သရက unicode မှာ ရိုက်ခတ် ခက်တယ်လို့ရေးတာကို နားမလည်ပါ။ ဆောရီး။
ရှေးကျလွန်းတယ်လို့ ရေးရတယ်။
လွမ်း လွန်း
လွန်းကြိုး
ရက်ကန်းသုံးလွန်း
လွန်လွန်းတယ်
လွန်းကြင်ငှက်
လွန်းကြင်လှေ
လွန်းပုဆိုး
လွန်းပြန်စက်ရက်ကန်း
လွန်းပြန်ယာဉ်
လွန်းပြန်လက်ချိတ်ပုဆိုး
လွမ်းချင်း
လွမ်းဆွတ်
လွမ်းစရာ
အလွမ်းအဆွေး
မလွမ်းပို
လွမ်းတယ်မောင်ရေ
နွမ်းလျ ဖြေမဆည် လွမ်း လွမ်းလှပါသည် နေနိုင်တော်မူအား သနားမညှာသည်
ယူနီကုတ် နဲ့ ပြည်ထောင်စုကုတ်တို့ကို မပြောရဲတော့ပါ။ ထောက်ပြမိတိုင်းမှာ ကက်ကက်လန်ရန်တွေ့ခံရတယ်။ ကိုပါဖက်တို့ မ ၁၀၀% တို့က မခံနိုင်ကြပါ။
ရှေးကျတိုင်း လက်မခံသင့်အယူအဆကို လက်မခံပါ။ ရှေးကလည်း သင့်မှန်တာတွေရှိသလို ခေတ်သစ်မှာလည်း ပိုကောင်းလာတာတွေ ရှိတယ်။
ဥပမာ မြန်မာရာဇဝင်ထဲမှာ မင့်ဆိုးမင်းညံ့တွေပါခဲ့လို့ မြန်မာရာဇဝင်ကို အသစိရေးလို့ မဖြစ်ပါ။ ခေတ်သစ်သမိုင်းမှာ မိင်းဆိုးမင်းညစ်တွေများတယ်မဟုတ်ပါလား။
ဗျည်း နဲ့ သရ တွေဟာ မြန်မာစာရဲ့ ခိုင်မာမှန်ကန်တဲ့ အုတ်မြစ်တွေဖြစ်ပါတယ်။
စာရိုက်ရတာခက်လို့ အဟာင်းတွေကို ပယ်ချင်တယ်ဆိုတာ ဝယ်လာတဲ့အဝတ်အစားက ကိုယ်နဲ့မတော်လို့ ပြန်ပြင်ရတာမျိုးနဲ့ မတူပါ။
နောက်ဥပမာတခု ကင်ဆာကမျိုးရိုးလိုက်တာဖြစ်နေလို့ ကိုယ့်မိဘဘိုးဘွားတွေကို ကိုယ်နဲ့အမျိုးမတော်ဘူးမပြောမရသလို။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment