Skip to main content

Posts

Showing posts from March, 2023

မုံ့ပျားသလက်

မြန်မာ့ရိုးရာ မုန့်ပြားသလပ် မုန့်ပျားသလက်လို့ ရေးရတယ်။  မုံ့ပျားသလက်လည်း မှန်တယ်။ ဒေါက်တာတင့်ဆွေ

ထမင်းတလုတ်

၁၉၄၇ ဘယ်လိုလဲ သူငယ်ချင်း ထမင်းတမတ်၊ ဟင်းတမတ်ဖြင့် မင်းငတ် ငါငတ်၊ ဘိုင်ပြတ်လမ်းဘေး ဆိင်ကလေးဝယ်၊ လွေးကြအရိုး နံသိုးချဉ်စုတ်၊ ပလုတ်ပလောင်း ဝမ်းဟောင်းလောင်းကြောင့် စားကောင်းသည်ဘဲ “တိုက်ပွဲအစ၊ ဒါဘဲဗျ” ဟု ဖွင့်ဟ ကြွေးကြော်ခဲ့ဘူးသည်။ (ဒေါင်းနွယ်ဆွေ) ကဗျာကို အစ အဆုံးမကူးအားသေးပါ။ ချစ်တီးထမင်းအရောင်းကြောငြာတခုမှာ တစ်လုတ်ဆိုတစ်လုတ် တစ်လုတ်ပြီးတစ်လုပ် လို့ ရေးထာလို့ သက်သေခံပစ္စည်း လိုက်ရှာလို့ ဒီကဗျာ တွေ့ပါတယ်။ ကနေ့ခေတ်မှာ ထမင်းတလုတ်မခက်သူတွေက စာကိုတော့ မှန်အောင် မရေးတတ်ကြပါ။ ကနေ့ခေတ်မြန်မာစာ နံသိုးချဉ်စုတ် နေပါပကော။ ကန်တော့။ ဒေါက်တာတင့်ဆွေ

လိပ် နှင့် လိတ်

၁။ ပဲလိတ် ပဲလိပ် အမှန်သိလိုပါသည်။ ကျေးဇူးတင်ပါသည်။ (ပဲလိပ်) ၂။ သလိတ်စစ်ရင် ဘယ်ေလာက်ေပးရလဲရှင့် သိတဲ့သူရှိရင်ေြပါေပးပါေနာ် ဆရာဝန်ကို မေးတာ မဟုတ်ပါ။ ကင်ဆာအုပ်စုမှာ တွေ့တာ။ ၃။ ဆရာရှင့် လိပ် နဲ့ လိတ် အဓိပ္ပာယ်သိချင်လို့ပါ ဆရာ အလံကိုလိတ်တာလို့  ရေးရသလား လိပ်တာလို့ ရေးရတာလား မကွဲပြားလို့ပါ ဆရာ လိပ် စက္ကူလိပ် ဆေးလိပ် နေရပ်လိပ်စာ ဖျာလိပ် ဗိုင်းလိပ်တံ လိပ်ကျည်ပင် လိပ်ကျည်သတ္တဝါ လိပ်ကျောက်မြီး လိပ်ခုံးမိုး လိပ်ခဲတင်းလင်း၊ လိပ်ခဲတဉ်းလည်း၊ လိပ်ခဲတည်းလည်း၊ လိပ်ဆူးရွှေပင် လိပ်တုံး (ရက်ကန်း) လိပ်ပတ်လည်အောင်ပြောပါ လိပ်ပြာ လိပ်ပြာစဉ် လိပ်သည်းကျောက် လိပ်သတ္တဝါ လိပ်ဥ သည်းခြေသလိပ် လိတ် ကျိတ်ကျိတ်လိတ်လိတ် မလိတ်စိန်တပ် အင်္ဂလိတ် (ယုဒသန်) ကနေ့ခေတ်မြန်မာစာ လိပ်ကြီးပက်လက်လှန်ထားသလို ဒေါက်တာတင့်ဆွေ

တတ် တန့်

ဘိုင်အိုစီအဖြေမရခင်အချိန် အရမ်းသွေးပျက်မတန့် တုန်လူပ်တာဖြစ်ဘူးလားရှင် စားမ၀င်အိပ်မပျော် ရင်ဘတ်အောင့်ပြီး နေရထိုင်ရတာလုံး၀အဆင်မပြေဘူးဖြစ်နေလို့ ညမ(ညီမ) မှာ နှလုံးရောဂါလည်း ရှိနေလို ကင်ဆာသာဆို နှလုံးရပ်ပီး(ပြီး) သေပါတော့မယ် ဆရာဝန်ကို မေးတာ မဟုတ်ပါ။ မေးတာက ဖြစ်ဘူးလားသာဖြစ်လို့ မဖြေတော့ပါ။ ၂၅ ယောက်က ဖြေထားတာ တွေ့တယ်။ မေးခွန်းရေးတာကို ပြင်ဦးမယ်။ သွေးပျက်မတတ်လို့ ရေးရ။ တန့် တန့်ကြည့်တောင် တန့်ဆည်မြို့ တန့်ရပ် ရပ်တန့် တတ် ကြည့်တတ် မကြည့်တတ် ကောင်းအောင် လုပ်တတ်သလား စကားပြောတတ် စာရေးတတ် ဆေးကုတတ် ဆေးပညာအတတ် တတ်ကျွမ်းအောင် လေ့လာသင်ယူပါ တတ်စွမ်းသလောက်တော့ လုပ်ပါ တတ်တိုင်း ပညာပြနေသည် တတ်တိုင်း မကြွားသင့် တတ်တိုင်းလုပ် တတ်နိုင် မတတ်နိုင် တတ်နိုင်သလောက်လှူပါ တတ်နိုင်သော တတ်ပွန် တတ်မြောက်ပြီ တတ်ယောင်ကားမလုပ်ပါနှင့် တတ်သိလိမ္မာ တရားဟောတတ် ပညာတတ် ပျက်တတ်  ပြောတတ်ဆိုတတ် ပုတတ်ကောင် ဖြစ်ကတတ်ဆန်း ဖြစ်တတ် ပျက်တတ် ဖွတ်ပတတ် မတတ်နိုင် မတ်တတ်ရပ် မပြီးတတ်သေး လုပ်တတ် ကိုင်တတ် လုပ်တတ် မလုပ်တတ် လူတတ်ကြီးလုပ် သမားဟူးရားအတတ် သွားတတ် သေလုမတတ် အတတ်ပညာ ရှာမှီးပါ အနောတတ်ရေအိုင် အဲတာလိုအမှားမျိုးက ဖြစ်တတ်တယ် ဒေါက်တာတင့်ဆွေ

20 Rivers in 20 Years အနှစ်နှစ်ဆယ် မြစ်နှစ်ဆယ်

• ချင်းတွင်းဘေးမှာလူဖြစ်၊ မူးမြစ်ကို တနှစ်မှာ ဆယ်ခါကျော်ဖြတ်၊ အရှေ့ရပ်က ဧရာဝတီဘေး၊ မန္တလေးမှာ ဆေးပညာသင်ခဲ့ရသည်။  • ဆရာဝန်ဖြစ် ၁၅ နှစ်အကြာ၊ မြန်မာပြည်မှာ သွေးနဲ့ချွေးတို့စီးဆင်းရာ ဒုက္ခမြစ်ကြီးတစင်း ပေါ်ထွန်းလာ၊ နိုင်ငံရေးပင်လယ်မှာ ခုန်ချမိ၊ ကနေ့အထိ။ • မဏိပူရ (မြစ်သာ) မြစ်နဲ့ ကုလားတန် (ချင်သုပွေ) မြစ်တွေကို ကျော်ပြီးသကာလ၊ တရားခံပြေးဘဝ စခဲ့ရတာဟာ ကနေ့အထိပါ။ • ယမုန်နာမြစ်စီးဆင်းရာ ဒေလီမှာသာ၊ အနှစ်နှစ်ဆယ်ကျော်ကြာ၊ မိသားစုထဲက စစ်ထောက်လှမ်းရေး စစ်ဆေးတာ ပဌမဆုံးခံရတဲ့ သားအကြီးရဲ့ အရိုးပြာကို ဂင်္ဂါမြစ်ထဲမှာ မျှောလိုက်ရပါ။ • ဗြဟ္မပုတ္တရကို အခါခါကျော်ဖြတ်၊ နယ်စပ်ကိုခရီးထွက်၊ အသက်ရှင်နေသမျှ ဖြတ်ရတဲ့မြစ်အရေအတွက်၊ အစင်းနှစ်ဆယ်အထက်။ • သောင်ရင်းမြစ်ကို စုန်ဆန်၊ ကျည်ဆံသံနားစွင့်ပြီး၊ ကရင့်နယ်မြေက အစည်းဝေးများ၊ ညီလာခံများ၊ ‘ကျောက်ဖယား’ မြစ်၊ ‘ရိုင်း’ မြစ်၊ ‘သိမ်း’ မြစ်၊ သူများနိုင်ငံကမြစ်များလဲ မရေတွက်နိုင်အား။ • ဒုဒုက္ကရစရိယာကျင့်ရာအနားက သုဇာတာ ရွှေခွက်မျောရာ နာရဉ္ဇရာမြစ်ကိုရောက်တာ ဘယ်နှစ်ခေါက်မှန်းမသိ၊  • သာဝတ္ထိအနားမှာ မပဒါ ပရိဒေဝမီး လောင်မြိုက်တဲ့မြစ်အနား၊ သံဝေဂပွါးခဲ့ဘူးပါ၏။  • ရေတို့မည်သည် မြင့်ရာ

ကကြီး ခခွေး - သျှိုးလိုက်ရတု

က-ကြီး တသွယ်၊ ခ-ခွေးဝယ်နှင့် ဂ-ငယ် ဃ-ကြီး၊ င-တသီးမှာ အပြီး စ-လုံးသာ။ ဆ-လိမ် ဇ-ကွဲ၊ ဈ-မြင်ဆွဲနှင့် ည-လည်း အဝင်ပါတည်း။ … သျှိုး ဂျိတ်(ခါ)ခေါ် ဋ-သံလျင်း၊ ဌ-ဝင်ဘဲနောက် ဍ-ရင်ကောက်သည်၊ ထို့နောက် ဎ-ရေမှုတ်သွင်း၍ ဏ-ကြီးတင်းသည်၊ မယွင်း တ-ဝမ်းပူ။ ထ-ဆင်ထူးရေး၊ ရှေ့ ဒ-ဒွေးနှင့် နောက်ဖေးက ဓ-အောက်ချိုက်ကူ၍။ … သျှိုး န-ငယ်မူ ပ-စောက်ရေး။ ဖ-အုပ်ထုပ်၌၊ ဗ-ထက်ချိုက်သည် နောက်လိုက် ဘ-ကုံးလေးနှင့်။ … သျှိုး မ-နောက်ဖေးက၊ ယ-ရေး ရ-ကြီးခံ။ ထို့နောက်မှန်လှ၊ လ-နှင့် ဝ-မှာ သ-ဟ အစုံရံသည်။   ။ … သျှိုး ဠ-ကြီး အ- နောက်ပိတ်ဆုံးတည့်လေ။ … သျှိုး ဗျည်းဟုခေါ်ကြရာ၊ အက္ခရာသည် မှန်စွာ သုံးဆဲ့သုံးတည့်လေး။   ။ … သျှိုး (အချိုးထောက်)- အက္ခရာ သုံးဆဲ့သုံးကိုမှ စီကုံးလို့ လင်္ကာသွယ်။   ။ ထုံးလိုချေ ရေလိုနှောက်ပါလို့ ကျောင်းထွက်တော့မယ်။   ။ လှကညာ ခင်ဆံတောက်ရယ်က ထင်သလောက် ပြင်နှင့်ကွယ် လာမယ်ပါ့ ပျို့မောင်ထွေး။   ။ (ဘတ်သီးကို ဆင်သလေလေ့) ဘတ်သီးကိုဆင် ဓာတ်မီး ကြည်လင်လင်နှင့် နတ်ကြီးစင် ဟိုအကွေ့ဆီက (ခင်ကညာရေ) … ဆီးကြိုလှည့်လေး။   ။ (ရှေးဆရာ) ရှေးစာကဗျာများ ကျေးဇူး။ ဒေါက်တာတင့်ဆွေ

မော်တော်ယာဉ် နံပတ်ပြား နိုင်ငံရေး

ရွေးကောက်ပွဲဝင်မဲ့ ပါတီတခုက လူတဦးအကြောင်း ရေးနေကြတယ်။ အဲလိုလူစားတွေကို ကကြီးကနေ စရေတွက်ရင် အခုဆို စလုံးလောက် ရောက်နေလောက်ပြီ။ ၃၃ လုံးရှိတယ်။ ဆလိမ်ကနေ အအထိပါလာကြဦးမဲ့သူတွေကို လူကြီးမင်းတချို့က ကနေ့အချိန်မှာ အဟုတ်ကြီးမှတ်ယူ၊ ဆရာကြီး ဆရာမကြီးလို အထင်တော်ကြီးကောင်း ကြီးနေကြနိုင်တယ်။ ဘယ်အရာမဆို သတင်းလေး တစွန်းတစ၊ အဖြစ်အပျက်လေး တဖြတ်စလောက်နဲ့ အကဲမဖြစ်ရပါ။ ၁၉၆၂ ကနေစတွက်စပြီး တွက်ဆစ်သင့်ကြတယ်။ ကကြီးကနေ အထိမလောက်လို့ မော်တော်ယာဉ် နံပတ်ပြားတွေလို လုပ်ကြရနိုင်တယ်။ ဥပမာ PR-23 8888 (A) သူတို့စာရင်းထဲမှာ ကိုယ်မပါဘို့က ပိုအရေးကြီးတယ်။ ဒေါက်တာတင့်ဆွေ

သည်စခန်းသည်လမ်းကပဲလာရသည်

ကိုမြသန်း (မြသန်းတင့်) အလုပ်လုပ်သော သတင်းစာတိုက်က ဗိုလ်ချုပ်လမ်းပေါ်တွင် ရှိသည်။ သို့ရာတွင် စိန်ပေါကျောင်းကြီးကို ကျော်သည်အထိတော့ လျှောက်ရမည်။ ကျွန်တော်တို့ လျှောက်ကြသည်။ ပလက်ဖောင်းစျေးဆိုင်များဆီမှ ညှော်နံ့တွေက သင်းနေသည်။ ဗိုက်ကို တိုက်ရိုက်ဆက်ဆံလာသောကြောင့် မွန်ရိုး၏ မျက်လုံးပြာများထက် လှုံ့ဆွမှုအင်အား အများကြီးသာ၏။ နေက ပူဆဲ။ ပလက်ဖောင်းတွေကလည်း ပူဆဲ။ တိုက်ပုံအင်္ကျီတွေကို လူရိုသေ ရှင်ရိုသေဖြစ်အောင် ဝတ်လာမိတော့ ချွေးတွေက အလိုက်ကမ်းဆိုးမသိ ထွက်နေသည်။ သတင်းစာတိုက် အောက်ထပ် လက်ထောက် အယ်ဒီတာစားပွဲတွင် ကိုမြသန်းကလည်း လူရိုသေရှင်ရိုသေဖွယ် တိုက်ပုံအင်္ကျီနှင့် ကုန်းကုန်းလေး ထိုင်အလုပ်လုပ်နေသည်။ သူ့မှာက ကျွန်တော်တို့ထက် သာသော လူရိုသေ၊ ရှင်ရိုသေဖွယ် ပစ္စည်းတခုရှိနေသေးသည်။ သူ့မျက်မှန်ကြီး။ သူ့မျက်မှန်ကြီးက တော်တော်ထူသည်။ စာဖွဲ့လောက်အောင်ထူသည်။ အမှန်လည်း သူ့မျက်မှန်ထူကြီးအကြောင်းကို သူငယ်ချင်း စာရေးဆရာ ကျော်အောင်က စာဖွဲ့ပြီးလေပြီ။ သူက တိုးညင်းသာသာ မေး၏။ "ဘယ်က လှည့်လာကြသလဲ" ခင်မောင်အေးက ဖြေ၏။ "ဒီလိုပဲ" ကျွန်တော်ကလည်း ခင်မောင်အေး သံယောင်လိုက်ပြီး ဖြေ၏။ "ဒီလိုပဲလေ" ကျွ

ဖိုးမောင်လာပြီ

မှိုင်းညို ညဉ့်ရိပ်၊ လူခြေတိတ်၌ ရေဆိပ် အနား၊ ရွာတံခါးမှ ဂုပ်ကျား ကျယ်လောင်၊ ဆီးကြို ဟောင်သော် ဖိုးမောင်လာပြီ ဆိုကြသည်။ ။ ဟောင်သံ ရပ်၍ ထက်ကြပ် ပေါ်လာ၊ အသံမှာကား ညခါ ငါးထောင်၊ မောင်ဖိုးမောင်သည် ရွာတောင် ချောင်းက ပြန်ခဲ့ပြီ။ ။ ဖိုးမောင်သံကြား၊ ကင်းသမားက တံခါးကြီး အောက်၊ မလွယ်ပေါက်ကို တယောက်ဝင်သာ၊ ဖွင့်လိုက်ပါသော် ယာတွင် အုပ်ဆောင်း၊ ဝဲတက်ချောင်းနှင့် ခါးစောင်း ကိုယ်ကိုင်း၊ ငါးပလိုင်းကို လွယ်သိုင်းပြီးလျှင်၊ ရွာကို ဝင်သည် လူပင် လေလား တစ္ဆေလား။ ။ တစ္ဆေ မကြောက်၊ မြွေ မကြောက်ပဲ တယောက်တည်းပင်၊ ညဥ့်မှောင်တွင်၌ သူလျှင် ငါးရှာ၊ မကျွေးပါက ထိုရွာသူသား၊ လူအများတို့ ငါးစို ငါးစိမ်း ငတ်ပေလိမ့်။ ဆောင်းတည၌ ချမ်းမြ စိမ့်အေး၊ လခြမ်း ကွေး၍ ရွာဘေး ကျီပျက်၊ မှောင်နက်နက်မှ ဇီးကွက်က အော်၊ တောက်တဲ့ ကြော်စဉ် ရွာပေါ် လွမ်းအောင်၊ ဂုပ်ကျား ဟောင်သည် ဖိုးမောင် လာချိန်ပါတကား။ ။ သို့ဖြစ်သော်ငြား၊ ခါတပါးသို့ တံခါး ဝင်လို၊ သူ မဆိုပဲ မောင်းကို ထုပါ၊ လူစုပါဟေ့ ရွာကို ဘေးမှ၊ ကာကွယ်ကြလော့ ဒမြ ငါ့အား၊ ဖမ်းထား ဟု စကား မဆုံး၊ ဟစ်အော်တုန်းတွင် ဒိုင်း ဒုန်းဒိန်းသံ၊ ရွာလုံး ညံသည် ချောင်းယံပဲ့ထင် ထပ်သတည်း။ ။ ဖိုးမောင့် နိဂုံး၊ ဤတွင်

ရေသောက်ဆင်းသည့် လမင်း

ကံလှေနဲ့ ချွေးထွက်အောင်လှော်ခဲ့တဲ့ ကျွန်တော်တို့  အဆုံးမှာတော့ ကမ်းပေါ်ကို ရောက်နိုင်ကြပါသည်။ ရေပြင်ကား ကျယ်လွန်းလှ၏။ တဘက်ကမ်းကိုလည်း လှမ်းမြင်ရပါသည်။  လမင်းကား ရေနစ်နေတော့၏။ ၂၉-၁၀-၂၀၂၁ နေ့က ရေးခဲ့ခြင်းဖြစ်သည်။  ယခု ၂၀၂၃ ခုနှစ်မှာ လခြမ်းဟာ ယာခင်လယ်ကွင်းတွေထဲ ဆင်းတဲ့ပုံကို ပြချင်ပါသည်။  သူ့ခေတ်က စက်ရုံတွေကနေ မီးခိုးထွက်နေတဲ့ပုံကို ဆွဲသွားပါသည်။ ဗန်ဂိုးသာ ရှိသေးရင် မြန်မာပြည်က တောနယ်တွေမှာ မီးခိုးတွေ အူနေတဲ့ပုံ ဆွဲမည်လားမသိပါ။  (Van Goh ဗင်းဆင့် ဗန်ဂိုး ပန်းချီ) ဒေါက်တာတင့်ဆွေ

"စာပေလွတ်လပ်ခွင့်"

သင်္ကြန်သံချပ်၊ စပ်ရကောင်းလား သတင်းမှားဖြင့် ငါ့အား "၀မ်နင်" ပေးခဲ့သည်။ သင်္ကြန်သံချပ်၊ စပ်ရိုးမရှိ ငါလည်းမသိ။ သင်္ကြန်မင်းသား၊ ငါကားမဟုတ် လူအုပ်ကြားတွင် လှောင်လား၊ ပြောင်လား၊ အကြောင်သားနှင့် ငါကား သရုပ်မဆောင်တတ်။ တခါဖူးမျှ ၊ အရူးထ၍ တန်ခူးလမင်းသား၊ လုပ်စားခဲ့ဖူးခြင်း အလျှင်းမရှိ။ သို့ပါသော်လည်း အပျော်သင်္ကြန်၊ ပျော်ပွဲခံစဉ် သံသေးသံကြောင်၊ သံချပ်လှောင်၍ ပွဲဆူအောင်လုပ်၊ အကြံထုတ်သတဲ့ ဟုတ်လိုက်ပလေ၊ အရှုပ်အမှိုက်ပွေခဲ့။ ငါမဟုတ်လည်း ဟုတ်သလိုလို၊ စွဲချက်ဆို၍ ငါ့ကိုဖမ်းရန် ကြံရော့သလား။ သတင်းစာတွင် အမနာပ၊ အပုပ်ချ၍ စာစ တတို၊ ကဗျာတို အများ နေ့တိုင်း ရေးသားလျှက်။ ငါ့ကိုမူကား၊ သတင်းကြားဖြင့် ဖမ်းလားဆီးလား၊ မတရားအမှု ပြုချင်ပေသည်၊ ကြံကြသည်။ စာပေလွတ်လပ်ခွင့်၊ သတင်းစာလွတ်လပ်ခွင့် အခွင့်မရ၊ လုံး၀ပိတ်ဆို့ ငါတို့တိုင်းပြည်၊ စစ်တိုင်းပြည်ဟူ၍ ပြည်သူတိုင်းက၊ သိနေကြသည် ကာလ အတန်ကြာခဲ့ပြီ။ ။ (တင်မိုး - ၁၊ ဧပြီ၊ ၁၉၉၉။ ကြာသပတေးနေ့ ညနေခင်း) ၃၁၊ ၃၊ ၁၉၉၉ ညနေ ၂း၀၀ နာရီမှာ ခရိုင်နှင့် မြို့နယ် ခရက နှင့် မရက တို့က သတိပေးခြင်းခံရသည်။ ဒေါက်တာတင့်ဆွေ

Proud Person ဂုဏ်ယူခြင်းအကြောင်း

ဒီမိုက​ရေစီ ပီသလွန်းသွားတာလား ဆရာ ဘယ်အကြောင်းအရာ ဘယ်စာကို ပြောသလဲ မသိပါ။ ဘာ​ကောင်ပဲဖြစ်ဖြစ် တစ်ပါ ဆရာ ပြန်ရေးရန် မရှိပါ။  အဲလိုရေးပြီးမှ ရှေ့နောက်စကားမညီသူက ရေးပါဦးမည်။ ကိုယ့်အဖြစ်၊ ကိုယ့်အရည်အချင်း၊ ကိုယ့်ခံယူချက်အတွက် ဂုဏ်ယူကြခြင်းကို ဆေးစာနဲ့ဆို 'နော်မယ်လ်' လို့ ခေါ်ပါတယ်။ ပုံမှန်။ ဖြစ်ချင်ရာဖြစ် မောင်ဘချစ်လိုလူစားက မများလှပါ။ တဝမ်းပူစာလုံးတွေကို စသတ်စေလို့ ညွှန်ကြားချက်နဲ့အညီ သင်ကြား၊ လိုက်နာ၊ ရေးသားသူဦးရေဟာ အဆမတန်များပါတယ်။ ဘိုလိုဆို 'မဂျော်ရတီ'။  ရွေးကောက်ပွဲ သမာသမတ်လုပ်ရင် သူတို့ပါတီက အမတ်တွေသာ လွှတ်တော်တက်ရမယ်။ စကားရည်လုပွဲမှာလည်း အနိုင်ရကြပါလိမ့်မယ်။ စကားရည်လုပွဲဆိုတာ အပြောကောင်းသူတွေကိုသာ အနိုင်ပေးလေ့ရှိတယ်။ ပညာနဲ့ ဆန်းစစ်တာ မဟုတ်။ အပျော်သဘော။ ရွေးကောက်ပွဲတိုင်းလည်း သမာသမတ်ကျလေ့မရှိပါ။ သန့်ရှင်းတဲ့ရွေးကောက်ပွဲမှာ အနိုင်ရသူတွေ အဖမ်းခံကြရ၊ ထွက်ပြေးကြရတာကတော့ မြန်မာပြည်မှာသာ ရှိတယ်။ တကြိမ်မကပါ။ ဒေါ်နယ်ထရမ့် တရားရင်ဆိုင်နေရပြီ။ မြန်မာပြည်မဟုတ်ဘဲကိုး။ သူတို့ဆီမှာ 'အေ ပရက်ဆီးဒင့်' ကို စပယ်လင် မပြင်ကြပါ။ မြန်မာပြည်မဟုတ်ဘဲကိုး။ ဒေါက်တာတင့်ဆွေ

ပုံကိုဖတ်ခြင်း

နေနဲ့ တောင်တန်းကို အဝေးမှာလှမ်းမြင်ရတဲ့အရပ်ဟာ မြန်မာပြည်အလယ်ပိုင်းက မိုးခေါင်ရေရှားရပ်ဝန်း။  နေထွက်တာကို တောင်တန်းပေါ်မှာ မြင်ရရင် အရှေ့အရပ်က ရှမ်းကုန်းပြင်မြင့်။ နေဝင်ချိန်သာဆိုရင် အနောက်ရိုးမ တောင်တန်းကြီး။ ကောက်ရိုးပုံနဲ့ နွားတရှဉ်း၊ တမာပင်နဲ့ လူနေတဲတို့သည်ကား ဟိုအရင် နှစ်တရာမကကတည်းက မြင်ကွင်း။ ပြောင်းလဲခြင်းမရှိ။ နေထွက် နေဝင်သလိုသာ ပုံမှန်ရှိ။ ပကတိ။ ဟိုအဝေးက တာဝါတိုင်သည်ကား တောသားများ စားသုံးရန်မဟုတ်။ သြော် သဘာဝတရားဟာ တိုးတက်ချမ်းသာလာခြင်း ကင်း၏တကား။ (ပုံအတွက် ကျေးဇူး။) ဒေါက်တာတင့်ဆွေ

တခါတုန်းက

  တခါတုန်းက မုန့်အိုးပုတ်ရွာမှာ ဘယ်လို ကြည်စရာ၊ ရွှင်စရာ၊ ပြုံးစိစိ ဖြစ်စရာလေးတွေ တွေ့ရမလဲဆိုတာကိုတော့ ကိုယ်တိုင်သာ စာအုပ်လေး ဖတ်ရင်း သွားရောက်လည်ပတ်ကြည့်ကြပါတော့လို့ပဲ စာဖတ်သူမိတ်ဆွေများကို လက်တို့လိုက်ပါရစေလား။ (မင်းကံစီ) တခါတုန်းကလို့ရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ တခါတုန်းကလည်း မုံ့လို့သာ ရေးခဲ့ပါသေးတယ်။ ဈေးလည်းချို စားလို့လည်းကောင်းတယ်။ အကြော်တခု ၅ ပြားသာပေးရတယ်။ လက်ဖက်ရည်တခွက် ၁၅ ပြားကနေ တမတ်ဖြစ်တဲ့ခေတ်မှာ ကျွန်တော်တို့ ဆေးပညာသင်ကြရတယ်။ အခုတော့ မုံ့ကို စားစရာလို့သိသူ ရှားပြီ။ တစ်နေတာတွေကိုသာ ဈေးကြီးကြီးပေးရတော့တယ်။ ဒေါက်တာတင့်ဆွေ

ကွန်မင့်အတိုလေးများ

ကွန်မင့်အတိုလေးတွေ လာတတ်တယ်။ အများစုက ဝါကျလေးတကြောင်းသာ။ ဥပမာ ဒီမိုကရေစီများသွားတာလားဆရာ။ ဘယ်အကြောင်းအရာကို ပြောလိုသလဲ မသိ။ ဘယ်ပို့စ်လဲ မသိ။ ကျွန်တော်က နေ့စဉ်နေ့တိုင်း ရေးတင်တာတွေက များတော့ ကိုယ့်စာကိုယ် ပြန်ရှာရတာတောင် ခက်တတ်တယ်။ ဆဲစာကတော့ မလာတာ ကြာပြီ။ အရင်က အကောင့်အတုတွေကနေ လာတယ်။ မော်စကိုပြန်တွေ ဆီကနေ လာတယ်။  အများဆုံးဆဲတာကတော့ ဆေးခြောက်စာ ရေးစဉ်က။ ဘလော့လုပ်လို့ကို မနိုင်အောင် များခဲ့တယ်။ အဲဒါနဲ့ ပို့စ်ကို ဖြုတ်လိုက်ရတယ်။ နောက်တရက်ကျတော့ အဲဒီစာပြန်တင်တယ်။ မှိန်းနေကြလို့လား မသိ။ ဆဲတာ မလာတော့။ အရက်၊ ဆေးလိပ်၊ ဘိန်းဖြူ၊ ဘိန်းမည်းနဲ့ စိတ်ကြွဆေး ပညာပေးတွေ ဘယ်လောက်ရေးရေး မဆဲကြပါ။ ကျေးဇူး။ တချို့ကလည်း ချီးမြှောက်စာရေးပါတယ်။ ဘိုလိုလည်း ရေးတယ်။ ဘယ်အတွက်လဲ မသိ။ ဆေးစာလား၊ နိုင်ငံရေးလား၊ မြန်မာစာနဲ့ သုတစာလား။ အသက်အိုပြီး နေကောင်းနေသေးလို့လား။ အမေရိကားမှာ နေလို့လား။ ကျွန်တော်က ဦးထုပ်တွေ အများကြီး ဆောင်းတယ်။ ဒေါက်တာတင့်ဆွေ

ကျွန်တော်လည်း တရားခံ

သမိုင်းတရားခံများ မောင်သာနိုးရဲ့ နိုင်ငံရေးအမြင်။ နှစ်ကာလများ၊ ပထမအကြိမ်၊ ၂၀၁၈။  တင်ပေးထားသူ ကျေးဇူး။  ဆရာမောင်သာနိုးထောက်ပြတဲ့ တရားခံတွေကို သိကြစေချင်တယ်။ ဆရာမောင်သာနိုး အရေးအသားနဲ့ စာလုံးပေါင်းသတ်ပုံကိုပါ သတိပြုသင့်ကြတယ်။ ကျွန်တော်ကတော့ မောင်သာနိုးလိုအဆင့်ရှိတဲ့ စာရေးဆရာတွေကနေ စာတင်ခံရလောက်အောင်ထိ မစွမ်းပါ။ နဝတခေတ်က မြက်ခင်းသစ်မှာတော့ ဇာတ်လိုက်။ အဲဒါက လုပ်သားပြည်သူ့နေ့စဉ် နောက်ကျော်ဖုံးမှာ တရားခံပြေးသတင်းကနေ စပါတယ်။ ၁၉၉၀ ခု၊ နိုဝင်ဘာလ ၂၈ ရက်နေ့က။ တိုင်းပြည်ကနေထွက်ပြေး၊ ဒီမိုကရေစီရေး ခေါင်းစဉ်နဲ့ နိုင်ငံရေးဆက်လုပ်တာ အနှစ် ၂၀ ကျော်တယ်။ တခါမှာတော့ ကိုယ့်လူကိုယ်ဖက်သားတွေက စာထုတ်တာခံရတယ်။ သမိုင်းတရားခံတမျိုး။ Written by Roman Brutus in Burmese ကျွန်တော်လည်း ခေသူမဟုတ်။ ကျွန်တော်က မဆလ ပါတီဝင် မဖြစ်ခဲ့ပါ။ မဖြစ်တာက မလျှောက်လို့တော့ မဟုတ်။ ဘယ်အစိုးရဝန်ထမ်းမဆို (၉၉%) ပါတီဝင်မှ ဖြစ်တဲ့ခေတ်။ ကျွန်တော့လျှောက်လွှာ ပျောက်ဆိုလား မသိ။ ၁၅ နှစ် အမှုတော်ထမ်းတဲ့အထိ ပါတီဝင်မဖြစ်ခဲ့ပါ။ ပုလဲမြို့နယ်ဆရာဝန်တာဝန်ကျစဉ်က တပ်တွင်းပညာပေး သွားတက်ရတယ်။ ပါတီဝင်မဟုတ်သူဆိုလို့ ကျွန်တော်သာ ရှိမလားဘဲ။ ပညာပေးသတင်တန်းလည်းပြ

သမိုင်းတရားခံများ - မောင်သာနိုး

သမိုင်းတရားခံများ ၂၆ နှစ်ကြာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ကပ်ဆိုးကြီးအတွက် အဓိက တာဝန်ရှိသူဟာ ဦးနေဝင်း ဖြစ်တယ်။ ဒါပေမဲ့ ဦးနေဝင်းဟာ သမိုင်းကပေးတဲ့ ပြစ်ဒဏ်ကို လှလှပပ ခံစားကာ သမိုင်းဇာတ်သိမ်းခဲ့ပါပြီ။ ဒီ မြန်မာ့ဆိုရှယ်လစ် ခေတ်ဆိုးအတွက် သမိုင်းတရားခံက ဦးနေဝင်း တယောက်တည်း မဟုတ်ဘူး။ သူ့ကို ဝိုင်းဝန်းထောက်ခံ မ,ခဲ့ကြတဲ့ နိုင်ငံရေး ခေါင်းဆောင် အမည်ခံ ဗကပပျက်၊ အလံနီပျက်၊ ဆိုရှယ်နီပျက် ရာဇဝင် လူဆိုးလူလိမ်ကြီးတွေနဲ့ အလီဘာဘာ ခိုးသားအပေါင်း (မဆလပါတီ ဝင်သွားသူတွေ) ဖြစ်တယ်။ မဆလ ပါတီ ဝင်ခဲ့တယ် ဆိုကတည်းက သမိုင်း တရားခံ ဖြစ်သွားတာပါပဲ။ သမိုင်းတရားခံ မဖြစ်လိုသူများ မဆလထဲ မဝင် ခဲ့ကြဘူး။ ရန်ကုန်တက္ကသိုလ် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဘကောင်း အသက် ၈၂ နှစ်မှာ ကွယ်လွန်ခဲ့တော့ သူ့အကြောင်း ပြောပြသူ မိတ်ဆွေ တဦးက ကိုဘကောင်းဟာ ကျောင်းသုံးစာအုပ် ရွေးချယ်ရေးအဖွဲ့လို နိုင်ငံ့ဝန်ထမ်းဌာနတွေမှာ တာဝန်တွေ ထမ်းဆောင်ခဲ့သော်လည်း သေဆုံးတဲ့ အထိ မဆလပါတီထဲ မဝင်ခဲ့ဘူးလို့ ပြောသွားတယ်။ ဒါဟာ ကိုဘကောင်းအဖို့ ဂုဏ်ပုဒ်တွေ အမျာကြီးထဲက ဂုဏ်ယူစရာ အကောင်းဆုံးဂုဏ်ပုဒ် ဖြစ်ပါတယ်။  ဒီ မဟာ့မဟာ ဂုဏ်ပုဒ်ကို နောက် တပ်ဆင်ပေးရမယ့် ကျွန်တော်တို့ မိတ်ဆွေ

တပါးသော ယောဂီသည်

သတ်ပုံမှန်မှ တရားမှန်သည်။ တရားပြင်ခြင်း မဟုတ်။ သတ်ပုံပြတာသာဖြစ်ပါသည်။ ဒေါက်တာတင့်ဆွေ ၃၁-၃-၂၀၁၉ Thingyan ငယ်တုန်းကသင်္ကြန် တောကသင်္ကြန်၊ မချမ်းသာတဲ့သူတို့ရဲ့သင်္ကြန်၊ အနုပညာဘာမှမသိသူတို့သင်္ကြန်၊ မုံရွာကသင်္ကြန်ကိုသာ ငယ်စဉ်က ဖြတ်သန်းခဲ့ရပါတယ်။ အခုခေတ်သင်္ကြန်ကိုတော့ လိုက်မမီပါ။ ခုခေတ်လူတွေကလည်း အရင်ကသင်္ကြန်ကို မမီခဲ့ကြဘူး မဟုတ်လား။ စကားပြိုင် ပက်ကြရအောင်။ သင်္ကြန်ကို စိတ်ဝင်စားတာက လူပျိုမဖြစ်ခင်က အကဲဆုံး။ သင်္ကြန်မတိုင်ခင်ကတည်း စိတ်အားတက်ကြွနေကြပြီ။ သင်္ကြန်ကျဖို့က ဘယ်နှစ်ရက်လိုတော့တယ်၊ ပြက္ခဒိန်ကိုနေ့တိုင်းကြည့်ကြ။ ညီအကိုတတွေသာမက၊ သူငယ်ချင်းတွေပါ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြတာ နေ့ညမအားကြပါ။ ဆိုင်ကရောင်းတဲ့ ရေပြွတ်တွေကို မဝယ်နိုင်ကြ၊ ပလပ်စတစ်နဲ့ လုပ်တာတွေကလည်း မပေါ်သေးပါ။ ကိုယ့်ကိုယ်ကိုသာအားကိုးတဲ့အကျင့်က ငယ်ကတည်းကရတာ။ လက်နက်ကိုယ်စီ ရှာရေး စီမံကြတယ်။ တရုပ်လုပ် မဟုတ်၊ မြောက်ကိုရီးယားလုပ် မဟုတ်၊ ဝါးပြွတ် စစ်စတင်းကို ၁၆ နှစ်သား မတိုင်ခင်ကတည်းက ကိုင်ကြတာ။ မုံရွာ ရတနာပုံရပ်ကွက်က ဘေးအိမ်တွေမှာ ဝါးနှီးသပ်ကြတာမို့ ဝါးရှာတာမခက်ပါ။ ခက်တာက ဝါလုံးခပ်သေးသေး အနေတော်ရှာရေး။ ဝါးတဆစ်ကို တဖက်ပွင့်ထား၊ ဝါ

တည်း နှင့် တီး

ဆရာခင်များ ဖန်တည်း နှင့် ဖန်တီး ဘယ်ဟာ သတ်ပုံအမှန်လဲခင်များ (ဖန်တီး) တည်း = ရပ်နားနေထိုင်သည်။ အရပ်တပါးကလာ၍ ဥယျာဉ်သည်အိမ်တွင် တည်းနေပါသည်။ နု။ ၃၂။  ကိုယ်တယောက်တည်း ထင်းရှူးရိပ်မှာကွယ် (ချယ်ရီမြေမြင့် သမီးပျို - မောင်ကြည်တိုး) သတည်း = ကြိယာ၏ ဆောင်ရွက်ချက်ကို ထုတ်ဖော်တင်ပြသော စကားလုံး။ သည်တည်း။ ထို့အတူ အနက်ငါးပါးရှိသည်ချည်း ဖြစ်သတည်း။ ထက်ဒါ။ ၃။ ချစ်အလွမ်းများငြိမ်းစေသတည်း - ချောစုခင်။ အလွမ်းများငြိမ်းစေသတည်း - ကော်နီ။ တည်း ကျပ်တည်း၊ ကြိုးနှင့်တည်း (ချည်နှောင်)၊ ချုပ်တည်းပါ။ စထွက်ကတည်းက၊ စာတည်း။ ညစ်ကျုအထည်း။ တချက်တည်း၊ တခုတည်းသော၊ ကျပ်တည်းကျဉ်းမြောင်း ကြိုးနှင့်တည်း (ချည်နှောင်)၊ ချည်နှောင်တည်း ချုပ်တည်းပါ စထွက်ကတည်းက၊ စာတည်းဖြတ်သည် တချက်တည်း တခုတည်းသော၊ တည်းခိုခန်း တည်းခိုရိပ်သာ တည်းခိုသည် တည်းစပ် တည်းတည်းရင်းရင်း တည်းဖြဋ် = တည်းဖြတ် တည်းလည်းတန်းလန်း တည်းအပ် တယောက်တည်း တသမတ်တည်း တသားတည်းမဟုတ်သော၊ ပိတ်ဖြူရထည်း၊ ဖြစ်တော့သတည်း၊ ဖြစ်လေသတည်း ဖြစ်သတည်း မှန်သည်တည်း၊ အညစ်အထည်း၊ သတ်ပုံသဘောအရ "တည်း (တယောက်တည်း)" က မှန်ပေမဲ့ "ထဲ" လို့လည်း အရင်ကတည်းက ရေးတာတွေ ရှိခဲ့တယ်။ စကားပြောသလိ

သမိုင်းမြင်ကွင်းတခု

သမိုင်းမြင်ကွင်း တစ်ခု လို့ရေးရမလားဗျ မဟုတ်ပါ။ သမိုင်းမြင်ကွင်း တခုသာ။ ကျွန်တော် သူငယ်တန်းလေးကတည်းက အခု အသက် ၇၅ ပြည့်ခါနီးအထိ တဆူ၊ တပါး၊ တဦး၊ တယောက်၊ တကောင်၊ တခုလို့သာ အစဉ်တစိုက် ရေးပါတယ်။ အဲဒီစာလုံးတွေကို စသတ်ထားတဲ့စာ ကဗျာ၊ သီချင်း၊ တရား မဖတ်ပါ။ မှန်အောင်ရေးတဲ့စာအုပ်တွေ ဖတ်လို့မကုန်အောင် အနားမှာ ရှိတယ်။ စာရေးတာ သတ်ပုံမမှန်ရင် အချက်အလက်လည်း မှား။ တရားလည်း မတရား။ ဒေါက်တာတင့်ဆွေ

Footprints and Caps အတိတ် ခြေရာတွေနဲ့ ခေါင်းဆောင်းစရာတွေ

ဆယ်တန်းအထိ စာအတူသင်ခဲ့တဲ့ သူငယ်ချင်းတယောက်က မောင့်ကျက်သရေခေါင်းပေါင်းပုံနဲ့ တင်ထားတယ်။ သူလည်း အိမ်တွင်းပြတိုက်မှာ ထားရတော့တဲ့ပုံဘဲ။ ရှေ့နေအလုပ် ဥပဒေအလုပ်တွေက နားရပြီ။ ကျွန်တော့အတိတ်မှာ ခြေရာတွေနဲ့အတူ ခေါင်းဆောင်းစရာတွေလည်း ပါတယ်။ လူရည်ချွန်ဦးထုပ် မဆောင်းရဘူးပါ။ ဆေးကျောင်းရောက်တော့ ခွဲခန်းမွေးခန်းတွေမှာ ခွဲစိတ်ခန်းသုံးကက်ပ် သုံးရတယ်။ ဖေါင်ကြီး သင်တန်း ၄ လတိတိ စစ်သုံးသံခမောက်နဲ့။ ၁၉၉၀ တုန်းက နယ်တွေသွားတဲ့အခါ ဝါးခမောက်ဆောင်းဖြစ်တယ်။ တိုင်းပြည်ကနေ ထွက်ပြေးရတော့ လမ်းမှာ မန်းကီးကက်ပ် ဆောင်းရသေးတယ်။ တနေ့က အသက်သိပ်မကွာသူတယောက်ကို ပြောဖြစ်တယ်။ နံပြားဦးထုပ်ခေါ် ဂျင်းတဲလ်မင်းတွေလို ဦးထုပ် ပြားပြား မဆောင်းပါလို့။ ကျွန်တော်က ကက်ပ်ဦးထုပ်ဆောင်းတာ ဝါသနာ။ အခုဆို လေးငါးခြောက်လုံးရှိတယ်။ ဆောင်းတွင်းတိုင်းမှာ အိမ်ပြင်ထွက်တိုင်း ကက်ပ်ဦးထုပ်ဆောင်းတယ်။ ခေါင်းစွပ်ကို အလွန်အေးမှသာ သုံးတယ်။ ၂၀၁၈ အလည်ပြန်စဉ်က တယောက်ကလက်ဆောင်ပေးလိုက်တဲ့ အဝတ်စနဲ့ချုပ်တဲ့ ဦးထုပ် ပျော့ပျော့လေးလည်း တခါခါ ဆောင်းပါတယ်။ မြို့နယ်ဆရာဝန်ဘဝ တင်းနစ်ရိုက်တုန်းက ဆောင်းခဲ့ဘူးတာမျိုး။ မြန်မာသဘာသာပြန်ဆရာလုပ်စဉ်က စပိန်စကားပြော ကျောင်းသူကျောင်းသားစ

သစ်နေဆဲ သမိုင်းမြင်ကွင်းတခု

ဒီပုံကို ရိုက်တာ မကြာသေးလို့ ထင်တယ်။ ပုံအတွက် ကျေးဇူး။ ကျွန်တော် ၅ တန်းကနေ ဆယ်တန်းအောင်တဲ့အထိ နွေရာသီ ကျောင်းပိတ်ရက်တိုင်းမှာ ရွာကို အလည်ပြန်တယ်။ မွေးဇာတိရွာက ယမားချောင်းဘေး မြေနိမ့်ရာမှာရှိလို့ ၃ တောင်ထူးတာနဲ့ ရေထွက်တယ်။ ရေကလည်း အေးလို့ ကြည်လို့။ တအိမ်မှာ ရေတွင်း ၂ တွင်းစီရှိကြတယ်။ တတွင်းက ချိုးရေ သုံးရေ။ တတွင်းက အခင်းစိုက်ဘို့။ ချင်းတွင်းမြစ်ထဲကို တောင်ယမားနဲ့ မြောက်ယမား ယမားနှစ်ခု စီးဝင်ကြပါတယ်။ ယမားဆိုတာ မိုးရွာမှ ရေလာတာ။ မင်းရွာတောင်ဘက်မှာ တောင်ယမားချောင်းရှိတယ်။ တောင်ယမား တောင်ဘက်က မကွေးတိုင်း၊ မြိုင်နယ်။ ကျွန်တော့ရွာက စစ်ကိုင်းတိုင်း၊ ပုလဲနယ်။ မင်းရွာတောင်ဘက်မှာ ကျောက်တောင်ရွာရှိတယ်။ မြေအမြင့်မို့ ရေရှားလို့ ကျောက်တောင်ရွာသူတွေက ယမားထဲမှာ လက်ယက်တွင်းလေးတွေကိုလာပြီး ရေခပ်ကြရတယ်။ ၂၀၁၈ ခုနှစ်နွေရာသီမှာ အလည်ပြန်တော့ လက်ယက်တွင်းလေးတွေ ရှာကြည့်မိသေးတယ်။ နှစ်ပေါင်း ၇၀ အတွင်း ဘာတွေ ပြောင်းလဲသွားသနည်း။  လက်ယက်တွင်းမှာ ရေလာခပ်သူတွေ အရင်က ပြာသိုအိုး ခေါ် မြေအိုးတွေကို သုံးကြရတယ်။ အခုတော့ မြေအိုးကနေ ပလပ်စတစ်ပုံးတွေအဖြစ် ပြောင်းတာ ထူးခြား တိုးတက်သည်။ ရေခပ်စရာအဖြစ် အုန်းခွံနဲ့လုပ်ထားပြီး လက်က

ပန်းနှင့် ကြယ်

မိုးပေါ်က ကြယ် မြေဝယ်က ပန်း။  စုန်ဆန်ကာ ဘဝကူးလို့ရယ် မြူးလိုက်ချင်စမ်း။  မြေမှာက ပင်လယ် မိုးကြယ်ဝယ် တိမ်များ။  အငွေ့အရည် ဘဝကူးလို့ရယ် မြူးလိုက်ချင်သား။  ပန်းလှေငယ် ဆင် ပင်လယ်မှာ လှော်ကူး။  ကြယ်နန်းမှာ တိမ်လွှာစီးမယ် ငြီးလိမ့် ထင်ဘူး။  ပန်းနှင့် ကြယ် ဘယ်ဟာက တော်လေငဲ့။  ချစ်သူခင် ရွေးရန်ခက်လျှင် ပန်းအလယ် ကြယ်စင်ဝှက်လို့ မောင်ဆက်မယ် ကွဲ့။  ပန်းကိုတော့ ဆံမှာဆင် ကြယ်စင်တော့ လည်မှာကုံး။  ချစ်သူထံ ပန်းကြယ်ဖြစ်လို့ နေရစ်မယ်ဖုန်း။  ညဉ့်အခါ ပွင့်လွှာပိတ်လို့ ပန်းတိတ်တိတ် နေတတ်တယ်။  နေ့ခင်းဝယ် ကြယ်တွေက ကွယ်သွား။  ခါတရံ သူတို့နွမ်းလို့ ပန်းဖြေရော့လား။  နေ့မှာကား ကြယ် ညဉ့်လယ်ကား ပန်း။  ချစ်ဦးသူ ကိုယ့်ကိုမုန်းလျှင်လ လူ့ခွင်ကို ဤနှယ်ရုန်းလို့ရယ် ပုန်းဖို့ ရွယ်မှန်း။   ။ (မောင်စွမ်းရည်) ရှေးစာကဗျာများကျေးဇူး။ ခါတရံသည် ခါတစ်ရံ မဟုတ်။ ဒေါက်တာတင့်ဆွေ

တကွေ့ သံသရာ

အချစ်ပြုန်းပြီမို  စစ်ရှုံးသူ ရင်နာနာနှင့်  မြကန်သာ ရေညိုဘေးဆီက  ငေးမှိုင်မိ တကိုယ်ယေ။  တဖက်ကမ်းဆီ၌ သမန်းရှည် ချုံနွယ်ရံတဲ့ ငုမောင်နှံ ပင်ပျိုလတ်ကယ်တို့ ရေကြေးမုံ ကန်အစပ်မှာ  မားမတ်လို့နေ။ တပင်မှာ အရွက်အဖူးတွေနှင့် ရှက်ကူး ဝေဝေဆာလိုက်ချည့်  လေလာယင် ရွှေဝါပွင့်တွေက  မြေပထဗျာ ကြွေကာ လွင့်ပါလို့  မာန်ဝင့် တမော်မော်လဲ  တူတူဖေါ် ဟိုဖက်နားဆီက ကျန်အပင် တဖက်သားမှာဖြင့် မကြွားနိုင် အသာငြိမ်လှချည့် ခပ်မှိန်မှိန် ရိုးတံကျဲမှာလ ရွက်အိုတောင် ကြွေမစဲချေဘူ့ ‌ကျေကွဲဘွယ့် သည်ဖြစ်ထွေငယ် ဪ-လှစ်ဖွေမိ အမှန်တရား။ တကွေ့မှာခံ တကွေ့ အသာစံတဲ့ လောကဓံ သည်လိုချည်းပေမို့ ငိုညည်း မပူပင်နှင့်တော့ သူကြဉ်ယင် မင်သူတွေ့ချေလိမ့်  သရုပ်မှန် သည်ဓလေ့ကို  အောက်မေ့ရတကား။ (ဗန်းမော် ညိုနွဲ့) ငွေတာရီမဂ္ဂဇင်း (၁၉၆၂ မေလ) Listener's Heaven Audiobooks - အသံစာအုပ် တကိုယ်ရေကို တကိုယ်ယေလို့ ရေးထားတယ်။ မကြာခဏ တင်ပြပါတယ်။ သီချင်း၊ ကဗျာ၊ သတင်းခေါင်းစဉ်၊ သံချပ်၊ ဆောင်ပုဒ် စတာတွေမှာ အသံ၊ ကာရန်၊ အားအရ စံကိုက်သတ်ပုံမဟုတ်တာလည်း ရေးကြပါတယ်။ တစ်ကိုယ်ယေဆိုရင် မှားတယ်။ တစ်ပင်မှာ အရွက်အဖူးတွေနှင့်မှားတယ်။  တကွေ့ သံသရာသည် တစ်ကွေ့ သံသရာ မဟုတ်။ ဒေါ

တခုသော သင်္ကြန်အခါ

လာလေလေ လိုက်ခဲ့တော့ တို့စရိုက် တို့ဘာသာ နှစ်ဆန်းခါ ပိတောက်ကြွားချိန်မို့ ကစားကာ ရေကြည်ကြည်နှင့် ပီပေသည် ဗမာမျိုးကိုလ တိုးဆင့်၍ ချစ်ခဲ့တာ။   ။ … လာဟေ့ လာဟေ့     ဘုရားကုန်းက၊ တအုန်းအုန်းနဲ့၊ တရုန်းရုန်းလာကြ     ဘယ့်နှာပါလိမ့်     ထိန့်လိုက်တဲ့ အိုးစည်၊ နှဲကလည်း ပီသနဲ့     သီသူက သီကြ၊ ကသူက က လာ     နွားကြီးလည်း ပါသဟေ့     ကျောပေါ်မှာ ကော်ဇော၊ အမွှေးရော သနပ်ခါး     ချိုဖျားမှာ ပိတောက်ပန်းတွေက     တလျှမ်းလျှမ်း ရွှေအဆင်     နွားစိတ်ထဲ အခဲသား ဝင်လိုက်ရ     ရွှင်လိုက်မည့် ဖြစ်ခြင်း…။ (စကားညှပ်) သြော်… ဝဋ်မကင်းသူကိုဖြင့် လွှတ်ခြင်းမှာ ဝါသနာပါတဲ့ ရွှေဗမာ သည်အမျိုးမှာလ အကျိုး သည်လို တူလိုက်ပါ့ ရွှေမဉ္ဇူ နှုတ်ရွှေခွန်းရယ်နဲ့ သွန်းလိုက်မိပါ။   ။ … နှစ်သစ်ကူးတဲ့ တန်ခူးခါမှာ     ဒါနက တဝေဝေ ရေတွေက တရွှဲရွှဲ     ပျော်ပွဲက တဝင့်ဝင့် ကဲလို့သာ ဆင့်ရော့     အရွယ်သင့် အရွယ်ငယ်     ဗမာတွေ ထယ်လိုက်ကြ…။ (စကားညှပ်) ဘယ်မြေဟာ စေတီပေါမယ်လဲ ဘယ်ပြေဟာ အပျော်ကျောမယ်လဲ စိတ်ဇော မြန်ဗမာမှာဖြင့် သံသရာ ဂရုထားသူမို့ ပါးလိုက်ကြ ပျော်ပျော်သာ အခါက နှစ်ဆန်း။ … လကလည်း ရွှင်လန်း     ရွက်ဟောင်းကြွေကြွေ၊ ရွက်သစ်ကယ်ဝေ     လေပြေက ဆန

ဆရာအောင်သင်း

ဆရာအောင်သင်း ဟောပြာချက်လား၊ စာရေးတာလား မသိပါ။ တင်နေကြတာ ဆေးရောင်စုံအမျိုးမျိုးနဲ့ တွေ့နေတယ်။ စာလုံးတွေ လွဲနေသလား။ မူရင်းနဲ့ တိုက်ပြီး စစ်ဆေးကြပါ။ ခေါင်းပေါ်မှာရှိရင် ဆံပင်ကို တန်ဖိုးထားမယ် ဟင်းခွက်ထဲ ရောက်တဲ့အခါ ရွံစရာဖြစ်ရော ဒေါက်တာတင့်ဆွေ

မှီး မြီး မြည်း

၁။ ဆရာရှင့် ဆေးပေးမှီးယူနဲ့ ဆေးပေးမီးယူ ဘယ်ဟာက သတ်ပုံအမှန်လဲဆ်ုတာ သိချင်ပါတယ်ရှင့်။ ဆေးပေးမီးယူ။ မှီးကို ကြိယာအဖြစ် သုံးနိုင်တယ်။ မှီးရေးသည်။ ကိုးကားသည်။ နည်းနာယူသည်။ ၂။ ခွေးမှီးကောက် ကျည်ထောက်စွပ် စကားရဲ့ အဓိပ္ပာယ်က ဘာလဲဗျ သိတဲ့သူများပြောပြကြပါ ကျွန်တော့ကို မေးတာ မဟုတ်ပါ။ မှီး နဲ့ မြီးမှားနေတာ့ ဖြေလိုက်ရင် မေးတာ မဟုတ် ဖြစ်နေမလား မသိပါ။ မှီးကို ကြိယာအဖြစ် သုံးနိုင်တယ်။ မှီးရေးသည်။ ကိုးကားသည်။ နည်းနာယူသည်။ လောကသာရ ဆုံးမစာ - ထုံးတီးနည်းနာ၊ အဖြာဖြာ၌၊ ပညာရှာမှီး၊ မကြီးသက်ရွယ်၊ အငယ်သော်က၊ ကြိုးလုံ့လ၍၊ နှိမ့်ချပုဆစ်၊ ဆရာစစ်၌၊ ကြောက်ချစ်ရိုသေ၊ လုပ်ကျွေးထွေဖြင့်၊ စာပေတတ်ကြောင်း၊ တချောင်းချောင်းလျှင်၊ ခြိမ်မောင်းသည်းခံ၊ ဆရာထံ၌၊ သင်အံကျက်လေ့၊ တနေ့တပါး၊ မှတ်သားလေလေ၊ ဝမ်းထဲခွေ၍၊ အထွေအထူး၊ ဂုဏ်ကျေးဇူးကို။ ။ ဆည်းပူးသိမြင် ကြွယ်စေမင်း။ ၃။ ရန်ကင်းမှာနွားမြှီးစွပ်ပြုတ်ဘယ်ဆိုင်မှာရနိုင်မလည်း - မြှီး မရှိပါ။ ၄။ မြေအိုးမြှီးရှည်ကို တန်လဲတန်ရမယ် ကောင်းလဲကောင်းကောင်းစားချင်တယ်ဆို ဒီဆိုင်လေးလဲ - မမှန်ပါ။ ၅။ ဒီနေ့တော့ ကျမတို့မြစ်ကြီးနားမြှီးရှည်လုပ်စားကြမယ် ချစ်တို့ရေ - မမှန်ပါ။ ၆။ စနေနေ့အတွက် မာလာရှမ်းကော၊ အ

ဝှန်း ဝှမ်း ဝန်း

၁။ မြန်မာပြည်တဝှမ်းလုံး မြန်မာပြည်တဝှန်းလုံး ဘယ်ဟာကအမှန်လဲဆိုတာ သိချင်ပါတယ်ဆရာရှင့် ငယ်ငယ်ကတည်းက တဝှမ်းလုံးနဲ့ပဲ မြင်ဖူးသုံးဖူးလာခဲ့တာ အခုဆရာရေးတဲ့အထဲမှာ တဝှန်းလုံးလို့ တွေ့လို့ပါရှင့် ၂။ ကမ္ဘာတစ်ဝန်းက အမှန်လား၊ ကမ္ဘာတဝန်းက အမှန်လားဗျ။ ၃။ တဝှမ်းလုံးကအမှန်လား တဝန်းလုံးကအမှန်ပါလားဆရာ ဝှန်း ဝှန်းဆူသောင်းလုံး၊ နယ်တဝှန်းလုံး၊ ယူဇနာအဝှန်း၊ နတ်လူအဝှန်း၊ နိုင်ငံအဝှန်း (တဝန်း)။ ငွေတာရီ မဂ္ဂဇင်း ၁၉၇၅ ဇွန်လ တလအတွင်း စာပေနှင့် ယဉ်ကျေးမှု သတင်း ပြည်ထောင်စုမြန်မာနိုင်ငံ တဝှန်းလုံး၌ မြန်မာ့ လယ်တောတခွင်၌ တဦးတယောက်၌ လက်ဖက်၊ လဘက်၊ လ္ဘက် မူကွဲတွေဖြစ်ပါသည်။ တလကို စသတ်နဲ့ရေးတာ မူလွဲသာဖြစ်ပါသည်။ ဇဗ္ဗူတဝှန်းမှာ လှူဒါန်းမယ့်သူတွေ - ရွှေမန်းတင်မောင် (အောင်ပါစေသီချင်း) ဝှမ်း ချိုင့်ဝှမ်း တိမ်ဝှမ်း နက်ကျယ်ဝှမ်း မဝှမ်းမကော အဝှမ်းလယ် ကြေးဝှမ်းသည် ဝန်း ကမ္ဘာတဝန်း တဝန်း (တခုလုံး၊ နိုင်ငံတဝန်းလုံး) ပတ်ဝန်းကျင် မိန်းမမျက်ဝန်း = အသက် ၂ဝ အရွယ်ရှိသောမိန်းမ မျက်ဝန်းလဲ့ပြာပြာ ဝန်းကျင်တခို ဝန်းကျင်ပတ်လည် ဝန်းပတ် = ဝန်းလျား = ခြံရံသည် ဝန်းခြုံ ဝန်းရံ ဝန်းရံခြုံ၍ ဝန်းလည် ဝန်းဝိုင်း ဝန်းသိုမြို့ အဝန်းအဝိုင်း ညောင်ဝန်းရွာ နေဝန်

ကညာခင်ဆိုတဲ့စကားရယ် မှားမှားပါလိမ့်မဗျာ

၁။ ခင်ဗျာ ခဗျာ ခင်မျာ ခမျာ အမျိုးမျိုးတွေ့နေရတယ် ၂။ ကြက်သွန်နီ သုံးဥလောက်ကို ညိုနွမ်းသွားတဲ့အထိ ဆီသပ်ခင်မျ (ဆီသတ်လို့ ရေးရတယ်) ခင်ဗျ လို့ရေးသလားလို့ဆရာ ၃။ ဆရာ ခင်ဗျာ၊ ခင်မြာ၊ ခင်မျာ ဘာကွာပြီး၊ ဘယ်လိုအဓိပ္ပါယ်လည်းမသိလို့ပါ ဟိုတနေ့ကမြာတာတွေ့မိသလိုပါရှင်။ ၄။ ဆရာခင်မျာ ဒီစာမှာ ခင်မျာ လို့ ရေးထားတာ တွေ့ပါတယ်။ ခင်ဗျား တို့ ကျွန်တော် တို့ လို့ ရေးရင် မှန်သလား မှားသလား သိချင်ပါတယ် ခင်မျာ။ ဝါကျ အဆုံးမှာ ခင်များ လို့ရော (း) ထည့်သုံးပါသလား။ ခင်မျာ ပဲလား အသုံးအနှုန်း ယူဆပုံ နားလည်ချင်ပါတယ် ဆရာ ၅။ ဆရာခင်ဗျား ခင်ဗျ ခဗျာ ခင်ဗျာ။ ဘယ်လိုအမှန်သုံးရပါသလဲ။ ၆။ ဆရာမင်္ဂလာပါ ခင်ညာ ကျွန်တော် ( - ) နောက်ဆုံးနှစ်ကပါ။ အသက် ၂ဝ၊ ယောက်ျားလေး။  ခင်ညာလို့ နှစ်ခါရေးတယ်။ တက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားဖြစ်တယ်။ ခင်ညာဆိုတာ ဇာတ်ထဲမှာ လူရွှင်တော်တွေ ရီစရာသဘောပြောတယ်။ ကလေးတွေ စကားမပီခင်မှာ ပြောတယ်။ ဆောရီး။ ခင်ဗျားလို့ပြောတာ ရေးတာ စံကိုက်သတ်ပုံဖြစ်နေပါပြီ။ အဓိပ္ပါယ်က ယောက်ျား၏ အယဉ်အကျေး ထူးသံ။ အရိုအသေ ပြန်ပြောသော ယောက်ျား အာလုပ်စကားဖြစ်တယ်။ ကင်းဝန်မင်းကြီး ရေးသားခဲ့တဲ့ မေတ္တာစာမှာ ခင်ဘုရားလို့ ပါကြောင်း သတ်ပုံကျမ်းတခုက ကို

တခါတုန်းက

မြန်မာနိုင်ငံမြောက်ပိုင်း တောအုပ်ကြီးထဲ၌ ငှက်အုပ်ကြီး တအုပ်သည် သစ်ပင်တပင်ပြီးတပင် လတိုင်းလိုလို ပြောင်းရွေ့နေထိုင်လေ့ရှိသည်။ ဟာ ဟိုသစ်ပင်ကြီးဟာ တယ်ကြီးပါလားဟေ့ တခါသော် ထူးထူးခြားခြား ကြီးမားသော သစ်ပင်ကြီးတပင်ကို သွားတွေ့လေရာ - ဒီသစ်ပင်ကြီးမှာ တသက်လုံး နေတော့မယ် ဟုတ်သတော့ တကယ့်ကို နေချင်စရာကောင်းတဲ့ သစ်ပင်ကြီးဘဲ သစ်တပင်ကောင်း ငှက်တသောင်း မှီခိုနိုင်တယ်ဆိုတာ ဒီသစ်ပင်ကြီးမျိုးဘဲ ထင်တယ် ဟုတ်ပါ့ဗျာ မှန်ပါဗျာ အကုန် ကူးမရေးတော့ပါ။ တခါတုန်းက မြန်မာပြည်တဝှန်းလုံးမှာ စာကို မှန်အောင်ရေးခဲ့ကြတယ်။ အခုတော့ - ‘တစ်ခါတုန်းက’ တဲ့။ ‘ငှက်အုပ်ကြီးတစ်အုပ်’ တဲ့။  ‘သစ်ပင်တစ်ပင်ပြီးတစ်ပင်’ တဲ့။ ‘တစ်ခါသော်’ တဲ့။ ‘သစ်ပင်ကြီးတစ်ပင်ကို’ တဲ့။ ‘တစ်သက်လုံး နေတော့မယ်’ တဲ့။ ‘တစ်ကယ့်ကို’ တဲ့။ ‘သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း မှီခိုနိုင်တယ်’ တဲ့။  ‘သစ်ပင်ကြီးပဲ’ တဲ့။ ‘ဒီသစ်ပင်ကြီးမျိုးပဲ’ တဲ့။ “မဟုတ်ပါ့ဗျာ” “မမှန်ပါဗျာ” ရွှေသွေးဂျာနယ် အတွဲ ၃၊ အမှတ် ၁၁။ ၁၉၇၁ ခုနှစ် https://drive.google.com/.../1SwlMF_VS.../view... ဒေါက်တာတင့်ဆွေ

မှီ နဲ့ မီ ကတော့ လွဲနေတယ်

ပုံနဲ့အတူ စာတပုဒ် တွေ့တယ်။ ကျေးဇူး။ ကိုယ့်အရပ်နဲ့တိုင်းပြီး အိမ်ရှေ့က လူခေါ်ခေါင်းလောင်းကြိုးကို ခပ်တိုတိုပဲ ထားတယ်။ ဒီနေ့မနက် သတင်းစာပို့တဲ့သူက အိမ်တံခါးမှာ စာညှပ်ထားခဲ့တယ်။  လက်ရေးစာထဲမှာ မှီ နဲ့ မီ ကတော့ လွဲနေတယ်။ ကြီးရင်မှီ ငယ်ရင်ချီ ခါတော်မီ တိုင်ကိုမှီနေသည် မကြာမီလာမည်  မတိုင်မီ မပြောမီ မလာမီ (မလာခင်) မသွားမီ မှီကပ်နေသည် မှီခိုသူ မှီငြမ်းပြုသည် မှီတင်းနေထိုင်ကြသည် မှီဝဲပါ မှီအုံး မီအောင်ဆိုပါ မီအောင်လိုက်ပါ လှတာလိုက်လို့မမီဘူး အချိန်မစေ့မီ (အချိန်မတိုင်ခင်)  အချိန်မီ ဘယ်ပန်းချီရေးလို့မမီ (ဇော်ဝမ်း) https://www.youtube.com/watch?v=SnbTOvfewq0 https://www.youtube.com/watch?v=civ6FCBUCHE တေးရေး သောတမောင်၊ အဆို မေလှမြိုင်သီချင်း ဆောင်းအမီကို ဆောင်းအမှီလို့ ခေါင်းစဉ်တပ်ထားတဲ့ ပြန်ဆိုသီချင်းမှာ သီချင်းစားသာတွေကလည်း အတော်မှားနေတယ်။ ပုံပါလင့်တခုသာ မှန်တယ်။ https://www.youtube.com/watch?v=voD_I-Wn3Kw မြန်မာသတ်ပုံရယ် နောက်နှစ်ဆောင်းအမီရောက်အောင် ပြန်ခဲ့စေချင်တယ်။ ဒေါက်တာတင့်ဆွေ

ကျနော်တွေးမိသလို ရေးပါမည် (၁၃၁)

ဝင်းအောင်ကြီး (မောင်အောင်မွန်) လူ လူချင်း လူလိုမြင်၍ လူလိုနေခဲ့ရခြင်း ၁၉၄၈ ခု၊ ဇန်နဝါရီလ (၄) ရက်နေ့ မနက် ၄ နာရီလောက်မှာ ကျနော်တို့အိပ်ရာက ထကြရပြီး အဖေက ရေနွေး ဆန်းလိုက်ဆပ်ပြာနှင့် ရေချိုးပေး၊ အင်္ကျီပုဆိုးသစ်ဝတ်ကြရ၏။ မှောင်နေသေးသော်လည်း လမ်းပေါ်မှာ လူတွေသွားလာနေကြပြီ။ “ကျိုက်ထီးရိုး ဘုရာဖူးများ အခမဲ့တည်းခိုဆောင်" မှာ ဗမက အဖွဲ့က သက်သတ်လွတ် ထမင်းကျွေးရာ လူကြီးများနှင့်အတူ ဝင်စားကြရ၏။ သူကြီးကတော် မမနွဲ့က အမိမြန်မာပြည် အဖြစ်ပြည်ထောင်စုအလံကိုင်၊ စည်တော်ရွမ်းကာ စည်းတန်းလှည့်လည်ရာ တရွာလုံးလိုက်ပါကြ၏။ ကျောင်းတက်ရသော်လည်း လွယ်အိပ်ယူမသွားရ၊ စာမသင်ရ၊ ဆရာကြီး ဦးအုန်းမောင်က လွတ်လပ်ရေးနေ့အကြောင်း ရှင်းပြသည်။ စေတနာ့ဝန်ထမ်း အင်္ဂလိပ်စာပြဆရာ ဦးဘရွှေပြောပြသည့် “အမေရိကန်နိုင်ငံမှာ ဆင်ရဲသား တောသား အီဗရာဟင် လင်ကွန်း သမတဖြစ်လာပုံ" ခေါင်းထဲစွဲနေ၏။ ကျောင်းဆင်း၍ မုန့်ဝယ်စားတော့ မုန့်သည်တွေက နေပါစေဆိုကာ ပိုက်ဆံမယူကြ၊ အံ့ကိုသြရော။  ၁၉၅၃ ခု၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်တော့ ကိုယ်ပိုင်ပိုက်ဆံ ၂ ကျပ်။ ၃ မူးတပဲသာရှိ၊ မိဘကလည်း တပြားမှမကူနိုင်၊ MCFT ၏ဆင်းရဲနွမ်းပါးသူများ ပညာသင်နိုင်းရေး အထောက်အပံ့နှင့် ရန်ကုန်တ

Generalizations ဝါးလုံးသိမ်းကောက်ချက်

တိုင်းရင်းသား လူရွယ်တယောက်က VOA သတင်းတပုဒ်ကြောင့် စစ်ဘေးရှောင်ပြည်သူ အယောက်လေးဆယ်နီးပါး မီးရှိုသတ်ခံရတယ်တယ်လို့ တင်ပါတယ်။ နှုတ်နဲ့လည်း ကျွန်တော့ကို ပြောဘူးတယ်။ ရင်းတဲ့သူဖြစ်လို့ ကွန်မင့် ရေးလိုက်တယ်။ VOA ဆိုတာ စာလုံး ၃ လုံး။  BBC နဲ့ RFA တို့ကလည်း စာလုံး ၃ လုံးစီ။ ဆရာတို့ NCGUB က လေးလုံး။ Smile! ဝါးလုံးသိမ်းကောက်ချက်ပေးရင် သတိထားရတယ်။ ဒါပေမဲ့ ၂၅% မှန်တာ၊ ၅၀% မှန်တာနဲ့ ၉၀% မှန်တာမျိုးတွေကလည်း ရှိပြန်ရော။ ဒေါက်တာတင့်ဆွေ

၁၉၉၀ တင်မိုး

ခမောက် ဆောင်း၍ ခေတ်ဟောင်းဖြိုလေ ထက်မြက်စေ။ တယောက်ကောင်းက  တသောင်းဗိုလ်ခြေ ညက်ညက်ကြေ။ တင်မိုး (၁၉၉၀) ၁၉၉၀ တုန်းက 'တယောက်' သည်လည်းကောင်း၊ 'တသောင်း' သည်လည်းကောင်း မှန်ခဲ့သဖြင့် ခမောက်ပါတီ နိုင်ခဲ့သည်။ 'ဆရာတင်မိုး' ကွယ်လွန်ပြီ။ 'တယောက်' နဲ့ 'တသောင်း' ကို ၁၉၉၀ သမိုင်းမှန်နဲ့အတူ ချန်ထားခဲ့လို့ ဆရာ့အား 'အလွန်တရာ' ကျေးဇူးတင်ပါသည်။ သမိုင်းဆိုတာ 'အနော်ရထာ ဆိုးပြီး' 'နရသီဟပတေ့ကို ကောင်းတယ်' လို့ ပြင်ကောင်းတာ မဟုတ်ပါ။ ဒေါက်တာတင့်ဆွေ

ပျားဂေဟာ ကေဒါအရောင်းဆိုင်

'တစ်' အရေးအသားသည် ကေဒါ ခေါ် မဆလ လက်ရွေးစင်များ၏ မူပိုင်ဖြစ်သည်။ ယခုခေတ်အထိ ကေဒါတွေ။ တင်းပြည့်တွေ၊ ယူနစ်တွေ၊ ဗဟိုတွေ များပါသည်။  ပျားမွေးသလို မွေးလို့ ကေဒါမြန်မာစာ စီမံကိန်းကြီး အောင်မြင်၏။ ကွန်ဂရက်ကျူလေးမရှင်း။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ

ခွဲခွာရသည့် ညများ

သည်နွေဆီ၊ မကြင်လေတော့ သူ့စကားမတည်၊ မခင်လေတော့ တမူခြားပြီ၊ အပြစ်တင်သဘောမတော့ မပြောလိုပြီ။ မေ့ရင်ထဲတော့ မှတ်ထားလိုက်မည်၊ ရော်ရွက်ကဲ့သိင်္ဂီ၊ ပုရစ်ဖူး ညှာနုပြန်မဖြစ်ပြီ၊ ချစ်ဦးချိန်လဲ ကျန်ရစ်သည်၊ ဝါရွက်တို့ ကြွေပြလေပြီ၊ သဲသဲရုတ်ရုတ် တဖြုတ်ဖြုတ်တချီ၊ နွဲ့နွဲ့ယဲ့ယဲ့ ဝဲကာတလီ၊ လေနှင်ရာ ကြွေစင်မြန်းကြ၊ ခွဲခွာရသည့် ညများရောက်ပြီ၊ စွန့်ခွာရသည့် ညများရောက်ခဲ့ပြီ။ တက္ကသိုလ်ဘုန်းနိုင် နေရာမှာ မူရင်းစာသားနဲ့ စာလုံးပေါင်းသတ်ပုံတွေအတိုင်း တင်ပေးထားတယ်။ ကျေးဇူး + ကွန်ဂရက်ကျူလေးရှင်း။ ခုခေတ်မှာ အများစုက သူတပါးရေးသား၊ စပ်ဆို၊ သီကုံး၊ ဟောကြားထားတာတွေကို မှားအောင်ပြင်ပြီး လူတတ်ကြီးလုပ်နေကြတယ်။ တစ်မူခြားပြီ တဲ့။ တစ်ဖြုတ်ဖြုတ်တစ်ချီ တဲ့။ ဝဲကာတစ်လီ တဲ့။ ပျက်ရော။ မြန်မာစာ ခွဲခွာရသည့်ညများ များခဲ့လေပြီ။ ဒေါက်တာတင့်ဆွေ

ပိတောက်ဦး

အို … လှလိုက်တာ ကိုင်းငိုက်ယိုယီး၊ တွဲလောင်းစီး၍ ရွှေသီးဝါသွေး၊ ပြွတ်သိပ်လေးအောင် ညွတ်ကွေးရွရွ၊ လှ … လှ … သည် ပထမပိတောက်ပွင့်စဉ်က။ “ဟော … ဟော … ပွင့်ပြီ” ကျူးရင့်အော်ကြ၊ တံခါးဝမှ လှစ်ဟဆိုကာ၊ ပြေးထွက်လာပြီး ဝင်းဝါပိတောက်၊ သစ်ပင်အောက်ဝယ် လုကောက် ကြွေသည့် ပွင့်များကို။ ငမ်းငမ်းတတ်၍ လုယက်ခုန်တက်၊ ဓားလက်နက်ဖြင့် လုဖျက်မှုန်းကြောင့် ကြေပြုန်းလဲကျ၊ ဒဏ်ရာရနှင့် ရွက်မြပြာညို၊ သစ်ငုတ်တိုသာ ဖရိုဖရဲ ကျန်ရစ်၏။ ငါ့စိတ်တွင်ကား မေခင်နှမ၊ ဆံကေမြထက် လှလှကလေး၊ ကိုယ်တိုင်ရွေး၍ ဆင်ပေး ထုံးချင်လှသောကြောင့်။ ကျိုးပဲ့နေသော ပင်ခြေအောက်တည့်၊ ငါ ရပ်ကြည့်၍ ကြွင်းသည့်တပွင့်၊ ကောက်မည်လင့်သော် “အို … ရှင့် … ကျွန်မ ဗုဒ္ဓမြတ်ထံ၊ လှူကပ်ရန်” ဟု လုပြန်အတင်း၊ ဆိုကာချဉ်းသော် လက်ချင်းဆုံ၍ နေသတည်း။   ။ (ဒဂုန်တာရာ) ဒေါက်တာတင့်ဆွေ

ဗုံကြီးသံနှင့် ကြိုလှည့်ပါ

ခရီးသည် ထုံးဆံမြိတ်နှင့် ပုန်းအိပ်လို့ နေခို ရွှေဘိုသို့ မျှော်မှန်း။ မြမင်းဝံတောင်ကြောမှာ မောင်မောရင် ဘယ်လို​ေဖြရပါ့ ဝါးပလွေသျှောင်မှာထိုးပါလို့ ရွှေချိုးဖို ကူသံဆိတ် တိတ်တိတ်ကယ်တိုးတိုး လျှိုရိုးမှာ ခြေတလှမ်း တောသံကဆန်း။ ရွှေပြည်တော် ရောက်နိုးနိုးနဲ့ တမိုးတော့ သောက်ပြန်ပြီ ရှေ့ဆက်လို့ချီ အရှေ့ဆီ၊ရောင်နီကပြေးပြေး။ ပန်းတရုံ လွှမ်းပုံဆင့် ပန်းပွင့်က မွှေးမွှေး။ တုန်ဟည်းငယ်ညံ ဗုံကြီးသံ ချိုချိုနွဲ့နဲ့ ကြိုလှည့်ပါစမ်း။ ရွှေဘိုသူ ညိုပြာညက်ကဲ့ သောက်ရေခွက်ကမ်း။ (တင်မိုး) မူရင်းစာသား စာလုံးပေါင်း သတ်ပုံအတိုင်း တင်ပေးထားသူ ကျေးဇူး။ ခုခေတ်က သူများအမှန်ရေးတာကို မှားအောင်ပြင်ပြီး လူတတ်ကြီးလုပ်နေကြတဲ့ခေတ်။ ဒေါက်တာတင့်ဆွေ

မင်းတယောက်တည်း

အာဒံ နဲ့ ဧဝ ခေတ်ကတည်းက မြန်မာစာ သတ်ပုံမှန်ပါသည်။ အဘ နဲ့ ညမ ခေတ်မှာ ကြေးစားအဆင့် ဖြစ်သွားသည်။ ကန်တော့။ ဒေါက်တာတင့်ဆွေ