Skip to main content

ငရုပ် ငရုတ် တရုပ် တရုတ်

ကွန်မင့်တခု = ကျွန်တော်တို့ ၄-၅ တန်းလောက်တုန်းက တရုပ်လို့ ရေးတယ်။

ငရုပ် ရွှေအပ်၊ တရုပ်အပ်၊ နေရပ် ပ-သတ်ရေး။ (လယ်တီဆရာတော်ဘုရားကြီး)

တရုပ်ကို စစ်အာဏာသိမ်းတဲ့နောက်မှာ တရုတ်တဲ့။



အခုတော့ ချိုင်းနား၊ ချိုင်းနီးစ် မဟုတ်တာကိုပါ တစ်ရုပ်တဲ့။

မြန်မာစာကတော့ သတ်နည်းတွေ စုံတယ်။ ရုပ်သေးရုပ်ပါဘဲ။ 

တရုတ် - တရုပ်

ဤတရုတ်အမည် ဝေါဟာရ၌ ပ သတ်

တ သတ် နှစ်မျိုးပင် ရှေးလင်္ကာကြီးများ၌

စပ်ဆိုရိုး ထုံးယှိသည်။

ပဲခူးမိဖုရား ဧချင်း၊ ဥပရာဇာ သခင်ကြီးဧချင်း၊ ယိုးဒယားမိဖုရားဧချင်း

များနှင့် နဝဒေးဆို သင်းတွဲပြည်တွင်းချီ

စွယ်တော်တိုင်ရတု၌ ပ သတ်နှင့် စပ်ဆိုကြသည်။

သခင်ထွေးဧချင်းနှင့် နဝဒေးဆို တရုပ်ပြည်တွင်းချီ စွယ်တော်တိုင်ရတု၌

တ သတ်နှင့်စပ်ဆိုကြသည်။ ဤသို့ အထွေထွေစပ်ဆိုလျက် ရှိကြသည့်အပြင်

ဝဏ္ဏဗောဓနသတ်အင်းနှင့်ဂဇဗလသတ်ညွှန်း၊ တွင်းသင်းသတ်ညွှန်းသစ်၊ ကဝိလက္ခဏာသတ်ပုံများ၌မူ အရေးအစပ်များရာသို့ လိုက်၍ ပ သတ်သာ အသင့်ဟု ဆုံးဖြတ်ကြသည်။

ငါတို့အလိုအားဖြင့်ကား

တာရတာမှ၊ ပျက်လာထ၊ မှတ်ကြဝေါဟာ

တရုတ်မှာ။

ပ သတ်ရေးကြ၊ ထောက်မရ၊ ထောက်ရမှန်စွာ၊ တ သတ်ပါ။

တရုတ်တရက်၊ တာတာစွက်၊ တချက် တာရတာ။

ယင်းစတုက္က၊ ဝေါဟာရ၊ တူကြသည်သာ၊ အဓိပ်ပါ။

တာရတာမှ တရုတ်ဖြစ်လာသောကြောင့် တ သတ်သာ အသင့်ဟူလို။

တောင်ပေါက်ဆရာတော် ဗုဒ္ဓသာသနိကပဌဝီဝင်ကျမ်း မွန်ဂိုတို့ကို တာရ်တာ Tartar လို့လည့်းခေါ်ကြသည်ကို သတိပြုပါ။ (Aung Kyaw Oo)

အွန်လိုင်းမှာ အလုပ်ခေါ်စာတခုက တစ်ရုပ်စကားပြောတတ်ရမည်တဲ့။

မြန်မာအဘိဓာန် = ငရုတ်

ယုဒသန် = ငရုတ်

အွန်လိုင်းမှာ တွေ့ရတဲ့ အရေးအသားများ

• ကျောက်ဆည်ခရိုင်တွင် ငရုပ်(မိုး)စိုက်ဧက စုစုပေါင်း(၁၆၁၈၁)ဧက စိုက်ပျိုးထားရှိပြီး

• ငရုတ် ရောဂါ များ

• ငရုတ် အသီး ပွင့် အား ဆေး

• ငရုတ်သီး အစပ်တောင့် အရှည် 

• ငရုပ် ပင် ပျိုး နည်း

• ငရုပ်ကုလားအော် 

• ငရုပ်ကောင်း 

• ငရုပ်စိုက်ပျိုးနည်း

• ငရုပ်ပင်မှာ အပွင့်တွေ တဖြုတ် 

• ငရုပ်ပွ - ဝီကီပီးဒီးယား

• ငရုပ်ပွ သည် စိုက်ပျိုးရသောအပင်မျိုးဖြစ်ပြီး အသီးသည် အနီ၊ အဝါ၊ အစိမ်း၊

• စျေးကောင်းရသောရွှေငရုပ်

• တိုမိုသတ်သတ်လွတ်မြေပဲငရုပ်သီးကြော်)

• ဖေဖော်ဝါရီ လသည် ငရုပ် စတင်စိုက်ပျိုးရန် အကောင်းဆုံးလ ဖြစ်သည်။

• မိုး မျှော် ငရုတ်သီး

• သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ / ငရုတ်သီး၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ 

• ဦးကြီးတို့ ငရုပ်သီးနှံ စိုက်ပျိုးကြသည့်အခါမှာ တော်တော်များများ ကြုံတွေ့ရ

Chili Chili Chili ငရုတ်သီးဋီကာ https://dr-tint-swe.blogspot.com/2022/07/chili-chili-chili.html

တရုပ် ဗမာ https://dr-tint-swe.blogspot.com/2021/11/blog-post_669.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