Skip to main content

Posts

မူရင်းစကားပုံတွေကို ထင်သလိုမပြင်သင့်လို့ ယူဆပါတယ်

မူရင်းစကားပုံတွေကို ထင်သလိုမပြင်သင့်ပါ အမေးတခု = ကျွန်တော်တို့ခုခေတ်မှာ ဘာသာရေးနဲ့တော်တော်များများတွဲသုံးကြတဲ့ စကားပုံလေးတခုဖြစ်တဲ့ "ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်" ရဲ့ ဆိုလိုရင်းအဓိပ္ပာယ်လေး သိချင်လို့ပါ။   ခုတော်တော် များများကတော့ ဘုန်းကြီးကျောင်းကရွှေရောင်တောက်နေသလောက် ငတ်ပြတ်နေသူတွေ အတော်များနေလို့ ဘာသာရေးအလွဲအမှားတခုအနေနဲ့ ရှုံ့ချတဲ့နေရာမှာ သုံးကြတာတွေ့ရပါတယ်။ ဒါပေမယ့် ဆရာကြီးသခင်ဘသောင်းရဲ့ စာအုပ်တအုပ်ထဲမှာကျ " ရွှေကျောင်းပြောင်ပြောင် ဆွမ်းခေါင်ခေါင်" လို့ရေးထားပါတယ်။ ဆိုတော့က မူရင်းက ဘယ်ဟာပါလဲဗျ။ ပြီးတော့ အဓိပ္ပာယ်ကရော ခုသုံးနေကြတာနဲ့ တူညီပါသလားခင်ဗျ။ ပြန်စာ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် = ရွှေချထားသောကျောင်းတွင် သီတင်းသုံးနေသော်လည်း ဆွမ်းကွမ်းချို့တဲ့နေသကဲ့သို့ အမြင်အားဖြင့် ချမ်းသာကြွယ်ဝဟန် ရှိနေသော်လည်း အမှန်တကယ်မူ ဆင်းရဲကျပ်တည်းနေသည်။ " ရွှေကျောင်း‌ပြောင်ပြောင် ဝမ်းခေါင်ခေါင် ဆိုသကဲ့သို့ ဟန်သာလျှင် ကျန်နေကြတော့သဖြင့် ...." နေတော့ ပျဉ်ထောင်၊ စားတော့ ချဉ်ပေါင်။ အဲလို မူရင်း အဆိုစကား၊ စကားပုံ စတာတွေကို ဆင်တူယိုးမှား သု...
Recent posts

အတိသယဝုတ္တိအလင်္ကာ

၁။ ဆရာ အတိသယဝုတ္တိနှင့်အတိဿယဝုတ္တိ ဘယ်ဟာမှန်သလဲခင်ဗျ အတိသယဝုတ္တိအလင်္ကာ ဆိုသည်မှာ အမှန်တကယ် ဖြစ်နိုင်သည်၊ ရှိနိုင်သည်ထက် လွန်လွန်ကဲကဲ၊ အလွန်အကြူး ချဲ့ထွင်၍ သွယ်ဝိုက်ဖွဲ့ဆိုသော မြန်မာစာပေ အလင်္ကာတမျိုး ဖြစ်သည်။ ၂။ ကျေးဇူးပြု၍ အလင်္ကာရဲ့အဓိပ္ပါယ်လေး ရှင်းပြပါလားဆရာ။ ကျွန်တော်က နည်းနည်းသာသိတယ်။ စာရေးသားရာမှာ ဝေါဟာရစကားလုံးတွေနဲ့ ဝါကျ ခေါ် စာကြောင်းတွေရေးရတယ်။ ဝါကျတိုင်းဟာ သဒ္ဒါမှန်ရတယ်။ စကားအသုံးအနှုန်းမှန်ရမယ်။ စာစီစာကုံးရေးနည်းကို ကျောင်းတွေမှာသင်ရသလို နိဒါန်း၊ စာကိုယ်၊ နိဂုံးလို့ခေါ်တဲ့ အပိုင်း သုံးပိုင်းပါစေရတယ်။ စာပိုဒ်တွေခွဲသင့်တာ ခွဲရတယ်။ စာကို ကျစ်လျစ်သိပ်သည်းအောင်ရေးတာ ကောင်းတယ်။ ဆိုလိုချင်တာကို စာဖတ်သူနားလည်စေရမယ်။ တန်းကနည်း နားလည်စေတာနဲ့ အချိန်ဆွဲပြီးသိအောင်ရေးတာလို့ ရှိတယ်။ မှန်ကန်၊ ရှင်းလင်း၊ ကျစ်လျစ်၊ ပြေပြစ်နေရင် ကောင်းတယ်။ စာကိုတန်ဆာဆင်ရေးတာကို အလင်္ကာပါတယ်လို့ခေါ်တယ်။ ငါးနည်းရှိတယ်လို့ ဖတ်မှတ်ထားပါတယ်။ ၁။ ဝင်္ကဝုတ္တိအလင်္ကာ ခေါ် သွယ်ဝိုက်တန်ဆာဆင်ခြင်း = ပြောလိုတဲ့အချက်အလက်တွေကို လှလှပပ အဖွဲ့အနွဲ့ အလှည့်တွေနဲ့ ရေးနည်းဖြစ်တယ်။ ၂။ မြည်သံစွဲအလင်္ကာ ခေါ် မြည်သံကိုစွဲ၍ ပြုဖွဲ့တ...

