Skip to main content

Posts

Showing posts from December, 2023

အ​ဆော​တ​လျင်

Page:Judson Grammatical Notices 0063.png This page has been proofread, but needs to be validated. 63 to the latter, as အ​ဆော​တ​လျင်, quickly, အ​မြတ်​တနိုး, affectionately; —by prefixing အ or တ to the first, and reduplicating the latter, as အ​လျင်​မြန်​မြန်, fast, တ​စိုး​ရိမ်​ရိမ်, anxiously; —by prefixing အ to the first, and တ to the latter reduplicated, as အ​မွှေး​တ​ကြိုင်​ကြိုင်, fragrantly; —by reduplicating both members, as ထူး​ထူး​ဆန်း​ဆန်း, extraordinarily; —by prefixing အ or တ to each member reduplicated, as အ​ထူး​ထူး​အ​ဆန်း​ဆန်း, ditto, တ​လည်​လည်​တ​ဝိုက်​ဝိုက်, circuitously; —by prefixing က or ပ (pron. ဂ and ဗ) to each member, as က​ရောက်​က​ရက်, disorderly, ပ​ရုန်း​ပ​ရင်း, tumultuously. Under this head, may be classed a few of anomalous construction, made up in imitation of some of the above forms, as အ​မှတ်​တ​မဲ့, without notice, အ​စိုးတ​ရ, as having power, ကြောက်​လန့်​တ​ကြား, frightedly, အ​ကျွေး​အ​ငမ်း in expectance of payment; also a few formed from negatives, by affixing chi

ဟက်ပီးနယူးယီးယား လုပ်ကြတယ်

အိမ်ပြင်မှာ နှစ်ကူးသွားပြီ။ တီဗွီထဲမှာလည်း နှစ်ကူးသွားပြီ။ နာရီတွေမှာလည်း နှစ်သစ်ရောက်ပြီ။ ဒေါ်မြမြအေးကတော့ ဘုရားစင်ရှေ့မှာ မိသားစုတခုလုံးအတွက် ဆုတောင်းပြီးပြီတဲ့။ လာနိုင်သမျှ မိသားစုအကုန် အိမ်လာညစာစားကြတယ်။ သမီးက မနေ့ကတည်းက စီမံနေတာ။ ငယ်စဉ်ကတော့ ဒီဇင်ဘာ ၃၁ ရက်ညဆိုပြီး ထူးခြားမှုကို သတိမထားခဲ့ပါ။ ဆေးကျောင်းရောက်တော့ တနှစ်တလေ သိတယ်။ တောမှာဆရာဝန်လုပ်စဉ်ကတော့ ဂရုမစိုက်အားပါ။ နှစ်ဆန်းတရက်မှာ လာတဲ့ရောဂါ နှစ်ပေါက်လာမှာကိုတော့ စိုးရိမ်တတ်ခဲ့ပါတယ်။ ဆရာဝန်လည်း အယူသီးတာဘဲ။ နယူးဒေလီမှာတော့ သားဖွားလူနာစောင့်ရင်း နှစ်ကူးတာမျိုးရှိခဲ့သေးတယ်။ စောစောက ကလေးတွေ အိမ်ပြင်မှာ ဗျောက်ဖောက်နေကြတာကို တံခါးချပ် အသာလှပ်ကြည့်လိုက်တယ်။ အပြင်မှာ အတော်ကိုအေးတော့ မထွက်ရဲပါ။ ၃၂ အက်ဖ်။ ရေခဲအမှတ်။ ၂၀၂၃ ခုနှစ်အတွက် နောက်ဆုံးရတဲ့ မေးခွန်း ၁။ ဆရာ မင်္ဂလာပါရှင့် သမီးလေး gall stone in gall bladder 12.7mm ရှိပါတယ်ရှင့် ခွဲစိတ်ရန် လိုမလိုနှင့် ခွဲစိတ်ပြီးနောက်လိုက်နာရမည့် အချက်များကို မေးမြန်ချင်လို့ပါရှင့် ဖြေလိုက်ပြီ။ ၂။ ဟဲလို ဆရာ သွားဖုံးကင်ဆာက ဘယ်လို လက်ခနာတွေပြလဲရှင့် ဘလော့မှာ ဖတ်နိုင်။  မေးတဲ့သူ (ဖြစ်တဲ့သူ) ကလေး-လူကြီး-အ

ပါချုပ်ဆရာတော်ကြီး၏ နှစ်သစ်အဓိဋ္ဌာန်ဆုတောင်း

တင်ထားတာတခု တွေ့ပါတယ်။ သူတပါးရေးတာ မှန်။ အဓိဋ္ဌာန် တလုံးမှန်။ တလုံး မှား။ ဆရာတော်ကြီးမှားတာတော့ မဟုတ်လောက်။ အဲလိုဘဲ ဆရာတော်ကြီးတွေဘွဲ့တွေနဲ့ စာတွေတင်ထားကြတယ်။ အစအဆုံးမှန်တာ ရှာမတွေ့သလောက် ရှားတယ်။ လူပညာရှိတွေက ပေါတာကိုး။ ဒေါက်တာတင့်ဆွေ

NCGUB တရားခံ၏ လျှောက်လဲချက်

တချိန်က စင်ပြိုင်အစိုးရ မှတ်တမ်းများ ကွန်မင့်တခု = အလံ အသစ် မရွေးခင်တုန်းက ပုံလား ဆရာ။ ဟုတ်တယ်။ အဲဒီအစည်းအဝေးနောက်မှသာ အလံသစ်ဖြစ်လာပါတယ်။ ကွန်မင့်တခု = လုပ်တော့လုပ်ခဲ့ကြတယ် အောင်မြင်မှုတော့မရခဲ့ဘူးလို့ပြောလို့ရမယ်နော်ဆရာ စာတပုဒ်လည်း တင်ပြထားပါတယ်။ ယှဉ်ပြိုင်ခြင်းသည်အဓိက။ ကျွန်တော်တို့က အတန်းတင်စာမေးပွဲ ဝင်ဖြေကြသလို မဟုတ်ပါ။ ကျောင်းသက်ကတော့ အနှစ်နှစ်ဆယ် ကြာတယ်။ အတိအကျဆိုရင် ၂၁ နှစ်၊ ၈ လနဲ့ ၆ ရက်ကြာမြင့်ပါတယ်။ စာမေးပွဲအောင်တဲ့ကျောင်းသားတိုင်း နောက်နှစ်မှာ အတန်း တက်ကြရတယ်။ ကျွန်တော်တို့က အရံကျောင်းသားနဲ့တူတယ်။ ကျောင်းသားအစစ်က ပြည်တွင်းမှာ။ အများစုက ထောင်ထဲမှာ၊ တချို့က နေအိမ်အကျယ်ချုပ်။ တချို့ကလည်း ကျောင်းစာရင်းက နှုတ်ထွက်ထားကြတယ်။ ဆယ်စုနှစ် ၂ ခုကြာတော့ နေအိမ်အကျယ်ချုပ်ကျနေသူ လွတ်မြောက်၊ ထောင်ထဲကလူတွေလည်း လွတ်လာချိန်မှာ ကျွန်တော်တို့ဟာ စာမေးပွဲဆက်မဖြေကြတော့ပါ။ ဆက်လက်တာဝန်ယူစရာ မလိုတော့သူတွေ ဖြစ်လာပါတော့တယ်။  ကိုယ့်ပါတီ၊ ကိုယ့်လူတွေ တာဝန်တွေရလာကြချိန်မှာတော့ ကျွန်တော်တို့လည်း တိုင်းပြည်ကို အလည်ပြန်ခွင့် ရတာကို ဆုကြေးလို့ သဘောထားပါတယ်။ ကျွန်တော်တို့ထဲက ၂ ဦးကတော့ အသက်ပေးလှူသွားကြတယ်။ အသက်ဆက်ရ

ကိုယ်ကျင့်အဘိဓမ္မာမူရင်း

အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်)  ကိုယ်ကျင့်အဘိဓမ္မာမူရင်း (ပြန်ထုတ် မဟုတ်) ထဲမှာ မြန်မာစာသတ်ပုံတွေ မှန်အောင်ရေးထားပါတယ်။ သူတပါး အကြောင်းတမျိုး တဥုး (တဦး) တယောက်သည် တကယ်ဆင်းရဲ တနည်းအားဖြင့် ဒေါက်တာတင့်ဆွေ

The National Coalition Government of the Union of Burma (ပြည်ထောင်စုမြန်မာနိုငံငံအမျိုးသားညွန့်ပေါင်းအစိုးရ)

History The Democratic Government of Burma was formed in Bommersvik, Sweden at the special convention held there from 16–23 July 1995. In a press release, embargoed until 27 July 1995, the Elected Representatives of Burma issued the following communiqué: “Following the release of Burmese democracy leader and 1991 Nobel Peace laureate Daw Aung San Suu Kyi on 10 July 1995, the National Coalition Government of the Union of Burma (NCGUB) led by Prime Minister Dr. Sein Win, convened the first ever Convention of Elected Representatives from the liberated areas of Burma in Bommersvik, Sweden, from 16–23 July 1995. The representatives of the people of Burma elected in the 27 May 1990 general elections, met to discuss the drastically changed political situation in Burma and to re-organize the NCGUB into a more effective force to support Daw Aung San Suu Kyi's political initiatives in Rangoon. The Convention supported Daw Aung San Suu Kyi's call for a genuine political dialogue and calle

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (သို့မဟုတ်) တချိန်က စင်ပြိုင်အစိုးရ မှတ်တမ်းများ

ကောက်နုတ်ချက် ၂၃-၇-၁၉၉၇။ ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့တွင် NCGUB ၏ ဝန်ကြီးအဖွဲ့ စုံညီအစည်း အဝေးကျင်းပသည်။ ၁၂-၇-၁၉၉၈။ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် NCGUB ၏ဝန်ကြီးအဖွဲ့ စုံညီအစည်း အဝေးကျင်းပသည်။ ၁-၉-၁၉၉၈။ NLD က ဦးစီးခေါ်ယူမည့် ပြည်သူ့လွှတ်တော်အား ပြည်ပရောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ထောက် ခံကြောင်း ကြေညာချက် ထုတ်ပြန်သည်။ ၃၀-၉-၁၉၉၈။ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီအား ပြည်ပရောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက “လုပ်ပိုင်ခွင့် လွှဲအပ်စာ” အား ပြည်ပရောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက လက်မှတ်ရေး ထိုးထုတ်ပြန်သည်။ ၄-၄-၁၉၉၉။ ကြားဖြတ်အစိုးရတခုအတွက် လိုအပ်မည့် ဥပဒေများ ရေးဆွဲရေးဆိုင်ရာ ဆွေးနွေးပွဲအား ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြုလုပ်သည်။ ၂၁-၇-၁၉၉၉။ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် တော်လှန်ရေး အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် NCGUB ဝန်ကြီးအဖွဲ့ဝင်များ၏ အစည်းအဝေး ကျင်းပသည်။  ၂၃-၇-၁၉၉၉။ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်တွင် NCGUB ၏ ဝန် ကြီးအဖွဲ့ စုံညီအစည်းအဝေးကျင်းပသည်။ ၉-၈-၂၀၀၀။ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့တော်တွင် NCGUB ၏ မဟာ ဗျူဟာဆိုင်ရာ ဆွေးနွေးပွဲပြုလု

ပင်လုံစိတ်ဓာတ်မှသည် စစ်မှန်သောဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆီသို့

ဒီ အရေးပါတဲ့စာအုပ်ကို ခွန်မာရ်ကိုဘန်းက ရေးသားပြုစုပါတယ်။ အဲဒီရက်တွေမှာ ကျွန်တော်လည်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာရှိတဲ့ သူနေထိုင်ရာနေအိမ်မှာ တည်းခိုနေစဉ်က ဖြစ်ပါတယ်။  စာအုပ်ပါ ဗမာ နဲ့ မြန်မာ စာမျက်နှာ ၂ ခုကို တင်ပြပါတယ်။ အကြောင်းအရာဟာ နိုင်ငံရေးအရ အရေးပါသလို စာအုပ်ထဲက မြန်မာစာကလည်း မြန်မာစာအတွက် သက်သေခံအထောက်အထားတခုလည်း ဖြစ်ပါတယ်။  - မြန်မာစာ စာလုံးပေါင်းသတ်ပုံတွေလည်း မှန်တယ်။ - စာအုပ်ကို ရေးသားပြုစုသူက တိုင်းရင်းသားလူမျိုးတမျိုး ဖြစ်ပါတယ်။ ကယန်းလူမျိုး။ - အကြောင်းအရာ အချက်အလက်တွေကလည်း စာရေးသူတဦးတည်းရဲ့ သဘောထား မဟုတ်ပါ။  - တိုင်းရင်းသားလူမျိုးစု တခုတည်းရဲ့သဘောထားလည်း မဟုတ်ပါ။  - နိုင်ငံရေးအဖွဲ့စည်းတခုတည်းရဲ့ သဘောထားလည်း မဟုတ်ပါ။ ခွန်မာရ်ကိုဘန်းဟာ NCGUB အမျိုးသားညွန့်ပေါင်းအစိုးရရဲ့ တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် အစအဆုံး တာဝန်ယူခဲ့သူဖြစ်ပါတယ်။ နအဖ ကနေစီစဉ်တဲ့ အမျိုးသားညီလာခံ အစပိုင်းမှာလည်း သဘာပတိတဦး ဖြစ်ပါသေးတယ်။ အမျိုးသားညီလာခံကနေ စွန့်ခွါပြီး မာနယ်ပလောကို ရောက်လာသူ ဖြစ်ပါတယ်။  အဲဒီကာလမှာ KNU ဗိုလ်ချုပ်မြ၊ KIA ဘရန်ဆိုင်း၊ NMSP နိုင်ရွှေကျင်၊ KNPP ဗိုလ်ချုပ်အောင်သန်းလေး အပါအဝင် တိုင်

ဆရာတော် ကိုယ်ကွဲမရှိပါ

အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်) တပါးသာရှိတယ်။ လက်ထဲမှာ (၁) ကိုယ်ကျင့်အဘိဓမ္မာ နဲ့ (၂) ဓမ္မစကြာတရားတော် နှင့် အနတ္တလက္ခဏာသုတ် စာအုပ် ၂ အုပ်ရှိတယ်။  ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှာ စာလုံးပေါင်းသတ်ပုံတွေ မှန်ပြီး ပြန်ထုတ်ဖြစ်တဲ့ ဓမ္မစကြာတရားတော် နှင့် အနတ္တလက္ခဏာသုတ် စာအုပ်မှာ စာလုံးပေါင်းသတ်ပုံတွေ တွေကို မှားအောင်ပြင်ထားတယ်။  မလုပ်ကောင်းပါ။ အစွန်းမလွတ်ပါ။ သံသရာမှာတစ်နေစေမယ်။ စာအုပ် မှားအောင်ပြင်ထုတ်ခေတ် ကျဆုံးပါစေ။ မူရင်းစာမှန်တွေကို မှားအောင်ပြင်တင်ခေတ် ကျဆုံးပါစေ။ ဒေါက်တာတင့်ဆွေ

