Skip to main content

Posts

Showing posts from May, 2024

အလယ် နှင့် အလည် အဆက်

၂၀၁၈ ခုနှစ်က ဧပြီလလယ်ကနေ တလခွဲကြာ မြန်မာပြည်ကို အလည်ပြန်ပါတယ်။ ရောက်စ ၂ ရက်လောက်အထိတော့ ရန်ကုန်ရာသီဥတုက ဧည့်သည်တွေက ပညာမပေးသေးပါ။ နောက်တော့ တည်းခိုတဲ့အိမ်ရှင်တွေက အားနာလာကြတဲ့အထိ ပူပါသည်။ မီးလည်း မကြာခဏ ခဏခဏ ပျက်ပါသည်။ အခုလိုရက်တွေမှာ မုံရွာနဲ့ မန္တလေးမှာ။ ဘုရားတွေကို အချိန်ရွေးသွားဖူးကြပါသည်။ ရန်ကင်းတောင်တက်တော့ အခင်းကြွေပြားတွေပေါ် ပြေးကြလွှားကြရသည်။ အဲဒီအချိန်မှာ နေပူခံသူရဲကောင်းကလည်း ကျွန်တော်တို့သာရှိသည်။ နောင်သော် ဖိနပ်ချွတ်ရတဲ့နေရာတွေမှာ လူစည်မည်မဟုတ်။ မြန်မာပြည်ကလွဲရင် ဘုန်းကြီးကျောင်းတွေမှာ ဖိနပ်မချွတ်ရပါ။ ဟင်ဒူဘုရားမှာ ဖိနပ်ချွတ်သည်။ ခတ္တမန္တူမြို့က ဟင်ဒူဘုရားထဲ ဝင်ကြည်မလို့ဟာ အစောင့်က ဖိနပ်ချွတ်ပါတဲ့။ မဝင်တော့ပါ။ အမေရီးကားက ဘုန်းကြီးကျောင်းတွေမှာ အတွင်းထဲဝင်ရင်သာ ဖိနပ်ချွတ်ရပါသည်။ ဗုဒ္ဓဂါယာ မဟာဗောဓိစေတီမှာ ဖိနပ်ထားစရာတွေ လုပ်ပေးထားတာ ကောင်းပါသည်။ မြန်မာပြည်က ဘုရားတွေမှာ အခင်းကျောက်ပြားတွေပေါ်မှာ လမ်းလျှောက်စရာ အခင်ကြမ်းတွေချထားတာ ကောင်းပါသည်။ တခါခါ လုပြီးသွားလာရသလို၊ တခါတခါ အဲတာတွေပါ ပူသည်။ အပူငြိမ်းကြစေသတည်း။ ဒေါက်တာတင့်ဆွေ

စစ်စစ်

ချစ်သူစစ်စစ်နဲ့ ရန်သူစစ်စစ်သာလိုချင်သည် (မောင်ချောနွယ်) ကဗျာဆရာမဟုတ်တဲ့ ဆရာဝန်ကတော့  - ဆေးစစ်စစ်တွေသာ ရောင်းချစေချင်သည်။  - ပညာပေးစစ်စစ်တွေသာ တင်ကြစေချင်သည်။ - မြန်မာစာစစ်စစ်ကိုသာ ရေးကြစေချင်သည်။ ဒေါက်တာတင့်ဆွေ

တ နဲ့ တစ် သာ မဟုတ်ပါ

သက်တန်း - သက်တမ်း နေ့လည်စာ - နေ့လယ်စာ ကံတတ်နေတယ် - ကံတက်နေတယ် ဖြစ်တက်ပါတယ် - ဖြစ်တတ်ပါတယ် ချီးမွှမ်းခန်းဖွင့် - ချီးမွမ်းခန်းဖွင့် ပန်းတွေကတော့ လွှမ်းခွင့်မရှိဘူး - ပန်းတွေကတော့ လွမ်းခွင့်မရှိဘူး ဒေါက်တာတင့်ဆွေ

ကဆုန်လဖွဲ့ တချို့

စကားဝါ ငုံသင်းလို့ ကြယ်မင်းတဲ့ ဝိသာခါ။  ။ တိမ်ဗွေမှာ ရောင်ခြည်ရွှန်း ထွန်းတဲ့ချိန်ပါ။  ။ စုံကန္တာ မဟာမြိုင်ထဲ။  ။ ရွှေကျေး ပျံသင်လို့ စံပျော်ရွှင် ဟိုသည်ကူးလို့ငယ် မြူးကြစမြဲ။  ။ (လေးဆစ်- သူတော်ဦးမင်း) မြူခြေငယ် စွန်းပါလို့ နေဝန်းငယ် စက်ရှိန် တောက်လောင်ငယ် ထိန်သည် ဖလ်သူရိန် တေဇာကြောင့် ပူဗျာကဲတဲ့ လကိုလေး။  ။ ရာသီငယ် ပြိဿ မဟေသီလဲ ရွှေညီခပါလို့  <-(လဲ =လည်း) ပန်းမြ စကားဝါ ဝိသာခါနှင့် တာရာခြံရံ စန်းငွေယုန် ဖန်သည့်နှယ် ဆဒ္ဒန်ပိုင် ဘွေဘုံမှာ လ-ကဆုန် ညောင်ရေပွဲပေမို့ သဲလှတယ်လေး။  ။ (လွမ်းချင်း- မဟာအတုလမင်းကြီး) ကဆုန်လ ပြိဿတဲ့ ရောက်လုချေ။  ။ ဝိသာခါ ရောင်ဝါလွှမ်းပါလို့ တာရာမှာ တံငါထွန်းတယ် လွမ်းဘွဲ့ အနေ။  ။ ဥသဘ ရုပ်ပုံနွားငယ်နှင့် စကားပွင့် မြညောင်ရေ အို… သပြေနှင့် မြေဇာပန်း။  ။ ပူမျိုးငယ် ထန် မြူခိုးရှင် ခါချိန်တန်လို့ သာဂိမှာန် ပြာရီဆိုင်းတယ်ရှင် အမယ်မင်း… မှိုင်းရီလို့သန်းတဲ့မှ တိုင်းဆီသို့လွမ်း။  ။ (လေးဆစ်ငိုချင်း- အမည်မသိရှေးစာဆို) ကဆုန် ခေါ်မှန်းသည် ဓာတ်ဆန်း ပထဝီ၊ ပြိဿငယ် ယှဉ်မှီ တူတညီ ဖုသျှ။ ကြတ္တိကာ့ ဝိသာခါ နေ့ညပါ ထွန်းတောက်သည့်လ။  ။ ပြောင်မဟာ နာဂနှင့် တာရာကျ ပုံသေ။ စကားနှင့် မိုးစွ

Shwedagon Pagoda

Climbing the stairs at the Shwedagon Pagoda. BURMA, Rangoon (Yangon) - 1948   A photograph was taken shortly after independence in 1948 by the great French photographer Henri Cartier-Bresson at the Shwedagon Pagoda. ©discoverburma verbur Asian Vibes   Discover ASEAN  

နေ့စဉ်သုံး စကားလုံးတချို့

 လွန်ခဲ့သောရက် တနေ့က ကျွန်ထံသို့ တူမငယ် ကျောင်းဆရာမ ရောက်လာပြီ ဤသို့ဆိုလာ၏။ `ဘထွေး… နေကောင်းသလား။ ပြောဦးမယ် သိလား။ ဒီတခါကျောင်းမှာ လာစစ်တဲ့ ကျောင်းစစ်က သမီးတို့ ဆရာမတွေကို တအားညှောင့်တာပဲ ဘထွေးရဲ့ သိလား။' အလန့်တကြား သေချာအောင် ပြန်မေးမိ၏။ `ဟဲ့ … နင့်စကား နင်ကော နားလည်ရဲ့လား။' `အမယ်လေး ဘထွေးရယ်… နားလည်တာမှ ဟိုဘက် နှစ်ဘူတာတောင် လွန်သေး' ဟု ပြောပြန်သဖြင့် ကျွန်ုပ်မှာ သွေးတတ်ချင်သလို မိုက်ကနဲ ဖြစ်သွား၏။ သို့နှင့်- `လာလာ… ဒီမှာ နင်ကြိုက်တဲ့စာအုပ်တွေ လာယူဖတ်' ဟု စကားလမ်းကြောင်း ပြောင်းရတော့၏။ `ဘထွေး အခန်းက လင်းမှ မလင်းဘဲ။ မိုက်နေတာ မဖတ်ချင်ပါဘူး' ဆိုပြန်၏။ `မိုက်တယ် ဆိုတာက အလင်းရောင် လုံးဝမရှိတာ၊ လုံးဝမလင်းတာကို ခေါ်တယ်။ မှောင်တယ်ဆိုတာက အလင်းရောင် အားနည်းလို့ မှုန်ဝါးဝါး ဖြစ်တာကို ခေါ်တယ်။ ခုလိုမျိုးကျ မှောင်တယ်လို့ ပြောရတယ်။ မှတ်ထားကွဲ့။' `ဘထွေးနဲ့ စကားပြောရင် ဒီတိုင်းချည်းပဲ။ ဖီလ်းမလာဘူး။ အနောက်မှာ အရီးရှိတယ် မဟုတ်လား။ အရီးနဲ့ စကား သွားပြောလိုက်ဦးမယ်။' `အေး သွား သွား… ဟင်း'  အတန်ကြာသော် တူမငယ်က- `ကိစ္စပေါ်လာလို့ ဖုတ်ပူမီးတိုက် ပြန်ဦးမယ် ဘထွေး။ ဘထွေးလို စာအုပ

အညာနွေရာသီ

(စ) ဒီနှစ် နွေရာသီရဲ့ အပူဒဏ်က ဆိုးဝါးလှပါတယ်။ သက်သာရာ ကူကယ်နိုင်တဲ့ လျှပ်စစ်အလင်းကလဲ ယဲ့ယဲ့လေးမျှသာ.။ အပူဒဏ်က လွတ်မြောက်ဖို့ ကြိုးစားနိုင်တဲ့ နည်းလမ်းဟူသမျှ  မရှိရှာကြတဲ့ ကျမတို့တွေအတွက် အဲဒီအပူဒဏ်နဲ့ လိုက်လျောညီထွေ နေထိုင်တတ်ဖို့သာ ကြိုးစားရုံကလွဲလို့ ဘာများ တတ်နိုင်မှာတဲ့လဲ။ အပူငွေ့တွေနဲ့ ဆုတ်ပက်သလို ခံစားချက်မျိုးကို  လိုက်လျောညီထွေ ခံနိုင်အောင်ကြိုးစားရင်း ကျမကို နဲနဲလေးတော့သက်သာရာရအောင် ကူကယ်နိုင်တဲ့ အရာဝတ္ထုလေးကို ရင်ခွင်ထဲမှာ လက်နှစ်ဖက်ထဲမှာ ပွေ့ပိုက်ထားမိတယ်။ တခြားဟုတ်ပါရိုးလား၊ ရေအပြည့်နဲ့ အေးစိမ့်နေတဲ့ မြေအိုးလေးတလုံးပါ။ အော် ဒီလိုရာသီမှာပါပဲ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ်ကျော်က ကိုယ်ဝန်အရင့်အမာကြီးနဲ့ ပူရှာလွန်းလို့ မြေသောက်ရေအိုးလေးကို ဖက်ပြီးနေခဲ့ရင်း ကျမအမေက ကျမကို မွေးခဲ့ရှာတာတဲ့။ မေ(၁၈) ရက်၊ စနေနေ့၊ ဒီနေ့မှာပါပဲ။ (ဆုံး) (Nu Nu Yiy Innwa) ကျေးဇူး။ အေးနိုင်ကြပါစေသတည်း။ ကျွန်တော့သမီးက အေပြီလ ၁၈ ရက်က မြို့သာမှာ မွေးတယ်။ အင်းဝ၊ တံတာဦးနဲ့ ၂၁ မိုင်သာဝေးတဲ့ မြို့သာမှာ တာဝန်ကျစဉ်ကလည်း ထန်းလက်မိုးအောက်မှာ နေရတယ်။ နေရောင်လာရာဘက်မှာ ရေတွေစိုစွတ်နေတဲ့ ချည်စောင်ကြီးတွေနဲ့ ကာထားရတယ်။

မောင်လူအေး

သတင်း = BBC Burmese နွေအပူ၊ မီးအပျက်နဲ့ အသက်ဆက်နိုင်ဖို့ ကြိုးစားနေကြရသူတွေ မန္တလေးမှာနေတဲ့ ဆေးကျောင်းသူငယ်ချင်းတယောက်ကလည်း နေ့စဉ် အပူချိန်နဲ့တကွ တင်ထားတယ်။ သူ့လူနာရဲ့ ကိုယ်အပူချိန်တော့မဟုတ်။ သူ့ကို ဆေးကျောင်းမှာ ဒေါက်တာနိုး လို့ ခေါ်ကြတယ်။ နေပူပြီး မီးမလာတဲ့အရပ်မှာနေရလေတော့သည်။  အမည်ပြောင်းရန်လိုပြီ။ မောင်လူအေး။ ကျွန်တော်က သိပ္ဗံမောင်ဝ ခေါ် ဦးစိန်တင်ရေးတဲ့ အောက်စဖို့ဒ်တက္ကသိုလ် စာအုပ် ဖတ်နေပါတယ်။ ရန်ကုန်ဆပ်ကမ်း၊ ဘင်္ဂလားပင်လယ်အော် ကျော်တော့ ပင်လယ်နီ၊ ဆူးအက်တူးမြောင်းထဲမှာ ပိုပူလာသတဲ့။ မြေထဲပင်လယ်ကနေ ဂျီဘရော်တာကျော်တော့ အေးလာသတဲ့။ အင်္ဂလန်နားနီးလေ အေးစိမ့်လာလေဖြစ်ရကြောင်းတွေ ပါတယ်။ မန္တလေးသားတွေ ဧရာဝတီကမ်းခြေနား သွားကြရင် အပူသက်သာလေမလား။ ဂေါဝန်ဆိပ်နဲ့ စစ်ကိုင်းတော့ မသိ။ ပခုက္ကူနဲ့ ချောက်မှာလည်း အပူချိန်များလွန်းသတဲ့။ နေကောင်းကြစေသတည်း။ ဒေါက်တာတင့်ဆွေ

Blocked ဘလော့လိုက်ပါသည်

Aung Thet Naing တော်လှန်ရေးမှာ သတ်ပုံနဲ့ တိုင်ပတ်နေသော ဆရာ ဘလော့လိုက်ပါသည်။ သတ်ပုံစာတွေရေးတာ ၁၀ နှစ်။ တော်လှန်ရေးလို့ခေါ်နေကြတာ ၃ နှစ်။ ဆေးပညာစာတွေရေးတာ ၁၅ နှစ်။ နိုင်ငံရေး.စာတွေ ရေးတာ ၂၅ နှစ်ရှိပါပြီ။ တချို့ကလည်း ဂျင်း စာလုံးနဲ့ တိုင်ပတ် စာလုံး သုံးလိုက်ရတာနဲ့ ငါကဆရာကြီးလို့ ထင်နေကြလေရဲ့။ ဒေါက်တာတင့်ဆွေ

ပြုံးတုံ့လှည်

တေးရေး - မြို့မငြိမ်း တေးဆို - ကိုအံ့ကြီး လမင်းဝင်းဝင်းပပ ညချမ်းမှာသာသောအခါ မိုးထက်သို့မျှော်ကာမျှော်ကာ ခင်ခင်မင်မင်ပြုံးကြည့်ရာ လမင်းလည်းကိုယ့်ကိုပြုံးချိုသောသူ့မျက်နှာ တုံ့ပြန်အပြုံးချင်းလဲလှယ်ကာ ကြယ်ကလေးတွေချစ်စရာ အပြာရောင်ကောင်းကင်မှာ သူတို့ကိုတလုံးချင်းပြုံးရင်းကြည့်နေပါ မကြာခင်ပြန်ကာပြုံးလို့ သူတို့လည်းကိုယ့်ကိုခင်ကာ ပြုံးတုံ့ပြုံးလှယ်ကျီစယ်ရှာ လှသထက်ဖြင့်ပင်ကိုယ် ယဉ်သူမှာ မျက်မှောင်ကြုံ့ရင်အလှပျက်ချီရဲ့ဗျာ မရွာပဲမဲလိုက်ပါနဲ့ရွှေမိုးညိုရာ တိမ်မှောင်ကိုဖယ်ကာ လှရည်သွေးရှုသူငေးစရာ လှမင်းထက်လင်းစွာ ပြုံးတုံ့ဝင်းပပါသောသည်မောင်ပါ ပြုံးတုံ့လှည် တေးရေး - မြို့မငြိမ်း တေးဆို - ကိုအံ့ကြီး ဤသီချင်းကို မူရင်းအဆိုရှင်ကြီးများအား အလေးထား ဦးထိပ်ထားလျက် မြန်မာသံစဥ်ချစ်မြတ်နိုးသူများအတွက် Shwe Dat Pyar မှ ဂုဏ်ယူစွာဖြင့် တင်ဆက်ပါသည်။  Shwe Dat Pyar - ရွှေဓာတ်ပြား https://www.facebook.com/watch?v=814989226686940 သီချင်းတွေမှာ စသားမပါလေ အမှားကင်းလေ။ ကျေးဇူး။ သီချင်းစာသားပါသမျှ စာလုံးပေါင်းသတ်ပုံနဲ့ စာသား ၅% ထက် ပိုမမှန်ပါ။ ဒေါက်တာတင့်ဆွေ

မန္တလေး

ဆေးကျောင်းသားတွေ။ ပုံထဲမပါသူကလည်း တယောက်။ စုစုပေါင်းလေးယောက်။ ၂၀၁၈ ခုနှစ်က ဒီလိုရက်မှာ အတူတူထမင်းလက်ဆုံ စားကြတယ်။ အဲဒီခေတ်အထိတော့ ဒေါက်တာဇော်မြင့်မောင်က မန္တလေးတိုင်း ဝန်ကြီးချပ်။ သူလည်း ထောင်ထဲပြန်ရောက်ရော မန္တလေးစာလုံးလည်း ပျက်စီးလာတော့တယ်။ ညီတော်မောင့်အိမ်ကကျွေးတဲ့ ထင်းတွေဟင်းတွေအကုန် ဆားမလေးပါ။ စားကောင်းကြတယ်။ ကျေးဇူး။ မန်းလေးစာလုံးကို ခဏခဏထောက်ပြလွန်းလို့ အမြင်ကပ်နေကြတာလည်း သိပါတယ်။ ဒေါက်တာတင့်ဆွေ

ခင်

ကာတွန်းမှာ ၂၅ နှစ်တောင် ပြေ့သေးတာ မဟုတ်ဘူးရှင့်လို့ ရေးထားတယ်။ ကျွန်တော်သိသလောက် ပြေ့ လို့ မရှိပါ။ လူအမည်ကိုတော့ ကြိုက်သလို ထင်သလို ရေးတာတော့ ရှိတယ်။ မကြာခဏတင်ပြပါတယ်။ ကဗျာ၊ သီချင်း၊ ကာတွန်း၊ သံချပ်၊ ဆောင်ပုဒ် စတာတွေမှာ စံကိုက်သတ်ပုံနဲ့ မတူတာလည်း သုံးလေရှိတယ်။ ပန်းသည် ကို ပန်းသယ်။ အသံ၊ ကာရန်နဲ့ အားကို ယူရေးတာမျိုး။ ပြည့် ဖြည့်၍ပြည့် ပြည့်ကံကျွေး ပြည့်ကျပ် ပြည့်စင်ပင် ပြည့်စုံ ပြည့်ညပ် ပြည့်တန်ဆာ ပြည့်ဖြိုး ပြည့်မီ ပြည့်မွမ်း ပြည့်လျှံ ပြည့်လျှမ်း ပြည့်ဝန်း ပြည့်ဝှန် ပြည့်သိပ် ထမင်းဆိုင်မုန့်ဆိုင်တွေပြည့်လို့။ ရေပြည့်ပြီ တသိန်းပြည့်ပြီ လပြည့်နေ့ ဆုတောင်းပြည့်စေတီ မင်္ဂလာအပေါင်းနဲ့ပြည့်ဝပါစေ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ

လိပ်လား ယုန်လား

"လိပ်ထက်ပိုစွာ ဆတရာ" ပညာပေးစာတပုဒ် တင်ပေးထားသူ ကျေးဇူး။ ပညာပေးတို့ရဲ့သဘောက အဲလို။ အသွားနှေးတဲ့သူက အပြေးပြိုင်ပွဲနိုင်တတ်တာမျိုး။ ခေတ်သဘောအရ ပညာပေးတွေကလည်း ပြင်ရေးရတာတွေ ရှိပါတယ်။ ဥပမာ ပုံထဲကလို။ မရွှေဖဲကဗျာမှာ နိဗ္ဗာန်ရွှေပြည် ဆုပန်သည်ကို ထပ်မံတင်ပြတော့ တယောက်က ခုခေတ်မှာ ဘာဆုတွေပန်သလဲလို့ ကွန်မင့်ရေးပါတယ်။ ဆုတောင်ခြင်းပညာပေးကလည်း အမြင့်ဆုံးဆိုတာကို ထည့်ရေးလေ့ရှိတယ်။ တကယ့်ဘဝမှာ ထိုင်းထီ ပေါက်ပါစေ။ ပါဝါဘော ပေါက်ပါစေ။ မိဘကျင့်ဝတ်၊ ဆရာ့ကျင့်ဝတ် စတာတွေ အလွန်အသုံးဝင်ပါတယ်။ မေးခွန်းထုတ်သူတွေလည်း တွေ့ရတယ်။ အထူးသဖြင့် အိမ်သူ့ကျင့်ဝတ်။ လက်တွေ့မှာ ဇနီးကဦးဆောင်မှုပြုတဲ့ အကြင်လင်မယားလည်းရှိတာကိုး။ ရာခိုင်နှုန်း ဘယ်လောက်လဲတော့ သိသင့်တယ်။ ဝတ္တရားမကျေတဲ့ မိဘမျိုးလည်း ရှိတယ်။ ရာခိုင်နှုန်း ဘယ်လောက်လဲတော့ သိရမယ်။ တဦးတလေ အဆင်မပြေတာနဲ့ ရာစုနှစ်ကြာ သုံးစွဲနာယူလာခဲ့တဲ့ အဆုံးအမတွေကိ ပစ်ပယ်တာ မမှန်ပါ။ အစဉ်အလာတွေကို မေးခွန်းထုတ်လိုသူတိုင်း တကြောင်းဆွဲ မလုပ်သင့်ပါ။  ငါက ပုံပြင်ထဲကလိပ်နဲ့တူတယ်လို့ မထင်သင့်ပါ။ ခုခေတ်မှာ အိပ်နေတဲ့လိပ်တွေလည်း မနည်းဘူး။ ဒေါက်တာတင့်ဆွေ

တချိန်တုန်းကကို မှန်အောင်ရေးတတ်သူတွေ တွေ့လာရပါပြီ

- တချိန်တုန်းကတက္ကသိုလ် နှင့် လွမ်းမောဖွယ် ကျောင်းသီချင်းများ စုစည်းမှု   - တချိန်တုန်းက တက္ကသိုလ် - တချိန်တုန်းက တက္ကသိုလ်ဆီ - Burmese Home Cooking တချိန်တုန်းက လက်ရာတွေ  - Noan Khong တချိန်တုန်းက တ က္က သိုလ် - စန္ဒယား ကို ခင်လှ တချိန်တုန်းက၊ ယဥ်ကျေးမှုကဇာတ်ရဲ့ ဇာတ်ခုံပေါ်မှာ၊ ကွန်ဂရက်ကျူလေးရှင်း။ တချို့ကတော့ ခေါင်းစဉ်မှာသာ မှန်ကန်အောင်ရေးပြီး စာကိုယ်မှာ တဦး တယောက်ကိုတော့ မှန်အောင် မရေးတတ်ကြသေးပါ။ ဝ့၅ သည် သုညထက် များ၏။ တန်ဖိုးလည်း ရှိ၏။ တချိန်​တုန်းက တက္ကသိုလ်​ Female Group https://www.youtube.com/watch?app=desktop&v=eVaRvPlzO-k ဒေါက်တာတင့်ဆွေ

တခါတခါ

ပုံထဲမှာ ဆေးပြားလေး တည့်တည့်မတ်မတ် ရပ်နေသည်။ တမင်တကာ ထောင်နေစေအောင်လုပ်တာ မဟုတ်ပါ။  တနေ့ သွေးတိုးကျဆေးတပြား သောက်နေရတာ တနှစ်လောက်ရှိပြီ။  ဆေးဗူးကို ကွန်ပြူတာနား လက်လှမ်းမီရာ မျက်စိအောက်မှာထားပါသည်။ ဆေးသောက်မဲ့အချိန် ဆေးတပြားထုတ်ပြီး ရေနွေးခွက်နား ချထားလေ့ရှိသည်။  အခုလိုတည့်တည့်မတ်မတ်ဖြစ်တာ ၅ ခါတိတိရှိသွားပြီ။  သေချာထောင်ရင် ရမှာမဟုတ်။ တခါတခါ အဲလိုဖြစ်ပါသည်။ လောကသဘာဝဖြစ်စဉ်တွေက အဲလိုဘဲ။ မည်သူမဆို တည့်မတ်စွာ ရပ်နေ လျှောက်လှမ်းနိုင်ကြစေသတည်း။ တည့်မတ်သောအမြင် ရှိကြစေသတည်း။ ဒေါက်တာတင့်ဆွေ

မြင်းပိန်

ဗြိတိသျှဘုရင်၊ ဘုရင်မတွေရဲ့  တော်ဝင်ရထားတွေမှာ အများဆုံးက မြင်း ၈ ကောင်ဆွဲရပါသတဲ့။ မြန်မာပြည်က ဘုရင့်နောင်မင်းတရားကြီးက မြင်း ၁၆ ကောင်ကတဲ့ရထား စီးပါသတဲ့။ မြန်မာသမိုင်းဆရာတွေက ချဲ့ကားရေးတာ မဟုတ်။ တောင်ငူခေတ်မှာ ရောက်လာတဲ့ အဖြူတဦးက ရေးတာ။  တခါက ထောင်သင်မှူးနဝဒေး စာစပ်ကောင်းတယ်ဆိုလို့ ပညာစမ်းချင်သူတယောက်က ညမှာ နဝဒေးအိမ်ရှေ့ ထဘီတထည်ကို အလံလိုလုပ်တာပြီး မနက်ခင်းတော့ မြင်းစီးယင်းနဲ့ -  "ထောင်သင်းအိမ် တင်းထိန်နဲ့လား" လို့အော်ပါသတဲ့။ နဝဒေးကလည်း ချက်ချင်း စာစပ်လိုက်တယ်။ "ရောင်ဖျင်းသိမ် မြင်းပိန်နဲ့လား" အခုတော့မြန်မာရာဇဝင်က မြင်းပိန်။ Queen Victoria in the Gold State Coach (RCIN 92025)© ဒေါက်တာတင့်ဆွေ

တနိုင်ငံလုံး

ပဌမဆုံး တခိုင်လုံးရွှေပို့စ်အောက်မှာ ကွန်မင့်တခုရတယ်။ လောလောဆယ်တော့ တစ်နိုင်ငံလုံးမှာ အလယ်တန်းပြ မူလတန်းပြ ဆရာ ဆရာမများအားလုံး စည်း ဝါး ပုလွေ အခြေခံ ကကွက်တွေ သင်တန်းတက် လေ့ကျင့်နေကြပါပြီဆရာရှင့် ဆိုင်းတော့ မပါပါဘူး တဲ့။ ကျေးဇူး။ သတ်ပုံမှန်ရေးတဲ့ခေတ်ကတော့ တနိုင်ငံလုံးလို့သာ ရေးပါတယ်။ အံဖွယ်ကိုးသွယ်ဂုဏ် ကုံလုံပြည့်ဝသည့် ရွှေစည်းခုံစေတီတော်ကြီးသည် မူလဒါယကာ အနော်ရတာ၏လက်ထက်တွင် အပြီးမသတ်နိုင်ခဲ့ပဲ၊ ကျန်စစ်သားမင်းလက်ထက်တွင်မှ ဆက်လက်တည်ဆောက် ပြီးမြောက်ခြင်းသို့ရောက်သည်။ ထိုမင်းများကား ဘုန်းတန်ခိုးကြီးမားကာ ယင်းတို့၏ခေတ်တွင် နိုင်ငံတော်နယ်နိမိတ်သည် ယခုခေတ် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ နယ်နိမိတ်နီးပါး ကျယ်ဝန်း၍ ဗုဒ္ဓသာသနာကို ပဌမဆုံး တနိုင်ငံလုံး ကြည်ညိုမြတ်နိုးကြပြီးလျှင် တိုင်းသူပြည်သားတို့သည် နိုင်ငံရေး သာသနာရေး စိတ်ဓာတ်များ တက်ကြွနေကြသည်။ (မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၁၄)၊ စာမျက်နှာ (၁၅၃)။ အက ခေါင်းခါး၊ စည်းဝါး ဂီတ၊ ရေးက သတ်ပုံ၊ ကုန်ခဲ့တဲ့ခေတ်။ တနိုင်ငံလုံး တခိုင်လုံးရွှေခဲ့တဲ့ခေတ်။ ပဌမလို့ရေးထားတာတိုင်းကို ပထမလို့လိုက်ပြင်နေကြတယ်။ မူကွဲသဘောကို မသိနားမလည်ကြသူတွေ။ အမေလို့ခေါ်ခေါ် မိခင်လို့ရေး

Come in the Door is Open လပ် လှပ်

အကြားအလှပ်၊ အမှုပလှပ် လို့​ကော ရေးလို့ရလားဆရာရှင့်။ လပ် ကမ္မဇကလာပ် ကြာကလပ် ကွက်လပ် ကွမ်းကလပ် စားရလပ် (စားရလဒ်) ဆုလပ် တခုလပ် ထန်းပလပ်ပြား ရိက္ခာပြတ်လပ် ရုပ်ကလာပ် လစ်လပ်သည် လွတ်လပ်ရေး အကြားအလပ် အမှုပလပ် လှပ် = ဖွင့်သည် လှပ် = နေရောင်နှင့်ထိတွေ့သည်။ ကွမ်းသီးနေလှပ်၊ ဆော်ဖန်ကြပ်၍။ မိုးထက်သူတို့၊ ပစ္စူရုံထပ်၊ ရင်ငွေ့လှပ်သော်၊ ချစ်တပ်ပေကောင်း။  တံခါးလှပ်ထားသည် တံခါးဖွင့်ထားသည် အတူတူသုံးပါတယ်။ ချန်လှပ် တံခါးကိုလှပ်သည် တံလျှပ် စူးရှာသောနေရောင် တံလှပ် (တန်လှပ်) တရုတ်ကတ်အသာလှပ်၍ ကြည့်ရှုသောအခါ။  နေရာလှပ်သည်။  အ အက္ခရာကိုလှပ်၍ရေတွက်သည်။  ပလပ်မြေ /လှပ်မြေ ပွင့်ဟစေသည်။ ဖွင့်သည်။ ပါးပါးလှပ်လှပ် ပုဆိုးဖြူလှပ်၊ ခဝါဖွပ်ကို။ ပါးလှပ်တွန့်တုတ်၊ မျက်သုတ်လက်ရက်။  ဖြူလှပ်  လပ်အောင် လှပ်ထားသည်။  လှပ်၍လွင့်သောကမ္ဘာ သည် ၂၀၁၉ ခုထွက် မြန်မာ ရုပ်ရှင်ဇာတ်ကား ဖြစ်သည်။  လှပ်လှပ်  လှပ်လှပ် လျင်မြန်စွာ အင်္ကျီကို ရင်ပတ်လှပ်ထားသည်။ အလွန်ပါးသော။ ချပ်ရပ်သော။ ပလပ်မြေ /လှပ်မြေ ချန် လှပ်၍ ပလပ် = (ကြွေးမြီ၊ အခကြေးငွေစသည်ကို)ကင်းလွတ်ခွင့်ပေးသည်၊ လျှော်ပစ်သည်။ ဒေါက်တာတင့်ဆွေ

ပလက်ဖေါင်းဘေး အနာဂတ်ဈေးတည်း

ပုံထဲက ဆိုင်မျိုးတွေမှာ တခါက အညာသားတယောက် ရန်ကုန်ရောက်တိုင်း ထိုင်ကြည့် ရပ်ကြည့်ခဲ့ဘူးပါသည်။ အဲဒီလူ နယူးဒေလီရောက်ပြန်တော့လည်း အိုးဒေလီနဲ့ ကွန်းနော့ပလေ့စ်မှာရှိတဲ့ အဲလိုဆိုင်မျိုးတွေကို မကြာမကြာ သွားလာပြန်ပါသည်။ ယူအက်စ်အေမှာတော့ အဟောင်းတွေ ရှားပါသည်။ အဟာင်းတွေကို ရှာဖွေစုဆောင်းပြီးသကာလ စာအုပ်စင်ကြီးငယ်တွေမှာ တင်ထားပါသည်။  နယူးဒေလီကနေ ပိုက်ဆံတွေအကုန်အကျခံပြီး သယ်ယူလာတာတွေနဲ့ ရန်ကုန်ကိုလှမ်းပြီး တကူးတက မှာယူထားတာတွေ ဖြစ်ပါသည်။ မြန်မာလိုရေးတဲ့စာ အစစ်အမှန်ဆိုတာ အသစ်အသစ်တွေထဲမှာ မရှိတော့ပါ။  - ရှေ့နေ ပျိုမှ။  - သမား အိုမှ။  - စာအုပ် ဟောင်းမှ။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ

စည်းကမ်းရှိသောနည်းသာ မြတ်ကြောင်း

(ပုဂံဦးတင် ကဗျာဗန္ဓသာရကျမ်း) ရေးခါ အမှန်၊ ဖတ်ခါ အသံ ဥပမာကား - တရာ၊ တထောင်၊ တသောင်း၊ တသိန်း စသည်ကို က-အက္ခရာမပါစေပဲး ရာ၊ ထောင်၊ သောင်း၊ သိန်း ဟူ၍့၎င်း၊ အနောက် အရှေ့ စသည်ကို အ အက္ခရာမပါစေပဲး ရှေ့ဝင်း၊ နောက်ဝင်း၊ ရှေ့ရုံး၊ နောက်ရုံး ဟူ၍့၎င်း လိုက်နာနည်းများကို ဆိုလိုသည်။ မှန်ရန် - ၍့ ကို ၍၊ စေပဲး ကို စေပဲ လို့သာ ပြောင်းလဲရေးသားလာကြပါတယ်။ မ နောက် ဘဲ လိုက်ဆိုတာလည်း လွဲမှားတဲ့သင်ပြနည်းဖြစ်နေတယ်။ တရာ၊ တထောင်၊ တသောင်း၊ တသိန်းတွေကို စတ်တာဘယ်လိုကနေ ဘယ်လို ဘယ်တုန်းကဖြစ်ပါကြောင်း အထောကအထားတွေနဲ့တကွ တင်ပြထားပြီးဖြစ်ပါတယ်။ ရှေ့ နဲ့ အရှေ့၊ နောက် နဲ့ အနောက် အတော်မှားရေးနေကြတယ်။ ပုံအတွက် ရှေးစာကဗျာများ ကျေးဇူး။ ဒေါက်တာတင့်ဆွေ

မြန်မာစာနဲ့ အင်္ဂလိပ်စာ အဆီအငေါ်မတည့်တာတွေ များတယ်

- ခြေရာလိုက်တိုင်းနေတယ်ကြားလို့ ဖိနပ်ဆိုဒ်က 35 ပါ။ - 37 ဆိုနေခဲ့တော့ 39 တခါတလေ 40 - ကျွန်မထက် ဖိနပ်ဆိုဒ် ကြီးတာပေါ့  - ကော်ပြန့်ဖက်ဆိုဒ်ကြီးကိုဝယ်ပြီး အလျားလိုက်အလယ်တဲ့တဲ့က အရှည်ပြန်ဖြတ်ရင်စမူဆာလုပ်တဲ့ အရွက်ကို ရပါတယ်  - Size ဆိုက် နဂိုကရှိပြီးသားကိုဘာလို့ ဆိုဒ် ရေးနေကြတာလဲ။ side မဟုတ်တော့ ကွန့်ကားကွန့်၏ သောက်တလွဲ။ ဗမာလို လိုက် ဆိုတော့ like နဲ့ live ကိုရောနေကြတာထားပါတော့၊ လိုက်လုပ်တာ လိုက်လွှင့်တာ ပုံမှန်သုံးရင်ကွဲပြားသေးတယ်။ - ဘောလုံးပွဲကြည့်နေတာ။ အောက်ဆိုဒ် ဖြစ်သွားရော။ - ဆိုဒ်အသေးရပါမယ် - ဆိုက် size ကို ဆိုဒ် ရေးနေကြတာလည်း မျက်စိစပါးမွေးစူးတယ်။ ဒသတ်ရင် ဘိုဆန်သွားတယ်လို့ အောက်မေ့လေသလားတော့ မသိဘူး။ အင်္ဂလိပ်စာလုံးကနေယူတဲ့အခါ အခြေခံ အသံထွက်နည်းမှာ - T ဆိုရင် တ သံ။ D ဆိုရင် ဒ သံ။ Z ဆိုရင် ဇ သံလို့ ထွက်လေ့ရှိတယ်။  တရားသေတော့ မဟုတ်သေးပါ။ အသံထွက်ဆိုတာ ရှေ့စာလုံး နောက်စာလုံးအရ ပြောင်းရတာမျိုး ရှိနိုင်တယ်။  ရိုးရိုးစာမှာထွက်တဲ့အသံနဲ့ သီချင်းကဗျာတွေမှာ ထွက်ရတာ ထပ်တူမကျတာမျိုးလည်း ရှိနိုင်တယ်။ အေဘီစီ စာလုံးတိုင်းကလည်း အင်္ဂလိပ်စာလုံး မဟုတ်ပြန်ပါ။ အင်္ဂလိပ်-မြန်မာ အဘိဓာန် Side = ဘက်ခြမ်း။ ဘေး။

ကဝိလက္ခဏာသတ်ပုံကျမ်း သုံးစောင်တွဲ

ကတွတ်မုံ့ ကူးသန်းခေါ်တထွေ ဆန်တတင်းစိတ် စပ်မှတကမ္ဘာ တရိကဋုက် တထာသာရေ မှတ်ရန် - စာကိုအလေးထာတဲ့ခေတ်က ပုံနှိပ်စာအုပ်တွေမှာလည်း လိုအပ်ရင် အမှားပြင်ဆင်ချက် ထည့်ပေးရပါတယ်။ https://drive.google.com/.../1r7gJHz2BTuIc.../view... ရှေးစာကဗျာများ ကျေးဇူး။ ဒေါက်တာတင့်ဆွေ

သက်ဝေ

တေးရေး - မြို့မငြိမ်း တေးဆို - ပြည်လှဖေ၊မေရှင် ဤသီချင်းကို မူရင်းသီဆိုသူ အဆိုရှင်များအား အလေးထားလျက် မြန်မာသံစဥ်ချစ်မြတ်နိုးသူများအတွက် Shwe Dat Pyar - ရွှေဓာတ်ပြား https://www.facebook.com/watch?v=1668491757225244 နောက်ခံမှာ သီချင်းစာသား မပါလို့ အမှားကင်းသဖြင့် အလွန်ကောင်းပါ၏။ သီချင်းစာသားပါတာတွေ အမှန်ဆိုလို့ ၅% ထက်နည်း၏။ သို့သော် လူကြိုက်များလွန်းလှ၏။ တေးရေး - မြို့မငြိမ်း ဆို ပြည်လှဖေ၊ မေရှင် သစ္စာမဏ္လိုင် မြဲခိုင်ခဲ့ပေ မေတ္ထာမိုးတွေ သွန်းဖြိုးရွာစေ အသဲမှာ စွဲမက် အသက်ကို ပုံတယ်လေ တကိုယ်လုံး သိမ်းကျူး လိုရာသုံး သက်ဝေ အပြုံးမပျက်ပေါင် စိတ်လက်ရှည်ရှည် အချစ်အတွက်ဖြင့် အသက်ပင် သေသေ အသွေးယူ အသားကို လှူလှူ စိတ်တူတယ် ရယ်ရယ်ပြုံးပြုံး မဒီဒေဝီ ဝေသန် ထုံးလို နှလုံးပြုကာ ကြည်ဖြူမှာတွေ သက်ဝေ အလိုကျ ဆိုသမျှ ကိုယ်ရောစိတ်က လိုက်လျှောရပါမယ်လေ ဓူဝံကြယ် မြေမှာခကြွေ ကောင်းကင်မှာ နေ လ တွေကွယ်စေ မြမြင့်မိုရ် ပြိုအက်ကာကြေ သွေကွက်မယ် စိတ်ဝယ်မပွေ ဓူဝံကြယ် မြေမှာခကြွေ ကောင်းကင်မှာ နေ လ တွေကွယ်စေ မြမြင့်မိုရ် ပြိုအက်ကာကြေ သွေကွက်မယ် စိတ်ဝယ်မပွေ ချစ်တဲ့သူ အမူတုံးကလေးက တိမ်စင် လနှယ် အလှကြွယ်ရှာပေ ကြာကြာလေ မရိုး

'မကိုင်' ကြီးသော် 'ဒေါ်ကိုင်' ဖြစ်လာမည်

သတင်း = ဧည့်စာရင်းဝင်စစ်ပြီး စစ်တွေမှတ်ပုံတင် (၁၁/စတန) မကိုင်ဆောင်ထားတဲ့ လူငယ် ရှစ်ဆယ်ကျော်ကို ဖမ်းဆီးသွားတယ်လို့ စစ်တွေဒေသခံတွေက ပြောပါတယ်။ 'ကိုင်ဆောင်မထားတဲ့' လို့ရေးတာက ပိုပြီးရှင်းလင်းတယ်။ 'မကိုင်' ဆောင်ထားတဲ့ အဆောင်လက်ဖွဲ့လား စဉ်းစားမိစေတယ်။ 'မကိုင်' ကြီးသော် 'ဒေါ်ကိုင်' ဖြစ်လာမည်။ 'မ' ကို နေရာလွဲရေးတာ ပြောတာတွေ များတယ်။ ဒေါက်တာတင့်ဆွေ

Love အရမ်းကြိုက်

ကွန်မင့်တခု = ဖြစ်နိုင်မယ်ဆို နောင်ရေးမယ့် ပို့စ်တွေမှာ ယူနီကုဒ်ကို စသုံးပေးပါ ဆရာ။ အွန်လိုင်းမြန်မာစကား စံမီဖို့ ကြိုးစားနေကြတဲ့ အရွေ့တခုမှာ ဆရာလို စာပုံမှန်ရေးနေသူတယောက် ပါဝင်လာရင် ပိုမြန်ဆန်လာမှာပါ။ Facebook ကလည်း အခုဆို Auto-convert ပေးနေပြီဆိုတော့ ယူနီကုဒ်နဲ့ရေးထားတာတွေကို အဆင်ပြေစွာ ဖတ်နိုင်ပါပြီ။ ဟုတ်။ မြန်မာပြည်မှာ မြန်မာစာကအစ စံရယ်လို့ မရှိသေး။ တယောက်လာ တမျိုး။ ကိုယ့်ဟာကို ကောင်းတယ်ပဲပြောကြတယ်။ ယူနီကုဒ်လုပ်ပါလို့ပြောတာ အယောက် ၃၀-၄၀ လောက်ရှိပြီ။ ပြည်ထောင်စုဖေါင့်ကလည်း အသံကြား။ ဖက်ဒရယ်ဖေါင့် လာကောင်းလာမှာ။  ကျွန်တော်က နည်းပညာတွေလိုက်မမီ။ အချိန်ကလည်းမရှိ။ မတတ်နိုင်။ ဖေ့စ်ဘွတ်က မြန်မာလို့ပြောင်းထားတာတွေ တချို့ကို နားမလည်။ အတော်ဂွကျတယ်။ ဘာသာပြန်တာကလည်း 'လိုက်' ကြိုက်တဲ့။ 'လဖ်' ကို အရမ်းကြိုက်တဲ့။ 'ချစ်' မဟုတ်ဘူးလား။ 'ဗဲရီး' ကို 'အရမ်း' တဲ့။  ဘသာစကားမတူတာကို အံဝင်ဂွင်ကျအောင် ဘာသာပြန်ရတာက တကယ်ခက်တယ်။ ကျွန်တော်က သိပ်နားမလည်။ ဒေါက်တာတင့်ဆွေ ၁၆-၅-၂၀၁၉

“မန်းလေး”

‘မန်းလေး’ ဆိုတာ ‘မန်းကြီး’ ရဲ့သား။ ‘မန်းဖိုး’ ရဲ့ မြေး။ သူကနေမွေးတော့ ‘မန်းပေါက်စ’ နဲ့ ‘မန်းပိစိကွေးလေး’ တွေ။ ဗိုလ်ချုပ်အောင်ဆန်းလမ်း ခေါ် ၈၄ လမ်းပေါ်မှာ ‘မန်းအလေးအလွင့်' တွေ မရှိသင့်ပါ။ ဒေါက်တာတင့်ဆွေ

လုလင်

လုလင်ပျို လို့ရေးရင် လူပျိုပေါက်လို့ အဓိပ္ပါယ် ရသလားဆရာ လုလင် = ပျိုရွယ်သောယောက်ျား။ ပျိုပျိုရွယ်ရွယ်။ လုလင်သမဲ၊ အမိညဲတို့၊ ရဲလော့အလှူ၊  နလင်းကျော်ဟုလည်းခေါ်သော လုလင်ကျော်ပင်သည် ကရဝေးပင် သစ်ကြံပိုးပင်မျိုးတို့နှင့်အတူ လော်ရေးစီအီးမျိုးရင်းတွင် ပါဝင်သည်။ မြို့လုလင်ရွာ မကွေးခရိုင်၊ ဓမ္မလုလင် ယမကာလုလင် စောင်းအိုလုလင် စောင်းအိုလုလင်ဆုတောင်း (ဂီတလုလင်မောင်ကိုကို) https://www.youtube.com/watch?v=OTr0G1mqGCI စကားတခွန်းတော့ မှတ်မိသလိုပင် သူတခါတလေ ပြောဖူးတယ် မြို့မရဲ့အတီးနားထောင်ချင် ဖွဲနွဲ့လို့ တီးသံကြားရင် ဆီးကြိုလှည့် ညိုနွဲ့ချိုပြုံးရွှင် တူရိယာလုလင် https://www.youtube.com/watch?v=NuykiUaoyNU စောင်းအိုလုလင် တင်တင်မြ အခုတော့ တဝဂူ နဲ့ ပုဂံမြို့ဟောင်းတနေရာ ကို မှန်အောင်ရေးတတ်သူ ရှားသွားပြီ။ မြန်မာစာကို တဝဂူထဲမှာ ပိတ်လှောင်ထားတယ်။ ဒေါက်တာတင့်ဆွေ

မြန်မာသံ ဖလှယ်တဲ့အခါ

မေးခွန်း = အင်္ဂလိပ် စာလုံးကို မြန်မာသံဖလှယ်တဲ့အခါ သတ်မှတ်စည်းကမ်းတွေရှိပါသလား၊ ဥပမာ- B ကို ဘ၊ V ကို ဗ မျိုးပါ။ ဒီအချက်အလက်ကိုလည်း တင်ပြဘူးတယ်။ ဘာသာပြန်နည်းမူ ရှိခဲ့ပါတယ်။ အင်္ဂလိပ် ကိုလိုနီခေတ်မှာ ရုံးစာသုံးအတွက် ဘာသာပြန်နည်းစနစ်ထားခဲ့တယ်။ Gazette ဂဇက် ခေါ် ပြန်တမ်းမှာ သုံးတယ်။ မြို့အမည်များ Akyab စစ်တွေ၊  Ava အင်းဝ၊  Bassein ပုသိမ်၊  Irrawaddy ဧရာဝတီ၊ Moulmein မော်လမြိုင်၊ Pegu ပဲခူး၊  Prome ပြည်၊  Rangoon ရန်ကုန်၊ Syriam သန်လျင်၊ Tavoy ထားဝယ်၊  ပါဠိစာလုံးတွေကို အင်္ဂလိပ်လိုရေးနည်းလည်း စနစ်ရှိခဲ့တယ်။ Anatta အနတ္တ Anicca အနိစ္စ Duḥkha (Dukkha) ဒုက္ခ Magga မဂ္ဂ Nirodha နိရောဓ Samudaya ယမုဒယ Vipassana ဝိပဿနာ ကြာတော့ စနစ်တွေက ပျက်ယွင်းလာတယ်။ မသုံးတတ်သူတွေ များလာတယ်။ ရေးချင်သလို ရေးလာကြတယ်။  ခေတ်သဘောအရ ပြောင်းလဲရတာလည်း အမှန်ရှိပါတယ်။ တိုင်းပြည်အမည်နဲ့ မြို့အမည်တွေရဲ့ အင်္ဂလိပ်လို စာလုံးပေါင်းတွေကို အစိုးရလုပ်သူက အပြောင်းခိုင်းတယ်။ တက်နေတဲ့အစိုးရလက်ထဲမှာ။ တခြားနိုင်ငံတချို့မှာလည်း ပြောင်းပါတယ်။ ဥပမာ အိန္ဒိယ။ မြို့အမည်တချို့ကို ပြောင်းထားတယ်။ တိုင်းပြည်အမည် Bhārat ကိုတော့ လွှတ်တော်မှာ ပြောင

မန္တလေးစာလုံး ဘယ်လိုရေးသနည်း

ကွန်မင့်တခု = မန္တလေး  စာရိုက်ရတာခက်တယ် ဒါကြောင့် မန်လေး‌ ရးတယ် ကွန်မင့်တခု = မန္တ​လေးကိုချစ်လို့မန်း​လေးလို့​ရေးပါသည် မန္တ​လေးခြင်းထပ်​အောင်စာရိုက်ရ​တော့ အလွယ်​ရေးမိပါသည် တချိန်ကမန်းမှာ မာဇူးတက်ခဲ့ ခု ​tgi သားဖြစ်လဲ ဘယ်လိုပင်ပူလဲချစ် အဲ့ကအစား​တွေအကုန်ကြိုက် မင်းကွန်းသွားလဲ ခို​တောင်ဝယ်စား မန်းတမြို့လုံးအသုပ်​တွေဝယ်စား ပဲမှုံ့​ကြောင့်အရာသာကွာတာသိပြီးသား တခါတော့ တင်ပြပြီးသား။ ထပ်ရေးပါဦးမယ်။ မန္တလေးလို့ ဖုန်းကီးဘုတ်ကနေ စာရိုက်ချင်ရင် - မ ရိုက်ပြီး န ကို စက္ကန့်ဝက်လောက်ကြာအောင် ဖိထားရင် န၊ န္တ၊ န္တ၊ န္ဒ၊ န္ဓ၊ န္န ဆိုပြီး ၆ မျိုးပေါ်လာလိမ့်မယ်။ လိုတာကို ရွေးပါလေ။ ပြီးရင် လေး။ စုစုပေါင်း ၃ ချက်ရိုက်ရတယ်။ မန်းလေး ကို ရိုက်ချင်ရင် - မ + န + -် + -း ပြီးရင် လေး။ စုစုပေါင်း ၅ ချက်။ တချို့က အလွယ်ရေးတာပါလို့ ဆင်ခြေပေးကြပါတယ်။ ပိုမလွယ်ပါ။  မှု - မှု့ တ - တစ် သိ - သိ့ တခြားဆင်ခြေတွေကကတော့ ခြေရာလေးရာ မကဘူး။ ကန်တော့။ ဒေါက်တာတင့်ဆွေ

ပီသ ကြည်မြစေသတည်း

ကွန်မင့်တခု = အခေါ်အဝေါ်ကို ပြောတာပါ။ ရေးထုံးအရ မန္တလေး လို့ ရေးကြပေမယ့် မန္တလေး ဒေသခံတွေကတော့ အပြောစကားမှာ ဘယ်သူမှ မန်း-တ(ဒ)-လေး လို့ မပြောကြပဲ မန်းလေး လို့သာ ပြောကြပါတယ်။ တ(ဒ) အသံကို နိမ့်ထားပေမဲ့ တမင်တကာ ဖျောက်ထားတာတော့ မဟုတ်ပါ။ အသံအကြောင်း ကောင်းကောင်းသိကြတဲ့ တေးဂီတသမားတွေက ပိုသိတယ်။ မကြားရလောက်တဲ့အသံကိုပါ ကြားသိကြသူတွေ။  စာရေးတာကို အသံထွက်ဖတ်ခြင်း၊ သီဆိုခြင်းတို့ရဲ့သဘောက နက်နဲတယ်။  မြင်းခြံ စာလုံးမှာ ခြံ ကို ဂျန် လို့ လေးလေးပင်ပင်ထွက်ရတယ်။ စကားသံပီသူသူတွေက မန္တလေး မှာ ဒ သံမထည့်ဘဲ မပြောကြပါ။ ရန်ကုန် မှာလည်း ဂုံ သံက လေးပင်တယ်။ နေပြည်တော် မှာ ဒေါ် သံ။ တောင်ကြီး ဂျီး သံ။ မကွေး ဂွေး သံ။ ရေနံချောင်း ဂျောင်း သံ။ မန္တလေးကို ဒ သံဖျောက်ထွက်ခြင်းဟာ စကားကောင်းကောင်း မပီသတာ။ ကန်တော့ + ဆောရီး။ ရွှေမိုးညို (ရေး - နန်းတော်ရှေ့ဆရာတင်) မိုးတွေကညို ရွာမလိုလို နဲ့ ဟိုနန်းတော်ရှေ့သို့ ညွှန်းရမယ့် သဏ္ဌာန်ပိုလို လွမ်းကာနဲ့ အသံကုန်ဆို ရန်ကုန်မြို့အတွင်း ကိုယ့်သီချင်းလေးကိုယ် ရေးလို့ဆို ရန်ကုန်မြို့အတွင်း ကိုယ့်သီချင်းလေးကိုယ် ရေးလို့ဆို ဟိုတောင်စဉ်နယ်မှာလေ ကြာဖြူကြာဝါတွေက ပေါပါဘိသနှယ် တို့မောင်တင်ရေ လာယင

စွဲသွားပြီးရင်

ကွန်မင့်တခု = ဘာအကြောင်းရေးရေး စာအဆုံးမှာ တ,မှန် တစ်,မှား စာလေးနဲ့ အဆုံးသတ်တတ်တာကိုတော့ သဘောကျလို့မဆုံးပါ ဆေးကျောင်းမှာ အတန်းတူတက်တဲ့ သူငယ်ချင်းတယောက်က ဘိန်းဖြတ်ဆေးရုံအုပ်ကြီးဖြစ်တယ်။ သူ့ဆီလာသမျှကလည်း ဘိန်းဖြတ်ချင်သူတွေ။ သူ့ဆေးရုံကို မလာတဲ့ဘိန်းစားက အဆမတန် ပိုများတယ်။ ကျွန်တော်ကတော့ ဆေးရုံလာမတက်ရဲတဲ့သူတွေကို ပိုသိတယ်။ စွဲသွားပြီးရင် အဖြတ်ရခက်တာတွေထဲမှာ သိန်း၊ ဘိန်းဖြူ၊ အရက်၊ ဆေးလိပ်၊ စိတ်ကြွဆေးတွေသာမက အယူစွဲမှားတွေလည်း ပါတယ်။ ဒေါက်တာတင့်ဆွေ

အသံထွက်အဘိဓာန်

ကွန်မင့်တခု = မန္တလေးသူ/မန္တလေးသားတွေကတော့စကားပြောရင်မန်းလေးပဲပြောကြပါတယ်အဲ့ဒါမှမန်းလေးသားအစစ်ပါဗျ ကွန်မင့်ကို ဖြေရမှာ အားတော့နာတယ်။ သဘောမကျရင် ကျွန်တော့ကို ဘလော့နိုင်ပါတယ်။ ကျွနတော်က မန္တလေးသား မဟုတ်ပါ။ ၈ နှစ်သာ ဆေးပညာသင်စဉ်က နေဘူးတယ်။ ကျွန်တော်က ပုလဲနယ်မှာ မွေးပြီး၊ မုံရွာမှာ စာသင်ခဲ့တဲ့သူ။ ပုလဲမြို့နယ်တခုလုံး လူဦးရေ ၂၀၁၄ စာရင်းအရ ၁၄၄၀၀၆ ယောက်ရှိတယ်။ စကားပြောသံတွေ အတော်ကို မတူကြပါ။ အနောက်ခြမ်း သုံးပုံတပုံမှာ ယောနွယ်ဆက်တွေ နေထိုင်ကြတယ်။ သူတို့စကားသံကို ကျွန်တော်က အကုန်နားမလည်ပါ။ မြို့နယ်ဆရာဝန်က လူကြီးမင်းတို့ စကားပြောတာမမှန်ပါလို့ မပြောခဲ့ပါ။ အစစ်ပါလို့ပြောရောင်းတဲ့ဆေးတွေအကြောင်း တင်ပြထားပါတယ်။ အစစ်ဆိုတာ ဂွကျတဲ့အသုံးစကားဖြစ်ပါတယ်။ စာလုံးပေါင်းသတ်ပုံအတွက်သာ အဘိဓာန်တွေ သတ်ပုံကျမ်းတွေ ရှိတယ်။ အသံထွက်အဘိဓာန်ထုတ်ရင် ပိုဆိုးမယ်။ မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၈-၇၉-၈၀) ထုတ်ထဲမှာ အသံထွက်လည်း ပါတယ်။ ကောင်းတယ်။ မန္တလေးလို့တော့မပါ။  မန်းဆန် = အသံထွက် မန်းဆန်။ မန္တလေးမင်းနေပြည် ထီးနန်း၊ အလေ့စရိုက်ကိုစွဲ၍ တင်စားသုံးသည်။ မန္တရား အသံထွက် မန်းဒယား။ မန်းယား မဟုတ်ပါ။ ဒေါက်တာတင့်ဆွေ

ရွှေမန်းဆီသို့

ကွန်မင့်တခု = မန္တလေးဦးဘသိန်းရေးပြီး မစိမ်းစိမ်းဆိုသွားတဲ့ ရွှေမန်းဆီသို့ သီချင်းအချပိုဒ် မဟာမြတ်မုနိ ကိုယ်တော် စံရာကိုပင် ဖူးတွေ့နိုင်ပါသည်။ ခေတ်စားပြီးနောက် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်လို့ထင်မိပါတယ်ဆရာ။ ဟုတ်တယ်။ စာထဲမှာထည့်မလို့ ကျန်သွားတယ်။ ကျေးဇူး။ ရွှေမန်းဆီသို့သီချင်းသည် ဦးဘသိန်းက ​ရေးစပ်ခဲ့​သော မန္တ​လေးမြို့ဖွဲ့ သီချင်းတပုဒ်ဖြစ်သည်။ ရွှေမန်းဆီသို့ဟု အစချီ​သော ဤသီချင်းသည် မန္တ​လေးနန်း​တော်၏ သာယာလှပပုံ၊ ရန်ကင်း​တောင်၊ ​အောင်ပင်လယ်ကန်များအ​ကြောင်း၊ ထိုမှတဆင့် မန္တ​လေး​တောင်​ပေါ်မှ​နေ၍ ပတ်ဝန်းကျင်ကို ရှုကြည့်ရာတွင် သခင်မ​တောင်​တော်၊ မင်းကွန်းပုထိုး​တော်ကြီး၊ ဧရာဝတီမြစ်ကြောင်းမှတဆင့် စစ်ကိုင်း​တောင်၊မင်းဝံ​​တောင်များနှင့် ​ဇေယျာရွှေ​မြေ​ခေါ်စစ်ကိုင်း၊ ဤဘက်ကမ်းသို့ ပြန်ကြည့်လျှင် အမရပူရရှိ ရွှေကြက်ယက်၊ ရွှေကြက်ကျ​စေတီများ၊ တဖန်မြို့တွင်းမှ မဟာမုနိဘုရားတို့အ​ကြောင်းကို ​ရေးဖွဲ့ထားသည်။ ဤသီချင်းကို သရုပ်​ဆောင်မြင့်မြင့်ခင်က ဤလူ့​ဘောင်ဇာတ်ကားတွင် ​နောက်ခံ​တေးအဖြစ် သီဆိုထားသည်။ ထို့​နောက် ​တေးသံရှင် မစိမ်းစိမ်းမှ ပြန်လည်သီဆိုရာ ​အောင်မြင်ခဲ့ပြီး ​နောင်နှစ်​ပေါင်းများစွာ ပရိသတ်များအကြားပျံ့လွင

ဟိုဘက်မှာ ဟိုမှာဘက်

မင်္ဂလာပါရှင့် (ဟိုမှာဘက်)ဆိုတဲ့ အသုံးအနူန်းက ဘာအဓိပ္ပါယ်လဲဟင် (ဟိုဘက်မှာ)လို့ ပြောချင်တာမဟုတ်ဘူးလား။ ဟိုမှာဘက် ဆိုတော့ ဘာစကားလဲ သိပါရစေ။ မြန်မာစာမှာရောရှိလား။ ဟိုမှာဘက်ဆိုတဲ့ အသုံးကို မျက်ရည်လောကများ၏ ဟိုမှာဘက် ဆိုတဲ့ တက္ကသိုလ်ဘုန်းနိုင်စာအုပ်ကိုလည်း ကြားဖူးပါတယ်။ တခြားဘယ်မှာ ဘာအဓိပ္ပါယ်နဲ့သုံးပါသလဲရှင့်။ အစဉ်အဆက်အသုံးစကားကတော့ ဟိုဘက်မှာ။  ဟို တလုံးတည်းက အတိအကျမသိသေးတာ၊ မရေရာတာကို ဆိုလိုတယ်။ ခပ်လှမ်းလှမ်းလို့လည်း ဆိုလိုတယ်။  ဟိုကွာ ဆိုတာ ဘာပြောဆိုရမှန်း ပြောမထွက်သေးတဲံ စကားနိဒါန်းသဘောဖြစ်တယ်။ ဟို နောက်ကနေ နာမ်တခုခုထည့်လိုက်ရင် အထူးပြုပုဒ် ဖြစ်မယ်။ ဟိုဘက်၊ ဟိုကောင်၊ ဟိုလူ၊ ဟိုမြို့ရွာ စသဖြင့် ရှိတယ်။ နာမဝိသသနပုဒ်။ ဟိုဘက်မှာ ဆိုတာက တဘက်ကမ်း၊ တဘက်ရွာ၊ တဘက်နိုင်ငံ စသည်။ (၁) ဟိုဘက်ကမ်းက မီးထိန်ထိန် သည်ဘက်ကမ်းက မီးထိန်ထိန် ဆီမီးထိန်ထိန်လင်းပါတဲ့ မနှင်းတို့အိမ်။ (၂) ဟိုတောင်ဆီရယ်က ညိုတိုတိုရယ် ညိုတိုတိုရယ် မိုးဆိုထင့် ဆိုထင့် မိုးဆိုထင့် ရွာတော့မယ်ဗျာ။ ဟိုမှာဘက် အသုံးကတော့ အစဉ်အလာအသုံးနဲ့ မတူအောင်သုံးတာဖြစ်ပါတယ်။ လူ့စိတ်နေသဘောမှာ သူများနဲ့မတူရင် သူ့ကို၊ သူပြောတာကို၊ သူရေးတာက လူတွေက စိတ်ဝင်စာ

မန္တလေးမုံ့တီ ကွန်မင့်များ

ကွန်မင့်တခု = မုန့်တီကဆီနဲ့ပဲမှုန့်များမှစားကောင်းတာဆရာ ဟုတ်တယ်။ မန္တလေးမုန့်တီ၊ ခိုတောင်မုန့်တီဆိုရင် ပဲမှုန့်နဲ့ ဆီလိုတယ်။ ဆနွင်းမှုန့်လည်း လိုတာဘဲ။ ထည့်တဲ့အဆာပလာက အပိုတွေပါနေပြန်ရင် စားမကောင်းပါ။ ဖေ့စ်ဘွတ်မှာ ဆီမပါဟင်းဆိုပြီး ရေးနေကြတာတွေ ခဏခဏဖတ်ရတယ်။ စတန့်ထွင်တယ်လို့ ခေါ်တယ်။ ဟိုတန်းက စတန့်မင်းသားတွေ ခေတ်စားတယ်။ သူများမလုပ်နိုင်တာကို အဆန်းထွင်လုပ်သူမျိုးကိုခေါ်တယ်။ ဆန်းတိုင်းတော့ မကောင်းပါ။ ဆီဆိုတာ မပါတာ၊ အသင့်အတင့်ပါနဲ့ ဆီများများ ဆီရွှဲရွှဲလိုတာရယ်လို့ ရှိတယ်။ အညာသားတွေက ဆီသုံးများတယ်။ ချင်းလူမျိုးတွေက ငရုတ်သီးထောင်းမှာ ဆီမပါတာတွေ့တော့ ဆန်းနေတယ်။ နောက်တော့ သူတို့လိုထောင်းရင် ဆီးမဆမ်းဘဲစားတော့တယ်။ ဘယ်အရာမဆို အပိုမပါ လိုတာမရှိ တည့်မှန်မှသာ ကောင်းတယ်။ ကွန်မင့်တခု = မန်းလေး။ ၂၀၁၈ ခုနှစ်က ဒီလိုရက်တွေမှာ အလည်ရောက်တော့ မန္တလေးသူ မန္တလေးသားတွေက နားမလေးကြပါ။ သူတို့ကျွေးသမျှလည်း ဆားအနေတော်တယ်။ ဆားမလေးကြပါ။  အခုမှသာ မန္တလေးကို အမည်သစ်နဲ့ ကင်ပွန်းတပ်နေကြတာတွေ ဖတ်ရတယ်။ မန္တလေးသူ မန္တလေးသားအစစ်တွေတော့ မဟုတ်လောက်။ မန္တလေးမှာ ပျံကျတွေများနေတယ်လို့ တယောက်က ပြောတယ်။ ကွန်မင့်တခု = ဘယ်မုံ့က မှန်တာလဲ

သမိုင်းမှန်ရှာရတာ ခက်သထက် ခက်လာနေတယ်

ကွန်မင့်တခု = (စ)ဘုရားစောင်းတန်းမှာ "မဟာမုနိရုပ်ရှင်တော်မြတ်" နဖူးစီးစာတန်းကြီး ငယ်ငယ်က တွေ့ဖူးပါတယ်။ ဒါပေမယ့် အရပ်ထဲတော့ ဘယ်ခါပြောပြော "မဟာမြတ်မုနိ ဘုရားကြီး"ချည်းပါပဲ။ ဘုရားကြီးဘွဲ့မည် စာနဲ့ အရပ်စကား ၂မျိုးကွဲနေတဲ့ သမိုင်းကြောင်းလေးများ သိထား မီထားယင် မျှဝေပါဦးဆရာ။ (ဆုံး) ဟုတ်တယ်။ ကျွန်တော်တို့လည်း မဟာမြတ်မုနိလို့သာ ပြောလေ့ရှိတယ။ ဆိုင်းဘုတ်အရ ကြိုးစားပြီး မဟာကို ဖြုတ်ထားရတော့တယ်။  ဘယ်ဘုရားဖြစ်ဖြစ် ဘုရားသမိုင်းတွေကို သမိုင်းဆရာအစစ်တွေက ပြုစုတာ မဟုတ်ပါ။  ကျွန်တော်တို့တိုင်းပြည်မှာ သမိုင်းမှန်ရှာရတာ ခက်သထက် ခက်လာနေတယ်။ အရပ်ရပ်က ဘုရားသမိုင်းတွေ ငယ်ငယ်ကတော့ ဖတ်ဘူးတယ်။ ဖတ်လို့တော့ကောင်းပါရဲ့။ ကန်တော့။ ဒေါက်တာတင့်ဆွေ

များတိုင်းလည်း မကောင်း

ဖေ့စ်ဘွတ်ဒုက္ခတွေအကြာင်း တင်ပြထားပြီးပြီ။ အခုနေရာ ၃ ခုကို ပုံမှန်အတိုင်း သုံးလို့တော့ရပြီ။  ဒါပေမဲ့ လူများများဆီ မရောက်အောင် ကန့်သတ်ထားတယ်လို့ ထင်ကြောင်းလည်း တင်ပြထားပါတယ်။ လူများများဖတ်မိတာက 'ပေ့ချ်' ဖြစ်ပါတယ်။ သုံးမရသေးတဲ့ 'ပေ့ချ် 'မှာ 'လိုက်' နဲ့ 'ဖေါ်လိုဝါ' ‘၁၀၀ ကေ’ ဝန်းကျင်ရှိတယ်။ အခုနေရာမှာ တခုက ‘၆၁ ကေ’ နဲ့ ‘၆၅ ကေ’။ တခုက ‘၁၀ ကေ’ နဲ့ ‘၁၂ ကေ’။  ‘၆၁ ကေ’ နဲ့ ‘၆၅ ကေ’ ကတော့ တဦးတလေမှ တိုးမလာ။ ဒီနေ့လယ်မှာ တခုက ‘၁၀ ကေ’ နဲ့ ‘၁၃ ကေ’ ဖြစ်လာတယ်။ ဝမ်းသာမိတယ်။ အရေအတွက်တော့ တိုးလာပါရဲ့။ တချို့ကို ‘ဘလော့’ ရတယ်။ ‘ဘလော့’ ရသူတွေရဲ့ အကောင့်အမည်တွေက သူများတွေနဲ့ မတူတဲ့ စိတ်မူရှိမယ်လို့ ဆရာဝန်ကတော့ ယူဆတယ်။  ‘ဂေါက်’၊ ‘ရွှီး’၊ ‘သူကလွဲရင် အလကားကောင်တွေ’၊ ‘ငါ့သဘော’ စတာတွေ။ နောက်ဆုံးဘလော့ရသူရဲ့ အကောင့်က ‘လိင်အင်္ဂါစာလုံး’ ပါတယ်။ အရေအတွက်များတိုင်း မစွံတတ်ပါ။ ဒေါက်တာတင့်ဆွေ

တောင်ကို အမည်ပြောင်းချင်ရင်

ကွန်မင့်တခု = (စ) မန်းလေး ရေးတယ် အားလုံးနားလည်တယ် မန္တလေး မရေးတာနဲ့ပဲ မန္တလေးသား မဟုတ်လောက်ဘူးတဲ့ (ဒုက္ခပဲ) မုံ့က ရှေးတုန်းကရေးတယ် အခု ဘယ်နားကြည့်ကြည့် မုန့်ပဲ 99% စောစောရေးတာမှအမှန်လား ဆရာဆီ အရင် သွားတိုင်တဲ့ကောင်ကို အမှန်ပေးသလိုဖြစ်နေပြီ (ဆုံး) မန္တလေးသားတွေ ကိုယ်တိုင်က မန္တလေးမှာ ပျံကျတွေများလာလို့ စာလည်းမမှန်၊ ယဉ်ကျေးမှုပါ ကျဆင်းတယ်လို့ ရေးကြပါတယ်။ မန္တလေး မဟာမြတ်မုနိဘုရားကြီးဆိုင်းဘုတ် ပြောင်းရေးကြတော့မလား မသိပါ။ မန္တလေးတက္ကသိုလ်ဆိုင်းဘုတ်လည်း ရေးရတာ နည်းနည်းလေးတိုတာပေါ့။ မန္တလေးဘူတာကြီးအမည်ပြောင်းရင် မန္တလေးကို မြန်မြန်ရောက်မှာပေါ့။ မန္တလေးတောင်ကို အမည်ပြောင်းချင်ရင် ရသေ့ကြီးဦးခန္တီကို စိတ်မှန်းနဲ့ လျှောက်ထားဘို့ မမေ့ပါနဲ့။ ဒီလိုတင်ပြပေမဲ့ ကျွန်တော့မှာ အာဏာမရှိပါ။ စာကိုမှန်အောင်းမရေးတဲ့မေးခွန်းလာလည်း မချွင်းမချန် ဖြေပါတယ်။ ကင်ဆာလည်း ဖြေတယ်။ ကင်စာလည်း ဖြေပါတယ်။  မန်းလေး လို့ ဂျီပီအက်စ်မှာ ရှာတာ မတွေ့သေးပါ။ မြန်မြန်ပြောင်းကြပေတော့။ ဒေါက်တာတင့်ဆွေ

Kerosene Lamp လူကြီးနဲ့ လူရွယ် ဘာကွာသနည်း

ဇာတာသက် ကွာတယ်။ အလုပ်အပင်ပန်းခံနိုင်တာ ကွာတယ်။ သန်မာမှု ကွာတယ်။ ရှိသေးတယ်။ ဘုရားရှေ့မှာလည်း ကွာတယ်။ ဘုန်းကြီးရှေ့မှာလည်း ကွာတယ်။ ဒေါ်မြမြအေး သီလယူ တရားနာချိန်မှာ ကုလားထိုင်ပေါ်ထိုင်ရတာ နှစ်နှစ်လောက်ရှိပြီ။ ဆရာတော်တွေကလည်း ခွင့်ပြုထားတယ်။ သူ့အဖေါ်တစုနဲ့အတူ ကုလားထိုင်ကိုယ်စီနဲ့။ ကျွန်တော် ဒီအသင်းထဲဝင်နိုင်လာတာ တလရှိသွားပြီ။ အရင်ကတော့ မှီစရာတခုရှာပြီး ထိုင်ပါတယ်။ အခု အဆင်မြင့်သွားပြီ။ ကုလားထိုင်နဲ့။ အသက်ကြီးတော့ တနည်းသာတယ်ဆိုတာ ဒါကို ဆိုလိုတာ။ လူ့ဘဝဆိုတာ အပြေးပြိုင်ပွဲနဲ့ ပြောင်းပြန်။ ပန်းတိုင်ကို အရင်ရောက်သူဆိုတာ ဘဝအဆုံးကို အရင်ရောက်တာ။ ယုန်လို ပြေးလမ်းမှာ အိပ်နေလည်း ပန်းဝင်ရမှာဘဲ။ မုံရွာက ကျွန်တော့ငယ်ဆရာတဦး နာရေးသတင်းသိရတယ်။ မီးစာကုန် ဆီခန်း။ မီးစာလည်းရှည်သေး၊ ဆီလည်း ကျန်သေးပေမဲ့ မီးတောက်ငြိမ်းတဲ့အဖြစ်မျိုးကလည်း ရှိသေးတယ်။ နေကောင်းကြစေသတည်း။ ဒေါက်တာတင့်ဆွေ

ပညာ၏သဘော

ကွန်မင့်တခု = (စ) သတ်ပုံမှန်ဆိုတာက ခေတ်တိုင်းခေတ်တိုင်းရဲ့ ကိုယ်စားပြု သတ်ပုံကိုဆိုလိုတာပေါ့ ဥပမာ စာရေးသူရဲ့ခေတ်မှာ မိုး ဖတ်စာ သင်ခန်းစာ က မှန်ပြီး အရင်ခေတ်က မိုဃ်း ဘတ်စာ သင်္ခဏ်းစာ ကသာ မှန်တယ် မိုဃ်းမှန်တဲ့ခေတ်ကလူက မိုးမှန်တဲ့ခေတ်ကသူကို သတ်ပုံအမှားတွေရေးနေတယ်လို့ ပြောခဲ့ရင်တောင် ခေတ်ဟောင်းအတွေးနဲ့ပြောနေသူမို့ သူစကားမှားတယ် ဆိုမရပါဘူး။ ခေတ်တိုင်းခေတ်တိုင်း သူ့ခေတ်နဲ့သူ သတ်ပုံတွေမှန်နေတာပါပဲ (ဆုံး) အဲလိုထင်တာ မဟုတ်ပါ။ ခေတ်တခုတည်းမှာလည်း မူကွဲတွေ ရှိသေးတယ်။ ခေတ်ကိုကာလပိုင်းခြားပြောရတာက တယောက်တမျိုး။ ဆိုပါစို့ လွတ်လပ်ရေးရပြီး အနှစ် ၂၀။ အဲဒီခေတ်ထဲမှာထုတ်တဲ့ သတ်ပုံကျမ်းတွေတိုင်းက တထပ်တည်းမကျပါ။' မိုး' ရော 'မိုဃ်း' ပါ တခေတ်တည်းမှာ ပုံနှိပ်ထားတာတွေ ဖတ်ရတယ်။  ကျွန်တော်က ဖတ်တဲ့သူတွေရဲ့ အချိန်ကိုတွက်ဆပြီး စာကို ရှည်ရှည်မရေးပါ။ စာလေး တပုဒ်၊ နှစ်ပုဒ်သာဖတ်ရသူတွေက ဟိုဟာ မပါသေးဘူး၊ မစုံလင်ဘူး စသဖြင့် ပြောကြပါတယ်။ သူတို့ထောက်ပြချက် အများစုကို တင်ပြထားပြီးသား။ ကျွန်တော် မှားမယ်ထင်တာတွေကို စစ်စစ်ပေါက်ပေါက်လိုက်ရှာကြတယ်။ စာဖတ်တာကိုတော့ အားပေးပါတယ်။ တချို့ကတော့ ကတွတ်ပေါက်က ငါးစောင့်နေတဲ့ဗျ

အမှားမပါ ဒေါက်တာတင့်ဆွေ မဟုတ်

တချုံကွယ် တမယ်မေ့တတ်သူရဲ့ (မောင်သာရ) ဒေါက်တာတင့်ဆွေ အမှားမပါ ဒေါက်တာတင့်ဆွေ မဟုတ် ကွန်မင့်တခု = ဆရာလည်း စာလုံးပေါင်းသတ်ပုံကို သတိထားစေချင်တယ်ဗျ။ keypad ကြောင့်လား အော်တို type ကြောင့်လားမသိစာလုံးပေါင်းသတ်ပုံ ခနခနအမှားပါနေတာတွေ့ရတယ်။ ကျွန်တော် လွဲမှားတာတွေကို တွေ့တိုင်း ပြင်ပါတယ်။ စေတနာနဲ့ ပြင်ပေးနေသူ ၃-၄ ဦးရှိတယ်။ သူတို့က မက်စင်ဂျာကနေ ဘယ်နေရာမှာ၊ ဘယ်လိုပြင်သင့်လို့ပါ ထောက်ပြကြတယ်။ ကျေးဇူးကြီးတယ်။ ကွန်မင့်နေ ထောက်ပြတာကို ကျွန်တော်က ပြင်ပြီးတာနဲ့ သူတို့ကွန်မင့်ကို ဖျက်ပေးကြသေးတယ်။ ခဏခဏလို့ ရေးရတယ်။ အမှားမပါ ဒေါက်တာတင့်ဆွေ မဟုတ်။ ဟိုအရင်ကစာတွေမှာ ပိုမှားတယ်။ ပြင်လို့ရတိုင်း ပြင်ပါတယ်။ သေသလိုဖြစ်နေတဲ့ ဘလော့တခုကိုတော့ ပြင်မရတော့ပါ။ ဆောရီး။ အသစ်တင်မရ အဟောင်းလည်း ပြင်မရ။ ဖတ်လို့တော့ ရတယ်။ တယောက်ယောက်ကနေ မှားပါတယ်ပြောတာနဲ့ ဘယ်စာထဲက ဘယ်နေရာကို သိဘို့ခက်တယ်။ စာတွေက တနေ့မှာ အပုဒ် ၂၀ မက တင်နေရလို့ဖြစ်တယ်။ ပြင်စရာလေးတခုသိရတိုင်း ဖေ့စ်ဘွတ် ၃ နေရာ၊ ဘလော့ တခုနဲ့ တယ်လီဂရမ် နေရာအကုန်ကို လိုက်ပြင်ရတယ်။  ဖောင့်နဲ့ ကီးဘုတ် ယူနီကုတ်ပြောင်းကတည်းက ခက်တာတွေ ရှိလာတယ်။ ကျွန်တော်က ကွန်ပြူတာမှာစာရေးပြီး ဖေါင့်ကွန်

ဒို့စာ

ဒို့စာ လို့ ထပ်ဖြည့်ချင်သေးတယ်။ အမျိုးအမည်လည်း သိတယ်။ ဖေ့စ်ဘွတ်။ စာလုံးပေါင်းက ပြည်။ ဒါပေမဲ့ သီချင်း၊ ကဗျာ၊ ကာတွန်း၊ သံချပ်၊ ဆောင်ပုဒ် စတာတွေမှာ အသံအရရေးတာမျိုးလည်း ရှိတယ်။ ၁၉၆၀ ထုတ် ကြေးမုံသတင်းစာပါကာတွန်းအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ

သုပ် သုတ် သုက် သုဒ်

(ကန်တော့) ကွန်မင့်တခု = သုတ်ရည်လား သုတ်ရေ လား အမှန်ပြောပါလား ဆရာသမား ရှမ်းမလေး သုပ်ရေရွှဲရွှဲ စားကောင်းဆိုပဲ ပြောသံကြား အဟဲ သုတ်၊ သုပ်၊ သုဒ်၊ သုက် စာ တင်ပြထားတယ်။ အများဖတ်တဲ့နေရာမျိုးမှာ အတတ်နိုင်ဆုံး ယဉ်ကျေးရပါတယ်။ မတတ်သာလို့ရေးရရင် ကန်တော့လို့ ရေးရတယ်။ သုပ် နဲ့ သုတ် https://dr-tint-swe.blogspot.com/2021/07/blog-post_394.html သုပ် သုတ် သုက် သုဒ် https://dr-tint-swe.blogspot.com/2021/04/blog-post_79.html ဒေါက်တာတင့်ဆွေ

ဘယ်အရောင်ကြိုက်သလဲလို လုပ်လို့မရတာတွေ ရှိတယ်

ကွန်မင့်မေးခွန်းတခု = မုန့် က မှန်တယ်လို့ ထင်ပါတယ် ဆရာ မှားရင်လည်း ပြင်ပါ့မယ်ရှင့် မုံ့ နဲ့ မုန့် စာကို အခါပေါင်းများစွာ တင်ပြထားတယ်။ အကိုအကားအထောက်အထား အခိုင်အလုံနဲ့ တင်ပြထားတယ်။  မြန်မာစာမှာ မူကွဲတွေ ရှိတယ်။ မူလွဲတွေ ရှိတယ်။ မူမှားတွေလည်း ရှိတယ်။  မုံ့ နဲ့ မုန့်၊ ပထမ နဲ့ ပဌမ တို့က မူကွဲတွေ။ မူကွဲစာလုံးတွေကိုလည်း အခါပေါင်းများစွာ တင်ပြထားတယ်။ ကျမကတော့ ဒီဟာကို မှန်တယ်ထင်ပါတယ်။ ကျွန်တော်ကတော့ ဒါကိုကြိုက်တယ် ဆိုတာက စားစရာတို့ အဝတ်အစားတို့ကိုသာ ရွေးပြောရတာဖြစ်ပါတယ်။ မြန်မာစာမှာ ဘယ်အရောင်ကြိုက်သလဲလို လုပ်လို့မရတာတွေ ရှိတယ်။ မြန်မာစာဆရာလုပ်သူတွေကနေ သတ်ပုံအရွေခိုင်းနေကြတယ်။ မှန်ရင် အစိမ်းရောင်၊ မှားရင် အနီရောင် သင်္ကေတတွေနဲ့။ ရွေးပြတာတွေမှာ မှားနေတာတွေလည်း တွေ့ရတယ်။ မူကွဲစာလုံးတွေကို အမှားပြတားတာလည်း တွေ့တယ်။ အမှားစာလုံးကို အစိမ်းရောင်အမှန်ခြစ်ထားတာလည်း တွေ့တယ်။ အဲလို အပြည့်အစုံမမှန်တဲ့ မြန်မာစာ၊ တရားစာ၊ ဆေးစာတွေဆိုရင် တယောက်ပြီးတယောက်က ကူးယူတင်ပြနေကြတယ်။  ကနေ့ခေတ်မြန်မာပြည်မှာ ထင်သလိုရေးနေသူတွေက တဝက်၊ တကြောင်းဆွဲတသွေးတသံတမိန့်က တဝက်။ မြန်မာစာ သက်တမ်း တထောင်ကျော်ပြီ။ ကျယ်ပြန့်လေးနက်တယ်။ ခေတ်

ယောစကားသံ

(တနေရာကနေ ကူးယူထာတာဖြစ်ပါတယ်။) ကုန်သည် = ကုန်သယ် (ယောသံ အောက်သံ တူညီပါသည်) စည်ကား = စယ်ကား (ယောသံ “ယ”သတ်ဖြင့် ဖလှယ်၍ပြောပါသည်) ထင်းစည်း = ထင်းစဲ (ယောသံက နောက်ပစ်သံဖြင့် ဖလှယ်၍ပြောပါသည်) မလုပ်ချည်နဲ့ = မလုပ်ချေန (သဝေထိုးသံဖြင့် ပြောပါသည်။ အစည်းအဝေး = အစည်းအဝေး (ယောသံနှင့်အောက်သံတူညီပါသည်) လမ်းပေါ်မသွားနဲ့လို့ပြောတာ ဘာလို့သွားတာလဲ၊ သေသွားချင်သလား  လမ်းပေါ်မသွားပါနလို့ ပြောတာ ပါလို့ သွားတာလဲ သေသွားချင် ဒလော မင်းကောင်မလေး သိပ်ချောပါတကား၊ သိပ်ချောလှပါတကား ငါနေမကောင်းဘူး၊ ထမင်းစားဂျင်ဇိတ်လည်းမရှိဘူး၊ ပြန်ကြဒေါ့မလား၊ နောက်လာဂဲ့ဘာအုံး တတ်ပါ့ တတ်နိုင်လွန်းတယ် ခက်ပါ့ ခက်ရချေရဲ့ ဝေါဟာရအားဖြင့်ကွဲပြားခြင်း ချိန်ခွင် = ရာဇူ ငါးစပ်စောင် = တင်းတိမ် ဂရုစိုက် = အလေးမူ နှစ်သက် = ဝမ်းပါး (နှစ်ခြိုက်ဝမ်းပါး၊ မြင်မိငြားလည်း၊ ရပ်ခြားလူ့ရွာ၊ မကျွမ်းပါသော်၊ ချင်းရာစိမ်းဆွဲ၊ မေတ္တာလဲခဲ့) မျက်နှာကျက် = မာလဖျင် ဆူးပုတ်ရွက် = လဟော်ရွက် (လေဟော်ရွက်) ကူညီသည် = ပေါင်သည် အခွံခွာ(နွှာ) = အခွံနွေး အရပ်တူတူ = အရပ်အရှဲ့ရှဲ့ ထမင်းကြော်= ထမင်းလှုံ့ တမင်းလုပ်သည် = အရွေ့လုပ်သည် (အရွေ့တမင့်လုပ်သည်) အလကားစသည် = အရွေ့စသည် (နောက

ဆရာဇော်ဂျီ၏ စာပေများနှင့် ပတ်သက်ပြီး အကျယ်လေ့လာနိုင်ရန် လမ်းညွှန်

(ပြန်စစ်ရပါဦးမည်) ဆရာဇော်ဂျီ နိဒါန်း ဆရာဇော်ဂျီ (၁၉၀၇ - ၁၉၉၀) ချောင်းပြင်မှာ စီတန်းလို့ ဗေဒါပန်း ရေကြင်ဆွေ မျောလို့သာနေ။ ကမ်းတွေ့မှာခွေ ကမ်းပြေတော့စင်း၊ သည်ချောင်းရေ လေမခတ်တယ် စီးတတ်လေခြင်း။   ။ (ဇော်ဂျီ) ဧရာဝတီတိုင်းသား၊ မြစ်ဝကျွန်းပေါ်သားတို့အတွက် စွဲထင်နေသောမြင်ကွင်း၊ မြစ်ရိုး ချောင်းရိုးတွင် စုန်ဆန်သွားလာနေသော ဗေဒါပန်းကလေးများ၏ အသွင်အပြင်တွင် “ဘဝအားမာန်” ကိုထည့်သွင်းကာ တင်စားဖွဲ့ဆိုခဲ့သူမှာ ဧရာဝတီတိုင်းသား၊ မြစ်ဝကျွန်းပေါ်သား ဆရာဇော်ဂျီပင် ဖြစ်ပေသည်။ ဆရာဇော်ဂျီသည် ခေတ်စမ်းစာဆို၊ အမျိုးသားစာဆိုကြီးအဖြစ် မြန်မာနိုင်ငံသမိုင်းတွင် မော်ကွန်းတင်ထားရသည့် စာဆိုကြီးတဦးဖြစ်လေသည်။ စင်စစ်ဆိုလျှင် ဆရာဇော်ဂျီ၏ ဂုဏ်ပုဒ်နှင့် စွမ်းဆောင်ချက်များမှာ ချီးကျူးဖွင့်ဆိုရေးသားဖော်ကျူး ကာ မကုန်နိုင်အောင်ပင် ရှိပါသည်။ သို့သော် ဧရာဝတီတိုင်းသား၊ မြစ်ဝကျွန်းပေါ်သားတဦးအနေဖြင့် ဂုဏ်ပြုမှတ်တမ်းတင်ရခြင်းသာ ဖြစ်ပါသည်။ အမျိုးသားစာဆိုကြီး ဆရာဇော်ဂျီ၏ ဘဝနှင့်စာပေကို လေ့လာခြင်း၏ နိဒါန်းမျှသာဖြစ်ပါသည်။ ဆရာဇော်ဂျီသည် ဖျာပုံဇာတိဖြစ်ကာ မြစ်ဝကျွန်းပေါ်သားတဦး ဖြစ်ပါသည်။ ဆရာဇော်ဂျီကို ၁၉၀၇ ခု၊ ဧပြီလ ၁၂ ရက်နေ့တွင် ဖျာပုံမြို့