ဖလား

  ကွန်မင့်တခု = ဗမာစကားမွာ (ဖလား) ဆိုတာ ဘာ အဓိပ္ပါယ်လဲ ဖြေပေးကြပါလား သိချင်လို့ ကျွန်တော့ကိုမေးတာ မဟုတ်ပါ။ ဖြေချင်သူဖြေသဘော။ တိုက်ရိုက်မဖြေဘဲ တင်ပြပါမယ်။ ဖလား အသုံးနဲ့သတ်ပုံကို မြန်မာအဘိဓာန် အကျဉ်းက ဒီလိုဆိုပါတယ် - ဖလား - န / ဖလား / သတ္တုတမျိုးမျိုး သို့မဟုတ် နှီးဖြင့် ပြုလုပ်ထားသော ဖင်ပိုင်း လုံးဝိုင်းသည့် အဖုံးမပါ၊ ထည့်စရာ ခပ်စရာ ခွက်ဝိုင်း။   ဖလားစုံကွမ်းအစ် - န / ဖလားစုံကွမ်းစစ် / ကွမ်းသီးဆိတ်၊ ထုံး၊ ရှားစေးနှင့်အမွှေးအကြိုင်ထည့်ရာ အများအားဖြင့်ဖလားငယ်လေးလုံးပါရှိသည့် ကွမ်းအစ်။    ရေဖလား ငွေဖလား ရွှေဖလား ဒန်ဖလား ဆုဖလားအသုံးလည်း မှန်တယ်။ ဘန်းစကာဆိုရင်တော့ မသိပါ။  ခေတ်ပျက်စကားတွေကို မသိချင်ပါ။ ဒေါက်တာတင့်ဆွေ

အဖိုးကြီးအို ခါးကုန်းကုန်း မသေပါနဲ့အုံး

(သူငယ်တန်းဖတ်စာ) ဦး၊ အုံး နဲ့ အုန်း အသုံးတွေ တင်ပြထားပါတယ်။ တရားသေ မှတ်မရတတ်ပါ။ ဖိုး နဲ့ ဘိုး လည်း မူကွဲ။ ရီ နဲ့ ရယ်လည်း နေရာကျအောင်သုံးရတယ်။ "အဖိုးကြီးအို ခါးကော့ကော့ မသေပါနဲ့တော့" 'တော့' ကို 'ဒေါ့' သံထွက်ရင် အဓိပ္ပါယ်တမျိုးဖြစ်တယ်။ မြန်မာစာမှာ - မူရင်းစံကိုက်အမှန် မူကွဲအမှန် မူပြင်၊ မူလွဲနဲ့ မူမှားတွေရှိတယ်။ အရေး၊ အသံ၊ အဆိုလည်း ကွဲပြားတယ်။ အသံအတိုင်းရေးတာက သတ်ပုံ မဟုတ်ပြန်။ မြန်မာစာဆိုတာ ဘယ်သူကတောင်းတောင်း ပေးတဲ့ လျက်ဆားတတို့နဲ့ မတူပါ။ ဆေးပညာတိုးတက်လာတော့ ဆေးကို လူနာတဦးချင်းနဲ့အံကျဆေးပေးနည်း ပေါ်လာပြီ။ မြန်မာစာကိုတော့ ဆုတ်ယုတ်အောင်လုပ်နေကြလေရဲ့။ ဒေါက်တာတင့်ဆွေ

