ခဏခဏ (ခဏခဏ) တင်ပြထားတယ်။ ငရုပ် နဲ့ ငရုတ် မူကွဲသတ်ပုံတွေဖြစ်တယ်။ တချို့က အရင်ကတည်းက ငြုပ်လို့လည်း ရေးကြတယ်။ တသတ်နဲ့ ပသတ်ကလည်း မူကွဲ။ လယ်တီဆရာတော်ကြီး သတ်ပုံလင်္ကာမှာ တရုပ် ရွှေအပ်၊ တရုပ်အပ်၊ နေရပ် ပ သတ်ရေး။ ဝဏ္ဏဗောဓနသတ်အင်းမှာ တရုပ်။
ရုပ်
ကျောက်ဖြစ်ရုပ်ကြွင်း
တရုပ်စကားပင်
တရုပ်ပြည်
တရုပ်ပြေးမင်း
တရုပ်လူမျိုး
ယဉ်မင်းရုပ်
(ယမင်းရုပ်)
ရုပ်ကြွ
ရုပ်ကြွင်း
ရုပ်ကလာပ်
ရုပ်ချော
ရုပ်ဆင်းသဏ္ဌာန်
ရုပ်ဆင်းအင်္ဂါ
ရုပ်တုဆင်းတု
ရုပ်ဓါတ်
ရုပ်နာမ်တရား
ရုပ်ပြောင်
ရုပ်ပြောင်းရုပ်လွှဲ
ရုပ်ပြောင်းလဲခြင်း
ရုပ်ပြောင်ကာတွန်း
ရုပ်ပွါး
ရုပ်ပုံ
ရုပ်ဖျက်
ရုပ်ဖျောက်
ရုပ်ရည်သန့်
ရုပ်လှသည်
ရုပ်ဝါဒ
ရုပ်သိမ်း
ရုပ်သိမ်းသည်
သဒ္ဒါရုပ်
သရုပ်ကွက်
အရုပ်ဆိုး
အရုပ်ထု
အရုပ်ရေး
အဝတ်ရုပ်
ရုတ်
ငရုတ်ကောင်း
ငရုတ်သီး
(ငြုပ်သီး)
ပရုတ်ဆီ
ဗရုတ်ဗရက်
ရုတ်ကနဲ
ရုတ်ခြည်း
ရုတ်ခြည်း
ရုတ်တရက်
ရုတ်တရက်
ရုတ်ရက်ခတ်
ရုတ်ရက်ခတ်သည်
ရုတ်ရုတ်မြည်သံ
ရုတ်ရုတ်မြည်သံ
ရုတ်ရုတ်ရက်ရက်
ရုတ်ရုတ်ရက်ရက်
ရုတ်ရုတ်သဲသဲ
ရုတ်ရုတ်သဲသဲ
သင်ပုန်းကြီးစာတွေက
မကြာခဏပြောင်းတယ်။ ကျွန်တော်တို့သူငယ်တန်းမှာ င ငပုဏ္ဏား ဟင်းချက်စား။
သတ်ပုံစာအုပ်ဟောင်းတွေမှာ ငရုတ်လည်းမပါ၊ ငြုတ်လည်းမပါ။ မြန်မာ့စွယ်စုံကျမ်းမှာ
ငရုတ်လို့ ရေးပါတယ်။ ကြားထဲကာလမှာ ငြုတ်လို့ ရေးကြသေးတယ်။ တရုပ်ကို တသတ်မှမှန်တယ်ထင်တာ မှားတယ်။
တရုပ်ပြည်မှာ ငရုတ်သီးစားတာကို အားယုတ်စေတယ်လို့ မပြောပါ။
မူကွဲအမှန်ဆိုရင်
မူကွဲတွေတိုင်းက မမှားပါ။ မလူလွဲတွေကတော့ မှားတယ်။ ဥပမာ တခါတရံကို စသတ်ရင်
မှားတယ်။ တရုပ်ကို စသတ်ရင် မှားတယ်။ တရား စသတ်လည်းမှားပေမဲ့ တစ်ရားနေရာမှာ လူတွေ
ထောင်သောင်းက ဖေါ်လိုလုပ်ကြတယ်။ ဗမာပြည်မှာပေါ့။ မူလွဲစာအုပ်တွေကို ဈေးကြီးကြီးပေး
ဝယ်ဖတ်ကြပြီး။ စာပေဆုကြီးကြီးလည်း ချီးမြှင့်ပါတယ်။ မြန်မာပြည်မှာပေါ့။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment