Skip to main content

Posts

Showing posts from December, 2022

မြောင် နှင့် မြောင်း

ကျဉ်မြောင်သော၊ ကျဉ်းမြောင်းသော၊ ဘယ်ဟာအမှန်လဲရှင်။ (ကျဉ်းမြောင်း) မြောင် လျှိုမြောင် မြောင်ကျပ် မြောင်မြို့ မြောင်ချောက်ကြား တောတောင်လျှိုမြောင် လျှိုမြောင်သုံးသွယ်ဆည် မြောင်ဆိုတာ အနံကျဉ်းတဲ့ သွားလမ်း၊ ဆင်းလမ်း၊ စီးလမ်းကိုခေါ်တယ်။ ကျဉ်းတဲ့မြောင်လို့လည်း သုံးနိုင်တယ်။ မြောင်း ကျဉ်းမြောင်း မြောင်းကာ(ဗိသုကာသုံး) မြောင်းတူး = အသက် ၃၀ နှစ်အထက် အမျိုးသမီး။ မြောင်းတူးသည် မြောင်းထိုးရွေပေါ် မြောင်းထဲရောက်သွားသော နိုင်ငံရေးသမား မြောင်းပေါင် ရေမြောင်း လျှိုမြောင်တောကြား မြင့်မားခေါင်ခေါင် တောင်ထိပ်ပေါ်မှ ဖြတ်ကျော်ကျလာ (မိဘမေတ္တာ သီချင်း ရွှေတိုင်ညွန့်) ဒေါက်တာတင့်ဆွေ 

ဧကဝုစ်ကိန်းများ

လှည်း တစီး နွား တကောင် လက်ပံ တပင် တောင်း တလုံး ဗန်း တချပ် မော်ဒယ် တယောက် ဒေါက်တာတင့်ဆွေ 

မိုးမသောက်မီ

သန်းခေါင်မကျော် ကြယ်မပေါ်မီ ဟိုမျှော်သည်မှန်း ယောင်ကန်းကန်းနှင့် စမ်းတဝါးဝါးဖြစ်ဦးမည်။ အုန်းမောင်းမခေါက် မိုးမသောက်မီ လမ်းပျောက်၍သာနေဦးမည် အမှောင်တွင်းက သီချင်းသည်။ ကြယ်နီမပေါ် စည်မဆော်မီ ရဲဘော်လေလား ရန်သူလားဟု ဝိုးဝါးဖြစ်နေပေဦးမည် အမှောင်တွင်းက သီချင်းသည်။ ဆရာတင်မိုး ၂၀-၂-၁၉၇၄ နေ့က ခရေဆယ်ပွင့် တိမွေးကုတက္ကသိုလ် ဆယ်နှစ်ပြည့်စာစောင်မှာ ပေးပို့ခဲ့တဲ့ကဗျာ စမ်းတစ်ဝါးဝါးဖြစ်နေကြတဲ့ အမှောင်တွင်းက သီချင်းသည်တွေ အလင်းရောက်ကြပါစေ။ မီ နဲ့ မှီကိုလည်း သတ်ပုံမှန်ကြစေ။ ဒေါက်တာတင့်ဆွေ

လက်ကျန်တပွင့်

သခင့်ခြံတွင် တပွင့်ကျန်သော ပန်းကလေး။ မခူးအား၍ ဆူးကြားကျန်ရစ်ခဲ့သလော။ မခူးရက်၍ ဆူးထက်ချန်ရစ်ခဲ့လေသလော။ မခူးလို၍ ဆူးညိုကြားတွင် သူ့ကံပင်ဟု တမင်စွန့်ခဲ့လေသလော။ မည်သို့ဖြစ်စေ သခင့်မြေ၌ ညနေရီနှင့် လွမ်းအောင်ပွင့်သည့် တပွင့်ကျန်သေး ပန်းကလေးကြောင့် တေးသည်ငှက်ဆွေ အဆွေးပြေသည် နွေဦးဆန်းစမှာတကား။ (တင်မိုး) ရေဆန်လေဆန်ကဗျာများ ၁၄-၁၀-၁၉၇၃ ပေါ်လစီသတ်ပုံနဲ့ရေးခဲ့တာမဟုတ်ကြောင်း တင်ပြအပ်ပါတယ်။ မြန်မာစာခြံထဲမှာ သတ်ပုံမှန်ရေးသူတွေ တပွင့်မက ကျန်ပါစေသတည်း။ ဒေါက်တာတင့်ဆွေ

