှု မတူကြပါ။ အပြစ် မဟုတ်ပါ။ မူလတန်း၊ အလယ်တန်းနဲ့ ဆယ်တန်းအထိကတော့ မြန်မာစာရဲ့ အုတ်မြစ်တွေဖြစ်ကြတဲ့ စာလုံးပေါင်းသတ်ပုံ၊ ဝါကျဖွဲ့နည်း၊ သဒ္ဒါ စတာတွေကို မှန်စေအောင် သင်ပါတယ်။ ကဗျာ့သဘောကိုလည်း သ

ယဉ်ကျေးမှု မဟုတ်ပါ

- သားလည်း တယ်လီဂရမ်သုံးတယ်ဆရာ။ သား + သမီး + အဘ စတဲ့အမျိုးအမည်တပ်ရေးနေတာတွေက ဆရာဝန်အတွက်တော့ အတော်ကို နားလည်ရခက်တယ်။  ယဉ်ကျေးပါတယ်လို့ ဘယ်လိုပြောပြော ခက်တယ်။ သားလို့ရေးရင် ရေးတဲ့သူရဲ့သားလား ပြန်မေးရတယ်။ သမီးရဲ့ ကလေးဆိုရင် မြေးလား မေးရတယ်။  လူမြင်ရင် အဘခေါ်စေဆိုတာ စစ်အုပ်စုက ရိုက်သွင်းပေးထားတာဖြစ်တယ်။ ဟုတ်ကဲ့ပါဆရာ။ မှတ်သားစရာမို့ မှတ်ထားပါ့မယ်။ ဟုတ် ရှိသေးတယ်။ အိမ်ကအမေ။ အကျင့်ပါ နှုတ်ကျိုးနေသူတွေရှိပါတယ်။ မှားတာတော့ မဟုတ်ပါ။ စစ်စစ်ပေါက်ပေါက်စဉ်းစားရင် အိမ်မှာမနေတဲ့အမေလည်း ရှိသေးသလား။ အိမ်ကအဖေလို့ရေးတာတော့ မတွေ့ပါ။ ဦးလေးဆိုရင်လည်း ဆရာဝန်မှာ တူတွေ တူမတွေကများတော့ ဘယ်သူ့သားသမီးလဲ မေးရပြန်ရော။ ဒေါက်တာတင့်ဆွေ

ဖေ့စ်ဘုတ် ဒုက္ခ

အတော်ကြီးမားပါသည်။ ကိုယ်တိုင်ရာတဲ့ ဒုက္ခသာဖြစ်သည်။  ဖေ့စ်ဘုတ် ပေါ်စကတည်းကသုံးနေတာ ခဏခဏပိတ်ပင်ခံရသည်။ မရေမတွက်နိုင်တော့ပါ။ အခုတလော ပိုပိုဆိုးလာသည်။ နှစ်တွေအတန်ကြာသုံးနေတဲ့အကောင့်ကို ၆ လပိတ်လိုက်သည်။ အဟောင်းတခုကိုပြန်ရှာ ရအောင်လုပ် သုံးသည်။ ၃-၄ ရက်သာကြာ ၂၉ ရက်ပိတ်ပြန်သည်။ နောက်ထပ်အဟောင်းတခုကို ရအောင်လုပ် သုံးပြန်ပါသည်။ ၁ ရက်နေတော့ ၂၄ နာရီ ပိတ်ပါသည်။  အဲဒီ အကောင့်က မသုံးဘဲတားတာ ၄ နှစ်ကြာပြီ။ ဖရင်း ၁၀ ယောက်သာရှိသေးလို့ ဖရင်းတွေရှာထည့်ပါသည်။ ရှာရတာတော့ မဟုတ်ပါ။ ဖရင်းရီကွက်စ် လာထားတာတွေက လက်ခံရခြင်းသာဖြစ်ပါသည်။ ရီကွက်တွေကလည်း ၄ နှစ်ကတည်းက ဖြစ်သည်။ လက်ညောင်းတဲ့အခါ နားလိုက်၊ ပြန်လက်ခံလိုက် လုပ်နေရပါသည်။ ၄ နှစ်ကပုဂ္ဂိုလ်တွေ ကျန်းမာစွာရှိကြသေးလား မသိပါ။  ရက် ၁၈၀ နဲ့ ၂၉ ရက်ပိတ်ခံရတဲ့ အကောင့်တွေမှာ ဖရင်း ၅၀၀၀ တိတိစီရှိကြပါသည်။  ရက် ၁၈၀ ပိတ်ခံရတာနဲ့ဆက်ဖွင့်တဲ့ ပေ့ချ်မှာ လိုက် ၆၁ ကေနဲ့ ဖေါ်လိုဝါ ၆၅ ကေရှိပါသည်။ ဒိအရင် အပိတ်ခံတာမှာ ပိုများပါသည်။ ၉၀ ကေကျော်အထိရှိခဲ့ပါသည်။ လိုက်တွေ၊ ဖေါ်လိုဝါတွေနဲ့ ဖရင်းတွေ နေကောင်းကြပါစေသတည်း။ ဘာ့ကြောင့်ပိတ်သလဲကို ထင်ကြေးတွေ အမျိုးမျိုး (မတူတဲ့အမျိုးမျိုး) ပေးကြပါသည်။

ဧက

ဧက = တခုသော။ တယောက်သော။ တူသော။ ဧကံ = တချက်တည်း။ တပေါင်းတည်း။ ဧကံ သမယံ = တပါးသော အခါ၌။ ဧကသ္မိံ သမယေ = တပါးသော အခါ၌။ ဧကောဝ အာဂတော သိ = သင်သည် တယောက်ထည်း လာသလော။ ဧကံသ = တခုသောအပိုင်း။ တခုသောအဘို့။ ဒေါက်တာတင့်ဆွေ

The Count of Monte Cristo မွန်တီ ခရစ်စတို မြို့စားကြီး

ဆရာ ကျနော် ရေးတဲ့စာမှာ မရိုသေ စကားပါရင် ကြိုတောင်းပန်ပါတယ်ဆရာ ရောဂါအကြောင်း မေးချင်လို့ မဟုတ်ပါခင်ဗျာ မွန်တီခရစ်စတို နယ်စားကြီး အကြောင်း မြန်မာမှု့ ရေးထားတဲ့ စာအုပ်အကြောင်း ကျောင်းသားဘဝ ဆရာဖြစ်သူက ပြောတာ မှတ်သားဖူးပါတယ် ဘယ်စာအုပ် ဘယ်သူရေးမှန်း မသိဖြစ်နေပါတယ် ဆရာဖတ်ဖူးရင် လမ်းညွန်ပါအုံးဆရာ ၂၀၀၈ က ကျောင်းစာမှာ ပြောခဲ့တဲ့ အကြောင်းအရာမို့ ကျနော်အမှတ်ဖော်နိုင်စွမ်းမရှိလို့ပါဆရာ မွန်တီ ခရစ်စတို မြို့စားကြီး ဆိုတာ ၁၈၄၄ ခုနှစ်က ပြင်သစ်စာရေးဆရာ Alexandre Dumas ရဲ့နာမည်ကျော်ဝတ္ထုဖြစ်ပြီး ဘာသာပြန်ဝတ္ထုတွေလည်းထွက်ပါတယ်။ ၁။ ရွှေဥဒေါင်း ဘာသာပြန်တဲ့ မွန်တီခရစ်စတို နယ်စားကြီး  စာအုပ်မည် - ရတနာသိုက် ၂။ ကျော်လှိုင်ဦး ဘာသာပြန် စာအုပ်မည် - လေထန်ကုန်း (၁၉၆၉ ခုနှစ် အမျိုးသားစာပေ ဘာသာပြန်ဆုရ) Alexandre Dumas, also known as Alexandre Dumas père, was a French novelist and playwright. His works have been translated into many languages and he is one of the most widely read French authors.  Born: July 24, 1802, Villers-Cotterêts, France Died: December 5, 1870 (age 68 years), Dieppe, France Among the most famous o

"လေးပွင့်ဆိုင်"

ကျွန်တော်ကတော့ ကဗျာကို မရေးတတ်ပါ။ ကြိုက်တာသာသိတယ်။ သတ်ပုံပါကြည့်တယ်။ နောက်ပေါက်ကဗျာဆရာတွေက သတ်ပုံကို အရေးမကြီးသလိုပြောကြတယ်။  - ကာရန် နဘေ လင်္ကာ ကဗျာခေတ် - ကာရန်မဲ့ ကဗျာခေတ် - စာလုံးပေါင်းသတ်ပုံမဲ့ ကဗျာခေတ် ကျွန်တော်က သူတို့ပညာကို ဘယ်လိုမှ လိုက်မမီ။  ဗမာ ကမ္ဘာ စာဂုဏ်မြင့်အောင် မြှင့်စို့တခန်း။   ။ ဆရာမောင်စွမ်းရည်၏ ကွန်မင့် - စာလုံး​ပေါင်း သတ်​ပုံ ပုဒ်​ဖြတ်​ ပုဒ်​ ရပ်​ စတဲ့ ဘာသာ စကား လက်​ခဏာ အင်္ဂါ​တွေ လူရဲ့ အင်္ဂါ ​တွေလို အရးကြီးတယ်​လို့ ယူဆတယ်​။ အ​ရေးမကြီးဘူး ​ပြောတာ မရှက်​လို့ မတတ်​လို့ ​ပြောတာ ဖြစ်​ မယ်။ ကျုပ်​တို့​တော့ ကြိးစားပြီး မှန်​​အောင်​​ရေး​နေတဲ့ကြားက မှားသွားရင်​ ရှက်​တယ်​။။ ဒေါက်တာတင့်ဆွေ ၂၇-၃-၂ဝ၁၇

Framework

ပညာရေးဝန်ကြီးဌာန (မန္တလေး) Frame work တဲ့။ Beginner teacher တဲ့။ တကယ်ဆို framework က တွဲရေးရမှာ မဟုတ်ဘူးလားဆရာ။ Teachers ဖြစ်ရမယ်။ ပညာရေးကောလိပ်မှာလုပ်တဲ့ဆွေးနွေးပွဲဖြစ်လို့ ပြတာပါဆရာ။ Framework နဲ့ Frameworks လို့သာ စာလုံးပေါင်း မှန်ပါတယ်။ Teachers လို့ရေးတာက ပိုသင့်မြတ်မယ်ထင်ပါတယ်။ ဒေါက်တာတင့်ဆွေ ၂၇-၃-၂ဝ၁၈

၁၉၈၇ စက်တင်္ဘာလ ၅ ရက်နေ့

၂၅ ကျပ်တန် ၃၅ ကျပ်တန်နှင့် ၇၅ ကျပ်တန်များ တရားမဝင်တော့ နောက် ၆ လအကြာမှာ ရှစ်လေးလုံးအရေးအခင်းကြီး စတင်ပါတယ်။ ၁၀ နိုဝင်ဘာ ၁၉၈၅ နေ့မှာ စတင်ထုတ်ဝေခဲ့တဲ့ ၇၅ ကျပ်တန်မှာ ခုနှစ်ဆယ့်ငါးလို့ ရေးထားတာ မမှန်ပါ။ ခုနစ်ဆယ့်ငါးလို့ ရေးမှသာ မှန်တယ်။ ဒေါက်တာတင့်ဆွေ

မြင့်မိုရ် လည်း မှန်ပါသည်

လယ်တီဒီပနီ မူရင်းစာအုပ်မှာ တအုပ်လုံးလိုလို စာမျက်နှာ အောက်ခြေတိုင်းမှာ မြင့်မိုရ်လို့ ရိုက်နှိပ်ထားတယ်။ ဒေါက်တာတင့်ဆွေ

တပေါင်းည တည၌

(မြသန်းတင့်) ဒေါက်တာတင့်ဆွေ

စန္ဒရား တူရိယာ

စန္ဒရား ဆိုသည်မှာ ယခုခေတ် တီနေကြသော "ပီယာနို" ကို ဆိုလိုသည်မဟုတ်။ သရေခေတ္တရာ ခေတ်မှသည် ကုန်းဘောင်ခေတ်လောက် အထိ သုံးစွဲခဲ့ကြသော ရှေးတူရိယာတမျိုးကို ဆိုလိုသည်။ သို့သော် ထိုစန္ဒရား ပုံစံသည် အဘယ်သို့ဟု မပြောနိုင်ချေ။ (မောင်သိန်းနိုင်၊ မြန်မာ့ဇာတ်သဘင်သမိုင်းစာအုပ်) ရှေးစာကဗျာများ ဒေါက်တာတင့်ဆွေ

Demonetizations ကျပ်ငွေ တရားမဝင်ကြေညာခြင်း

တရာတန်ပို့စ်မှာ ၅၀ တန်နဲ့ ၁၀၀ ကျပ်တန်ငွေစက္ကူတွေကို တရားမဝင်ကြေညာချက်ပါ သတင်းစာပုံတင်ခဲ့တယ်။ ပို့စ်အောက်မှာ မေးတယ်။ date ကရောဆရာ တဲ့။  ငွေကျပ် တရာတန်လို့ ရေးရတယ်။ အဖြစ်အပျက်မှန်မသိရင် အလိမ်ခံရတယ်။ မြန်မာစာသတ်ပုံကို လိမ်လို့လိမ်ခံနေရမှန်း မသိသူတွေက များတယ်။ နိုင်ငံရေးသမိုင်းမှန်ကိုလည်း မသိသူတွေကများတယ်။  ဗိုလ်ချုပ်နေဝင်း ခေါ် စစ်တပ်ကနိုင်ငံရေးမှာ ထိပ်ဆုံးကနေရာယူခြင်း အကျင့်ကို စတင်ကျင့်သုံး ပြုစုပျိုးထောင် ပေးခဲ့သူကနေ လူအများသုံးစွဲလက်ကိုင်ထားရှိတဲ့ ကျပ်ငွေစက္ကူတွေကို တရားမဝင်သုံးခါလုပ်ခဲ့တယ်။  ၁၅-၅-၁၉၆၄ နေ့မှာ Demonetisation Act of 1964 အက်ဥပဒေနဲ့ ၅ဝ တန်နဲ့ ၁ဝဝ တန်တွေကို ပဌမဆုံးအကြိမ် တရားမဝင် ကြေညာတယ်။ လက်ဝယ်ရှိသူတွေကို ၅၀၀ ကျပ်ကနေ ၄၂၀၀ ကျပ်သာ လဲလှယ်ပေးတယ်။ အဲတာထက် များတာကို စစ်ဆေးပြီးမှ လဲပေးမယ်လို့ ကြေညာတယ်။ မသမာတာတွေ့ရင် ထောင်ဒဏ်နဲ့ သေဒဏ်တဲ့။ ၃-၁၁-၁၉၈၅ နေ့မှာ ဒုတိယအကြိမ် တရားမဝင်ကြေညာတယ်။ ၂၅၊ ၅ဝ နဲ့ ၁ဝဝ ကျပ်တန်ငွေစက္ကူတွေကို ပြန်လဲ မပေးတော့ပါ။ အဲလိုမလုပ်ခင်က ၁၀၀ တန်နဲ့ ၅၀ တန်တွေသိမ်းနေခဲ့တယ်။ အခုတခါ ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်နဲ့ ၇၅ ကျပ်တန် အသစ်တွေထုတ်ပြန်တယ်။  ၅-၉-၁၉၈၇ နေ့မှာ တတိယအကြိမ

အဆဲ ကပ်ရောဂါ

ဟိုတခါတုန်းက မြန်မာပြည်မှာနေထိုင်းသူ လူအများစုက အလွန်ယဉ်ကျေးကြတယ်။ ရိုင်းစိုင်းတာတွေ့ရင် ဆုံးမပေးကြတယ်။ မှားပြီး ဆဲမိရင် ပြင်သွားကြတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကစပြီး ဆဲလာကြတယ်။ အဆဲသန်လာကြတယ်။ အဆဲပြိုင်လာကြတယ်။ အဆဲ ကပ်ရောဂါ ဖြစ်လာတော့တယ်။ ဆဲလောက်အောင် ဆိုးဝါးတဲ့အဖြစ်ကြောင့်သာ လူတွေကဆဲလာကြတာလို့ ဆင်ခြင်ပါတယ်။ ဒါပေမဲ့ ဖရုသဝါစာ တိုင်းပြည်လို့တော့ အထင်မခံသင့်ကြပါ။ တိုင်းပြည်သစ်ကို အဆဲသန်ပြိုင်ပွဲနဲလည်း စတင်လို့ မသင့်ပါ။ လူတွေကို ဆဲအောင် ဆွဲချသူတွေ ကံကုန်ရင် ပြန်ပြီးယဉ်ကျေးကြရပါမယ်။ ဒေါက်တာတင့်ဆွေ

အမကြီးတော့ အမိအရာ

ကွန်မင့် = အစ်မ (အမ) အစ်မ၊ အစ်မေ၊ အစ်ဖေ။ ကွန်မင့် = အထီး၊ အမ အဓိပ္ပာယ် အသုံးနှင့်မတူစေရန် အစ်မ ဟုသုံးတာဟု မှတ်သားဖူး(ဘူး) လို့ ကွန်မင့် =  ဆရာခင်ဗျ အစ်ကို အစ်မ တို့ကို (စ်) ထည့်ရသေးလား ခင်ဗျာ။ ၂-၃ ခါ တင်ပြထားပါတယ်။ ဟိုကတည်းက စသတ်ပါတာမျိုး ရှိတယ်။ ဒါပေမဲ့ အကို၊ အမ၊ အဖေ၊ အမေ လို့ရေးတာ အသင့်ဆုံးဖြစ်ပါတယ်။ အစ်ကို အကို အစ်မ အမ https://burmese-spellingblogspotcom/2023/09/blog-post_31html ကွန်မင့် = အစ်မ ဆိုတာ ကိုယ့်ထက်အသက်ကြီးသူကို ဆိုလိုပြီး၊ အမ ဆိုတာ တိရစ္ဆာန် အမကို ဆိုလိုတယ်လို့ သင်ယူမှတ်သားရပါတယ်။ အထီး-အမ လို့ တွဲထားတဲ့စကားစုအရသာ အမက အကောင်တွေကိုညွှန်းတာဖြစ်တယ်။  အဖို-အမ ဆိုရင် အပင်တွေနဲ့ ပစ္စည်းတွေ။  အဖေ၊ အမေ၊ အကို၊ အမ တွေမှာ စ မသတ်ပါ။ အမ = ဆန့်ကျင်ဘက်နှစ်ခုတစုံရှိသောအရာမျိုး၌အ ဖိုဘက်မဟုတ်သောအရာ။ စည်၏အကြီးဘက်မျက်နှာကိုအမဘက်မျက်နှာ၊အငယ်မျက်နှာကိုကားအဖိုဘက်မျက်နှာဟုခေါ်သည်။လုပ်သား။(၅-၃-၆၅။) အမ  (၁) သန္ဓေဆောင်နိုင်စွမ်းသော သတ္တဝါ။ (၂) အသီးသီးနိုင်သော အပင်။ (၃) ဆန့်ကျင်ဘက်နှစ်ခု တစုံရှိသော အရာမျိုး၌ အဖိုမဟုတ်သောအရာ။ အဖေ အမေ အကို အမ အလှူ့အမ ကွန်မင့် =  ဒေါက်တာခများ အကိုနဲ့ အစ်ကိုကို အမှန်ဘယ်

တဂိုး၏နောက်ဆုံးမှာတမ်း

သင်ခေါ်ဆောင်ရာသို့ သူတိုမလိုက်ကြလျှင် တကိုယ်တည်းသာ လျှောက်သွားပါလော့။ ကြောက်ရွံ့ခြင်းဖြင့် ဦးခေါင်းကို ညွှတ်၍ တိတ်ဆိတ်စွာ သင့်အား ကျောခိုင်းကြလျှင် ကံဆိုးသူ-အိုအသင် ရင်ကိုဖွင့်၍…… သင်၏ယုံကြည်ချက်ကို တကိုယ်တည်းသာ ဖော်ထုတ်ပါလော့။ လမ်းခုလပ်၌ ကြမ်းတန်းသော ကန္တာရကိုတွေ့၍ သင့်အားစွန့်ခွာသွားကြလျှင် ကံဆိုးသူ-အိုအသင် သင်၏ ဖဝါးအောက်မှ ဆူးခလုတ်ကို နင်းကျော် ဖြတ်၍ သွေးနီလျှမ်းသော လမ်းအတိုင်း တကိုယ်တည်းသာ လျှောက်သွားပါလော့။ မုန်တိုင်းထန်၍ မိုးမှောင်ကျစဉ် မီးထွန်းခြင်းငှာ သူတို့မဝံ့ကြလျှင် ကံဆိုးသူ-အိုအသင် ဝေဒနာမှ ဖြစ်သော မိုးကြိုး၏ အလျှံဖြင့် သင်၏ ရှင်ကို မီးတင်၍ တကိုယ်တည်းသာ တောက်ထွန်းစေပါလော့။ ပြန်ဆိုသူ-တက္ကသိုလ် ညိုမေ ငွေတာရီမဂ္ဂဇင်း ၁၉၆၃ ဇူလိုင်လ Listener's Heaven Audiobooks - အသံစာအုပ် ဒေါက်တာတင့်ဆွေ

ဝါးတရာခြံ

စာရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ လမင်းတရာကဗျာနဲ့ အငြိမ့်အမည်တွေကို တချို့က ဖျက်လိုက်ကြသည်။ ပန်းမျိုးတရာကိုလည်း ဖျက်ဆီးကြပါသည်။ ပိုက်ဆံတရာတန်ကို တရားမဝင်လုပ်ခဲ့သည့်နောက်မှာ အဲလိုပျက်စီးလာခြင်း ဖြစ်ပါသည်။ ဒေါက်တာတင့်ဆွေ

ပညာရေးဖြင့် တိုင်းပြည်ကိုမြှင့်တင်အံ့ဟု ဆိုခဲ့ဘူးသည်

(ကျွန်တော်ရေးတာ မဟုတ်ပါ။ ယူးယူတင်ပြတာ။) ပညာရေးဖြင့် တိုင်းပြည်ကိုမြှင့်တင်အံ့ဆိုတဲ့ ဆောင်ပုဒ်တွေကို မြင်ဖူးကြားဖူးပေမယ့် ပညာရေးက တိုင်းပြည်ကို ဘယ်လိုမြှင့်တင်နိုင်မှာလဲဆိုတာ ကျွန်မရေရေရာရာ မသိပါဘူး။ ဘာလို့လည်းဆိုတော့ ကိုယ်ရဖူးခဲ့တဲ့ ပညာရေးက ဦးသန်းရွှေခေတ် ဦးခင်ညွန့်ခေတ် ပညာရေးဆိုတော့ ဒါကျက်၊ ဒါဖြေ အလွတ်ကျက် ပညာရေးပါ။ ဒါ့ကြောင့် ပညာရေးက တိုင်းပြည်တိုးတက်ရေးအတွက်ဘယ်လို ဘယ်အခန်းကဏ္ဌ(ကဏ္ဍ) ကနေ ပါဝင်သလည်းဆိုတာ သေချာနားမလည်ခဲ့ပါဘူး။ ကျွန်မသားကလေး international school (IB system)တက်တော့မှ သူတို့ curriculum တွေနဲ့ ထိတွေ့ ရင်းနှီးလာတော့မှ ပညာရေးဖြင့် တိုင်းပြည်တည်ဆောက်အံ့ဆိုတာ တကယ်အဟုတ်ပါလား ပညာရေးဟာ တိုင်းပြည်အတွက် တကယ်ရင်းနှီးမြှုပ်နှံရမယ့် အရေးအကြီးဆုံး ကဏ္ဌ(ကဏ္ဍ) ပါလားဆိုတာ သေချာ နားလည်လာပါတော့တယ်။  ကျွန်မသားလေးတို့ကျောင်းမှာတော့ ၅တန်းအထိ စာမေးပွဲ မရှိပါဘူး။ သူတို့ရဲ့ သင်ရိုးညွှန်းတမ်းက academic subjects တဝက်၊ အားကစား၊ ဂီတ၊ ပန်းချီ၊ ဘာသာစကား တို့အပြင် လူ့စိတ်ခံစားချက်တွေကို သိရှိပြီး ဘယ်လိုထိန်းချုပ်ရမလည်း ဘယ်လိုဖြေရှင်းရမလည်းဆိုတာတွေပါ အသက်အရွယ်အလိုက် ဖြေရှင်းတတ်အောင်သင်ပေးပါတယ်။  ကျွန်မ

၁-၂-၃-၄ ဘယ်လိုရေး

(၁၉၇၉ ခုနှစ် သူငယ်တန်း ရှေးဦးသင် ဂဏန်းသင်္ချာ) ရွှေသွေးဂျာနယ်များ https://www.facebook.com/shwethwayjournal ဒေါက်တာတင့်ဆွေ

စပါးယောင်ဆောင်သော မြက်ရိုင်း

(ဆေးအတု၊ ဝါးအတု၊ စစ်သားအတု၊ ချစ်သားအတုများသို့) ပေါက်ခါစတွင်၊ ဤနှစ်ပင်သည် အသွင်မခြား၊ ဖွံ့ဖွံ့ထွားလျက် စပါးပင်နှင့် တူလှသည်။ ။ နှစ်ပင်စလုံး၊ မြရွက်ဖုံးကာ ညှာတံစိမ်းစိမ်း၊ လေတွင်ယိမ်းလျက် အရွက်နုနု၊ ပေါ်စ ပြုရင်း အလုအယက်၊ မြေမှထွက်သည် မြေပျက်ပင်လော မျက်ပင်လော။ ။ မြက်ပင်ရိုင်းကား စပါးဟန်ဆောင်၊ ချွန်းချွန်းထောင်၍ နေရောင် ပလွှား၊ ဝင့်ဝင့်ကြွားလည်း ရက်များမကြာ၊ နွမ်းဖျော့ဝါလျက် အညှာလည်းညိူး၊ အဆစ် ကျိုးခဲ့ အရိုး ကိုင်းကိုင်း၊ ညွတ်ညွတ်ဆိုင်းကာ ပင်ရိုင်းမြေမှာ၊ ဝပ်တွားလာမှ မြက်ဇာတိရုပ် ပေါ်တော့သည်။ ။ ထိုအခါတွင်၊ စပါးပင်ကား မြေပြင်ထဲမှ၊ အားမာန် ထ၍ မြင့်ကြွ ပင်စည်၊ ရွှေရည်ဆွတ်လူး စပါး ဖူးနှံ၊ မိုးသို့ပျံလျက် လူ့တွက်ကျေးဇူး၊ စားဦး ရိက္ခာ သီးမှည့်လာခဲ့။ ။ မြေမှာဝပ်တွား၊ မြက်ရိုင်းများမူ ကြွက်ဖား အစာ၊ ဝပ်ကျင်း ရှာသည် အိပ်ရာခန်းဗွေ၊ ဖြစ်ခဲ့လေငြား စပါးကိုပြိုင်၊ မနိုင်လေဘု နေရာလုလည်း အတုအယောင် သာပင်တည်း။ ။ (ဒေါင်းနွယ်ဆွေ) ရှေးစာကဗျာများ ဒေါက်တာတင့်ဆွေ

တလပန်း

ဒီနွေမှာ တလပန်းနဲ့ သပြေဘူတပန်းတွေ စာလုံးပေါင်းအပြင်မခံကြရပါစေသတည်း။  ပန်းအမည်တွေကို မလိုအပ်ဘဲ စသတ်ခံရပါက လှတော့မည်မဟုတ်။ မွေးတော့မည်မဟုတ်။ နွေရဲ့ ပင်တိုင်ဇာတ်လိုက် တမာကိုတော့ စသတ်တာတွေ့ဘူးပြီ။ နွေဦးမှာ သီးစပြုတဲ့ စိန်တလုံးကိုလည်း စိမ်းစိမ်း မှည့်မှည့် မျိုချမရအောင် ရေးတာလည်း တွေ့တယ်။ ပုံအတွက် သောဝ် ထွမ်း ဧ ကျေးဇူး။ ဒေါက်တာတင့်ဆွေ

Mind သဒ္ဒါမတတ် စာမတတ်

ဖေ့စ်ဘွတ်မှာ မြန်မာစာကို မှန်အောင်မရေးတတ်သူများတယ်။  တချို့က အင်္ဂလိပ်စာ၊ တရုပ်စာ လေ့လာနေရလို့ မြန်မာစာ အားနည်းသတဲ့။ တချို့က ကပြားရေးကြတယ်။ အခုလေးတင် တခုဖတ်လိုက်တယ်။ အင်္ဂလိပ်စာလုံးပေါင်းလေးတွေ ညှပ်ပြီးရေးပါတယ်။ ရေးထားတဲ့ ဘိုစာလုံး အသံထွက်ကတော့ - 'မင်တယ်လ်' ကို အနားပေးလိုက်တယ်တဲ့။ 'နာမဝိသေသန' ကို 'နာမ်' လုပ်ထားတယ်။ ဒေါက်တာတင့်ဆွေ

လေပြေ လေပြည် လေညင်း လေညှင်း

မှားလေ့ရှိသောမြန်မာစကားလုံးများမှာ လေပြေညင်းကို အမှားပေးထားပြီး လေပြည်ညင်းက အမှန်လို့ ဖေါ်ပြထားတယ်။ မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၈၀) မှာ လေပြေ။ လေပြေ = အရှိန်အဟုန် ပျော့ပျောင်း ညင်သာသောလေ။ လေပြေထိုး လေပြေသိမ်း လေပျော့ လေပွေ လေပွေလှိုင်း လေပြေလေညင်း ကဝိဓဇသတ်ပုံကျမ်းမှာ လေပြေလေညှင်း။ လေပြည်လေညှင်း။ ခင်မောင်တိုးသီဆိုတဲ့ ပန်းချစ်သူသီချင်းမှာ လေပြည်လေညှင်းတဲ့။ မူရင်းစာသားဟုတ် မဟုတ် စစ်ရပါဦးမယ်။ ဇော်ဝင်းထွဋ်သီချင်းက လေပြေ။ ဒေါက်တာတင့်ဆွေ

သတ်ပုံ မှားအောင်ပြင်ခြင်း မခံရသေးသည့် မောင်စိန်၏ကာတွန်း

တနေ့ထက်တနေ့ မျက်နှာချင်း ဝေးသွားသလိုပဲနော် ဒီသွားပုံစံ ကြိုက်ရဲ့လား၊ ဆေးတံပါတခါထဲကိုက်ပြီးသား ဒေါက်တာတင့်ဆွေ

လူထုအောင်သံ

"လူထု ​အောင်သံ" ရုပ်ရှင်ဇာတ်ကားကြီးကို ဒီလို  ကြည့်ခဲ့ရပါတယ်။ တင်ထားတာတခု ဖြစ်ပါတယ်။ ကျေးဇူး။ ဖဆပလ ခေတ်က ဇာတ်ကားကို ရပ်တကာနယ်တကာ မြို့တကာမှာ အခမဲ့လှည့်ပြပါတယ်။ ငယ်ငယ်တုန်းက ညီအကိုတတွေ မင်းဘယ်နှစ်ခါ၊ ငါဘယ်နှစ်ခါကြည့်ရတယ်လို့ ပြိုင်ကြတယ်။  လူထုအောင်သံဇာတ်ကားက ဘာကိုရည်ရွယ်သလဲ တကယ်ကို မသိခဲ့ပါ။ တောထဲမှာ လက်နက်ကိုင် ဇာတ်လိုက်တယောက်က “ထမင်းကလည်း မာလိုက်တာ” လို့ပြောတာ အခုထိမှတ်မိသေးတယ်။ ကျန်တောတွေ ခေါင်းထဲမှာ မရှိတော့ပါ။ နည်းနည်းအသက်ရတော့မှာ ကွန်မြူနစ်ဆန့်ကျင်ရေး ဝါဒဖြန့် ရုပ်ရှင်ဇာတ်ကားမှန်း သိလာတော့တယ်။ ဝါဒဖြန့်တွေက အောင်မြင်လေ့ရှိပါတယ်။ ဒါပေမဲ့ လက်နက်ကိုင် ကွန်မြူနစ်တွေ ပြိုကွဲသွားရခြင်းဟာ ဒီဇာတ်ကားကြောင့်တော့ မဟုတ်ပါ။ နောက်ခေတ်မှာ ပေါ်လစီဇာတ်ကား၊ ပေါ်လစီသီချင်းလို့ ပြောင်းခေါ်ကြတယ်။ တချို့ဟာတွေက အဆင့်အတန်း အတော်ကိုနိမ့်တော့ ပြောင်းပြန်အကျိုးသာရတယ်။ ကျွန်တော်ကတော့ လက်ရှိမြန်မာစာကို ပေါ်လစီသတ်ပုံလို့ အမည်ပေးထားတယ်။ လူထုအောင်သံဇာတ်ကားထက် ပိုပြီး အောင်မြင်တယ်။ တဝမ်းပူ ၇၅% လောက်ကို မလိုအပ်ဘဲ စသတ်ခိုင်းပေမဲ့ ၁၀၂% စသတ်နေကြတယ်။ လူထုအော်သံ။ ဒေါက်တာတင့်ဆွေ

အမကြီးတော့ အမိအရာ

ပို့စ်တခု = အမကြီးတော့အမိအရာ တချို့က 'အစ်မ' တဲ့။ 'အစ်မကြီးတော့ အမိအရာ' လို့ လည်း တွေ့တယ်။ 'အစ်မကြီးတော့ အစ်မိအရာ' လို့ ရေးကြဦးမလား မသိ။  'အစ်မေ' 'အစ်ဖေ' လို့ ရေးကြဦးမလား မသိ။ ခေတ်ကလည်း စမသတ်ရရင် သေတော့မလောက်။ ဒေါက်တာတင့်ဆွေ

Fraud Alert အတုကို အစစ်ထက်ကြိုက်ကြ၏

ကွန်မင့်တခု = (စ) စဉ်းစားနေတာတော့ကြာပြီ အသံထွက်အတိုင်းလဲ'ဒ'နဲ့လဲမဟုတ် မူရင်းသင်္ချာဂဏန်းရဲ့ 'တစ်'သတ်ပုံအတိုင်းလဲမဟုတ်ဘဲ ဘာကြောင့်'တ' ဖြစ်သွားလဲ ဆိုတဲ့အကြောင်းပေါ့။ နီးစပ်ရာ ဆရာသမားတွေကိုမေးတော့လဲ ဝိုးတဝါးအဖြေပဲရပြီး ဖေ့ဘုတ်မှာရှာတော့လဲ ခေတ်ဟောင်းစာအုပ်က ပုံတွေပဲ တွေ့ရတယ်။ ဘာကြောင့် မြစေတီကျောက်စာပါ 'သားတစ်ယောက်' 'တစ်ရွာ'က စသတ်ဖြုတ်ပြီး 'တ' ဖြစ်မှန်း အခုထိ အဖြေရှာမရသေးဘူး။ 'တစ်'သတ်ပုံကြိုက်သူတွေဘက်မှာ တိကျတဲ့ စာပေဆိုင်ရာသက်သေ အကြောင်းပြချက်တွေ ရှိနေပေမယ့် 'တ'ကြိုက်တဲ့သူတွေဘက်မှာ ခေတ်ဟောင်းစာအုပ်ထဲက စာလုံးတွေကလွဲလို့ စာပေဆိုင်ရာ အကြောင်းပြချက်မရှိ ဖြစ်နေတာတော့ အရမ်းဝမ်းနည်းမိတယ်။ (ဆုံး) တ နဲ့ တစ် အရေးအသားဟာ မုံ့စားသလို ကိုယ်ကြိုက်တာ ရွေးစားနည်းနဲ့ မတူပါ။ ကျွန်တော်ကတော့ သူငယ်တန်းကတည်းက ဆရာဆရာမတွေသင်တာ၊ အလယ်တန်းကျောင်းသား လောက်ကတည်းက ဖတ်ခဲ့ရတဲ့ ကျောင်းစာ၊ ကျောင်းအပြင်စာတွေ မနည်းတော့ပါ။ လူအများစုက မြင်မှ ယုံတယ်။  မြင်သမျှကို ယုံနေသူတွေလည်း မရှားပါ။  ကြံကြံဖန်ဖန်သမားတွေလည်း များပါတယ်။ ပစ္စည်းအစစ်လည်း ဝယ်ကြတယ်။ ပစ္စည်းအတုလည်း ဝယ်

ဆရာလုပ်သူတို့ အမှားများ

ဇိုးကနဲ ဇတ်ကနဲ ဇိုးဇိုးဆတ်ဆတ် ၁။ ဖြတ်ကနဲလို့ရေးရင် မှန်ပါသလား ဆရာ။ နောက်ထုတ်သတ်ပုံကျမ်းမှာ ကနဲစာလုံးကို ခနဲသို့ဖတ်ရန်လို့ ညွှန်းထားပြီး ဝုန်းခနဲ၊ လှစ်ခနဲလို့ပါတယ်။  အရင်ထုတ် သတ်ပုံစာအုပ်တွေမှာ မပါ။ ဖြတ်ကနဲလို့လည်း ရေးကြပါတယ်။ မူးကနဲ၊ မိုက်ကနဲ၊ အေးကနဲ၊ သိမ့်ကနဲ။ ၂။ မှားလေ့ရှိသော မြန်မာစကားလုံးများကနေ ဆရာလုပ်ထားတာတွေ့တယ်။ (၁) မှာ ဇိုးကနဲ ဇက်ကနဲကမှားပြီး၊ ဆိုးခနဲ ဆတ်ခနဲက အမှန်လို့ တွေ့ရတယ်။ အမှန်လို့ပြောတာက မှားနေတယ်။ အဲလိုဘဲ ဆရာလုပ်ပြီး အစိမ်းရောင်က အမှန်၊ အနီရောင်က အမှားလို့ တင်နေကြတာတွေထဲမှာ အမှားတွေကို မကြာခဏတွေ့ရတယ်။ မသိတဲ့သူတွေက အဲလိုဟာမျိုးဆို ထပ်ထပ်တင်ပြနေကြတယ်။ အမှားကွက်မှာ ဇက်ကနဲလို့ ရေးပြထားတာလည်း မှားတယ်။ ဇတ်ကနဲလို့ တသတ်နဲ့သာ ရေးတယ်။  ဇက်ဆိုတာ လည်ပင်းနေရာကိုခေါ်တယ်။ မြင်းကိုနိုင်လို ဇက်ကို ဆွဲ။ ဇိုးကနဲ ဇတ်ကနဲဆိုတာ လှုပ်ရှားမှုမြန်ဆန်တာကို ထိထိမိမိဖေါ်ပြရာမှာသုံးပါတယ်။  ဇွတ်၊ ဇွတ်ဒရွတ်လို့သုံးသလိုဖြစ်တယ်။ ဘန်းစကားအဖြစ် ဇွတ်ကြီးပဲ၊ ဇွတ်သမားလို့ သုံးပါတယ်။ ဆွတ်သမားလို့သာ ရေးရင် ပန်းခူးတဲ့သူဖြစ်သွားမယ်။ ဒေါက်တာတင့်ဆွေ ၂၃-၃-၂၀၁၉

ပြည်ကျောင်း ဆေးရေးဘုရားတိုင်

(နဝဒေးကြီး စံထားကြတဲ့ အလွမ်းဖွဲ့) မြေကြီးကသာ၊         ထွန်းလျှံဖြာ၍… မလေးနှစ်ပွင့်            တင်သည်နှင့်။    ။ နေမီးလဝါ၊               တင့်မောစွာသည်… အဝေးရစ်ဆင့်           ထင်သည်နှင့်။     ။ ဆွေနီးမျှကာ၊             ချစ်ခြင်းရာဖြင့် ကြိုင်စွာဧးမြ၊              မဉ္ဇူသကို နတ်ကဆက်လှည့်၊      ရောက်လှာတည့်သို့ ထပ်ရှည့်တူပင်၊           လည်နှိုက်ဆင်၍ သက်ပင်သင်္ချေ၊          ဖန်ဖန်ရေလည်း မပြေလွမ်းစိုး၊             ကြင်လှနိုးခဲ့ ချစ်ကြိုးရှည်မြင့်၊         အဆင့်ဆင့်လျှင် မြေနှင့် မိုးထက်၊  ဆတက်ဆယ်ပြန်၊        ဝေးလှလွန်၍ လေသွန်ရိပ်ခြည်၊         မြွက်ပါမည်လည်း ဝိုက်လည်ခွဲဝှက်၊          သိရခက်ခဲ့ ယှည်ဘက် သည်လျာ၊ နောက်ကြောင်းခြာကို နေကာပျော်၍၊            မေ့လေသည်လော တွေးတော မဆွ၊          ရှေးဦးစကို နှမ ရွယ်လူး၊               အောက်မေ့ဦးလော့ တိမ်းမူးဝမ်းတွင်း၊        မရှိလျှင်းတည့် ရောင်ဆင်းမွတ်မွတ်၊   ကြာဝယ်နတ်သို့ နွဲ့ညွှတ်ငြိမ့်လေး၊        နှောင်းမွေးထွေးကို တရေးချစ်ခွင့်             မြင်သည်နှင့်။   ။ (ပထမ နဝဒေးကြီး) ရှေးစာကဗျာများ မှတ်ချက် - တစ်ရေးချစ်ခွင့်လို့ ရေးရင်တော့ ပျက်ရော။ တရေးချစ်ခွင့်မ

ကန္တာရ

- ဒီပန်းပင်နာမည် အမျိုးစားလေးသိချင်လို့ပါ  - ဂန္တာရနှင်းဆီတဲ့ - ကန္တာရလို့ ရေးရ ကန္တာရ သဲကန္တာရ ကန္တာရ = သွားလာရန်ခက်ခဲသောခရီး။ ထိုကန္တာရ၌ကား သဲတို့သည် သိမ်မွေ့ကုန်၏။  ကန္တာရခရီးကြမ်း ပင်လယ်ပြင်လို ကန္တာရခရီးကြမ်းထဲမှာ အရိပ်ကလေးများ ဖွေမောရင်းဘဝလဲဘဲ ဝင်္ကပါတွေထဲ မျက်စိလည် (ဘယ်သူဖန်ဆင်းသလဲ - ခင်မောင်တိုး) ဒေါက်တာတင့်ဆွေ

တွင် နှင့် ၌ အသုံးကွဲ

မြန်မာနိုင်ငံတွင် မော်လမြိုင်၌ မိုးများစွာ ရွာသည်။ (မှန်) မြန်မာနိုင်ငံ၌ မော်လမြိုင်တွင် မိုးများစွာ ရွာသည်။ (မှား) (ဝဇီရဗုဒ္ဓိ ဦးဖိုးစိန်) ‌ရှေးစာကဗျာများ မှတ်ချက် - မြန်မာနိုင်ငံတွင် မော်လမြိုင်မြို့၌ မိုးများစွာရွာသည်။ ရန်ကုန်မြို့တွင် လူတယောက် ရှိ၏။ ကျွန်တော်တို့ မြန်မာစာဆရာ ဘုတလင်ချစ်လေးက ‘တွင် ကြီး’၊ ‘၌ ချိန်’ လို့ သင်ပါတယ်။ မြန်မာပြည်တွင် မန္တလေးမြို့၌ နန်းတော်နှင့်ကျုံး ရှိသည်။ မန္တလေးမြို့တွင် ညနေ ၄ နာရီ၌ မိုးရွာမည်။ ဒေါက်တာတင့်ဆွေ

