Skip to main content

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ

၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ

၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။

၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း

၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။

၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။

၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ

၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင်

- ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။

- သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။

ဗေဒါလမ်း

ညိုပြာပြာ လတာပြင်ခြေရင်း

လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။

ဆင်းရလဲ မသက်သာ

အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ

အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး

အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။

ဆောင့်ခဲ့လဲ မသက်သာ

နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ

မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ

တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။

ပေါ်ပြန်လဲ မသက်သာ

ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ

ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ

အယက်အကန်ခံလို့

ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။    ။ (ဇော်ဂျီ - တက္ကသိုလ် အိုးဝေမဂ္ဂဇင်း၊ ၁၉၆၀)

ချောင်းအစွယ် = မှား

ချောင်းအဆွယ် = မှန်

ပန်းပန်လျက်ဘဲ = မှန်။

ပန်းပန်လျက်ပဲ = ဘဲ ကို ပဲလို့ ပြောင်းရန် မလို။ မ နောက်က ဘဲ လိုက်ဆိုတဲ့ ဖေါ်မြူလာ မမှန်ပါ။ ပဲ နဲ့ ဘဲ ကို အဆင်ပြေသလို ရေးနိုင်တယ်။ ပုံသေကားကျ မလိုပါ။

ပန်းပန်လျှက်ဘဲ = မှား။ လျက် မှာ ဟထိုး မလိုပါ။

ပန်းပန်လျှက်ပဲ = နှစ်ခါပြန် မှားတယ်။

ပန်းပန်လျက်ပါ ရုပ်ရှင် = မှန်တယ်။

'ပန်ပန်လျက်ပဲ' ဆိုတာ 'ဆိတ်အုပ်ကဗျာ'။

'ဘဲအုပ်ကတစ်ရာနှစ်ရာ' ဆိုတာ 'ဂဏန်းသင်္ချာမသင်ဘူးတဲ့ ဘဲအုပ်ကဗျာ'။

ဖဲ

ပိုးထည် ဖဲထည်

ပိုးဖဲကတ္တီပါ

ဖဲကြဉ်

ဖဲရိုက် 

ပိုးဖဲသားပြောင် ညအိပ်ဝမ်းဆက်

ပဲ 

နတ်ပဲ၊ 

ပဲကတ္တီပါ

ပဲကပ်ကြော်

ပဲကျပ်ပျဉ်

ပဲကျား

ပဲကြီးခွံတွန့်

ပဲခွပ်

ပဲခူးတိုင်း

ပဲငံပြာရည်

ပဲငါးပိ

ပဲစင်းငုံ

ပဲစိမ်းစားဥ

ပဲစုန်းပြူး

ပဲစောင်းလျား

ပဲဆန်

ပဲဆုပ်မုန့်

ပဲတင်းပဲကျေ

ပဲတီချဉ်

ပဲတောင့်ပြုတ်ငှက်

ပဲထွေး(ငှက်)

ပဲဒလက်

ပဲနံ့သာ

ပဲနပြား

ပဲပိစပ်

ပဲပုစွန်

ပဲပုပ်

ပဲယဉ်း

ပဲယွံ

ပဲလွမ်း

ပဲလိပ်

ပဲလေးညှင်း

ပဲသီတာနာ

ဖတ်ရုံပဲဖတ် မမှတ်၊

လူပဲ၊ 

ပဲ

- ပဲပင်၏ အစေ့။

-  ကျပ်၊ ပဲ၊ ပိုင် ပိုက်ဆံ။ ဗြိတိသျှခေတ် မြန်မာနိုင်ငံသုံး ငွေတကျပ်၏ ၁၆ ပုံ ၁ ပုံ တန်ဖိုးရှိသော ငွေ။

ရှေး မြန်မာနိုင်ငံသုံး ငွေတကျပ်၏ ၂၀ ပုံ ၁ ပုံ တန်ဖိုးရှိသော ငွေ။

အလေးချိတ် တကျပ်သား၏ ၁၆ ပုံ ၁ ပုံ အလေးချိန်။

- မူ၍။ (တားမြစ်စကားနှင့် တွဲ၍ မသွားပဲ၊ မလာပဲ စသည် သုံးလေ့ရှိသည်။) ငယ်လည်းငယ်ကိုယ်၊ ပျိုလည်းပျိုမြဲ၊ မအိုပဲလျှင်။

- ဆိုလိုရာ နာမ် သို့မဟုတ် နာမ်စားပုဒ်ကို အခြားနာမ် သို့မဟုတ် နာမ်စားပုဒ်မှ ခွဲခြား၍ အထူးသေချာ သီးသန့်ထင်ရှားအောင် ဖော်ပြရာ၌ နှုတ်ပြောအားဖြင့် သုံးသည့် စကားလုံး။ (ပင်လျှ၊ သာလျှင် စသည်နှင့် တူသည်။) ကျုပ်ပဲ သွားမယ်၊ တခြားသူ သွားစရာမလိုဘူး။

- ဆိုလိုရာ အပိုင်းအခြားကို ကန့်သတ် သတ်မှတ်ဖော်ပြရာ၌ နှုတ်အားဖြင့် သုံးသည့် စကားလုံး။ ကျွန်တော် စားရုံပဲ စားမယ်။

- သီးခြား ကြိယာသဘောဖြင့် ဖြစ်သည်ဟူသော အနာက်၌ ဖြစ်ကြိယာကို မြှုပ်ချန်၍ သုံးသော စကားလုံး။ (ပါပဲ၊ ပေပဲ စသည်ဖြင့်လည်း သုံးသည်။ ပေတည်းနှင့် အရတူသည်။ အလှူပေးသူဟာ ဒီပုဂ္ဂိုလ်ပဲ။

ဘဲ

ဘဲကျားရိုက် (ပိန်းကျားရိုက်)

ဘဲစားဘဲချေ

ဘဲစာမြက်

ဘဲတောင် (ဗိသုကာသုံး)

ဘဲတောင် (ရက်ကန်းသုံး)

ဘဲမြီး ဆံတောက်

ဘဲဥ

မလုပ်ဘဲ မကိုင်ဘဲ

ပေါ်ပြန်လဲ မသက်သာ

ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ

ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ

အယက်အကန်ခံလို့

ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။  (ဇော်ဂျီ)

ပန်းပန်လျက်ပဲ လို့ရေးတာက "ဆိတ်အုပ်" ကဗျာ။ "တစ်အုပ်" ကလည်း များတယ်။ ကနေ့ခေတ်မြန်မာစာမှာ အဲဒီ ၂ အုပ်က ကြီးစိုး လွှမ်းမိုး နေရာယူထားတယ်။

ပဲ နှင့် ဘဲ သို့မဟုတ် မြန်မာစာမှာ ဖေါ်မြူလာရှိသလား https://burmese-spelling.blogspot.com/2022/10/blog-post_208.html

မ နောက်က ဘဲ လိုက် ဖေါ်မြူလာ မမှန်ပါ။ စာဝေဟင်ထဲ၊ ငှက်နှယ်ဝဲ၊ ဘဲ ပဲ အထူး မည်သို့နည်း (ဒဂုန်ဦးစန်းငွေ)

ယောက်ျားများစွာဟာ ကလေးဆိုးကြီးတွေနဲ့ တူတာ အမှန်ဘဲ။ ဆေးရုံမှာ ကြည့်ပါလား။ သတ္တိချင်းယှဉ်ရင် မိန်းမတွေကို တဝက်မမှီဘူး။ (မောင် ကိုကို နှင့် မြနန္ဒာ ၁ ကြည်အေး)

ကြည်အေးက ယောက်ျားများစွာဟာ ကလေးဆိုးကြီးတွေနဲ့ တူတာ အမှန်ပဲလို့ မရေးပါ။

ပဲ နှင့် ဘဲ သို့မဟုတ် မြန်မာစာမှာ ဖေါ်မြူလာရှိသလား https://burmese-spelling.blogspot.com/2022/09/blog-post_71.html

ပဲ ဘဲ ပဲ့ https://burmese-spelling.blogspot.com/2022/10/blog-post_331.html

မြန်မာစာကို ဓါတုဗေဒဖေါ်မြူလာတွေနဲ့ သင်တာ မမှန်ပါ https://burmese-spelling.blogspot.com/2022/11/blog-post_901.html

ဗေဒါလမ်း https://burmese-spelling.blogspot.com/2022/08/blog-post_253.html

ဗေဒါလမ်း (ရေး-ဇော်ဂျီ / ဆို - ကြည်ကြည်ဌေး) https://www.youtube.com/watch?v=TuSzYcskqt8

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