အခါတပါး၌ မြတ်စွာဘုရားသည်

တရားစာတခုမှာ အခါ(တစ်)ပါးတဲ့။  တရားစာနောက်တပုဒ်ဆိုရင် မြတ်စွာဘုရား အခါ(နှစ်) ပါးဖြစ်မလား မသိပါ။ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် မြန်မာပြန်ကျမ်းတွေမှာ မြန်မာစာသတ်ပုံမှန်နဲ့ရေးထားပါကြောင်း အထောက်အထားပေးပါတယ်။ ဒေါက်တာတင့်ဆွေ

အဝတ်အထည်များ စာရေးတာမှန်မှ လှပါမည်

•  ဒေါ်ဖွားချစ် ချင်းရိုးရာလက်ယက်ထည် လက်လီ/လက်ကား လက်ရက်လို့ ရေးရတယ်။ •  ဂျတ်ခုတ် (ယပ်ခုတ်) အထည် ယက်နေပုံလေး ဂျပ်ခုတ်လို့ ရေးရတယ်။ •  ဂျုတ်ခုတ်ပတ်ထဘီတွေ ရောက်ပါတယ်ရှင့် ဂျပ်ခုတ်လို့ ရေးရတယ်။ •  မဟေသီ အနံလွန် ၃ ကိုက်ဝမ်းဆက် ထမိန်အနံလွန် ၂ ကိုက်  ထဘီလို့ရေးတာက ပိုမှန်တယ်။ •  ထမီ၂ကိုက်+အင်္ကျီစတကိုက်တထွာ-ပုံမှန်အနံပါ ထဘီလို့ရေးတာက ပိုမှန်တယ်။ တကိုက်တထွာလို့ ရေးတာမှန်။ ကွန်ဂရက်ကျူလေးရှင်း။ •  နဂါးမောက်ရောင်လေး နှစ်တရာချည် တိုင် ဖောက် နဲ့ခတ်တော့ ကချင်မှာ အမြင့်ဆုံးချည်နော် နှစ်တရာချည်လို့ ရေးတာမှန်။ ကွန်ဂရက်ကျူလေးရှင်း။ •  ဒါးကြီးပါတိတ် ၃မီတာ (၃ကိုက် ၁မိုက်)  ဒါးကြီးလို့ ရေးတာမှန်။ ကွန်ဂရက်ကျူလေးရှင်း။ •  ပွဲတတ်ချိတ်  ပွဲတက်ချိတ်လို့ ရေးရတယ်။ ဒေါက်တာတင့်ဆွေ

မဟာမင်းလှမင်းခေါင်ကျော်၏ အတ္ထုပ္ပတ္တိ

ငယ်မည်ကား ဦးရွှန်းတည်း။ ဦးရွှန်း၏ ဖွားရာဇာတိကား အဝမြို့တွင်းမှာ ဖွားသတည်း။ ၎င်းနောက် အမရပူရမြို့ နန်းတော်အနောက်တောင်ထောင့်ရွှေလင်းပင်ဘုရားအနီးမှာ အာဝါသပြုလုပ်၍ အမှုတော်ထမ်းရသတည်း။ ထိုဦးရွှန်းမှာ ရတနာပူရ စတုတ္ထမြို့တည် ဘကြီးတော်လက်ထက် ဘွဲ့ငါးရပ်ဖြင့် ချီးမြှင့် သည်ကို ခံရသတည်း။ ထိုဘွဲ့ငါးရပ်တွင် နောက်ဆုံးဘွဲ့မှာ မဟာမင်းလှမင်းခေါင်ကျော် ဟူ၍ခံယူရသတည်း။ ရာထူးကား ဆီမီးခုံရွာ သာထွန်းရွာ ငနန်းရွာ မြစ်ကိုင်းရွာများကို ရွာစား အသနားတော်ခံရကာ ပညာရှိအရာ ခန့်ထားသည်ကိုလည်း ခံရသတည်း။ ၎င်းပြင် လက်ရုံးဘက်မှာလည်း လိမ္မာကျွမ်းကျင် သတ္တိ ဗျတ္တိ ရှိသောကြောင့် ပုဂံမြို့ဝန်အရာ ပုဂံစီရင်စုအတွင်း သေနတ်ဗိုလ်အရာများကို ခန့်ထားသူကောင်းပြုခံရသူလည်းဖြစ်သည်။ ပညာရှိမျိုး ရိုးရာ ဆင်းသက်အပ်သော အဌကုလိကာ အမတ်မျိုးလည်း ဖြစ်သတည်း။ ၎င်းဦးရွှန်း၏ အဘကား လေးထပ် ရွှေကျောင်းတော်ကြီးနှင့်တကွ ဘုရားကြီး ဒါယကာ သူရမနုဘွဲ့ခံ လွှတ်တော်အမိန့်ရပေတည်း။ ၎င်းဦးရွှန်း၏ ဘိုးကား အဝဆင်ဖြူရှင်လက်ထက်တွင် အနောက်ဘက်တိုက်ဝန် ပုခန်းကြီးမြို့စား မင်းကြီးမဟာရာဇသင်္ကြံ ပေတည်း။ ရတနာပူရ စတုတ္ထမြို့တည် ဘကြီးတော်မင်းတရား နန်းက ဆင်းတော်မူပြီးနောက် ရွှေဘိုမင်