ရွာတံတားအို

စမ်း နဲ့ ဆမ်းကို ပြင်ပေးလိုက်တော့ စာပြန်လာတယ်။ ပြင်ပေးလို့ လေးလေးစားစား ကျေးဇူးတင်ပါတယ်ရှင် ဆရာ။ တခါတခါအဲလို လာတတ်ပါတယ်။ တလမှာ တခါထက်တော့ နည်းတယ်။ ကျွန်တော်က ငယ်ငယ်လေးတုန်းက ပျက်အစဉ်ပြင်ခဏဆိုတဲ့ ရုပ်ပြပညာပေးစာအုပ်လေး ဖတ်ခဲ့တယ်။  ရွာအပြင်နားက ရေမြောင်းကူး ခနော်ခနဲ့ဖြစ်နေတဲ့ သစ်သားတံတားလေးကို ရွာသူရွာသားတွေ ဝိုင်းပြင်ကြလို့ ကောင်းသွားပါသတဲ့။ ဆော်သြသူတယောက် အမည်လည်းပါသေးတယ်။ ရွာသူကြီးတော့ မဟုတ်။ ရွာဦးကျောင်းဘုန်းကြီးလည်း မဟုတ်။ အခစားလိုက် အသက်မွေးရတဲ့သူ။ မြန်မာစာချောင်းက ကျယ်ပြီးနက်တယ်။ တံတားတော့ရှိပါရဲ့ သွားမရ လာမရ တစ်နေတယ်။ ဒေါက်တာတင့်ဆွေ

ရေးတော့ အမှန် ဖတ်တော့ အသံ

လူတိုင်းသိတဲ့ ထုံးနည်းဖြစ်ပါတယ်။ ဒါပေမဲ့ ရေးထုံးဖတ်ထုံးကို တလွဲသုံးနေသူတွေ များတယ်။ ‘မြန်မာ’ ကို ဘယ်လိုအသံထွက်သလဲစာ မနေ့က တင်ပြထားတယ်။ ‘မြန်မာ’ အသံထွက် ‘မျန်မာ’ ‘မြန်မာနိုင်ငံ’ အသံထွက် ‘မျန်မာနိုင်ဂန်’ ‘မြန်မာပြန်’ အသံထွက် ‘မျန်မာဗျန်’ စာကလေး = စာဂလေး စာကျက် = စာကျက် စာကျ = စာကျာ့ စာကိုယ် = စဂို စာလုံးပေါင်း = စာလုံးဘောင်း စာလုံးတွေ ပေါင်ပြီးရေးတော့ အသံနည်းနည်းပြောင်တာလည်း ရှိပါတယ်။  မြန်မာ + စာ = မျန်မာဇာ။ စကားသံဖြစ်ပါတယ်။ မြန်မာစကား = မျန်မာဇဂါး စာစီစာကုံး = စာဇီစာကုံး (ဂုံး) တလုံးနှစ်လုံး စာစီကုံး - တလုံးနှလုံး စာစီကုံး (သီချင်း) တစ်လုံးနှစ်လုံးလို့ရေးထားရင်တော့ တစ်လုံးနှစ်လုံးလို့သာ အသံထွက်ဖတ်ရပါမယ်။ ပြုံး စာလုံးပေါင်း - အသံထွက် အပြုံး - အပြုံး မပြုံး (အမည်) - မပြုံး သို့မဟုတ် မတ်ပြုံး ပြုံးပြုံးလေးနေပါ - ပြုံးဗျုံးလေးနေပါ တောင်ပြုန်း - တောင်ဗျုန်း မချိပြုံး - မချိဗျုန်း ပြုံးတလှည့် မုန်းတလှည့် - ပြုံးတလှည့် မုန်းတလှည့် မြို့ရွာ အမည်တွေလည်း အများကြီး ကျားတက် - ဂဒက် စစ်ကိုင်း - ဇဂိုင်း စန်းချောင်း - စန်းဂျောင်း ဆားလင်းကြီး - ဆလင်းဂျီး တန့်ဆည် - ဒဇယ်။ တမာတန်း - တမာဒန်း တကောင်း - ဒဂေါ

The Rice Bowl ကမ္ဘာ့ဆန်အိုးကြီး ဖြစ်ခဲ့ဘူးတယ်

လွန်ခဲ့တဲ့ ဆယ်စုနှစ် ၅ ခုလောက်က မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဆန်တင်ပို့မှု အများဆုံးနိုင်ငံ ဖြစ်ခဲ့တယ်။ မဆလ ခေါ် မြန်မာ့ဆိုရှယ်လစ်လုပ်ကတည်း ကျကျ ကျကျလာရာကနေ စာရင်းထဲမှာတောင် မပါတော့ဘူး။  ဗိုလ်နေဝင်းလက်ထက်မှာ FAO ကနေ ဆန်စပါးသုတေသနဌာနချုပ် ဖွင့်ဘို့ ကမ်းလှမ်းပေမဲ့ ပယ်ချလိုက်တော့ ဖိလစ်ပိုင်နိုင်ငံ မနီလာကို ရောက်သွားတယ်။ အခုတင်ပြတဲ့ ပုံထဲကစာရင်းမှာ ဖိလစ်ပိုင်က ထိပ်မှာ။ ၂၀၁၄ ခု ဇန်နဝါရီထွက်သတင်းတခုမှာ ဆန်တင်ပို့မှုအများဆုံးက အိန္ဒိယတဲ့။ အဲဒီစာရင်းထဲမှာလည်း မြန်မာနိုင်ငံ မပါ။ ဗြိတိသျှကိုလိုနီအစိုးရက ပါးနပ်တယ်။ ဆူအက်တူးမြောင်းဖေါက်ပြီးနောက်မှာ ဆန်းဈေးကွက် ကြီးမား အားကောင်းလာတော့ အိန္ဒိယကနေ လယ်လုပ်မဲ့သူတွေ ခေါ်သွင်းတယ်။ မွဲတဲ့ဗမာတွေအတွက် ချစ်တီးတွေက ငွေချေးတယ်။ နှစ်ထပ်တိုးပေးရတယ်။ စပါးရောင်းရတဲ့ငွေနဲ့ ရွှေဝယ်ထားသူတွေအတွက် မဂိုလမ်းမှာရွှေဆိုင်တွေ ပေါ်လာတယ်။ ကနေ့အထိ ဘယ်သူတွေ ပိုင်သလဲ။ မဆလ ခေတ်မှာ စီမံကိန်းသီးနှံတွေသာစိုက်ခိုင်းတယ်။ ၁၉၈၇ ခုနှစ်မှာ တိုင်းပြည် LDC ဖြစ်သွားတယ်။ အင်နယ်လ်ဒီအစိုးရက LDC အဆင့်ကနေတက်နိုင်အောင် ကြိုးစားသေးတယ်။ အခုတော့ ပိုဆိုးသွားပြီ။ ကျွန်တော်တို့ညံ့တာတွေက ပြောလို့မကုန်နိုင်။

