ငရုတ်လို့ဘဲ ကျွန်တော်ရေးပါတယ်။ ဒါပေမဲ့ ငြုတ်လို့ ရေးတာကိုလဲ ကြိုက်ပါတယ်။ ငြုတ်လို့ရေးရင် မှားသလားဆရာ။
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၈) = ငရုတ်
ယုဒသန် = ငရုတ်
ငရုပ် ရွှေအပ်၊ တရုပ်အပ်၊ နေရပ် ပ-သတ်ရေး။ (လယ်တီဆရာတော်ဘုရားကြီး)
မူကွဲစာလုံးတွေလို့ ဆိုရပါမယ်။
Chili Chili Chili ငရုတ်သီးဋီကာ https://dr-tint-swe.blogspot.com/2022/07/chili-chili-chili.html
တရုပ် ဗမာ https://dr-tint-swe.blogspot.com/2021/11/blog-post_669.html
ပုံထဲက ကဗျာမှာ "ငြုတ်စိမ်းမီးအုံး" လို့ ရေးထာတယ်။ ငြုတ်ဆိုတာ ငရုတ်ကို အတိုနည်းရေးတာဖြစ်တယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment