Skip to main content

Posts

သေးငယ်တဲ့အရာလေးတွေကို

  သတိမမူမိဘဲ ကျော်လွန်သွားဖို့ လွယ်ကူပါတယ်။ တိတ်တိတ်ဆိတ်ဆိတ် ခဏတာလမ်းထွက်လျှောက်လိုက်ပါ။ မိုးရွာပြီးစ သစ်တောရဲ့ရနံ့ရ ခေါင်းပေါ်က ငှက်ကလေးတကောင် တေးသီကျူးနေလေရဲ့။ တခြားတခြားသော အရာတွေအားလုံးကို … တွေးတောနေခြင်းကနေ ခဏတာ ရပ်တန့်လိုက်ပါ။ တခါတစ်ရံမှာ … အသေးငယ်ဆုံးသော အရာလေးတွေဟာ အကြီးမားဆုံးသော ပြောင်းလဲမှုကို ဖန်တီးပေးနိုင်ပါတယ်။ — ဝုဒ်လခ်ကင်း ( Woodlarking) ပင်ကိုယ်သဘာဝကို ခံစားချိန်လေး ပေးနိုင်ကြစေသတည်း။ ဒေါက်တာတင့်ဆွေ
Recent posts
  အမှည့်တဝင်းဝင်း အကင်းတဖြုတ်ဖြုတ် တဖြုတ်ဖြုတ် ကို မှန်အောင်မရေးတတ်ကြသူများစာရင်း တစိတ်တပိုင်း 1.                      တစ်ဖြုတ်ဖြုတ်ကြွေစေ highlight 2.                      တစ်ဖြုတ်ဖြုတ်ကြွေ Tit Phyut Phyut Kyay 3.                      တစ်ဖြုတ်ဖြုတ် ကြွေ. Profile photo of သားငယ်လေး 4.                      တစ်ဖြုတ်ဖြုတ် … original sound 5.                      တစ်ဖြုတ်ဖြုတ်ကြွေ ____ Cho Sandy Chit Su. 6.             ...

အရွယ်

ခရေတင့်ဆန်း ပွင့်လန်းထုံမွှေး၊ လေအသွေးမှာ ဖွေးဖွေးလှုပ်လှုပ်၊ တဖြုတ်ဖြုတ်နှင့် သုတ်ကနဲကြွေ၊ အလှဝေသည့် ပင်ခြေရိပ်အောက်၊ ပြေးလာကောက်ကြ ဆယ်ခြောက်နှစ်ရွယ် ပျိုဖော်များ။ မိန်းကလေးတို့ ဗန်းလေးပက်လက်၊ ဖြိုးလျှံပြည့်မောက် ကောက်ကြဝတ်လွှာ၊ ပွင့်တရာကို ကေသာဆံမျှင်၊ ကုံးသီဆင်ဘို့ ကြည်ရွှင်ပျော်မြူး၊ ရွယ်ရည်စူးကြ။ ဆံဖြူ သွားကြွေ ပါး ရေရွတ်တွ၊ ဖွားညိုမြမူ ပန်းလှပင်ရင်း၊ ထုံသင်းမွှေးကြူ ကောက်ယူထည့်သွင်း၊ ဖြန့်ခင်းတဘက် ရွေးလျက်စုပုံ၊ ပွင့်မျိုးစုံကို ဆယ်စုံလက်ချောင်း၊ မြတ်ဥက္ခောင်းဖြင့် ညွတ်ပျောင်းရိုခ မြတ်ဗုဒ္ဓထံ၊ ဆက်ကပ်ရန်တွက် တွေးကြံပီတိ ပွားနေ၏။ ( လှိုင်ဝင်းဆွေ) ငွေတာရီမဂ္ဂဇင်း ၁၉၇၆ ခုနှစ် ဇန်နဝါရီလ lhaudiobooks ကျေးဇူး။ ဒေါက်တာတင့်ဆွေ

Puppy ပါပီသတင်း

သတင်း = ညောင်ရွှေသို့ရောက်ပါပီ ပါပီ ညောင်ရွှေရောက်ပြီတဲ့။ (ကန်တော့။) အခုခေတ်မှာ ပါပီ ခေါ် ခွေးကလေးကို  - ရိုသေသူတွေ - လေးစားသူတွေ - ချစ်ခင်မြန်နိုးသူတွေ ပေါ်ပေါက်လာပါတယ်။ Puppy ပါပီ ခေါ် ခွေးကလေးအား ရိုသေလေးစားကြသူများ 1. ၂၅နစ်(နှစ်)ပါ အိမ်ထောင်ရှိပါတယ် ဆရာ ကျမ ကလေးပျက်ကျထားလို့ သားအိမ်ထဲ ပစ္စည်းထည့်ထားပါတယ်ဆရာ ၂ နှစ်ကျော် ပါပီ(ပါပြီ) ထည့်ထားတာ ရာသီက ပုံမှန်လာပါတယ် ဒီလမှာ ၂ဝရက်ကျော်မှ ထပ်လာပီး(ပြီး) = ခွေးကလေးအား တလေးတစားပြောဆိုခြင်း (ကန်တော့) 2. 2နစ်(၂ နှစ်)ကျော် ပါပီ(ပါပြီ)ထည့်ထားတာ ပစ္စည်းပါဆရာ သားအိမ်ထဲထည့် ထားတာပြောတာပါ (ကန်တော့) 3. ၂နှစ်ပြည့်ပါပီရှင့်  4. Depo ထိုးတာ ၁၃ လုံးရှိပါပီ(ပါပြီ) ရှင့် ၃နှစ်ကျော်ပါပီ(ပါပြီ)ဆရာ 5. Share ပါပီ ဆရာ = ခွေးကလေးအား တလေးတစားပြောဆိုခြင်း 6. ကျတော့်ကလေးက ၉လ ရှိပါပီ(ပါပြီ) ဝမ်းသွားတာ ၅ရက်ရှိပါပီ(ပါပြီ) အန်လည်း အန်ပါတယ် အန်တာတော့ ပြောက်(ပျောက်)ပါပီ(ပါပြီ) ပီးတော့(ပြီးတော့) ကလေးက နို့လည်း သိပ်မသောက်ဘူး ပိန်လာပီး(ပြီး) ကလေးတွက် ဝမ်းသွားနေချိန်မှာ အားဆေး တခုခုတိုက်ချင်ရင် ဘာဆေးတိုက်ရမလဲဆရာ ကလေးက နို့သောက်တာလည်း အရမ်းနည်းသွားတယ် ပိန်လည်းပိန်နေပ...

ဝေယျာဝိစ္စ ဂဃနဏ

၁။ “ဝေရာဝိစ္စ” "ဝေယာဝိစ္စ "ဝေယျာဝိစ္စ" ဘယ်တခုဟာ အမှန်ပါလဲ ၁။ “ဝေရာဝိစ္စ” / "ဝေယာဝိစ္စ" / "ဝေယျာဝိစ္စ" စကားလုံးပေါင်းများအနက် "ဝေယျာဝိစ္စ" (သို့မဟုတ် "ဝေယာဝိစ္စ") သည်သာ အမှန်ဖြစ်ပြီး "ဝေယျာဝိစ္စ" ဟု ရေးသားခြင်းက မူရင်း ပါဠိသဒ္ဒါအရော စာသတ်ပုံအရပါ အကျိုးနိူင်ဆုံး ဖြစ်ပါသည်။ ဝေယျာဝိစ္စ / ဝေယာဝိစ္စ (အမှန်) - ပါဠိဘာသာ Veyyāvacca မှ ဆင်းသက်လာပြီး ကူညီဆောင်ရွက်ပေးခြင်း၊ အမှုလုပ်ပေးခြင်း (ဝေယျာဝိစ္စ ပြုလုပ်သည်) ဟု အဓိပ္ပာယ်ရပါသည်။ ၂။ “ဂဂနန” "ဂဃနဏ" ဘယ်တခုဟာ အမှန်ပါလဲ ၂။ “ဂဂနန” / "ဂဃနဏ" ဤစကားလုံးတွင် "ဂဃနဏ" သည်သာ အမှန်ဖြစ်ပါသည်။ ဂဃနဏ (အမှန်) - ပါဠိဘာသာ Ghaṭanā သို့မဟုတ် ပါဠိသက် စကားလုံးများမှ ဆင်းသက်လာပြီး "စေ့စေ့စပ်စပ်၊ အသေးစိတ် တိတိကျကျ၊ ပိုင်ပိုင်နိုင်နိုင်" (ဥပမာ - ဂဃနဏ သိရှိသည်၊ ဂဃနဏ လေ့လာသည်) ဟု အဓိပ္ပာယ်ရပါသည်။ ဒေါက်တာတင့်ဆွေ