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ

(၁) လွတ်လပ်ရေးခေတ်ဦးနှင့် နှစ်ဖက်သဘောတူ အပစ်အခတ်ရပ်စဲရေးများ (၁၉၄၈-၁၉၆၂) • ၁၉၄၇–၁၉၄၈: ပင်လုံစာချုပ်ချုပ်ဆိုပြီးနောက် မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိခဲ့သော်လည်း မကြာမီမှာပင် တိုင်းရင်းသားနှင့် ကွန်မြူနစ်လက်နက်ကိုင် တော်လှန်ရေးများ ပေါ်ပေါက်လာခဲ့ကာ အပိုင်းပိုင်းကွဲပြားနေသော ငြိမ်းချမ်းရေး ကမ်းလှမ်းမှုများကို ဖြစ်ပေါ်စေခဲ့သည်။ • ၁၉၅၈–၁၉၆၂: ဗိုလ်နေဝင်း၏ အိမ်စောင့်အစိုးရသည် ပြည်တွင်းတည်ငြိမ်ရေးနှင့် ဒေသန္တရ လက်နက်စွန့်လွှတ်မှုများကို ဆောင်ရွက်ခဲ့သော်လည်း ၁၉၆၂ ခုနှစ် စစ်အာဏာမသိမ်းမီအထိ ကျယ်ပြန့်သော နိုင်ငံရေးအရ အဖြေရှာမှုများ ပေါ်ပေါက်လာခြင်း မရှိခဲ့ပေ။ ဦးသိန်းစိန်အစိုးရနှင့် နိုင်ငံရေးအရ တံခါးဖွင့်လှစ်မှုများ (၂၀၁၁-၂၀၁၅) • ၂၀၁၁: သမတဦးသိန်းစိန် အစိုးရသည် စစ်ရေးအရ အဖြေရှာမှုကို ကျောခိုင်းပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (EAO များ) နှင့် တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို စတင်ခဲ့သည်။  • ၂၀၁၂: ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ပြည်နယ်အဆင့် မူလသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး အခြားအဖွဲ့အစည်းများနှင့်လည်း မူလအစ အပစ်အခတ်ရပ်စဲရေးများကို တည်ဆောက်ခဲ့သည်။  • အောက်တိုဘာ ၂၀၁...

"သေဆုံးခြင်းသည် ဘဝ၏ အကြီးမားဆုံး ဆုံးရှုံးမှု မဟုတ်"

"အကြီးမားဆုံး ဆုံးရှုံးမှုမှာ  အသက်ရှင်လျက် ရှိနေစဉ်အတွင်း ရင်ထဲရှိ အလင်းရောင် မှေးမှိန်သွားစေရန်  ခွင့်ပြုလိုက်ခြင်းပင် ဖြစ်သည်။" အလင်းရောင်ဟူသည် 'အလင်း' သို့မဟုတ် 'အသိတရား' သို့မဟုတ် 'ဉာဏ်အလင်း'။ ဒေါက်တာတင့်ဆွေ

ဒါဒို့မြေ ဒါဒို့ပြေ ဒါငါတို့အခြေ

(ဦး) ဘဂျမ်း မှတ်ရန်များ ‘ဘောက်ကား’ ဆိုတာ ‘ဖေါက်ကား’။ အရင်က ‘ဘ’ ကို ‘ဖ’ ထက်ပိုပြီးအသုံးများခဲ့ပါတယ်။ ဥပမာ - ‘ဘတ်စာ’ ‘ဘတ်ပါ’ ‘ဘိနပ်’ ကဝိဓဇသတ်ပုံကျမ်း (၁၉၅၄) မှာ ဘိနပ် = ဖိနပ်။ ‘အဘေ’ ‘ဘိုးရွှေလမင်း’  လဘက် လက်ဖက် လ္ဘက် စသည်။ ‘ဒို့’ နဲ့ ‘တို့’ ကိုလည်း အဆင်သင့်သလို သုံးနိုင်တယ်။ အခုခေတ်မှာ ‘ဒို့ပြည်’ (တို့ပြည်) လို့ရေးပေမဲ့ ကာတွန်း၊ ကဗျာ၊ သံချပ်၊ သီချင်းတွေမှာ ‘ဒို့ပြေ’ (တို့ပြည်) လို့လည်း ရေးကြပါ။ ကာတွန်းပါ ဆိုလိုချက်တွေကတော့ ပြောင်းလဲသွားတာ နည်းတယ်။ တရုပ်၊ အိန္ဒိယ၊ ဘိလပ်သားတွေနေရာမှာ - တရုပ်၊ အိန္ဒိယ၊ မောင့်ကျက်သရေဆောင်းတချို့၊ စစ်ယူနီဖေါင်းဝတ်နဲ့ စစ်ယူနီဖေါင်းချွတ်တွေ ဖြစ်လာတယ်။ တဖက်ပုံကတော့ အခုလည်း ထပ်တူ။ ဒေါက်တာတင့်ဆွေ