ယောက်ျားရှားသွားသော မြန်မာစာ

1. "စိုပြေ့" ကို "မခေး" ရဲ့ယောင်္ကျားလို့ ထင်သွားကြတယ် 2. “ယောင်္ကျား” ကို အားကိုးနေရလို့ စိတ်အားငယ်မိတဲ့ “မိုးယု” 3. ၀င်းခန့်မိုး မိန်းမယူရင် မေချိုလည်း ယောင်္ကျားယူမယ် 4. ကိုကိုယောင်္ကျားမဟုတ်ဘူး၊ပုလဲ  5. ငါဟေ့ ယောင်္ကျား - ငါဟေ့ ယောင်္ကျား  6. တန်ဖိုးမြင့်တဲ့ ယောင်္ကျားတစ်ယောက်ဆိုတာ ဘယ်လိုမျိုးလဲ 7. ပျိုမေတို့ကမ္ဘာ - ယောင်္ကျားဆိုတာ ယောင်္ကျားတစ်ယောက်စိတ်ဝင်စားဖို့ ရိုးသားသလိုဖြူစင်သလို 8. ပလက်ဝတွင် ပျောက်ဆုံးနေသော ယောင်္ကျားကိုရှာဖွေသည့် ဇနီး မိုင်းနင်းမိ 9. ဗုဒ္ဓကမ္ဘာ/ Buddhism World - ယောင်္ကျားနဲ့မိန်းမ #ဘယ်သူကမြတ်တာလဲ. 10. မခံနိုင်အောင် သွားပြောလို့" ယောင်္ကျားတွေက လက်ပါရတာ " ရှိတယ် 11. မိန်းကလေးတွေ သတ္တိကောင်းရင် ယောင်္ကျားလေးတွေ လိုက်မမီ။ သူတို့က လျှပ်တပြက်ဥာဏ်လည်း ထက်တော့ အောင်မြင်ကြမှာ ယုံကြည်ပါတယ်။ 12. မိန်းကလေးများသီသန့် - ယောင်္ကျားကောင်းဆိုတာ ယောင်္ကျားကောင်းဆိုတာ " ယောင်္ကျားရေ ကျွန်မမှာ 13. ယောင်္ကျား ယောင်္ကျား - Single - Album by Sein Lin & Su Pan Htwar  14. ယောင်္ကျား... - တမန်တော်မြတ်အကြောင်းနှင့်အထွေထွေသိကောင်းစရာများ  15. ယ

ဘယ်ဆရာတော်တွေက တန်ခိုးပိုကြီးသလဲ

ဆရာတော်ဘွဲ့အမည်တွေနဲ့ နှစ်သစ်ဆုတောင်းစာတွေ တင်နေကြတယ်။ စာလုံးပေါင်းသတ်ပုံ မှန်တာက နည်းနည်း၊ လွဲတာက များများ။ ဘယ်ဆရာတော်တွေက တန်ခိုးပိုကြီးသလဲ။ ဘုရားပုံတော်အမျိုးမျိုးနဲ့လည်း ပါတယ်။ ဘုရားကတော့ တဆူတည်း။ တဆူကို တဆူလို့မှန်အောင်ရေးထားတာက ပိုရှားသေး။ စာတလုံး ဘုရားတဆူ။ ဘုရားတဆူ ဂူတလုံး။ ဒေါက်တာတင့်ဆွေ

ပင်ပန်း

ပင်ပမ်းသမျှလို့ ရေးတာတခု တွေ့လိုက်တယ်။ ပင်ပန်းလို့ ရေးရတယ်။ ကျွန်တော်တို့ ဆယ်တန်း မြန်မာစာဆရာ ဘုတလင်ချစ်လေးက ပင်ပန်း = ပန်းပင် လို့ သင်ပါတယ်။ တသက်လုံး မမှားတော့ပါ။ အခုခေတ်မှာ မြန်မာစာကို ပုံသေနည်းတွေနဲ့ သင်နေကြတယ်။ သိသလောက် ပုံသေနည်း ၄-၅ ခုရှိတယ်။ တခုတလေမှ ၁၀၀% မှန်တာ မတွေ့ပါ။ - ရေတွက်လို့ရရင် တစ် - မှားတယ်။ တပြား၊ တပဲ၊ တမတ်၊ တကျပ်၊ တဆယ်၊ တရာတန်တွေ တရားဝင်ထုတ်ခဲ့တယ်။ - မ နောက် ဘဲလိုက် - မမှန်ပါ။ ပန်းပန်လျက်ဘဲ။ သူငယ်ချင်းလို့ဘဲ ဆက်၍ခေါ်မည်ခိုင်။ - ကလေးဗူးမှုတ်တာကလွဲရင် ဘူး - မဟုတ်ပါ။ ဗူးဘုရား ပုဂံမှာရှိတယ်။ - ခဂငဒပဝ မောက်ချနဲ့ရေးရအထိတော့ မှန်သေးတယ်။ ကျန် ၂၇ လုံးကို မောက်ချမသုံးရဆိုရင် မှားပြီ။ ဓါတုကလျာ၊ ဓါတုဗေဒ။ ဖေါ်မြူလာဆိုတာ အမြဲ မှန်နေရတာမျိုး။ H2O ရေ။ ၂ မဟုတ်ရင် ရေမဖြစ်ပါ။ ဒေါက်တာတင့်ဆွေ

ဒီဇင်ဘာ နံနက်ခင်း

နေလည်း မပီ ရီလည်း ရီဝေ၊ ရွှေလည်း ရွှေစ မြလည်း မြညို၊ စိန်လိုလိုတည့် ပျိုပျို လွင်လွင်၊ ချစ်ဖွယ်ဆင်သည် ဒီဇင်ဘာ၏ နံနက်ခင်း။ ။ စိန်ပွင့် ကြိုးကြွ၊ ယိမ်းသမလျှင် မက ၏သို့ က ၏သို့။ ။ ရွှေရည် လှိုင်းညွှန့်၊ နဂါးတွန့်လျှင် မလွန့်၏သို့ လွန့်၏သို့။ ။ ခရေ ဖွေးဖွေး၊ ကြယ်ပွင့်သေးလျှင် မမွှေး၏သို့ မွှေး၏သို့။ ။ ရာသီလှေလည်း ... စိန် ရွှေ တတင်း၊ မြ တတင်းကို ဝင်းဝင်း စက်စက်၊ တင်ဆောင်လျက်လျှင် နွေဖက်ကမ်းဆီ လှော်လေပြီ။ ။ စိန်ကုံး မြကုံး၊ ပုလဲကုံးနှင့် ပန်းကုံး ကုန်တင်၊ နေခြည်ဆင်သည် ကမ်းခွင် နားနေ၊ ရာသီလှေ။ ။ တနွေ တမိုး၊ ဆိပ်ကမ်းမျိုးသို့ ရွက်ကြိုးတင်ကာ၊ လှည့်လိုပါလျှင် လှည်ပါ ချေဦး၊ လွှင့် ချေဦး။ ။ ဆောင်း ဆိပ်ကမ်းကား ... လျှမ်းလျှမ်း တောက်ပ အလှ အာရုံ၊ ကျောက်မျက်စုံတည့်။ ။ ဆောင်း ဒီဇင်ဘာ၊ နံနက်ခါတိုင်း ရာသီ လှေယာဉ်၊ ကမ်းမှာ ဝင်၍ ကုန်တင်လှည့်ပါ့ အို ပဲ့မှူး။ ။ ကုန်တင်လှေကား ... တမြေ တလမ်း၊ တကမ်း တဆိပ် တရိပ် တကွေ့၊ ခရီးရွေ့၏။ ။ ဆောင်း အလှမူ ... သည်လ သည်ခါ၊ သည်မြေချာဝယ် သည်မှာ ဆင်ယင်၊ မြဲမည်ပင်တည့်။ ။ (တင်မိုး) ရှေးစာကဗျာများ ဒေါက်တာတင့်ဆွေ

Made in Myanmar မြန်မာပြည်မှာသာ ရနိုင်တယ်

2024 Happy New Years တဲ့ တွေ့လိုက်သေးတယ်။ ကာလာတွေ ဒီဇိုင်းတွေနဲ့။ ဆေ့ဖ်လုပ်မထားအားလို့ မပြနိုင်ပါ။ အနီရောင်နောက်ခံနဲ့ အကျအန။ ဂူဂယ်မှာတော့ မတွေ့။ မြန်မာပြည်မှာသာ ရနိုင်တယ်ထင်တယ်။ ၂၀၂၄ ပါတော့ ဗဟုဝုဒ်ကိန်း ထင်လို့ ထည့်တာလားမပြောတတ်။ တချို့က အင်္ဂလိပ်စာလေ့လာနေလို့ မြန်မာစာအားနည်းတာဆိုဘဲ။ ဘိုစာ မှားရေးလည်း လူကြိုက်များတဲ့ခေတ်။ တရားစာ မှန်အောင်မရေးလည်း တပည့်သာဝက များလှတဲ့ခေတ်။ တစ်ရုတ်စကားတတ်ရမည်လို့ အလုပ်ခေါ်စာလည်း တွေ့တယ်။ မြန်မာစာကိုမှန်အောင်ရေးရမည်လို့တော့ တကြိမ်တခါ တနေရာမှ မတွေ့ဘူးသေးပါ။ မြန်မာစာ မှန်အောင်မရေးတတ်လည်း နိုင်ငံတော်အဆင့်အလုပ်ရနိုင်တဲ့ခေတ်။ ဒေါက်တာတင့်ဆွေ

ဘွဲ့မည်ဖျက်ကြတဲ့ခေတ်

ကွန်မင့်တခု = ဘာကြောင့်မှန်း မသိ fb ပေါ်မှာ "က်" နဲ့ "တ်" ကို တလွဲစီ သုံးလာကြတယ် ဖေ့စ်ဘွတ်မှာသာမကပါ တစ်တော့၊ တယ်လီဂရမ်၊ ယူကျုတွေမှာလည်း မမှန်ကြပါ။ တရားစာတွေမှာလည်း သက် နဲ့ သတ် မှားရေးကြတယ်။ နမူနာတခုတည်းသာ တင်ပြမယ်။ ပုံထဲကဆရာတော်ကြီးကို ဘွဲ့မည်ဖျက်ကြတာ။  ဘယ်ဆရာတော်ကြီးတွေမှ နာမည်ဖျက်ခံ မလွတ်ကြတဲ့ခေတ်။  သူတို့က ပြောကြသေးတယ်။ စာကို ဘယ်လိုရေးရေး ပညတ်တွေတဲ့။ ဒေါက်တာတင့်ဆွေ

သစ္စာစကား

ငါတို့နိုင်ငံ  မိုးသောက်ယံဖြစ်ပါစေ... ညအမှောင်ပျောက်၍ လရောက်တောက်ပါစေ... အမျက်အအီ အဆိပ်ပြေ၍ ချစ်နှစ်သက်ဖွယ်ဖြစ်ပါစေ... လမ်းဖုန်ဖုန်ဖွင့်၍ ပန်းအစုံစုံပွင့်ပါစေ... အကြောက်တရားကြောင့် ချောက်ချောက်ချားချား မှောက်မှောက်မှားမှားကင်းပ၍ အလင်းရပါစေ... အမှောက်အဖျက် အနှောင့်အယှက်ဟူ၍မရှိ ပကတိငြိမ်းချမ်း၍ စိမ်းလန်းသောနိုင်ငံတော်ကြီးဖြစ်ပါစေ... ဤစေတနာ မေတ္တာပွားသည့် သစ္စာစကားကြောင့် ကျောက်သားပမာ မြဲခိုင်သည့် တို့နိုင်ငံကြီး ပေါ်ပေါက်ပါစေသတည်း ...။ ။ (တင်မိုး) ဆရာတင်မိုးက အဲလိုဆုတောင်းခဲ့တယ်။ ကြည်အောင်မျှော်မှန်းသည့် လမင်းတရာ သာသည့်ခေတ်ကား ဝေးကွာလှသည်မဟုတ်လို့ လူထုဒေါ်အမာကလည်း ဆုတောင်းခဲ့သေးတယ်။  ၂၀၂၃ ခုနှစ်အကုန်ထိတော့ လမင်းတရာစာလုံးရေးတာတောင် မမှန်နိုင်သေး။ ဒေါက်တာတင့်ဆွေ

နာမည်မဖျက်သင့်ပါ

ဆုတောင်းစာတခု ပို့တယ်။ ချမ်းမြေ့ဆရာတော်ကြီးဆိုပြီးလည်း ရေးထာတယ်။ ဆုတောင်းစာ သတ်ပုံမှားနေတယ်။ ချမ်းမြေ့ဆရာတော်ကြီးဟာ စာလည်းတတ်တယ်။ သူ့စာတွေကို တလုံးချင်းစိစစ်ရေးတယ်လို့ ဆရာတော်ကြီးနဲ့ အနီးကပ်နှစ်များစွာနေခဲ့သူတယောက်က ပြန်ပြာပြပါတယ်။ ဆရာတော်ကို ဘွဲ့အမည်တော် မဖျက်ကောင်းပါခင်ဗျား။ Don't try to make yourself look good by making other people look bad ဒေါက်တာတင့်ဆွေ

အင်္ဂလိပ်လား အင်္ဂလိတ်လား

မေးခွန်းတခု = အင်္ဂလိပ်လား အင်္ဂလိတ်လား ဘယ်ဟာအမှန်လည်းဆရာ။ Judson English Burmese Dictionary 1877 အင်္ဂလိတ် မြမ္မာ အဘိဓာန် လို့ ရေးပါတယ်။ လက်ထဲမှာ တအုပ်ရှိတယ်။ ကျွန်တော်တို့က Judson ကို ယုဒသန်လို့ ခေါ်ဆိုနေကြတယ်။ တခြားဆီ။ သီချင်းရေးတော့ ဂျတ်ဆင်ထိပ်က လရိပ်ပြာ။ တချို့က ဂျတ်စင်တဲ့။ ကင်ဆာကိုလည်း ကင်စာတဲ့။ စောရီးတဲ့။ ကရင်လည်းမဟုတ်။ စကားမပီသသူတွေ။ အခု မြန်မာလို့သာရေးကြတယ်။ ဟိုအရင်က မြမ္မာ။ အခု ကျန်းမာ။ အရင်က ကျမ္မာ။ ခက်သည်ကို လွယ်စေလော့။ အရင်က သမတ။ အခုသမ္မတ။ အရင်က တိုင်း။ အခု တိုင်းဒေသကြီ။ လွယ်သည်ကို ခက်စေလော့။ Judson ခေါ် ယုဒသန်က ဗမာတွေအများစုထက် မြန်မာစာအများကြီးတတ်တယ်။ သူဟာအဲဒီခေတ်က မြန်မာလူမျိုးရဟန်းပညာရှိ၊ လူပညာရှိတွေထံမှာ မြန်မာစာနဲ့ ပါဠိဘာသာကို စနစ်တကျ လေ့လာသင်ယူပြီးနောက် အဘိဓာန်တွေထုတ်ပါတယ်။  သူထုတ်တဲ့ အင်္ဂလိတ် မြမ္မာ အဘိဓာန်၊ မြမ္မာ အင်္ဂလိတ် အဘိဓာန်၊ ခရစ်ယာန် သမ္မာကျမ်း စတဲ့တန်ဖိုးကြီးပြီး လူအများ အားထားရတဲ့ စာအုပ်တွေ ရေးသားထုတ်ဝေခဲ့ပါတယ်။  သူထုတ်တဲ့စာအုပ်တွေကို အကြိမ်ပေါင်းများစွာ ပြန်လည်ထုတ်ဝေပါတယ်။ ဘယ်စာအုပ်ကိုမဆို အမယ်ဇုန်မှာ အွန်လိုင်းကနေ မှာလို့ရတယ်။ အသစ်ပြန်ထုတ်တဲ့စာအုပ်တို

New Year Good Wishes နှစ်သစ်ဆုတောင်းတာတွေ ရေးကြပါတယ်

မြန်မာနှစ်သစ်ကူးအတွက်သာ ကဗျာတွေ၊ သီချင်းတွေ များတယ်။ ပြက္ခဒိန်နှစ်သစ်ကူးအတွက်တော့ ဂန္ထဝင်အဆင့် စာတွေပေတွေ ရှားတယ်။ ကောင်းစေလို့တဲ့အလိုဆန္ဒနဲ့ ဆုတောင်းကြတာ သင့်မြတ်ပါတယ်။ အနာဂတ်ကို မျှော်တွေးခြင်း၏ အကောင်းဆုံးသောနည်းလမ်းဆိုတာ အဲဒါကို ဖြစ်မြောက်အောင် ဖန်တီးခြင်းဖြစ်တယ်။ (လင်ကွန်း) လက်တွေ့ကျတာကို ရေးချင်ပါတယ်။ အသက်ဆက်လက်ရှင်သန်ရေးက ပဌမဦးစားပေး။  ကိုယ်ကိုယ်တိုင်ဖြစ်စေ၊ မိသားဝင်တွေဖြစ်စေ။ မိတ်ဆွေသူငယ်ချင်းတွေကိုဖြစ်စေ။ သက်ရှိသတ္တဝါဟူသမျှ ဘယ်ဘုံကဖြစ်ဖြစ် ကိုယ့်အသက်ကို ရှင်နေချင်ကြတယ်။ ပါဠိစာလုံးတွေ မထည့်တော့ပါ။ အထူးသဖြင့် နေရပ်ဒေသကို စွန့်ခွာရှောင်ပြေးနေကြသူတွေ အသက်ရှင်သန်ကြပါစေသတည်း။ လူနာကုတင်ပေါ်မှာ ဆေးကုသမှုခံယူနေကြသူတွေ အသက်ရှင်သန်ကြပါစေသတည်း။ ဒေါက်တာတင့်ဆွေ

မိညို စစ်ချီ ပုခက်လွှဲချင်း

သားလှမယေ၊ မောင်ချေ။ ပုခက်ယေမှာ၊ အိပ်ပါလင့်လေ။ မောင်ယေ ဖခင်၊ စစ်ကို ဆင်ပျာ။ တန်းကာ ရုံးစီး၊ မြင့်သေလာလေ။ ရိုးတောင်ကြီးမှာ၊ စစ်မီး စစ်ဆင်။ ရှေ့တခွင်ကို၊ မီးလျှင်တိုက်မေ။ လာလီရေလေ၊ သားယေလူလှ။ ပုခက်ယေမှာ၊ အိပ်မွမ်းကျလေ။ သားလှယေ စု ဝေ ဝေ။ စုဝေ - ဝေ- စု - စု။ (ရခိုင် သားချော့တေး) ရှေးစာကဗျာများ ဒေါက်တာတင့်ဆွေ

အိုးရွဲ့ စလောင်းရွဲ့

သတ်ပုံအလွဲတွေကို နိုင်ငံတော်မူလုပ်ထားမိလို့ စလောင်းရွဲ့တွေ များနေတယ်။ လူမြင် အဘခေါ်တဲ့အကျင့် အတော်နည်းလာပြီ။ လက်အုပ်ချီတာ ကျန်သေးတယ်။ စွဲနေတဲ့အကျင့်က လွဲနေလည်း ပြင်ဘို့ အတော်ခက်တယ်။ အိုးရွဲ့ကို စလောင်းရွဲ့နဲ့သာ ဖုံးအုပ်ရတယ်။ စလောင်းရွဲ့နဲ့ဖုံးတာကို အပြစ်ဆိုချင်သူများက အိုးနှုတ်ခမ်းရွဲ့ကိုသာ မွေးရာပါ အမှန်လို့ထင်သူတွေ များလွန်းနေပြီ။ အိုးက ရွဲ့ရုံမက ပဲ့နေပါပြီ။  ဒေါက်တာတင့်ဆွေ

မန္တလေးနဲ့ ယောနဲ့ ဝေးပါသည်

အမြတ်တနိူး - အမြတ်တနိုး ဟသာင်္တ - ဟင်္သာတ ယောကျာင်္း - ယောက်ျား စင်္ကြာ - စကြာ ခနလေး - ခဏလေး ရခိုင်သဘော်သီးထောင်း - ရခိုင်သင်္ဘောသီးထောင်း  သရေယို - သွားရည်ယို ရှဲထားအူးနော် - ရှဲထားဦးနော် မျှားစင်းရှယ် - မြားစင်းရှယ် နေဝင်ရီယော မန္တလေးတောင် - နေဝင်ရီရော မန္တလေးတောင်  ဒေါက်တာတင့်ဆွေ

Block လိုက Block နိုင်ပါသည်

ကွန်မင့်တခု = ဘလော့သည် မြန်မာစာမဟုတ်ပါ။ မြန်မာလို ဘလော့ဟု ရေးခြင်းအားဖြင့် Blog,Vlog,Block.. စသဖြင့် အမြင်မှားနိုင်ပါသည်။ ဆရာအနေဖြင့် မြန်မာဆန်ဆန် "ပိတ်ပင်တားဆီးပါမည်" ဟု သုံးမှသာ မှန်ပါလိမ့်မည်။ အဲဒီကွန်မင့်ကို သဘောကျနေသူက ၁၀ ယောက်ရှိပြီ။ ပိတ်ပင်တားဆီးပါမည်ဆိုရင် ကျွန်တော်က လမ်းပေါ်မှာ ကားယားကြီးလုပ်နေသလိုဖြစ်ပါတယ်။ ခေတ်သုံးစကားလုံးတွေ - ဖေ့စ်ဘွတ်၊ ရှယ်၊ ပို့စ်၊ ကွန်မင့်၊ အင်တာနက်၊ ဝိုင်ဖိုင်၊ ကွန်ပြူတာ၊ အိုင်ဖုန်း၊ တက်ဘလက်၊ ဂိမ်း စသည်။ တချို့က အန်တဲ့၊ အက်တဲ့။  အိမ်သုံးစကားလုံးတွေ - ရေဒီယို၊ တီဗွီ၊ ကား၊ ပန်ကာ၊ အေစီ၊ ဆိုဖာ စသည်။ ကျန်းမာရေးသုံးစကားလုံးတွေ - ကိုဗစ်၊ အာထွာဆောင်း၊ ကင်ဆာ၊ ခီမိုသာရာပီ၊ စကန် စသည်။ စားစရာတွေ - အာလူး၊ စမူဆာ၊ စထောဘယ်ရီ၊ ပူရီ၊ ကော်ဖီ စသည်။ အဲဒီစာလုံးတွေကို ဘိုလို ရေးရမှာလား။ ခေတ်ကလည်း ကင်ဆာမေးခွန်းတွေမှာ အင်္ဂလိပ်စာလုံးတွေ ဖောခြင်းသောခြင်း ရေးနေကြတာ။ တခါတခါဆရာဝန်တောင် လိုက်မမီ။  ဘန်ကောက်၊ ဒေလီ၊ စင်္ကာပူ၊ အမေရိကန်၊ အင်္ဂလန်၊ အာဖရိက၊ သြစတေးလျ၊ ဂျာမဏီ တွေကို ဘိုလိုရေးစေချင်တာလား။ အင်္ဂလိပ်ဆိုတဲ့စာလုံးကိုပါ အေဘီစီ နဲ့ ရေးချင်ပါသလား။ ကား = ဘီး သုံး၊ လေး၊ ဆယ်

ဥ သတ်ပုံ

၁။ ဆရာ ကျောင်းဆရာမပါ နောက်တခုသိချင်တာက ကျွန်မတို့ငယ်တုန်းက ဖားသည်ဥများကိုအုချပါသည်လို့သင်ရပြီး အခုသင်ရိုးစာအုပ်မှာကိုကဥဥလို့ဖြစ်နေတာကိုသိချင်လို့ပါ ဆရာမတွေတောင် လိုက်မမှီတော့တဲ့ခေတ် ဖြစ်နေသလားလို့ပါ အားချိန်ရှိမှဖြေပေးပါဆရာ ၂။ ဥသည်နဲ့ အုသည်မှာ အုသည်က အမှန်ပါလားဆရာ။ သတ်ပုံကျမ်းတွေမှာ အု မပါ။ ဥ သာပါတယ်။ ၃။ မင်္ဂလာပါဆရာရှင် ဥ ဦ ဦး ဖတ်တဲ့အခါမှာ ဥ အက္ခရာ အု ဦ အက္ခရာ အူ ဦး အက္ခရာ အူး အသံရှည်ဖတ်ရပါတယ်။ သို့မဟုတ် ဥ အက္ခရာ အု ဦ အက္ခရာ အု လုံးကြီးတင်ဆံခတ် အူ ဦး အက္ခရာ အု လုံးကြီးတင်ဆံခတ်အူဝစ္စနှစ်လုံးပေါက်အူးဆိုပြီးဖတ်နေကြတာတွေ့ရပါတယ်ရှင်။ ဘယ်လိုဖတ်တာ အမှန်ဆိုတာရှင်းပြပေးစေချင်ပါတယ်ရှင်။ မြန်မာစာမှာ အက္ခရာအမည်ရတာ ၏၊ ၌၊ ၍ သုံးခုရှိတယ်လို့ဆိုပါတယ်။ ဣ၊ ဤ၊ ဧ၊ ၏၊ ၌၊ ၍၊ ဥ၊ ဦ၊ ဦး၊ သြ၊ သြော်တို့ကိုလည်း အက္ခရာတွေလို့ ပြောဆိုပါသေးယ်။ အဲတာ ကျွန်တော်သိသလောက်သာဖြစ်ပါတယ်။ ၄။ ဥအု နဲ့ ဥဥ၊ ဥဥလို့ရေးတာက မှန်တယ်လို့ထင်တယ်။ ဆရာက ဗဟုသုတပိုများပါတယ်။ ကျွန်တော်လည်းမကြာခဏ မှားရေး လွဲရိုက်တတ်ပါတယ်။ ဆောရီး။ အုလို့ သတ်ပုံစာအုပ်တွေမှာ မတွေ့သေးပါ။ ဥဥလို့သာ ရေးရမလား မသိပါ။ ဥအုသည်လို့တော့ ရေးမိတယ်။ လူအမည်မှာတော့ မအု၊ အုအုလို့

လွတ်လပ်ရေးက ဟောင်းပြီလို့ ပြောချင်ကြသလား

ကျေးဇူးတင်ပါတယ်ဆရာ။ အခု သမီးလေး ၆နှစ်အရွယ် အွန်လိုင်းကျောင်းတခုကနေ မြန်မာစာသင်တာ "တစ်ခု တစ်ကြိမ် တစ်ခါ" ဆိုပြီးသင်နေတာ သူတိုကျောင်းကို စာပိုပြီး "တခု တကြိမ် တခါ" ဆိုပြီးစိစစ်သင်ကြားပေးဖိုတောင်းဆိုတာ ကျောင်းအုပ်ကိုယ်တိုင်က "တစ်ခု တစ်ကြိမ် တစ်ခါ" က ခတ်သစ်ရေးနည်းဆိုပြီးပြောလာလိုပါ။ ဘယ်လိုများ သက်သေပြပြီးပြန်ပြောလိုရနိုင်မလဲခင်ဗျ။ (၁) သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော ကံသုံးပါးတို့ဖြင့် ပြစ်မှားမိသည်ရှိသော် ပျောက်ပစေခြင်း အကျိုးငှာ၊ တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင်၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ တည်းဟူသော ရတနာမြတ်သုံးပါးတို့အား ရိုသေမြတ်နိုး၊ လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။ မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၅)၊ စာမျက်နှာ (၉၅) ဘုရားရှိခိုးစာ အောက်တော့ဒိတ် ဖြစ်သွားပြီလား။ (၂) အနီးစပ်ဆုံး ဥပမာတခုက လွတ်လပ်ရေးကျောက်တိုင်မှာ ရေးထားကို ဖတ်ပါ။ လွတ်လပ်ရေးက ဟောင်းပြီလို့ ပြောချင်ကြသလား။  ဒေါက်တာတင့်ဆွေ

တင်နေကြတဲ့ ပုံများအကြောင်း

၁။ ထမင်းဝိုင်းပုံတွေကို ဘယ်သူကတင်တင် စားပွဲပေါ်က သောက်စရာကဘာလဲကို အရင်ကြည့်မိတယ်။ သူ့အရွယ် သူ့ဝိုင်းနဲ့သူတော့ မတူကြပါ။ တချို့က ကြွားဝါသလိုလိုနဲ့ ငါသောက်နိုင်တယ်၊ ငါစားနိုင်တယ်ဆိုပြီး တင်ကြပေမဲ့ တချို့က အထင်သေးကြလိမ့်မယ်။ ချင့်ချိန်ပါလေ။  ၂။ လူတိုင်းမှာ ဘဝအဆစ်အပိုင်း ပြောင်းပါတယ်။ တချိန်မှာ ကိုယ်တင်ခဲ့တဲ့ပုံ၊ ပို့စ်ကို ကိုယ်တိုင် ပြန်ဖျက်လိုစိတ် ပေါ်လာတတ်ပါတယ်။ ကြမ်းကျွံလျှင် နုတ်၍ရသည်၊ စကားလွန်လျှင် နုတ်၍မရ။ ၃။ နောက်တခုက လူမုန်းများတဲ့ သူပုံကို ကိုယ်ကလည်း မုန်းတယ်ဆိုပြီး တင်ကြတယ်။ ကျွန်တော့အမြင်မှာ အဲလိုလူမုန်းများသူကို တင်တဲ့သူက ကိုးကွယ်နေသလိုဘဲ။ ၄။ နောက်တခုက ဘုရားပုံတွေ၊ ဆရာတော်ကြီးတွေပုံတွေနဲ့ တရားစာတွေရိုက်ပြီးတင်ကြတယ်။ တရားစာက အချက်အလက်နဲ့ သတ်ပုံမှားနေတော့ ဘုရားနဲ့ ဆရာတော်တွေကို ဘွဲ့တော် ဖျက်နေကြသလိုဘဲ။ ၅။ ကျွန်တော်လည်း စာတွေ ရေးစမှာ သတ်ပုံအမှားတွေ ပါခဲ့လို့ လိုက်ပြင်နေရတာ မကုန်နိုင်ပါ။ ဆေးပညာစာတွေဆိုရင်လည်း အသစ်အသစ်တွေပေါ်လာတော့ အဟောင်း စစ်ဆေးနည်း၊ ကုသနည်းတွေက မမှန်တော့တာမျိုးလည်း ရှိတယ်။ ဆေးသုတေသနတွေအရ အသစ်ရေးရပါတယ်။ - နည်းပညာနဲ့ ဆေးပညာ သစ်လေကောင်းလေ၊ မှန်လေ။  - မြန်မာစာ ၁၉၈၀ ကျ

လိုဏ်ဂူ

လှိုင်ဂူ လား လိုဏ်ဂူ လား လှိုဏ်ဂူ လား ဆရာ စာလုံးပေါင်းအမှန်သိပါရစေဆရာ။ လိုဏ်ဂူ = (လေဏ > လိုဏ် + ဂုဟား > ဂူ) = လိုဏ်ဂူ၊ လိုဏ်ခေါင်း။ လိုဏ်ဂူ = လူတို့ပြုပြင်အသုံးပြုလေ့ရှိသော တောင်ခေါင်း။ လူတို့တည်ဆောက်ထားသော အလျားရှည်သည့်တွင်းခေါင်း အဆောက်အအုံ။ မြောက်သို့ဂူဝလှည့်လျက်တည်သော လိုဏ်ဂူတွင်း၌။ ခုံနန်။ ၁၉၉။ မဟာပါသဏလိုဏ်ဂူတော် အဇန္တလိုဏ်ဂူများ သည် အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ် အော်ရန်ဂါဘတ်ခရိုင်တွင် တည်ရှိသော ဘီစီ ၂ရာစုမှ အေဒီ ၄၈၀ ခုနှစ်အတွင်း ကျောက်ဂူကို ထွင်းထု တည်ဆောက်ခဲ့။  ရန်ကင်းတောင် + ငါးရံ့မင်းလိုဏ်ဂူ မြန်မာပြည်က ထင်ရှားတဲ့ လိုဏ်ဂူကြီး (၁၀) ခု ထိုင်း လိုဏ်ဂူထဲ လူ ၁၂ ယောက် ပျောက်ဆုံး - သမိုင်းဝင် ပင်းတယ ရွှေဥမင်လှိုဏ်ဂူ(လိုဏ်ဂူ)တော် - ဗုဒ္ဓဘာသာဆိုင်ရာ လှိုဏ်(လိုဏ်ဂူ) ဂူများ ဖြစ်ကြသည်။  - မြန်မာပြည်ရဲ့ အထင်ကရလှိုဏ်ဂူ(လိုဏ်ဂူ)ကြီးများ - သမိုင်းဝင် ပင်းတယ ရွှေဥမင်လှိုဏ်ဂူ(လိုဏ်ဂူ)တော် - မဟာပါသာဏလှိုဏ်ဂူ(လိုဏ်ဂူ)သိမ်တော်ကြီး အကြီးစားပြင်ဆင်မွမ်းမံခြင်းလုပ်ငန်း ကြည့်ရှု့(ကြည့်ရှု) စစ်ဆေးခဲ့ကြောင်းသိရ - “ဆဌသံင်္ဃာရတနာတင်ကမ္ဘာအေးလိုင်ကူ။သာသနာကြီးဆက်လက်တည်တန့်ပွားများပါစေ” လို့ တင်ထားတာကို

ရန်ကုန်သူရန်ကုန်သားများ ဘုရားဖူးသွားကြခြင်း

ဖေါ့ဦးထုပ်နဲ့ ခေါင်းပေါင်း ဘောင်းဘီတိုနဲ့ ဘိုကေ မြို့သူနေသူအမောက် မတောသူဆံတောက်။ တိုက်ပုံနဲ့လူ လွယ်အိတ်ပခုံးလွယ်သူ ထက်သူ ဆင်းသူ ထိုင်နေသူ ပန်းရောင်းသူ ပန်းဝယ်သူ။ စပယ်ပန်းကုံးနဲ့ ပုတီးကုံး သနပ်ခါးခြေဆုံးနဲ့ ပေါင်ဒါဖြူသုံး ရင်ဖုံးအင်္ကျီနဲ့ ပွင့်ရိုက်ထဘီ ဆရာလေးသည် ပန်းနုသွေးနဲ့မဟုတ်။ သူတို့သည် ကျွန်တော်တို့ထက် လောဘ ဒေါသ မောဟ နည်းကြပေလိမ့်မည်။ (ပုံအတွက် ကျေးဇူး။) ဒေါက်တာတင့်ဆွေ

We may know what we are, but know not what we may be

သိချင်မိပါကြောင်း ဆရာဝန်တန်မဲ့ ဆေးစာမဟုတ်တာတွေရေးရသလား။ ( - ) ဘဲ။ စသဖြင့် ဆဲဆိုတာတွေ တခါတခါ လာတယ်။ ဆေးကုတဲ့အလုပ်မဟုတ်တဲ့ ဆရာဝန်တွေ တခြားအသက်မွေးမှု မျိုးစုံအကြောင်း တင်ပြထားဘူးပါတယ်။ မေးချင်လာတယ် - - ဟေ့ကောင်တွေ (က) စခန်းသိမ်းလိုက်တော့။ - မင်းတို့က (ခ) တောင်ကုန်း သိမ်းပါတော့လား။ - ရဲဘော်တို့ (ဂ) မြို့ကို ဝင်စီးချိန်ကျပြီ။ - (ဃ) အစိုးရလည်း အသုံးကိုမကျဘူး။ - (င) နဲ့ (စ) ရန်ဖြစ်မနေကြနဲ့။ (ဆ) ကမှန်တယ်။ - ဘလာ ဘလာ ဘလာ။ လူကြီးမင်းတို့ရဲ့ အသက်မွေးမှုအတတ်ပညာကို သိချင်မိတယ်။ ဒေါက်တာတင့်ဆွေ

ဝါဆို ဝါခေါင် ရေတွေကြီးလို့

(ဒလဘန်း) "သပြေသီးကောက်" ကဗျာ ဆိုလျှင် အမှုမဲ့ အမှတ်မဲ့၊ သိကောင်းမှ သိကြပေမည်။ "ဝါဆို ဝါခေါင် ရေတွေကြီးလို့" ဟူသည့်အသံ ကြားလိုက်လျှင်ကား "သပြေသီးမှဲ့ ကောက်စို့ကွယ်" ဟု ဆက်၍ စိတ်ထဲမှာ ရွတ်မိသူ၊ နှုတ်က ဆိုမိသူများ ရှိကြပေလိမ့်မည်။ ဤကလေးကဗျာကို ကလေးသီချင်း အနေနှင့် အသိများကြသည်။ အလားတူ "ဥပုသ်စောင့်" ကဗျာကိုလည်း "ဆွမ်းအုပ်နီနီ အမေရွက်လို့" အစချီပေးလိုက်လျှင် "မောင်လဲ လိုက်မယ် ချန်မထားနဲ့" ဟု ဆက်ဆိုမိသူများ ရှိပေလိမ့်မည်။ "ဥပုသ်စောင့်" ကဗျာအမည်ရင်း ပျောက်၍ "ဆွမ်းအုပ်နီနီ" ကဗျာဟုပင် အချို့က ခေါ်စမှတ်ပြုကြသည်။ ဤကလေးကဗျာနှစ်ပုဒ် စာဖတ်ပရိသတ်အကြား ရောက်လာသည်မှာ ဆယ်စုနှစ်ပေါင်း များစွာ ရှိခဲ့လေပြီ။ တိတိကျကျ ပြောရလျှင် ဤကဗျာလေး နှစ်ပုဒ်သည် တနေ့တည်း လောကကြီးအတွင်း ရောက်လာသည့် ဖွားဖက်တော်များ ဖြစ်ကြလေသည်။ ၁၁-၆-၂၀၀၇ ရက်နေ့ဆိုလျှင် သက်တမ်း (၇၆) နှစ်ပင် ရှိကြတော့မည်ဖြစ်သည်။ လူသိများသည့် ဤကဗျာသီချင်းကလေး နှစ်ပုဒ်နှင့်အတူ ရက်သတ္တပတ်အတွင်း ပေါက်ဖွားလာသည့် အခြားကဗျာ (၅) ပုဒ်တို့လည်း ရှိပေသေးသည်။ ယင်းတို့နှင့်အတူ နောင်အခါ "မ

အို မြောက်ပိုင်းလမ်း

(မြသန်းတင့်)  (ဧရာဝတီမှ ကူးယူတင်ပြခြင်းဖြစ်ပါသည်။ ကျေးဇူး။) ထိုနေ့မှာ လွတ်လပ်ရေး အကြိုနေ့ ဖြစ်လေသည်။ သက်ဆိုင်ရာ မြို့နယ် တာဝန်ခံများသည် လွတ်လပ်ရေး အကြိုအဖြစ် လည်းကောင်း၊ မူစယ်သို့ ရောက်လာသော အထူးကု အဖွဲ့ နှင့် စာပေအဖွဲ့အား ကြိုဆို ဧည့်ခံသည့် အနေဖြင့် လည်းကောင်း ထိုနေ့ ညနေပိုင်း၌ မူစယ်မြို့ ဘောလုံး ကွင်းကြီး ထဲတွင် ကချင် ထောင်ကာ အကများဖြင့် ဧည့်ခံလေသည်။ အလွန်စည်ကားလှ၏။ တမြို့လုံး လာရောက်ကြည့်ကြသည့် အဓိကရ ပွဲကြီး ဖြစ်လေသည်။ ထိုညက မူစယ်မြို့ တမြို့ လုံးသည် လင်းကွင်းသံ၊ ရှမ်းအိုးစည်သံ၊ မောင်းသံတို့ဖြင့် ပဲ့တင်ထပ်လျက် ရှိလေသည်။ ကျနော်တို့နှင့် ပါလာသူများသည် ကချင် ထောင်ကာ အကကို ဝင်၍ ကကြရ၏။ မည်သူမျှ နေ၍မရ။ ငြင်း၍ မရပါ။ ဆရာဝန်ကြီးများ၊ သမားတော်ကြီးများ၊ ဆရာဝန်မများ၊ သူနာပြု ဆရာမများနှင့် အမှုထမ်းများပါ မကျန် အားလုံး ကကြရသည်။ ကျနော်တို့ လေးယောက်ထဲတွင်မူ ချစ်ဦးညိုမှ လွဲလျှင် ကတတ်သူ တယောက်မျှ မရှိပါ။ လက်မြှောက် ခြေမြှောက် လုပ်ရုံမျှသာ ရှိပါ၏။ မြို့ခံလူများက ကြာကြာ ကနိုင်ကြသော်လည်း ကျနော်တို့ တတွေမှာ ကြာကြာ မကနိုင်ကြ။ တနေ့လုံး ခရီး ပန်းထားသဖြင့် ကချင် ထောင်ကာ ကရာ ကွင်းပြင်ကြီးမှ ခပ်စောစော ပြန်လာခဲ

သစ်ပုပ် နှင့် သစ်ပုတ်

ကျောင်းတော်ကြီး၏ သင်္ကေတနှင့် မြန်မာစာ ရန်ကုန်တက္ကသိုလ် နှစ်တရာပြည့်ပြီ။ နှစ်တရာကို နှစ်တရာလို့ မရေးကြတော့ပါ။ ဝမ်းနည်းစရာ။  ၁။ ကံ့ကော်မြေ နှစ်"တစ်ရာပြည့်" တက္ကသိုလ် - နှစ်တရာလို့ ရေးရ။ ၂။ မမြင်ရတဲ့ဆိုင်းဘုတ် သစ်ပုပ်ပင်နဲ့ အပြာရောင် ဆိုင်းဘုတ် အပြာရောင်ဆိုင်းဘုတ်တတ်ခံရတာ သိပ်မကြာသေးပါဘူး မမြင်ရတဲ့ဆိုင်းပုတ်က ကံကော်မောင်နှမတွေရဲ့ ရင်ထဲမှာ အကြာကြီးတတ်ထားတာ ကံကော်မောင်နှမတွေပဲ သိပါတယ် - ဆိုင်းဘုတ်တပ်လို့ ရေးရ။ မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၈၀) ထဲမှာ သစ်ပုပ်လို့ရေးရ။ သစ်ပုတ်လို့ အသံထွက်ရ။ အမြှောင်းအမြှောင်းထသော မြစ်ပါးပျဉ်း၊ ဖြူပြာရောင် အပွေးအခေါက်၊ အပုပ်နံ့ရှိသည့် ညိုညစ်သော အသားရှိသည့် ပင်စောက်တမျိုး။ ညစ်ညိုပင်၊ စောပြောပင်ဟူ၍လည်း ခေါ်သေးသည်။ တက္ကသိုလ် နဲ့  တစ်ကသိုလ် ကကော မူကွဲလော။ ဒေါက်တာတင့်ဆွေ

ငွေတောင် (ငြိမ်းကျော်)

တခေတ်တခါက တက္ကသိုလ်ပညာလောက အသိုင်းအဝိုင်းကို လှုပ်ခါစေခဲ့သော ငြိမ်းကျော် (ကိုမောင်မောင်ကြီး) ရဲ့ ငွေတောင်သုတေသနကျမ်း၏ နိဒါန်းအမှာစကား။ ဤအမှာတွင် စာကြည့်တိုက်သမားများ အထူးသတိထားရန် အချက်ကိုလည်း ထည့်သွင်း ပြောကြားမှာထားလေ၏။ (အချက်အချို့ကို ပြောပြပေးသော ဦးကျော်ညွန့်အား ကျေးဇူးတင်ပါသည်။ Shan Yoma Elibrary) တင်ပြထားသူ စာရေးတာပါမှန် ကျေးဇူး + ကွန်ဂရက်ကျူလေးရှင်း။ အခုခေတ်က ကိုယ်ရေးတဲ့စာ မဟုတ်ဘဲ သတ်ပုံတွေကို မှားအောင်ပြင် တင်ကြ ထုတ်ကြတယ်။ သတ်ပုံမှားမှတော့ အချက်အလက်တွေကကော မှန်ပါ့မထား။ ရောင်းတော့ ကောင်းသတဲ့။ ဒေါက်တာတင့်ဆွေ