တောင်ငူဆို ရတုအဖြေ - ဦးရွှန်း

( ကမုတ်ရွှေကြာ၊ ချပ်တရာမှ ၊ ရောက်လှာပြိုင်ဘော်၊ သခင်သော်လည်း တွေးခေါ်မည်ပင်၊ လူမျိုးထင်လိမ့် ) သမုဒ်ဧရာ၊ မြစ်ငါးဖြာမှ ဆုံလာလှည့်ဝိုက်၊ ရစ်၍့ဆိုက်သား လိုက်လိုက်ဖြိုးဖြိုး၊ ဖြန့်မိုး စကြာ အဝါဟူးဟူး၊ နေထက်ထူးမျှ ပန်းဦးမဉ္ဇူ၊ ဆက်လှူသဘင် မြသီးတင်ဟု၊ (မြသီတင်-မူကွဲ) ကျွန်းခွင်ပျံ့မွှေး၊ လေသွန်ပြေးသည် ညီထွေးနောင်နည်း၊ တမျှတည်းကို သာဖြည်းပျံ့ပျူး၊ လျှောက်ပါဦးအံ့ အမူးအမော်၊ ညှိုးယော်ခွေပျောင်း မဖြစ်တောင်းတည့်၊ ရှင်နှောင်းနွဲ့ညို ယုံမည်ကိုမျှ၊ သံချို ဟမြွက် ရိပ်ခြည်ခက်ခဲ့၊ ကိုးချက်နာရီ၊ နွဲးမှီစက်ပါး၊ လရထားသည် နဂါးနီးပြန် ခဲ့တကား။ ။ ( နတ်ရှင်နောင်) အဓိပ္ပာယ်ကား- သမုဒ္ဒရာသို့ မြစ်ကြီးငါးစင်းတို့မှ ရေတို့သည် ပေါင်းဆုံလာဘိ သကဲ့သို့၊ ရေရစ်လည်ဝိုက်၍ ဆိုက်သား လိုက်လိုက်ဖြိုးဖြိုး ဖြန့်မိုးသော ထီးစကြာနှင့်၊ အရောင်အဝါ ဟူးဟူးပြောင်ပြောင် နေရောင်ထက်ထူးသော ပန်းဦးမဉ္ဇူကို ဆက်လှူ၍့ သဘင်ခံသော မြသီးတင်ဟု၊ ကျွန်းခွင်ပျံ့မွှေး လေသွန်ပြေးသည်၊ ညီတော်နောင်တော် နှစ်ဆူတမျှတည်း၊ ဘုရားကို သာသာဖြည်းဖြည်း ပျံပျံပျူးပျူး လျှောက်ပါဦးအံ့။ အမူးအမော် ညိုးညိုးယော်ယော် ခွေခွေပြောင်းပြောင်း

ပါပီ ဖစ် တေ မာ ကင်ဆာ

1. Female ပါ အပျိူပါ ရာသီက ပုံမှန်ပါပဲရှင့် ဖြစ်နေတာက မျက်လုံးတွေက ယားတော့ လက်နဲ့ပွတ်ပါတယ် လက်နဲ့ ပွတ်ပါများတော့ မျက်လုံးတေကပူပြီး မျက်လုံးကနီပြီးဝါလာပါတယ် မျက်ရည်ပူတေလည်း ကျပါတယ် 2. ကင်ဆာ ဖြစ်ထားတဲ့သူနဲ့ alcohol နဲ့ တည့်လားရှင့် အမြဲတန်းတော့မဟုတ်ပါဘူးရှင့် အလုပ်က လူကြီးတေနဲ့ ဆုံမဲ့အချိန်တေမှပါရှင့် ကျေးဇူးပြုပြီး ဖြေပေးကြပါဦးရှင့် (ကျွန်တော့်ကိုမေးတာတော့ မဟုတ်ပါ။ သတ်ပုံကို တင်ပြချင်လို့ဖြစ်ပါတယ်။ တေ မဟုတ် တွေ လို့ရေးရ။) 3. ကင်ဆာဆေးတတိယအကြိမ်သွင်းပီး(ပြီး)ခေါင်းတေ(တွေ) မခံမရပ်နိုင်အောင်ပွင့်ထွက်မတတ်ထိုးပီး(ပြီး) နားတေ(တွေ)ပါကိုက်တဲ့ Bad side effect ကို ကြုံဘူးကြလားရှင့် ကြုံဘူးတဲ့သူတေ(တွေ) ဝေဒနာ သက်သာအောင် ဘ(ဘယ်)လိုလုပ်ရမလဲ ဆိုတာ ကူညီ ရှင်းပြစေလိုပါတယ် ခု ဆေးခန်းက ဆရာဝန်နဲ့ ဆေးထိုးဆေးသွင်းလုပ်နေပင်မဲ့ ခဏပဲသက်သာလို့ပါ  4. ကင်ဆာသမားတေစိတ်ဓာတ်နှင့်စိုးရိမ်မှုကအဓိကပါရှင့် စိတ်ဓာတ်မကျနဲစိုးရိမ်စိတ်မများနဲ ညီမအသက် ၃၈ပါ (တေ မဟုတ် တွေ လို့ရေးရ။) 5. ကျနော့်အသက် ၂ရပါ ဆံပင်တွေကျွတ်တာ နဖူးတောင်ပြောင်လာပါပြီဆရာ ဆံပင်ဆေး ဆရာဝန်တေနဲ့ ဆွေးနွေးတာ ဟော်မုန်းကြောင့်တဲ့ပြောတယ်ဆရာ ဟော်မုန်းဓာတ်မညီတာဆိုတာ ဘ

Catwalk ခြေတလှမ်း ကုဋေတသန်း

၁။ ဘီဘီစီ မြန်မာပိုင်းရဲ့ ယူကျု ချင်နယ်လ်မှာ ပရိသတ် တစ်သန်း ပြည့်ခဲ့ပြီ ၂။ ခြေတလှမ်း ကုဋေတသန်း တေးရေး - ဟင်္သာတ မြင့်ငွေ တေးဆို - အောင်ဟိန်း https://my.pcloud.com/publink/show… ၃။ အာဝါဟသဘင် (သုမောင်) တနေ့တွင် ကျွန်တော်သည် ကျွန်တော်၏ ဇနီးသည်နှင့် ပတ်သက်သော မိတ်ဆွေ မင်္ဂလာဧည့်ခံပွဲ တခုသို့ သီချင်းသီဆို လက်ဖွဲ့ရန် သွားရောက်ခဲ့ရ ပါသည်။ ထုံးစံအတိုင်း ကျွန်တော်ရောက်ခဲ့ရသော အခြား မင်္ဂလာဧည့်ခံပွဲများကဲ့သို့ မင်္ဂလာရှိသည့် သီချင်းများ တပုဒ်စ နှစ်ပုဒ်စ ဆိုမလို့ သီဆိုပေးရရုံမျိုး မဟုတ်ခဲ့ပါ။ အခါတော် ပေးရန် တဲ့။ 'အခါတော်ပေး' ဆိုသည်မှာ သတို့သမီး သတို့သားတို့ မင်္ဂလာအချိန် ကျရောက်ပြီမို့ မင်္ဂလာ ဧည့်ခံခန်းမသို့ ကြွရောက်တော်မူလာ ကြသောအခါ သူတို့စုံတွဲ ခြေတလှမ်း ကုဋေတသန်းနှုန်းဖြင့် လျှောက်လာကြသောအခါ စည်းချက်ဝါးချက်နှင့် လိုက်ဖက်ညီစွာ ငြိမ့်ငြောင်း သာယာသော 'ဇေယျတု' အစချီ ပွဲထုတ်သီချင်းခန့်ကို သီဆိုပေးရခြင်း ဖြစ်ပါသည်။ ဒေါက်တာတင့်ဆွေ

