Skip to main content

Posts

Showing posts from June, 2023

ကင်းဝန်မင်းကြီး လန်ဒန်မြို့သွား နေ့စဉ်မှတ်တမ်း

  ဇန္နဝါရီ၊ ဇွန်၊ ဇူလိုင်၊ ရောမ စသည့်ဝေါဟာရများကို မိတ်ဆက်အသုံးပြုသူမှာ ကင်းဝန်မင်းကြီး လို့ မှတ်ဘူးပါတယ်။ Continental Europe ကိုရောက်ဖူးတဲ့ ကင်းဝန်မင်းကြီး ဟာ မူရင်းအသံနဲ့ နီးစပ်တာကို ယူခဲ့တယ်လို့ ကြားဖူးပါတယ်။ ဟုတ်ရဲ့လားမသိပါ။ ကင်းဝန်မင်းကြီး လန်ဒန်မြို့သွား နေ့စဉ်မှတ်တမ်း စာအုပ် ပဌမတွဲ (၁၉၅၃) နဲ့ ဒုတိယတွဲ(၁၉၅၄) ထုတ်တွေ ရှိတယ်။ လိုက်ရှာရဦးမယ်။ နေ့စဉ်မှတ်တမ်းမှာ လအမည်တွေက မြန်မာလတွေသာ တွေ့သေးတယ်။ စာလုံးပေါင်းသတ်ပုံမှာတော့ တဝမ်းပူတွေကို မှန်အောင်ရေးထားပါတယ်။ ဒေါက်တာတင့်ဆွေ

Leonardo da Vinci လီယိုနာဒိုဒါဗင်ချိ

အီတလီလူမျိုး ပန်းချီ၊ ပန်းပု၊ ဗိသုကာ၊ ဂီတ၊ အနုသုခုမ၊ ဒဿနိကဗေဒ၊ စတဲ့ဘာသာရပ်ပေါင်းများစွာမှာ ကဝိတဆူ ဖြစ်တယ်။ လီယိုနာဒိုဒါဗင်ချိက ၁၄၅၂ မှာမွေးဖွါးပြီး ၁၅၁၉ အထိအသက်ရှင်ခဲ့ပါတယ်။ မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၂ စာမျက်နှာ ၃၀ မှ ၃၂ လီယိုနာဒိုဒါဗင်ချိသာ မြန်မာပြည်ကဆိုရင် သူရေးဆွဲခဲ့တဲ့ မိုနာလီဇာပုံကို ပြင်ကြလိမ့်မယ်။ ပန်းချီကားအမည်က သတ်ပုံတွေကို ပြင်ကြလိမ့်မယ်။ သူ ဣတာလျံလူမျိုးဖြစ်တာ ကံကောင်းသွားတယ်။ မြန်မာပြည်မှာက အရင်က ကောင်းခဲ့ မှန်ခဲ့တာတွေကို မပြင်သင့်ပဲ ပြင်တာကို ပညာလို့ထင်မှတ်နေကြတယ်။ လီယိုနာဒိုဒါဗင်ချိ နှင့် ခေတ်ပြိုင် မြန်မာ့သမိုင်းဖြစ်စဉ်များ ၁၄၅၉ မြောက်ဦးက စစ်တကောင်းကိုသိမ်း။ ၁၄၄၆-၁၄၄၉ တရုပ်က မြန်မာပြည်အထက်ပိုင်းကိုကျူးကျော်။ ၁၄၅၀ ဗညာကျန်းက ရွှေတိဂုံစေတီတော်ကို အမြင့် ၃၀၂ ပေအထိ တိုးမြှင့်တည်ဆောက်လှူဒါန်း။ ၁၄၈၀ အင်းဝဘုရင်ကိုဆန့်ကျင်တဲ့ ပုန်ကန်မှုတွေ ပေါ်ပေါက်။ ပြည်၊ ရမည်းသင်း၊ မိုညှင်း။ ၁၄၈၂ အင်းဝမှ သတိုးမင်းစော ပြည်မှာနန်စိုက်။ ၁၄၈၅ မင်းကြီးညို တောင်ငူမှာနန်းစံ။ အင်းဝလက်အောက်ခံ။ ၁၅၀၁ နရပတိ (၂) အင်းဝဘုရင်ဖြစ်လာ။ ၁၅၀၂ အင်းဝလက်အောက်ခံ ကျော်တည် တောင်ငူလက်အောက်ရောက။ ရွှေဘိုခရိုင် မိုးညှင်း လက

ဝတ္ထုကောင်းတအုပ် လာဦးမည်

သို့သော် ယခုအခါ ဝတ္ထုကောင်းတအုပ် မလာနိုင်တော့ပါ။ လက်တွေ့မလုပ်တတ်သည့်လူတယောက် အနိစ္စရောက်ပြီ။ အပျိုဖြန်းမလေးတယောက် အရွယ်ယောက်သည်အထိ မနေရရှာပါ။ မိန်းသားတယောက်လည်း ကွယ်လွန်ပြီ။ ဝတ္ထုကောင်းတအုပ်၊ လူတယောက်၊ အပျိုဖြန်းမလေးနဲ့ မိန်းသားတယောက်တို့ ကောင်းရာ လားပါစေသတည်း။ ဒေါက်တာတင့်ဆွေ

ဝတ္ထုကောင်းတအုပ် လာဦးမည်

သို့သော် ယခုအခါ ဝတ္ထုကောင်းတအုပ် မလာနိုင်တော့ပါ။ လက်တွေ့မလုပ်တတ်သည့်လူတယောက် အနိစ္စရောက်ပြီ။ မိန်းသားတယောက်လည်း ကွယ်လွန်ပြီ။ ဝတ္ထုကောင်းတအုပ်၊ လူတယောက်နဲ့ မိန်းသားတယောက်တို့ ကောင်းရာ လားပါစေသတည်း။ ဒေါက်တာတင့်ဆွေ

“မိုးခါးရေ”

ပုစဉ်းရင်ကွဲ အာပြဲအောင်အော် မိုးကိုမျှော်...။ ဖားတလက်ခြောက် အာပေါက်အောင်အော် မိုးကိုခေါ်...။ မိုးကြီးသည်းစွာ ရွာပါပြီကော...။ ပုစဉ်းပေါလော ဖားပေါလော မျောပြီးပါသွားရှာလေရော...။   ။ -သန်းစိန် (ပုလဲ) ကဗျာကို ရေးထားခဲ့သူက ဦးသန်းစိန်၊ ၁၉၉၀ ပုလဲ အမှတ် (၁) က အင်နယ်လ်ဒီ အမတ်။ ၁၉၉၀ ခုနှစ် ဒီဇင်္ဘာလမှာ ကျွန်တော်နဲ့အတူ တိုင်းပြည်ကနေ ထွက်ပြေးသူ။ အိန္ဒိယမှာ အနှစ် ၂၀ ကျော်နေထိုင်ပြီး သြစတေးလျနိုင်ငံရောက်သွားတော့ ဒါဝင်မြို့မှာ အသည်းရောဂါနဲ့ ကွယ်လွန်ပါတယ်။ ပါတီတွင်း အဆင်မပြေမှုတွေဖြစ်တော့ သူဟာ ကျွန်တော့ဘက်မှာ အမြဲရပ်တည်ခဲ့သူ လူနည်းစုထဲက တဦးဖြစ်ပါတယ်။ ကျွန်တော့အဖြစ်အပျက်နဲ့ သူ့ကဗျာထဲက အချက်အလက်တွေဟာ တကယ့်နိုင်ငံရေးဖြစ်တယ်။ ဒေါက်တာတင့်ဆွေ

တခုတည်းသောလမ်း

ကျောင်းသား အရေးတော်ပုံ (၁၉၅၃ - ၁၉၅၄) မောင်ဝင်းမောင်သန်း ရေးသည်။ သခင်ကိုယ်တော်မှိုင်း၏ သြဝါဒနိဒါန်း (၂-၃-၁၉၅၄) မောင်ကိုယု ခေါ် ရှေ့နေကြီး ဦးကိုယု၏ သဝဏ်လွှာ (၈-၃-၁၉၅၄) ဝင်းထွဋ် (ဗကသ အထွေထွေအတွင်းရေးမှူး) အမှာ (၂၅-၁၂-၁၉၅၅) စာမျက်နှာပေါင်း ၂၀၄ ပါသည်။ မြန်မာစာ စာလုံးပေါင်းသတ်ပုံတွေ မှန်သည်။ ယနေ့ခေတ် သခင်ကိုယ်တော်မှိုင်းအား လေးစားသူများ၊ ရှေ့နေကြီးများ၊ (ဗကသ) များ၊ ကျောင်းသားများ တခုတည်းသောလမ်းမှာ တစ်နေကြပါသည်။ ဒေါက်တာတင့်ဆွေ

Samosa စမူဆာ

အခေါ်တွေကတော့ အမျိုးမျိုး။ Aloo Samosa အာလူး စမူဆာ Potato Samosa ပိုတေးတိုး စမူဆာ Onion Samosa ကြက်သွန်နီ စမူဆာ Chicken Keema Samosa ကြက်သား ကီးမာ စမူဆာ Cocktail Samosa အစုံပါ စမူဆာ Chicken Madras Samosa ကြက်သား မဒရပ်စ် စမူဆာ Turkey Samosa ကြက်ဆင်သား စမူဆာ Mutton Keema Samosa ဆိတ်သား ကီးမား စမူဆာ ကျွန်တော်ကတော့ မြန်မာပြည်ကလုပ်တဲ့ စမူဆာတွေ ကြိုက်တယ်။ အိန္ဒိယမှာ မဒရပ်စ် စမူဆာတမျိုးသာကြိုက်တယ်။ အမေရီးကာမှာ အတန်အသင့် အဆင်ပြေတာ တခါတလ တွေ့ပါတယ်။ ကျွန်တော့်ကြိုက်တယ်လို့မပြောတာတွေက မကောင်းပါလို့ ဆိုလိုတာ မဟုတ်ပါ။ ဒေါက်တာတင့်ဆွေ ၃၀-၆-၂၀၂၀

"ဗိုလ်ချုပ်အိမ်သို့ ဆွမ်းစားကြွခဲ့သော သျှင်ဥက္ကဋ္ဌ နှင့် လူသေလူဖြစ်စာအုပ် ပေါ်လာရခြင်း အကြောင်း"

အကျိုးသည် အကြောင်းက ဖြစ်ပေါ်လာရ၏။ မည်သည့် အမှုကိစ္စ၊ မည်သည့် အရာဝတ္ထုမျိုးမဆို အကြောင်းမရှိဘဲ ဖြစ်ပေါ်မလာနိုင်။ ဤသည်မှာ နိယာမ တရားဖြစ်ပေ၏။ ထိုနိယာမ တရားတိုင်းပင် ကျွန်တော်တို့သည် တောင်တွင်းဆရာတော် သျှင်ဥက္ကဋ္ဌ၏ အဖြစ်ကို ဆင်ခြင်ကြည့်မိ၏။ ဆရာတော်သည် “လူသေလူဖြစ်” စာအုပ်ကိုရေးခဲ့၏။ ဤသို့လူသေ လူဖြစ် စာအုပ် ကိုရေးခြင်းသည်အကြောင်းတရားပင် ဖြစ်လေ၏။ ဤအကြောင်းတရားကြောင့်ပင် ဆရာတော်မှာ အကျဉ်းထောင်တွင်လည်း ကျောင်းအမှတ်ဖြင့် သီတင်း သုံးခဲ့ရလေပြီ။ တရားရုံးမှ ပင့်ဘိတ်ခြင်းများကိုလည်း ခံခဲ့ရလေပြီ။ ပြီးတော့ ဟိုမှသည် မှ ဂ ယက်လှိုင်းထ, သလို ပကာသနိယကံဖြင့် ချီးမြှောက်ကြခြင်းကိုလည်း ခံခဲ့ရလေပြီ။ ကန်တော့ဆွမ်းနှင့် ခဲမိုး ထို့အပြင် ယခုတိုင်လည်း အချို့ဒေသများက ဆရာတော်ကြွလာမည်ဆိုလျှင် အင်တိုက်အားတိုက် ကြိုတင်၍ ကန်တော့ ဆွမ်းလောင်းကြသည်။ ဆရာတော်၏ တရားပွဲများကိုလည်း အချို့ဒေသမှ အရှင်သူမြတ်တို့က ကြီးစွာသော မေတ္တာ အာနုဘော်တို့ဖြင့် ခဲမိုးဖြိုင်ဖြိုင်သွန်းကြသည်။ ဤသည် တို့မှာ လူသေလူဖြစ်၏ အကျိုးတရားများပေတည်း။ ရေးရသည့် အကြောင်းရင်း အမှန်တော့ ဆရာတော် သျှင်ဥက္ကဋ္ဌအနေနှင့် အဘယ့်ကြောင့် “ လူသေလူဖြစ် ”စာအုပ်ကို ရေးရသည် ဆိုသ

နှင်းဆီပွင့် ဒွေးချိုးကဗျာ အမှားများ

မင်းသုဝဏ်ရဲ့ ၁၉၃၂ ခုနှစ်က ရေးဖွဲ့ခဲ့တဲ့ နှင်းဆီပွင့်ဒွေးချိုးကဗျာကို လွဲအောင်ရေးထားတာတွေ အမျိုးမျိုး တွေ့တယ်။ (၁) လယ်ထဲကပြန် (အ မပါရ) (၂)  ပန်ချင်တယ် ကြာညိုဖူးဆိုလို့ (ခရေဖူးဆိုလို့) (၃) သူ့ဆံပင် နှင်းဆီပန်းနဲ့ ဂုဏ်တင့်တယ်လေး (ချစ်လို့သာခွဲရ ရန်ကုန်ဘဆွေ) (၄)  ကျော့ဆုံးကို မောင်မြင်တော့ (ကြော့ဆုံးကို မောင်မြင်တော့) (၅) သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့ (နှင်းဆီပွင့်တွေနှင့်) (၆) ကြော့ထုံးကိုမြင်ပြန်တော့ (ကြော့ဆုံးကို မောင်မြင်တော့) (၇) သူ့ဆံမှာ နှင်းဆီပွင့်တွေနှင့် (သူ့ဆံပင် နှင်းဆီပွင့်တွေနှင့်) (၈)  သူ့ဆံမှာ နှင်းဆီပွင့်တွေနှင့် (သူ့ဆံပင်) (၉)  အောက်ဆုံးမှာ မင်းသူ့ဝံ တဲ့။ မင်းသုဝဏ်ကဗျာ အစစ် လယ်တောက ပြန် ပန်ချင်တယ် ခရေဖူးဆိုလို့ မောင် ခူးကာပေး။ မနက်တုန်းဆီက ကြော့ဆုံးကို မောင်မြင်တော့ သူ့ဆံပင် နှင်းဆီပွင့်တွေနှင့် ဂုဏ်တင့်တယ်လေး။ (မင်းသုဝဏ်၊ ၃၁-၁၂-၁၉၃၂) အစစ် မူကွဲ - နှင်းဆီပွင့် - လယ်ထဲကပြန် - နှင်းဆီပွင့်တွေနှင့် နှင်းဆီပွင့်တွေနဲ့ မူကွဲ။ မူလစာရေးသူတွေ ကွယ်လွန်တော့ မူရင်းစာတွေကို သတ်ပုံတွေပြင်တင်ကြ၊ ပြင်ထုတ်နေကြတယ်။ မှားရေးတဲ့သူတွေက မြန်မာစာချစ်သူ၊ ရသကြိုက်သူ၊ ကဗျာမြတ်နိုးသူတွေလို့ ကင်ပွန်းတ

နောင်တခေတ်မှာ လူပျိုရှားမယ်

ငွေတာရီမဂ္ဂဇင်း (၁၉၆၂ ဖေဖော်ဝါရီလ) မှ Listener's Heaven Audiobooks - အသံစာအုပ် အခုတော့ နောက်တခေတ်စာလုံးက လူပျိုထက် ရှားသွားပြီ။ ဒေါက်တာတင့်ဆွေ

ပုတ္တောဝါဒပျို့ (ဆားထုံဆရာတော်)

ပုတ္တောဝါဒ ဆုံးမစာကို ဆားထုံဆရာတော် (၉၁၈-၉၇ဝ) ခန့်က ရေးသားပြုစုခဲ့သည်။ • "ပန်း၏ပမာ"၊ ဤလင်္ကာတွင်၊ မာတာပိတ၊ ဆိုဆုံးမသား၊ ထိုစကားကို၊ မှတ်သားကုန်ကြ၊ မိန့်လိုက်ပြအံ့၊ မွေးဘလက်ရုံး၊ မြပန်းကုံးသို့၊ နှလုံးဝမ်းက၊ ချစ်နိုးလှသည်၊ သားလှရွှေတောင်၊ ဘသည်းခေါင်၊ နားထောင်၍သာ၊ စေ့စေ့နာလော့၊ မိရာဘရည်၊ တည်မည်အကြောင်း၊ ကောင်းသားကျင့်ဝတ်၊ စာအတတ်ကို၊ သားမြတ်ယခု၊ တတ်ကြောင်းပြုလော့၊ ဗဟုသုတ၊ မရှိကမူ၊ လျှော့ကျရေတူ၊ လူမဟူရ၊ ရှက်ကြီးရလိမ့်၊ နောင်တဆယ်ကြိမ်၊ ညှိုးပိန်မျက်နှာ၊ ပွဲမှာမဝင်၊ ပြင်မှာမရောက်၊ တောမှာမျောက်သို့၊ ခြေထောက်လက်စုံ၊ ရှိတုံပါလျက်၊ လူပျက်လူနှမ်း၊ လူ့ပေါက်ပန်းနှင့်၊ ဆိုးသွမ်းလူပေါ့၊ ထဲသော့သော့ဟု၊ ကဲ့ရဲ့ပြုလိမ့်။ ။ "ညီပုရှက်မည် ထင်၏တည်း"။ • "ထို့ကြောင့်သားထွေး"၊ ငယ်ထွေးလေးက၊ လူရေးလူရာ၊ ရှိစိမ့်ငှာဟု၊ ကျောင်းမှာမြဲနေ၊ စာပေသင်သင်၊ သို့လျှင်သို့ဖတ်၊ သို့မှတ်သို့ရေး၊ သို့မေးသို့ဖြေ၊ သို့နေသို့ထိုင်၊ သို့ကိုင်သို့ကြွ၊ သို့ကွသို့ကုန်း၊ သို့သုံးသို့စွဲ၊ သို့လဲသို့ထား၊ သို့စားသို့သောက်၊ သို့လျှောက်သို့ဆို၊ သို့ကိုသို့ကျင့်၊ သို့နှင့်သို့လျှိုး၊ သို့ရှိခိုးဟု၊ မြတ်နိုးလှစွာ၊ ည

Tip of the iceberg ကွန်မင့်တခုအား ဖြေကြားခြင်း (၁) (၂)

Tip of the iceberg ကွန်မင့်တခုအား ဖြေကြားခြင်း (၁) တနဲ့တစ်ကို ငြင်းဖို့အတွက် ကဗျာနဲ့တော့မလုံလောက်ဘူးထင်ပါတယ်။ ဒီကဗျာထဲမှာဆို “ထည့်”က အမှန်ဖြစ်ရဲ့သားနဲ့ “ထဲ့”လို့ရေးထားတယ်။ ကဗျာဟာ ကဗျာပါ ၊ ကျွန်တော်လည်း တလို့ သုံးလေ့ရှိသူပါ၊ ဒါပေမယ့် တလို့ရေးကြောင်း သက်သေပြနိုင်ဖို့ ရှေးကဗျာတွေကို အားမကိုးစေချင်ပါဘူး။ အဲ့ကဗျာတွေကလည်း စာလုံးပေါင်းထင်ရာစိုင်းထားကြတာပဲ။ ဖြေကြားချက် ကျေးဇူး။ ကဗျာတမျိုးတည်းသာ ဖတ်ဖူးသူဖြစ်မယ်။ အနည်းဆုံး ၁၀ ပုဒ်လောက်တော့ ဖတ်ပြီးမှသာ တစွန်းတစလောက် သိလာပါမယ်။ ကဗျာ၊ သီချင်း၊ သံချပ်၊ ဆောင်ပုဒ်၊သတင်းခေါင်းစဉ်၊ ကာတွန်းတွေမှာ အသံ၊ ကာရန်နဲ့ အားအရ စံကိုက်သတ်ပုံ မဟုတ်မျိုးလည်း ရေးကြတယ်။ ဥပမာ ပန်းသည်ကဗျာမှာ ခေါင်းစဉ်က ပန်းသည်၊ အတွင်းသီချင်းစာသားမှာ ပန်းသယ်။ ဒေါက်တာတင့်ဆွေ Tip of the iceberg ကွန်မင့်တခုအား ဖြေကြားခြင်း (၂) ဘာ့ကြောင့်မှားတယ်ဆိုတာ အချက်အလက်နဲ့ မဖြေရှင်းဘဲ စာအုပ်အဟောင်းတွေ တင်ပြီး ဇွတ်မှန်နေတော့တာပဲ။ ပညာရှင်ဆန်ဆန် ရေးသင့်ပါတယ်ဗျ။ ပြောရင်လဲ စိတ်ဆိုးပြီး ဘလော့အုံးမယ်။ တကယ်လို့ မြန်မာစာအကြောင်းတင်ပြထားတာ ရာဂဏန်းများစွာထဲက အနည်းဆုံး ပုဒ်ရေ ၄၀-၅၀ လောက်သာဖတ်ဘူးရင် တစွန်းတစ သိလာမယ်

အချုပ်တန်းဆရာဖေ၏ 'နုရွှေကွမ်း' ကဗျာ

      လွမ်းမပြေ မန်းမြေကသာ တမိပါတော့       ကမ်းခြေ စမ်းရေတွေ ကျတယ်နှင့်       အိုကွယ် ဖျန်းလေက တသုံသုံ။       တဲတဘက်မှာလှ       ဆွဲဖျက်ခါ အရင်လိုရောထင့်       ကရင်အို ယာပြင်ကြီး       မီးထဲ့လို့လှုံ။       မပူပေါင် နောက်ဆီက ချမ်းရော့ထင့်       အဖြူစောင် ခေါက်ထည်ကြမ်းကိုတဲ့       လှမ်းတယ်လို့ လွှားကာခြုံ       ပါးမှာငုံပါတဲ့ နုရွှေကွမ်း။       ဘေးအိတ်ကယ်ရှို       ဆေးလိပ်တို နားမှာထိုးပါလို့       တောင်ရိုးမှာ ဘာသာ သူတို့       တွင်းအငူ နှင်းဖြူက ကွဲချိန်မို့       အဘိုးခေါ် ဖိုးစော်ကဲတို့ရယ်       အိုကွယ် တဲပျက်စခန်း။    ။ ရှေးဟောင်းစာပေသုတေသီတဦး။ (၁၉၇၀)။ အချုပ်တန်းဆရာဖေ၏ကဗျာပေါင်းချုပ်။ ရန်ကုန်၊ စိန်ပန်းမြိုင်စာပေ။ စာမျက်နှာ ၄၄ မှ ကဗျာကို (ဒီနေ့ခေတ်စာလုံးပေါင်းသတ်ပုံတွေနဲ့ မတူပေမယ့်) စာအုပ်ထဲက မူလစာလုံးပေါင်းသတ်ပုံတွေအတိုင်း ကူးယူဖော်ပြထားပါသည်။ (Friend Bookshop) ကျွန်တော့မှာလည်း အဲဒီစာလုံးပေါင်းသတ်ပုံအတိုင်း မူရင်း ရှိပါတယ်။ ခုခေတ်မှာ ကရင်အို ကရင်ပျို၊ ကချင်၊ မွန်၊ ချင်း၊ ရခိုင်၊ ကရင်နီ၊ ရှမ်း၊ ဗမာနဲ့ ကပြားတွေကလည်း "တဲတစ်" ကိုသာ ဖက်တွယ်ထားကြတယ်။ အိုကွယ် တဲပျက်စခန်း။ ဒေါက်တာ

'ကြာဆစ်ကြိုး'ကဗျာ

     ကြာဖြူကြာနီ ကြာညိုနှောလို့       တို့လယ်တောမှာ ပွင့်ကြတယ်။       ကောက်စိုက်အပြန် ရေကန်ကြီး       ကြာတစည်းလောက် ချိုးခဲ့ကွယ်။       ကြာပွင့်ကြာငုံ ထုံထုံမွှေးကို       မလေးဘယ်သို့ သုံးပါ့မယ်။       ကြာရိုးကြာနွယ် ဘယ်ညာဆစ်လို့       ရွှေကြာဆစ်ကြိုး ဆွဲပါ့မယ်။       ဆွဲပါ့မယ်။ (မင်းသုဝဏ်) မင်းသုဝဏ်။ (၁၉၈၆)။ မောင်ခွေးဖို့ ကဗျာများ။ ရန်ကုန်၊ မြစ်မခစာပေတိုက်။ စာမျက်နှာ ၄ မှ ကူးယူဖော်ပြပါသည်။ ပန်းချီ - ဦးဘကြည် ၁။ အထက်ပါကဗျာမှာ ကြာ"တစ်စည်း"လောက် လို့ ရေးထားတာတွေ့ရလို့ မူရင်း ဟုတ်/ မဟုတ် သိလိုပါတယ်ခင်ဗျ မကြာခဏတွေ့ပါတယ်။ မူရင်း မဟုတ်ပါ။ ပုံနှိပ်မူတချို့က နောက်ထုတ်တွေ။  ၁၉၄၀ တွင် မောင်ခွေးဖို့ ကလေးကဗျာများထွက်ရှိ၍ ၁၉၄၁ ၌သပြေညိုနှင့်အခြားကဗျာများ ထွက်ရှိသည်။ မောင်ခွေးဖို့ ကဗျာများ တတိယအကြိမ်ထုတ် မျက်နှာဖုံး (၁၉၅၆) ဦးနေဝင်းခေတ် နောက်ပိုင်းမှာ မြန်မာစာ စ ပျက်လာတယ်။ ဆရာမင်းသုဝဏ် ဒီကဗျာရေးခဲ့တာက ၁၉၄၀ ကတည်းကဖြစ်တယ်။ ၁၉၅၆ ခုနှစ် ပြန်ထုတ်တော့လည်း သတ်ပုံ မှန်တယ်။ ၁၉၈၆ ခုနှစ်ဟာ ဦးနေဝင်းရဲ့ တတိယနောက်ဆုံးနှစ်။ မြန်မာစာ အတော်ပျက်လာချိန်။ ၁၉၈၈ ဒုတိယအကြိမ်စစ်အာဏာသိမ်းတော့ မြန်မာစာ စာလုံးပေါင်းသတ်

စာလုံးပေါင်းသတ်ပုံနဲ့ အချက်အလက်တွေ အမှန်အတိုင်း ထုတ်လို့ရတယ်

ထုတ်ဝေသူတွေလည်း ဇွတ် 'တစ်' ခိုင်းလို့ လိုက် 'တစ်' ကြရတာပါ ဆရာရေ့။ စာပေကင်ပေတိုင်တွေက အလုံးရေနဲ့ ဒဏ်ရိုက်တာဗျ။ ဟုတ်။ အဲလိုပြန်ပြောတာတွေ မကြာခဏ ရပါတယ်။ 'စာပေကင်ပေတိုင်' ခေါ် 'စာပေစိစစ်ရေးအဖွဲ့' ရှိစဉ်က ပြောတဲ့အတုင်း လုပ်ခဲ့တယ်။ စာရေးသူတဦးက 'တ' တလုံးကို ပိုက်ဆံဘယ်လောက်ဒဏ်ရိုက်တယ်လိုပါ အတိအကျ ပြောပြပါတယ်။ စာပေစိစစ်ရေးအဖွဲ့ကို ၂၀-၈-၂၀၁၂ နေ့ကစပြီး ဖျက်သိမ်းလိုက်ပြီးဖြစ်ပါတယ်။  တချို့က အဟောင်းစနစ်အတိုင်းသာ စာအုပ်ထုတ်ဝေရမယ်လို့ အခု (အခုစာရေးနေတဲ့ မိနစ်ပိုင်းအထိ) ထင်မှတ်မှားနေကြတယ်။ ကျွန်တော် ၂၀၁၆ ခုနှစ်က ဆဋ္ဌသံဂါယနာတင် ပါဠိ-မြန်မာပြည် တစုံမှာယူတယ်။ သတ်ပုံတွေကို မှားအောင်မပြင်ဘဲ မူရင်းအတိုင်း ရိုက်ပေးပါတယ်။  ၂။ ကျွန်တော်ရေးတဲ့ ဆေးပညာစာများ ၃ အုပ်ကို ၂၀၁၆ နောက်မှာ ကျွန်တော့သတ်ပုံမူအတိုင်း အများသူငါလို မှားအောင်မပြင်ဘဲ ပုဂံတ်ိုက်က တအုပ်၊ စိတ်ကူးချိုချိုက ၂ အုပ် ထုတ်ပေးပါတယ်။  ၃။ အခုဆိုရင် လူထုတိုက်က လူထုဦးလှစာအုပ်တွေကို မှားအောင်မပြင်ဘဲ မူရင်းအတိုင်း ပြန်ထုတ်နေပြီ။ ၄။  ဝီကီပီးဒီးယားမှာ စာပေစိစစ်ရေးကပြုတ်ခဲ့တဲ့ ဗိုလ်မှူးတွေ (၃ ယောက်ရှိတယ်) က ဦးစီးနေသလား မသိ။

“ပုံသဏ္ဌာန်သမား “

(အလွန်တရာမှ၊ မက်မောလှသည်) သူငယ် ချင်း ဝီစကီဆို ရီတီမူးတူး၊ မသောက်ဖူးလည်း။ သူ့ အိမ်ဧည့်ခန်း ခါးပန်းကိုကြည့် အဝိုင်းလေးထောင့် သုံးမြှောင့်မွမ်းချွန် ပုလင်းခွံ ကော့ပျံ ပုံသဏ္ဌာန်တွေ၊ တန်းစီနေ၏။ ဘရန်ဒီ ဆို ရီတီမူးတူး၊ မသောက်ဖူးလည်း။ သူ့ အိမ်ဧည့်ခန်း ကြွက်လျှောက်တန်းကြည့်။ အဝိုင်းလေးထောင့် သုံးမြှောင့် မွမ်းချွန် ပုလင်းခွံ ကော့ပျံ ပုံသဏ္ဌာန်တွေ တန်းစီနေ၏။ သူငယ်ချင်း သူ့ ဝါ သနာ ကမ္ဘာတလွှား၊ ရှာမှရှား၏ စဉ်းစားကြည့်လေ။ ဝီစကီဆို ချို၏ခါး၏၊ သူမသိလည်း သိရကောင်းဘိ၊ သူမသိလည်း။ ဘရန်ဒီဆို ချို၏ခါး၏၊ သူမသိလည်း သိရကောင်းဘိ၊ သူမသိလည်း။ စုလစ်မွမ်းချွန် ပုလင်းခွံ ဆို အလွန်တရာမှ၊ မက်မောလှသည် ဒုက္ခပါလား သူငယ်ချင်း။ (တက္ကသိုလ် မင်းမော်) ဒဂုန်မဂ္ဂဇင်း (၁၉၈၅ ဧပြီလ)  Listener's Heaven Audiobooks - အသံစာအုပ် ခုခေတ်ကဗျာဆရာဆိုသူတွေကတော့ 'တစ်' ပြီး မူးတော်မူကြပါသတဲ့။ ဒေါက်တာတင့်ဆွေ

တသက်တာ အမှား

မူရင်းစာကို အချက်အလက်နဲ့ စာလုံးပေါင်းသတ်ပုံတွေကို တခြားသူအများစုလို မှားအောင်မပြင်ဘဲ တင်ပေးထားသူ ကျေးဇူး + ကွန်ဂရက်ကျူလေးရှင်း။ ခေတ်ကလည်း မှားအောင်လုပ်ရေးအတွင် အချိန် + ငွေ + လူ အကုန်ခံတာကိုသာ အဟုတ်မှတ်နေကြတယ်။ ကျောင်းသုံးစာအုပ်တွေ၊ ပြန်ထုတ်ပုံနှိပ်စာအုပ်တိုက်တွေနဲ့ ဝီကီပီးဒီးယား။ အဲဒါကြောင့် တိုင်းပြည်ညံ့ညံ့လာရော။ ဒေါက်တာတင့်ဆွေ

ဆူးချုံကြားကဖူးငုံများ

ဆူးချုံထက်က ဖူးငုံလျက် ပွင့်သောပန်းကလေးငဲ့။ ထူးထူးခြားခြား ဆူးကြားထဲက ပွင့်လာသည်။ မောအောင်သွားရ တောခေါင်ဖျားက ပွင့်လာသည်။ အရောက်ခက်စွ ကျောက်ထက်ပေါ်က ပွင့်လာသည်။ ခူးသူပန်သူ၊ မြတ်နိုးသူဟု “သူ”တွေရှိမရှိ၊ `သူမသိ ပကတိပွင့်လျက်နေလေသည်။ သူ့ အလှကို၊ ချီးမွမ်းဆို၍ ပန်လိုသူများ၊ ပန်လို့သွားစေ- ဆိတ်ဆွဒဏ်ပြင်း၊ ထင်တိုင်းညှဉ်း၍ နင်းလိုသူများ၊ နင်းလို့သွားစေ သူကားအသင့်၊ ပွင့်မြဲပွင့်ပါသည်။ ပန်နိုးနိုးနှင့် အကျိုးမမျှော်တတ်။ ခြေပြင်းပြင်းနှင့် နင်းလိမ့်တကား လားလားမကြောက်တတ်။ သူ့ အလိုအလျောက်သာ ရောက်ရာအရပ်၊ တတ်ရာပညာ စေတနာဖြင့် သူ့ ခါရောက်တိုင်း ပွင့်မြဲတည်း။ (တင်မိုး) ဒဂုန်မဂ္ဂဇင်း၊ ၁၉၈၅ ဧပြီ။ Listener's Heaven Audiobooks ဒေါက်တာတင့်ဆွေ

ပန်းသည် (၂)

(၁) Kyaw Htet Oo ဟုတ်တယ် ဆရာ စာတွေကဗျာတွေကို ဖျက်နေကြတာလား မသိဘူး ။ ဆရာကြီး မင်းသုဝဏ် ရဲ့ မူရင်းစာအုပ်မှာ 'တ' လိုရေးထားတာကို အခုခေတ်မှာ 'တစ်' လုပ်ထားကြတယ်။  မောင်လေးရေ ထပါတော့ ရောင်နီ လာလှပေါ့။ 'တစ်'ကျော့နှစ်ကျော့ တေးကိုသီ ငှက်ကျား နှုတ်ပလီ။ တောင်ဆီနားက ခရေပန်း ပင်အောက် ကြိုင်လို့လန်း။ ဗန်းလေးယူခဲ့ မောင်လေးရယ် သွားကောက်ချေစို့ ကွယ်။ ပန်းသည်လုပ်စို့ တပြုံးပြုံး ပန်းတွေ 'တစ်'ကုံးကုံး။ (ဝီကီပီးဒီးယား) (၂)  ပန်းသည် မောင်လေးရေ ထပါတော့၊ ရောင်နီ လာလှပေါ။ တကြော့ နှစ်ကြော့ တေးကိုသီ၊ ငှက်ကျား နှုတ်ပလီ။ တောင်ဆီနားက ခရေပန်း၊ ပင်အောက်ကြိုင်လို့ လန်း။ ဘန်းလေးယူခဲ့ မောင်လေးရယ်၊ သွားကောက်ချေစို့ ကွယ်။ ပန်းသယ်လုပ်စို့ - တပြုံးပြုံး၊ ပန်းတွေ - တကုံးကုံး။ (မင်းသုဝဏ်) (၃) ဆရာမင်းသုဝဏ်ရဲ့ ပန်းသည်ကဗျာမှာ ခေါင်းစဉ်က ပန်းသည်၊ ကဗျာထဲမှာ ပန်းသယ်လို့ ရေးတယ်။ တကြော့ နှစ်ကြော့နဲ့ တကုံးကုံးကို စသတ်လို့ကတော့ ပျက်ရော။ ဒေါက်တာတင့်ဆွေ

'နေဝင်မြင်သည် ဝရွှေပြည်' ရတု

နတ်တော်ဆန်း၍၊ ထွန်းလျှံရောင်ဝါ သူရိယာလျှင်၊ အဝါ မမူ၊ အဖြူ အနီ စုံစီခြယ်လွင်၊ ပြင်ထပ်တင်၍ နေဝင်မြင်သည်၊ ဝရွှေပြည်ကား ဆည်းရည် ပတ်ချုပ်၊ မှိုင်းအုပ်ပျပျ ပုညတောင်ဆီ၊ ရီလျက် မလင်း မဝင်းအုံ့မှိုင်း၊ စစ်ကိုင်းတဖက် သန်လျှက်ပေါ်ထွန်း၊ ကျွန်းမျာ့း တံခွန် နန်းဗိမာန်သည်။   ။ လေသွန်ဖြည်းလှည့်လိမ့်တကား။ သုံးထောင်သင်္ချာ၊ ဟေမာဝန္တ တောရပ်ကသည်၊ ပုညထွတ်တင် ဘုရားရှင်တောင်၊ ယဉ်မြောင်မဝေး စိမ့်အေး ညင်းညင်း၊ ဆောင်းသက်နှင်းနှင့် ပင်းကြသောထွေ၊ ဧသန်လေလည်း စုံခြေဆိုင်းဆိုင်း၊ စစ်ကိုင်း ဥယျာဉ် ချိုချဉ် ပင်စုံ၊ ပန်းမျိုးပုံသည် ပွင့်ထုံကြိုင်မြူး၊ ဖက်ဆွတ်ဦးကို သုတ်ဖြူး ဆော်သွေး၊ ဖြည်းဖြည်းပြေးလျက် အေးအေး အလွှံ့၊ နှလုံးပျံ့သည်။   ။ ရနံ့ချည်း လှည့်လိမ့်တကား။ ကျောက်တိခံ၍၊ မင်းဝံချက်မ ဒေသမင်္ဂလာ၊ သာသနာ ထွန်းစည် ပြည်၏တံခွန်၊ နန်းဗိမာန်၌ ဆင်းကြန်နိကာယ်၊ ကြီး ငယ် ရွယ်လတ် ဆင်မှတ် ထွေပြား၊ ဝတ်စား နတ်နှိုင်း သင်တိုင်း ရွှေပြောက်၊ စိန်ကျောက်လည်မာ သူဇာ ယိုးဖွယ်၊ ပျိုရွယ် ရုပ်သွင် နဖူးပြင်ဝယ်၊ ရည်ရှင်ဇောတ တပ်ကြငြိရွှန်း၊ မှန် စက်ဝန်းနှင့်  ရွှေပန်းရွှေဖြီး၊ ညီးရရီးတည့် မဏိကိုးပါး၊ ဦးကြား ကြယ်ပြောင် ခရုချောင်နှင့်၊ ရွှေတောင်ထက်

Phonology စကားသံလေ့လာမှုပညာ

Burmese Phonology U Thein Tun Lecturer in Linguistics and Speech Science (Rt.) School of Human Communication Sciences La Trobe University  Melbourne Phonology = စကားသံလေ့လာမှုပညာ။ ဝါစဿရဗေဒ။ စာမျက်နှာ ၁၂၈ တတွင်း၊ တပေ၊ တပုံ၊ တပင်၊ တပေါက် နဲ့ တစ်ပွင့် အသံထွက်ပုံတွေ ပါရှိတယ်။ “တပေါက်” နဲ့ “တစ်ပေါက်” အသံထွက်နည်းတွေကို ယှဉ်ကြည့်ရင် မတူတာ တွေ့ပါမယ်။ တဝမ်းပူနဲ့သာ ရေးရတဲ့စာလုံးတွေကို တဝမ်းပူစသတ်နဲ့ရေးရင် အသံထွက်ပါ ပြောင်းပြီးထွက်ဆိုရပါလိမ့်မယ်။ စာဖတ်သူတွေ၊ ကဗျာရွတ်သူတွေနဲ့ သီချင်းဆိုသူတွေ အသံထွက်နည်းမှန်အတိုင်း ထွက်ကြရပါလိမ့်မယ်။ “ပန်းတပွင့်” ကို ဖတ်တဲ့အခါ စသတ်သံ ပါရလိမ့်မယ်။ “တယောက်တပေါက်” ဆိုစကားကို စသတ်သံ ၂ ခါပါရတော့မယ်။ ကိုမင်းနောင်ဆိုထားတဲ့ “တက္ကသိုလ်ကျောင်းသူတဦး” သီချင်းကိုလည်း စသတ်သံနဲ့ ဆိုရလိမ့်မယ်။ မြန်မာလို စကားပြောသူတွေ၊ သီချင်းဆိုသူတွေ၊ တရားစာဖတ်သူတွေ ဘယ်လိုဖြစ်ကုန်ကြတော့မည်နည်း။ ပညာကို ပညာလိုသာ သင်ကြ၊ တတ်ကြ၊ ရေးသားကြ၊ ပြောဆိုသင့်ကြပါတယ်။ ဒေါက်တာတင့်ဆွေ

Maymyo မေမြို့

အမည်ကွဲတွေကို တန်းစီရေးပြထားတဲ့ စာတခု တွေ့လိုက်တယ်။ မြို့လေးတမြို့ ရေးတာ စသတ်ထားတယ်။  အမည်သစ် တိုးတယ်။  Laytitmyo "လေးတစ်မြို့" ဟုလည်းခေါ်ပါသည်။ ဒေါက်တာတင့်ဆွေ

တစုံတရာသော

တက္ကသိုလ်ဘုန်းနိုင်သည် တစုံတရာသောကို မှန်အောင်မရေးတတ်ဟု ထင်မှတ်သော တစ်ကသိုလ်ဘုန်းနိုင်ဆိုသူက ပြင်ပေးထားရပါသတဲ့။ ဒေါက်တာတင့်ဆွေ

သူတပါးကို နာမည်မဖျက်ကောင်း

ဆူးစူး၍လျှင် အပ်နှင့်ထွင်သည် အသင် ဘာပြောချင်သနည်း။ (မောင်သာရ) ကဗျာတွေကို မူရင်းရေးသူအမည် ထည့်သုံးရပါမယ်။ တလောက ဒီကဗျာကို ပို့စ်တင်သူက ရေးသလိုလို တင်ထားတယ်။ တရား၊ ဝတ္ထု၊ ကဗျာတွေကိုလည်း မူရင်းပါ အချက်အလက်တွေနဲ့ စာလုံးပေါင်းသတ်ပုံတွေကို မပြင်ရပါ။ မူရင်းရေးသားတဲ့ ဆရာတော်တွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေက သတ်ပုံမှန်အောင် မရေးတတ်ကြသလို နာမည်မဖျက်ရပါ။  အဲလိုဖျက်ပြီး ထုတ်ဝေတာတွေကို ဝယ်ယူအားပေးခြင်း မပြုသင့်ပါ။ ဝီကီပီးဒီယားမှားလည်း မှားအောင်ပြင်တင်ထားတွေ အများကြီး။ မှန်အောင်ပြင်ကြပါရန်။ ပြန်ထုတ်စာအုပ်မှန်သမမျှ မှားအောင်ပြင်ထားတယ်။ အမှန်အတိုင်းသာ ထုတ်ဝေကြပါရန်။ (ပုံအတွက် ကျေးဇူး။) ဒေါက်တာတင့်ဆွေ

မြန်မာ့ဈေးကွက်

၁။ "ကြည်အေး" သည် စာလုံးပေါင်းသတ်ပုံ မှန်အောင် မရေးတတ်သဖြင့် "တစ်အေး" က ပြင်ပေးထာရသည့်စာအုပ်ဖြစ်ပါသည်။ လိုချင်ပါသည်။ ဝယ်လို့ရမလားဆရာ။ စာအုပ် မရောင်းပါ။ ဆောရီး။ သတ်ပုံမှားစာအုပ် အားမပေးပါ။ ၂။ ဆေးအတုဖြစ်ပါသည်။ ဘယ်မှာဝယ်ရမလဲဆရာ။ ဆေးမရောင်းပါ။ ဆေးအတု အားမပေးပါ။ ၃။ ကြော်ငြာဆေးသာဖြစ်ပါသည်။ ဘယ်လောက်ပေးရမလဲဆရာ။ ဆေးမရောင်းပါ။ ကြော်ငြာဆေး အားမပေးပါ။ ၄။ ပိုက်ဆံအတွက်ရောင်းတာဖြစ်ပါသည်။ ဘယ်လိုသောက်ရမလဲဆရာ။ ပိုက်ဆံပေါလွန်းပါက ကြိုက်သလောက်သောက်နိုင်ပါသည်။ ဒေါက်တာတင့်ဆွေ

ပဋ္ဌာန်း

ပဋ္ဌာန်း ရေးကြတာ ရောင်စုံတွေ၊ ဘုရားပုံတွေနဲ့ သတ်ပုံက မှားနေတာက များတယ်။ မြန်မာစာ ဗျည်းအက္ခရာ (၃၃) လုံးထဲမှာ ဌ သာပါတယ်။ ဋ္ဌ မပါ။ ၁၃၁၆ (၁၉၅၄) ခုနှစ်ထုတ် ဦးစံချစ်ရေးသားတဲ့ ကဝိဓဇသတ်ပုံကျမ်းမှာတော့ ဌာန်း = ကမ္မဌာန်း၊ ပဌာန်းပါဠိ၊ ပြဌာန်းသည် လို့ပါတယ်။ ဌာန် = ဌာန်ကရိုဏ်း၊ ပြဌာန်း၊ အဓိဌာန်၊ သန္နိဋ္ဌာန်လို့ပါတယ်။ ၁၉၆၂ ခုနှစ်ထုတ် ဦးသာမြတ်ရေးသားတဲ့ မြန်မာစာရေးထုံးကျမ်းထဲမှာတော့ ဌာန်း = ကမ္မဌာန်း၊ ပြဌာန်းသည်၊ ပြဌာန်းချက်စာအုပ် လို့ပါတယ်။ ခရီးဆောင်မြန်မာအဘိဓာန်မှာ ပြဋ္ဌာန်း = ပျတ်ထန်၊ ပျာ့ထန် အသံထွက်ကြောင်းပါတယ်။ (ကြိ) ဥပဒေစသည်တို့ကို သတ်မှတ်ပေးသည်။ လက်ရှိသုံးနေတဲ့ မြန်မာအဘိဓာန်ထဲမှာ ပြဌာန်းရော ပြဋ္ဌာန်းပါ မတွေ့ပါ။ ဌာန၊ ဌာနချုပ်၊ ဌာနေ၊ ဌာနန္တရ၊ ဌာပနာ လို့သာပါတယ်။ ဋ္ဌ ကုဋ္ဌနူနာ ဆဋ္ဌမ ဒိဋ္ဌ အဋ္ဌကထာ အဋ္ဌမ အဋ္ဌာရသအတတ် ဥက္ကဋ္ဌ ရွှေမုဋ္ဌော ပဋ္ဌာန်း ဌာန် ကမ္မဌာန်း ကိုယ်သဏ္ဌာန် ဌာန်ကရိုဏ်းကျ ဌာန်ကုန် ပုံသဏ္ဌာန် ပြဌာန်း ဌာ ကမ္မဌာန်း ကိုယ်သဏ္ဌာန် ကျန်းမာရေးဌာန ဌာနချုပ် ဌာနစိတ် ဌာနပိုင်မင်း ဌာနမှူး ဌာနီ ဌာနန္တရ ဌာပနာ (ပါဠိ = ဌပန = ထားခြင်း) ဌာပနာတိုက် ဌီ (ဥပါဒ်၊ ဌီ၊ ဘင်) ပဌမ (ပါဠိ) = တခုမြောက် ပထမ = (သကတ္တ ခေ

"မြားမှန်သူ"

အင်းလျားက ပြန် မြားမှန်သူ မောင်ညိုမြကိုလ  ကယ်ကြပါအုံး။ သည်ဘဝကိုဖြင့် သည်မျှ တန်ပါပြီလို့ မာန်ဖီကာ အားကုန်တင်းသော်လဲ  (ကိုကြီးဇော်ရေ) ငြင်းလျက်နှင့် ရှုံး။    ။ [စာဆိုတော်မဂ္ဂဇင်း (ဒီဇင်ဘာ ၁၉၃၆)] နမ်းကြာညို လက်ရွေးစင် စာအုပ်မှ  ဆရာ ညိုမြ   ရေးသားသည် Listener's Heaven Audiobooks - အသံစာအုပ်  မြားလို့ ရေးရ။ မြှား မဟုတ်။ မျှား မဟုတ်။ https://www.facebook.com/100035665506592/videos/811835187217051?idorvanity=585360869139546 မျှား၍ခေါ်သည် ငါးမျှားသည် ငါးမျှားတံ ဒဂုန်ရွှေမျှား (အမည်) ထုပ်လျှောက်ဒိုင်းမြှား လေးနှင့် မြား (ဟထိုးမပါ) တခါတုန်းက  ဘာမျှမရွယ်၊ ငါ့လက်ဝယ်မှ  သေးသွယ်ချွန်ထက်၊ မြားတလက်ကို  သက်သက် ပစ်လွှတ် မိခဲ့သည်။  သိတော့သိသည် မြား၏တည်ရာ၊ မြားစူးရာသည် ကမ္ဘာအပ မဖြစ်နိုင်။ (ငွေတာရီမဂ္ဂဇင်း - ၁၉၆၁ ဇန်နဝါရီလ) မာမာအေး - မောင့်အချစ်မြားစူး https://www.facebook.com/watch/?v=516594912296457 ဒေါက်တာတင့်ဆွေ

မောင်၊ ကိုကို နှင့် မြနန္ဒာ (ကြည်အေး)

မြနန္ဒာ တိုင်းမင်းကြီးရဲ့ သမီး။ ရုပ်ရည်ချောမောလှပသလို မိဘတွေရဲ့ စီမံခန့်ခွဲမှု "တစ်ဘဝလုံးစာ" ပုံသွင်းမှုနဲ့ ဘဝကို ရှေ့ဆက်ရသူမိန်းကလေး။ "ကြည်အေး" သည် စာလုံးပေါင်းသတ်ပုံ မှန်အောင် မရေးတတ်သဖြင့် "တစ်အေး" က ပြင်ပေးထာရသည့်စာအုပ်ဖြစ်ပါသည်။ ဒေါက်တာတင့်ဆွေ

တံတား

တံတား၊ တန်တား ဘယ်သတ်ပုံမှန် ရှင်းပြပေးပါဆရာ (၁) လက်ဖက်ရည်ကြမ်းဝိုင်း လရောင်ဆမ်း၍ ရွာလမ်းမြေမာ၊ ဝင်းဝင်းဝါ၏။ အုန်းထန်းပေလက်၊ တမာရွက်တို့ ရွှေစက် ရွှေပြောက်၊ ရွှေရည်သောက်၏။ တရံတခါ၊ လေအလာတွင် ရွာလယ်ပေါင်းကူး၊ တန်တားဦးမှ ဆိတ်ဖလူးနံ့၊ ရွာလုံးပျံ့၏။ (ဗန်းမော်ညိုနွဲ့) (၂) မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉) တံတား တံတားဦး (၃) လက်ဝဲသုနန္ဒရ နန္ဒီသေနပျို့ ၃၇။    ။ နန္ဒီသေန၊ မတ်လှ ကျော်ချီး၊ မတ်ခေါင်ကြီးက၊ ထုံးမှီး စကား၊ လျှောက်သည်များကို၊ ရွှေနား ညွှတ်ယူ၊ ကြည်ဖြူ မြတ်လေး၊ အခွင့်ပေး၍၊ “အရေးနှင့် စပ်၊ သင့်ကို အပ်၏။ ကြပ်ကြပ်,စိစိ၊ စီရင်ဘိ”ဟု၊ ဓိပတိ မင်းကျော်၊ နှင်းလသော်လျှင်၊ ထင်ပေါ် တေဇ၊ ကလိင်္ဂသို့၊ ချမ်းမြ, သာကြည်၊ စေလိုက်သည်ကား၊ “နှစ်ပြည်အကြား၊ မြို့ရွာများက၊ ရထား ဆင်.မြင်း၊ ကျွန်,သင်း ဗိုလ်ခြေ၊ အုပ်တွေ အသင့်၊ နေပါနှင့်တော့။ ရက်မြင့် မကွာ၊ ရှည်ကြာ မငံ့၊ ချီလာအံ့”ဟု၊ ချိုပျံ့ နာသာ၊ အရာရာကို၊  ၊ မှာစာ, တန်တား စေသတည်း။    ။ စစ်ကိုင်းတံတားကို တံတားဦးသား၊ အင်းဝသားတွေက အင်းဝတံတားလို့ ခေါ်ကြတယ်။ တံတားနဲ့ တံတားဦးတို့က ပိုမှန်မယ် ထင်ပါတယ်။ ဒေါက်တာတင့်ဆွေ

တိမ်ခိုးငယ်မှဝေဝေ အိုင်ချင်း

ခင်ဆွေဦးရေးတဲ့ ဝါဆိုဦးကပန်ဖူးတယ် စကားစုဟာ ဒီကနေလာပါတယ်။ (အမည်မသိ ရှေးစာဆို) (၁) သူငယ်ချင်း ငယ်ကောင်း၊ ယောက်မတို့လေ။ တိမ်ခိုးငယ်မှဝေဝေ၊ နှောပင်ကြီး၊ နှောသီးကြွေ၊ လေပွေတိုက်လို့ ဝဲတတ်တယ်။ ။ ဥသျှစ်သီး၊ မြေကြီးမှာမြှုပ်၊ ပြာဖုံးအုပ်လို့ မီးဖုတ်လိုက်ရင်၊ သီးဖော်ရယ်မှသီးဖက်၊ အပင်ထက်မှာ တက်တက်စင်၊ မီးကင်သည့်နှယ် ကွဲတတ်တယ်။ စနေဂြိုလ်စား၊ ကြိမ်ခိုက်များမှာ၊ ချရားသစ်ပင်၊ အိမ်လှေကားတွင်၊ စိုက်ထားလျှင်မူ၊ အင်ခွင်ဥစ္စာ နည်းတတ်တယ်။ တံစက်ရေနှင့်၊ တွင်းရေမတူ၊ ရေခမိုး၊ ရေးချိုးသူ၊ ညှင်းဖြူးပြိုးပြောက် စွဲတတ်တယ်။ ပဝါပြောက်၊ အထောက်ကယ်မှမတန်၊ မျက်နှာသစ်လို့၊ အညစ်ခံ၊ ဝက်ခြံမှည့်လို့ မည်းတတ်တယ်။ သနပ်ခါး၊ ကျောက်ပြားပေါ်တွင်၊ သောက်ရေဧနှင့် ရောသွေးလာလျှင်၊ နံ့သာအပေါ်ကျဲတတ်တယ်။ မိုးချုပ်ကယ်မှနေဝင်၊ စားဖိုထဲ အမဲကင်၊ စုန်းမှင်နတ်တို့ ရဲတတ်တယ်။ ပန်းနီနီ မပန်လေနှင့်၊ အမယ်မှာ နတ်ပန်းပွင့်တဲ့။ အတင့်ငယ်မှရဲချင်၊ ပျော်လိုအားနှင့် ခေါင်းဖျားတင်၊ အလျင်လူနှင့် လွဲတတ်တယ်။ မိဘဘိုးဘွား၊ ဆိုစကားကို၊ နားမျှမဝင်၊ ထီမထင်ဘဲ၊ ကြို့ပင်ကြီးမြောက်၊ ပိတောက်ပင်တောင်၊ ညောင်ပင်ကြီးရင်း၊ ကောက်စိုက်ကယ်ပြန်၊ ထိန်ကန်တွင်းမှာ၊ လာရင်းမျက်မြင်၊

ဖိတ်စာ

ရုတ်တရက်သော် စိတ်စက်တုန်လှုပ်၊ ထိုင်ငုတ်တုတ်နှင့် ကျွန်ုပ်စိတ်တွင်၊ သောကဝင်၏။ အစအဆုံး ကူးမရိုက်အားသေးပါ။ ဆရာတင်မိုး ၉-၁၂-၁၉၇၆ နေ့စွဲနဲ့ ရေးတဲ့ကဗျာ။ ပုဂံကျောင်းကခေါင်းလောင်သံ၊ စာမျက်နှာ ၄၆-၄၇။ ယခုခေတ်မှာ  "ရုတ်တစ်ရက်" လို့ရေးသူတွေ ရှိနေပြီ။ နောင်ဆို မြန်မာအဘိဓာန်သစ်မှာ ထည့်လေမလား မပြောတတ်။ လူသုံးများရင် ထည့်မယ်တဲ့။  ဒေါက်တာတင့်ဆွေ

ဝါဆိုဦးကပန်ဖူးတယ်

ခင်ဆွေဦး ပကြိမ်- ၁၉၇၅ အထူးတဆန်း တသီကြီး အသစ်တဖန် တဖက်တချက် တအုပ်ပြီးတအုပ် မှိုပင်တချို့ မထိတထိ တခိုင်စ နှစ်ခိုင်စ ကလေးတသိုက် (စုဆောင်းထားသမျှမြန်မာကာတွန်းရုပ်ပြလက်ရာများ) ဒေါက်တာတင့်ဆွေ

Jungle doctor meets a lion ပြည်ပနိုင်ငံရေးထဲက ဆရာဝန်

ပြည်ပနိုင်ငံရေးထဲက ဆရာဝန်တယောက် (ဒေါက်တာကျော်ညွန့်) မနေ့က ကွယ်လွန်ပါတယ်။ သူက ကျွန်တော့ထက်အရင် တောခိုသူ။ ခင်မင်ရင်းနှီးတယ်။ သူက ဘယဆေးဝါသနာပါတယ်။ သူ့အရင် ကွယ်လွန်ခဲ့တဲ့ ပြည်ပနိုင်ငံရေးထဲက ဆရာဝန် (ဒေါက်တာမျိုးဝင်း) က အပ်စိုက်ဆေးကုနည်း ဝါသနာပါတယ်။ သူက အမတ်လည်းဖြစ်တော့ အတူလုပ်ကိုင်ရာမှာ ပိုပြီးနီးကပ်ပါတယ်။ ကျောင်းသားဆရာဝန်တွေလည်းရှိတယ်။ ပြည်ပနိုင်ငံတွေမှာ နေထိုင်ပြီး ထိုင်း-မြန်မာနယ်စပ်ကို အချိန်ရတိုင်းလာပြီး ပြည်သူ့ကျန်းမာရေးအတွက် ကူညီကြတဲ့ ဆရာဝန်တွေလည်း ရှိတယ်။  ပြည်ပနိုင်ငံရေးထဲမှာ ဆေးမကုတဲ့ဆရာဝန်တွေလည်းရှိတယ်။ ကျွန်တော်ကတော့ ဆေးကုတာ၊  ခွဲစိတ်ကုသတာနဲ့ ကလေးမွေးပေးတာကို အချိန်ဖဲ့ပြီး လုပ်ပါတယ်။ နိုင်ငံရေးထဲကဆရာဝန်တွေဟာ တိုင်းပြည်ရဲ့ဝေဒနာကို ပျောက်စေချင်ကြပါတယ်။ အဆက် ၂၀၂၁ နောက်မှာ ကျွန်တော်ရေးတာထက် ထူးခြားတဲ့ အဖြစ်မှန်တွေကို တောထဲထပ်ရောက်နေကြတဲ့ ဆရာဝန်တွေက ဆက်ရေးကြလိမ့်မယ်။ သူတို့ဟာ ခြင်္သေ့နဲ့ တွေ့နေကြရသူတွေ။ နေကောင်းကြပါစေ။ ဒေါက်တာတင့်ဆွေ ၂၈-၆-၂၀၂၁ ၂၈-၆-၂၀၂၃

မြကျွန်း"တစ်"ညို တက္ကသိုလ်

ရန်ကုန်တက္ကသိုလ် ၁၀၀ ပြည့်သဘင် သီချင်းတွေ တွေ့တယ်။ သီချင်းခေါင်းစဉ်တွေ စာလုံးပေါင်းသတ်ပုံတွေ မှားနေတယ်။ မူရင်သီချင်းတွေကို တမင်တကာ မှားအောင်ပြင်ထားတာတွေ။ မလုပ်ကောင်းပါ။ ဒီသီချင်းဆိုကြတဲ့ခေတ် ၁၉၆၅ ခုနှစ်မှာ စာလုံးပေါင်း သတ်ပုံတွေ မှန်ပါတယ်။ မြကျွန်းညိုညိုတက္ကသိုလ် မြစ်ချောင်းငယ်ဖြာဖြာ ရေပြာပြာ သမုဒ္ဒရာမှာပေါင်းစုံ အသစ်အဟောင်းနယ်စုံစွာ ကျက်သရေဂုဏ်ဝေဖြာတဲ့ အကြေတက္ကသိုလ်မှာ အကြောင်းဆုံ မြကျွန်းညိုညို ကွန်းခိုရာတက္ကသိုလ်မှာကြုံ စာပေဂီတနဲ့သာ အနုပညာ အစစမှာလည်းစုံ တေးပဉ္စင်ငြိမ့်ငြိမ့်ညောင်း စုပေါင်းပါလို့ သီကျူးပုံ တေးမင်္ဂလာ ဘဝင်မှာအေးလို့ ငြိမ်းချမ်းကြစေကုန် (မြကျွန်းညိုညို ကွန်းခိုရာတက္ကသိုလ်မှာကြုံ စာပေဂီတနဲ့သာ အနုပညာ အစစမှာလည်းစုံ တေးပဉ္စင်ငြိမ့်ငြိမ့်ညောင်း စုပေါင်းပါလို့ သီကျူးပုံ တေးမင်္ဂလာ ဘဝင်မှာအေးလို့ ငြိမ်းချမ်းကြစေကုန် ရှေးယဉ်ကျေးမှုအစဉ်အလာ တို့ဆက်ခံကာသာယုံ တေးထွင်ရေးပြုညင်သာ တိုးတက်ပါစေကုန် ရှေးယဉ်ကျေးမှုအစဉ်အလာ တို့ဆက်ခံကာသာယုံ တေးထွင်ရေးပြုညင်သာ တိုးတက်ပါစေကုန်) ပန်းကံ့ကော်ဝင်းဖန့်ဖန့် သင်းပျံ့ကြိုင်လှိုင်ထုံ (တို့တက္ကသိုလ်ဂုဏ်) စိန်ပန်းစုံနီဝေဝေ မြကန်ရေ သာမော အဆင်ဆန်းပုံ ပင်

တောင်သူလယ်သမား ပြဿနာ

စစ်ပြေငြိမ်းစ၊ ကမ္ဘာ့ တခွင် ရိက္ခာ အစား၊ ရှားပါး၍ နေရာတွင် တို့တိုင်းငယ် ပြည်ပင်၊ ငြိုငြင် ခက်ခဲ စပါး ဆန်ရေ၊ ချို့တဲ့နေ တို့တွေ ရိက္ခာမွဲသည်နှင့်လေး။ ။ စစ်မီး လောင်ဆဲ၊ နွားကျွဲငယ် မစုံ ဗုံးဒဏ် အစ၊ ဓားပြက တဖုံ တိုက်လဲ မဖြုံ၊ မတုန်မလှုပ် ပြည် တိုင်း နယ်တခို၊ ပေါစေလို သက်ကို စွန့်ကာ လုပ်သည်နှင့်လေး။ ။ ပစ္စည်းကိုင်ဆုပ်၊ အထုပ်ကယ် ပိုက်လွယ် ဘေးရန်ကျော်နင်း၊ လွတ်ကင်းတဲ့ ကိုလူကြွယ် စစ်ပြီးခါဝယ်၊ ပြန်လည်လာကြ တလင်းပေါ်တွင်၊ စပါးမြင် လိုချင် သွားရည် ကျသည်နှင့်လေး။ ။ ကျွဲနွား ကစ၊ ဘာမျှ မကူ စပါးကို မြင်မှ၊ သီးခတဲ့ လိုချင်မူ လယ်သမားငယ် ပြည်သူ၊ ကြည်ဖြူ မရှိ လူထုစုံလင်၊ ပေါင်းစုအင် တိုင်ပင်နှိုင်းကာ ညှိသည်နှင့်လေး။ ။ စိုးရ အသိ၊ တိုင်းပြည့် ဒုက္ခာ လယ် ယာသမား၊ ထောက်ထားငယ်မညှာ ဆန်ဈေးကို နှိမ်ကာ၊ ဝယ်မှာ အတင်း တို့ကို ရှောင်ဖယ်၊ တိုင်းခြားဝယ် ဆက်သွယ်ကူညီ ပင်းသည်နှင့်လေး။ ။ တရားမဲ့လျှင်း၊ ဇွတ်မင်းပ မူလျှင် ဒုက္ခကျပ်တည်း၊ အပြီးတွေ့ရမည်သာပင် စိတ်ထား မရွှင်၊ လယ်တွင်မလုပ်။ မုချကြုံလာ၊ နောင်နှစ်မှာ ရိက္ခာကုန်ကုန် ပြုတ်မည်နှင့်လေး။ ။ အချုပ် တိုင်အောင်သာ၊ ကပ်ကမ္ဘာ ဖုံးတော့မည်။ ။ မလုပ်နိုင် လယ်ယာ၊ ငတ်

အရွယ်

(တရံခါသော်၊ မန်းမြို့တော်မှ နှစ်ဖေါ်သက်ထား၊ မြေးအဖွားတို့) မင်းကွန်းရွာမှာ  သာယာချမ်းမြ၊ အေးငြိမ်းလှ၏။  ရှေးကတည်ထား၊ ရှေးဘုရားတည့်  ထူးခြားလက်ရာ၊ အနုပညာတို့  ဖြာဖြာစုံညီ၊ ရွာ၌တည်၏။  ရွာဘေးမှသည်၊ ခွေဝန်းလည်သည့်  နဒီဧရာ၊ လှိုင်းဖွာဖွာလျှင်  ညင်သာစီးဆင်း၊ အလှကျင်း၏။  ရွာ၏တောတန်း၊ ရွာပတ်ဝန်းလည်း  စိမ်းလန်းသာယာ၊ အေးရိပ်ဖြာ၍  ထံတျာနွဲ့နွဲ့ ၊ ငှက်တေးဖွဲ့၏။ တရံခါသော်၊ မန်းမြို့တော်မှ နှစ်ဖေါ်သက်ထား၊ မြေးအဖွားတို့ ဘုရားဖူးမည်၊ လာရောက်လည်စဉ် သည်ရွာအလှ၊ ခံစားရသော် ဆန္ဒကိုယ်စီ ဖြစ်ကြ၏။ အရွယ်ရင့်အို၊ အဖွားအိုက စိုပြေသာယာ၊ သည်နေရာဝယ် ဖေါ် ရှာမမှီး၊ တကိုယ်တည်းလျှင် ပွားစီးဘာဝနာ၊တရားရှာ၍ နေပါလိုလှ၊ သူတောင့်တသည် ကောင်းစွကောင်းစွ သူ့ဆန္ဒ။ အရွယ်နုပျို၊ မြေးမပျိုမူ  စိုပြေသာယာ၊ သည်နေရာဝယ် သက်လျာသည်းအူ၊ ချစ်သောသူနှင့်  တူယှဉ်မကွာ၊ နွှဲပျော်ကာဖြင့်  နေပါလိုလှ၊ သူတောင့်တသည်  ကောင်းစွကောင်းစွ သူ့ဆန္ဒ။ (မင်းယုဝေ) ငွေတာရီမဂ္ဂဇင်း (၁၉၆၈ ဩဂုတ်လ) Listener's Heaven Audiobooks - အသံစာအုပ် ဒေါက်တာတင့်ဆွေ