Skip to main content

Myanmar Keyboard မြန်မာကီးဘုတ်

ဆရာ မြန်မာ့ သရက unicode မှာ ရိုက်ခတ် ခက်တယ်နော် အား အာ အိ အီ ဆိုတာတွေက ခေတ်ရှေးကျ လွမ်းတယ် မထင်ဘူးလားဆရာ ရှင်းပြပေးပါအုံး

သရက unicode မှာ ရိုက်ခတ် ခက်တယ်လို့ရေးတာကို နားမလည်ပါ။ ဆောရီး။

ရှေးကျလွန်းတယ်လို့ ရေးရတယ်။

လွမ်း လွန်း

လွန်းကြိုး

ရက်ကန်းသုံးလွန်း

လွန်လွန်းတယ်

လွန်းကြင်ငှက်

လွန်းကြင်လှေ

လွန်းပုဆိုး

လွန်းပြန်စက်ရက်ကန်း

လွန်းပြန်ယာဉ်

လွန်းပြန်လက်ချိတ်ပုဆိုး

လွမ်းချင်း

လွမ်းဆွတ်

လွမ်းစရာ

အလွမ်းအဆွေး

မလွမ်းပို

လွမ်းတယ်မောင်ရေ

နွမ်းလျ ဖြေမဆည် လွမ်း လွမ်းလှပါသည် နေနိုင်တော်မူအား သနားမညှာသည်

ယူနီကုတ် နဲ့ ပြည်ထောင်စုကုတ်တို့ကို မပြောရဲတော့ပါ။ ထောက်ပြမိတိုင်းမှာ ကက်ကက်လန်ရန်တွေ့ခံရတယ်။ ကိုပါဖက်တို့ မ ၁၀၀% တို့က မခံနိုင်ကြပါ။

ရှေးကျတိုင်း လက်မခံသင့်အယူအဆကို လက်မခံပါ။ ရှေးကလည်း သင့်မှန်တာတွေရှိသလို ခေတ်သစ်မှာလည်း ပိုကောင်းလာတာတွေ ရှိတယ်။

ဥပမာ မြန်မာရာဇဝင်ထဲမှာ မင့်ဆိုးမင်းညံ့တွေပါခဲ့လို့ မြန်မာရာဇဝင်ကို အသစိရေးလို့ မဖြစ်ပါ။ ခေတ်သစ်သမိုင်းမှာ မိင်းဆိုးမင်းညစ်တွေများတယ်မဟုတ်ပါလား။

ဗျည်း နဲ့ သရ တွေဟာ မြန်မာစာရဲ့ ခိုင်မာမှန်ကန်တဲ့ အုတ်မြစ်တွေဖြစ်ပါတယ်။

စာရိုက်ရတာခက်လို့ အဟာင်းတွေကို ပယ်ချင်တယ်ဆိုတာ ဝယ်လာတဲ့အဝတ်အစားက ကိုယ်နဲ့မတော်လို့ ပြန်ပြင်ရတာမျိုးနဲ့ မတူပါ။

နောက်ဥပမာတခု ကင်ဆာကမျိုးရိုးလိုက်တာဖြစ်နေလို့ ကိုယ့်မိဘဘိုးဘွားတွေကို ကိုယ်နဲ့အမျိုးမတော်ဘူးမပြောမရသလို။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