Sway ဆွေး

Dr Swe မဟုတ်ပဲကိုး။ ကျောင်းစရောက်တော့ အမည်ဘယ်လိုခေါ်ရမလဲ မေးတယ်။ ရွှေဗမာပီပီ တော်သလို သင်သလိုအကျင့်ပါနေတော့ ရုတ်တရက်ဆိုသလို တင့် လိုက်မိရာကနေ တင့်ဖြစ်သွားတယ်။ အသံထွက်နည်းပါ ပြောရတယ်။ သူတို့က ဖတ်စ်နိမ်းထက် လတ်စ်နိမ်းကို ပိုသုံးကြတာ သဘောမပိုက်မိ။ ထရမ်း၊ ဘိုင်းဒင်။ ဆွေလုပ်လိုက်ရင် - SWE = Society of Women Engineers ကိုယ်က အင်ဂျင်နီယာလည်း မဟုတ်။ အသံထွက်နီးစပ်တဲ့ Sway ကို ဂူဂယ်ထရန်စလိတ်က လျို တဲ့။ ဂူဂယ်က ဗမာ သူလျိုထောက်လှမ်းရေးအကြောင်း သိပုံမရ။ ကျွန်တော်က စစ်ထောက်လှမ်းရေးဘေးကနေ ထွက်ပြေးရတာ။  နောက်တနေရာမှာ Sway ယိမ်းတဲ့။ ကျွန်တော်က မန်းပန်တျာကျောင်း မတက်ခဲ့ပါ။ ဒေါက်တာတင့်ဆွေ

ခြေမှာစကား လက်ဖျားကဗျာ

၁။ ဆရာမိသားစုနှင့်အတူ ချမ်းမြေ့သာယာ ပျော်ရွှင်ပါစေ နိုင်ငံတော်နှင့်နိုင်ငံသားတို့အကျိုးတိုးတက်သာယာပါစေကြောင်း ထမ်းပိုးရွက်ဆောင်နိုင်ပါစေခမျာ ၂။ ဆရာရဲ့ကျေးဇူးကို အဖေပြောလို့မဆုံး ဆရာဒေါက်တင့်ကြောင့် ငါ့ခြေထောက်ပြန်ကောင်းသွားတာ နေကောင်းကျန်းမာပါစေရှင့် ကောင်းတာမွန်တာ ရေးတဲ့အတွက်တော့ ကျေးဇူး။ ဒါပေမဲ့ ကျွန်တော်က ကြီးကျယ်တဲ့အလုပ်မျိုး လုပ်ကိုင်နိုင်စွမ်း မရှိပါ။ ဆေးပညာစာတွေကိုတော့ နောက်ဆုံးထွက် ဆေးသုတေသနတွေအရ ရေးပါတယ်။ ဆေးကုတာမှာတော့ ဒုတိယကွန်မင့်လိုဘဲ (ကန်တော့) ခြေထောက်တို့ လက်တို့လောက်သာ စွမ်းသာတယ်။ လူတွေရဲ့ ဦးနှောက်နဲ့ နှလုံးကို မခွဲစိတ်တတ်ပါ။  အခက်ဆုံးက အတွေးအခေါ်၊ ဆင်ခြင်စဉ်းစားမှု။ အဲဒါကလည်း တကယ့်ကို အခြေခံအဆင့်ကို ပြင်ချင်တာ မရနိုင်။ ဥပမာ နည်းနည်းလေး ပေးမယ်။ ကိုဗစ်ဆိုတိုင်း ငှက်သိုက်၊ အောက်မဲညိုနဲ့ လောက်သေရွက်။ ဘာကင်ဆာဖြစ်ဖြစ် ခါချက်ဥနဲ့ ကန်စွန်းရိုနီလို့ ပြောနေကြတာတွေကို အမုန်းခံ ရေးနေတာ မအောင်မြင်ပါ။  ရွှေဥဒေါင်းရေးတဲ့ တသက်တာမှတ်တမ်းစာအုပ်ကို သတ်ပုံပြင်ထုတ်ခြင်းဟာ မှားတယ်လို့ ပြောတာလည်း လိုက်နာသူ တဦးတလေ မရှိ။ တောင်မြို့ဆရာတော်ကြီးရဲ တဘဝသာသနာကို သတ်ပုံပြင်ထုတ်တာ မသင့်လို့ပြောလည်း မရ