အုန်းစက်ပါ့ ဘုန်းလက်ျာဝယ်

(ဒီမြိုင်တောင်ခြေတတန်း တရေးမှေးစက်ကွယ်) မှုန်ပြာပြာ အုံကာခြုံကာ လေအဟုန်မှာ ထုံစွာပဒုမ္မာ ကေခိုင်လွှာ သင်းလှိုင်မက်ဖွယ် ဆင်းလှိုင်ယှက်နွယ် နှင်းခိုင်ခက်ခြယ် မင်းအိုင်ထက်ဝယ် နုဆုံးလေ သေလာဝေဘာ ရွှေကြာရွှေကြာ အိုင်ဖုန်း ရွှေကြာရွှေကြာ အိုင်ဖုန်း ဖြူပြာသွယ် မူယာကြွယ် မူယာကြွယ် သူဇာနွယ် နှုန်းလေးထင်ပေါ် ယှဉ်တော်မူ ပြောင်ရွှန်းမှောင်ထွန်း တောင်စွန်းအငူ တောများရယ် မြိုင်ညိုညို မောသလားကွယ် ဂနိုင်မှာခို အို ကိုယ်နုံးရော့မယ် ကြော့ဆုံးရယ် ကြော့ကြော့ဆုံးရယ် နားစေဦးစို့ကွယ် ရစ်သိုင်းခြုံနှယ် ဒီမြိုင်ခြေ ရှေ့ကိုလှမ်းရင်ကွယ် ဪ ရွှေပြည်ကြီးကိုဖြင့် အထင်ကရပင် မြင်ရပါစေမယ် ကေသီနွယ် အုံးစက်ပါ ဘုန်းလက်ျာ ရုံးထက်ဝယ် ဒီမြိုင်တောင်ခြေတတန်း မောင်ထမ်းခေါ်မယ် အမော အမောအပန်းပြေဖို့ကွယ် ကေသီနွယ် အုံးစက်ပါ ဘုန်းလက်ျာ ရုံးထက်ဝယ် ဒီမြိုင်တောင်ခြေတတန်း မောင်ထမ်းခေါ်မယ် အမော အမောအပန်းပြေဖို့ကွယ် ခြွေသိပ်စေဖွယ် အိပ်ပါအိပ်ပါစမ်း ဘုန်းသက်ပိုင်ခိုင်ညာနွဲ့ရယ် မြိုင်ခြေဂနိုင်ဗွေ ထပ်ရှာလွန်းတယ် ဆိုင်မလေမြိုင်ခြေ ပတ်ကာဝန်းကျယ် ကြိုင်ဝေလှိုင်မြေ ရနံ့ထုံသင်းတယ် ရဂုံအတွင်းဝယ် တရေးမှေးစက်ကွယ် အို ကိုယ်နုံးရော့မယ် ကြော့ဆုံးရယ် ကြော...

မြန်မာသတ်ပုံကျမ်းတွေ ပြန်ထုတ်မှာ လန့်နေတယ်

တင်ထားတဲ့စာ = ကဝိလက္ခဏာသတ်ပုံကျမ်း ကွန်မင့်တခု = ကဝိလက္ခဏာကိုအမှားပြင်ပြီးအသစ်ပြန်ပုံနှိပ်ရမလိုပါဘဲ ကျွန်တော်ကတော့ - ဝေါဟာရတ္ထ ပကာသနီ မြန်မာသံရောဂ ဒီပနီ ဝဏ္ဏဗောဓန သတ်အင်း တွေကို ပြန်ထုတ်မှာ လန့်နေတယ်။ အခုခေတ်မှာ ပြန်ထုတ်စာအုပ်တွေ မူရင်းအတိုင်းမှန်တာရယ်လို့ မတွေ့မိသေးပါ။ မြန်မာအဘိဓာန်တွေ၊ သတ်ပုံကျမ်းတွေက များတယ်။ လက်ထဲမှာရှိတဲ့ သတ်ပုံ ကိုးကားစရာ စာအုပ်များ - ၁။ ဝဏ္ဏဘောဓနသတ်အင်း (ရှင်ဥက္ကံသမာလာ) ၂။ ကဝိဓဇသတ်ပုံကျမ်း (ဦးစံချစ်) ၃။ မြန်မာစာရေးထုံးကျမ်း (ဦးသာမြတ်) ၄။ မြန်မာသံယောဂဒီပနီကျမ်း (မင်းလက်ဝဲနော်ရထာ) ၅။ ဝေါဟာရတ္ထပကာသနီ (ကျော်အောင်စံထား ဆရာတော်ဘုရားကြီး) ၆။ မြန်မာ့စွယ်စုံကျမ်းတစုံ (၁၅) အုပ် ၇။ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်တစုံ ၃၂ အုပ် ၈။ ယုဒသန် အင်္ဂလိတ် မြမ္မာ အဘိဓာန် ၉။ ကဝိလက္ခဏာ သတ်ပုံကျမ်း ၁၀။ ၁၉၇၈ ထုတ် မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း ၁၁။ ဦးဟုတ်စိန် ပါဠိ-မြန်မာ အဘိဓာန် ၁၂။ ကဝိလက္ခဏာ သတ်ပုံကျမ်း မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၈-၇၉-၈၀) ၅ တွဲလည်း PDF ဖိုင် ရပြီ။ ကဝိလက္ခဏာသတ်ပုံကျမ်း သုံးစောင်တွဲ PDF ဖိုင် ရပြီ။ ကျော်အောင်စံထား-ဝေါဟာရတ္တပကာသနီကျမ်း PDF ဖိုင် ရပြီ။ တက္ကသိုလ် မြန်မာသတ်ညွှန်းက...