မန္တလေးလို့ စာရေး ပျင်းကြသူများသို့

- အရမ်းကောင်းတဲ့ မန်းပေါင်း (မန္တလေးထမင်းပေါင်း) - မန်းပေါင်းဆို တော်သေး။ မန်းလေးပေါင်းဆိုရင်တော့ ဆားငန်ပြီ။  - မန်းပေါ့ပေါင်းဆိုရင် ဆားပေါ့ပြီ။ - ပေါ့ ရှေ့ကတော့ အ မထည့်နဲ့နော်။ မန္တလေးမြို့ စတင်တည်ကာစအချိန်တွင် မန္တလေးအရပ်ကို ထီးပေါင်းကားဟု ခေါ်ဆိုနေကြသည်။ မြို့တော်၏ တရားဝင်အမည်မှာ ရတနာပုံဖြစ်သည်။ ဘုရင်ခေတ်က မန္တလေးအား ရွှေမြို့တော်၊ ရတနာပုံရွှေမြို့တော် စသည်ဖြင့် သုံးခဲ့ကြသည်။ မန္တလေးဟု ခေါ်ဆိုခြင်းနှင့် ပက်သက်၍(ပတ်သက်၍) တိကျသော အထောက်အထား မတွေ့ရပေ။ ပညာရှင်များကမူ အမျိုးမျိုးဆိုခဲ့ကြသည်။ အချို့က မန္တလေးတောင်အား အစွဲပြု၍ တောင်ခြေရှိမြို့အား မန္တလေးဟုခေါ်ကြောင်း ဆိုကြသည်။ မန္တလေးဆိုသည့် စကားလုံးမှာ မဏ္ဍလဟူသော စကားမှ ဆင်းသက်လာကာ ညီညာပြန့်ပြူးသောလွင်ပြင်ဟု အဓိပ္ပာယ်ရသည်။ မဏ္ဍလဟူသော စကားသည် ခေတ်ကာလ ကြာလာသောအခါ မဏ္ဍလေး၊ မန္တလေး စသည်ဖြင့် ပြောင်းလာခဲ့သည်ဟု ဆိုကြသည်။ အချို့က မဏ္ဍလဟူသော ပတ်ဝန်းကျင်တွင် တောင်ကိုးလုံးခြံရံလျက်ရှိသည့်တောင်ဖြစ်သဖြင့် မဏ္ဍလတောင်ဟုခေါ်တွင်ခဲ့ကြောင်း ဆိုကြသည်။ မဏ္ဍလေးဖုရားသခင်ဟူသော အရေးအသားကို (၁၅)ရာစုက ရေးထိုးခဲ့သော အင်းဝခေတ်ကျောက်စာတွင် တွေ့ရှိရသေးသည်။ ဝီကီပီးဒီးယ

ဗွတ်ကလုံ

သစ်ပင်ပေါ်က တေးသံစုံ ပါးနီလေးနှင့် ဗွတ်ကလုံ။ ဟိုခုန်သည်ခုန် သစ်ခက်ကြား ကောင်းနိုးရာရာ သူရှာစား။ တို့အိမ်နားက ခြံထဲမှာ သူ့အသိုက်ကို တွေ့ ရပါ။ အသိုက်ထဲမှာ စုတရုံး ပန်းရောင်နီပြောက် ဥလေးလုံး။ ဥလေးလုံးက ပေါက်သောခါ သူတို့ တေးသံ ကြားရမှာ။ ပေါက်ပါ ကြီးပါ ငှက်ငယ်များ ငါတို့တတွေ မျှော်စောင့်စား။ ။ (မင်းသုဝဏ်) (၆-၁၀-၁၉၉၃)  ဗွတ်ကလုံ = Burmese Red-whiskered Bulbul ဒေါက်တာတင့်ဆွေ

Anemia သွေးအားနည်းရောဂါ

တစက်ကို မှန်အောင်ရေးတတ်သူ ရှားနေပြီ။ ထန်းရည်တစက် ကော်ဖီတစက် ဆီတစက် မျက်ရည်တစက် မြန်မာစာခန္ဓာကိုယ်ကနေ သွေးတစက်တစက်ချင်း ထွက်စီး ယိုစိမ့် ကုန်ဆုံးနေပေပြီ။ နေကောင်းလာနိုင်ပါစေသတည်း။ ဒေါက်တာတင့်ဆွေ

လင်္ကာနဘေ အသစ်ဖွေ၍

၁။ ဆရာခင်ဗျား နံဘေထပ်နဲ့ နဘေထပ်   ဘယ်စာလုံးမှန်ပါသလဲဗျ နဘေ လို့ ရေးရ။ နဘေထပ်စပ်နည်း သူဇာ၊ မူယာ၊ ရူပါ၊ ယူကွာ။ ရိုးသား၊ ကြိုးစား၊ တိုးပွား၊ ကျိုးများ။ ပြောင်းလဲ၊ မောင်းလှဲ၊ တောင်းဆွဲ။ တမ်းတဆွေး၊ မှန်းဆငေး၊ လွမ်းရတေး။ ပျိုလေးမေ၊ ဆိုတေးခြွေ၊ ငိုကြွေးနေ။ တွဲခိုလေညှင်း၊ ရွှဲစိုဝေနှင်း၊ ဝဲပြိုခြွေဆင်း၊ နှစ်ကြာကြိတ်ပုန်း၊ ချစ်လာပိတ်ဖုံး၊ ပစ်ခွါဆိတ်သုဉ်း။ ပေါင်းသင်ပျိုးနှုတ်၊ လောင်းပင်ချိုးထုတ်၊ နှောင်းစဉ်ကြိုးကုတ်။ စိုးရှက်ကလိမုန်း၊ ခိုးဝှက်အကြည့်ပုန်း၊ ညှိုးလျက်မချိနုံး။ အပျိုဖြူရှင်ရာ၊ မငြိုငြူလျှင်ကွာ၊ နှစ်ကိုယ်တူယှဉ်ကာ။ ကျွန်တော်စပ်တာ မဟုတ်ပါ။ ကူးယူတင်ပြတာဖြစ်ပါတယ်။ ကျေးဇူး။ ၂။ ဆရာ နပေထပ် ကဗျာ စပ်နည်းလေးတွေပေးပါလား ကျွန်တော်က ကဗျာ မစပ်တတ်ပါ။ ကဗျာသမားတွေက တင်ထားကြတယ်။  ဖြည့်လိုသောဆန္ဒ ဘဝသံသရာ၊ ဆက်တိုင်းမှာလျှင် လင်္ကာနဘေ၊ အသစ်ဖွေ၍ စာပေရေးပြု၊ စာအနုဖြင့် ပြည်မှု ပြည်တာ၊ ရွက်လိုပါ၏ (ဗန်းမော်ညိုနွဲ့) ခေတ်စမ်းစာပေအရေးသားသစ်ဟာ တာရှည်ခံတယ်။ ကနေ့ပြန်ကြည့်ရင် ဂန္ထဝင်မြောက် နဘေ၊ ကာရန်၊ အလင်္ကာနဲ့ ရေးတဲ့ စာတွေနောက် စကားပြေခေတ်မှာ ခေတ်စမ်းစာတွေက သမိုင်းဝင် နေရာရခဲ့ပါတယ်။ အဲဒီနောက်မှ မြန်မာစာပေဟာ မုန်တ