၁။ ကွန်ရက် နဲ့ ကွန်ယက် ဘယ်ဟာက အမှန်လဲဆရာ။
ကွန်ရက် နဲ့ ကွန်ယက်က အင်္ဂလိပ်စာလုံး နက်ဝပ်ကို ဘာသာပြန်ထားတာထင်ပါတယ်။ ပိုက်ကွန်ရက်လုပ်ထားသလို သဘောဖြစ်လို့ ကွန်ရက်လို့ရေးနေကြပါတယ်။ ဒါပေမယ့် အရင်သတ်ပုံစာအုပ်တခုမှာ ဇာထိုးတဲ့ပုံစံကို ကွန်ချာ၊ ကွန်ရွက်၊ ကွန်ယက်လို့ ရေးပါတယ်။
၂။ ငြုပ်သီးလို့ ငယ်ငယ်ကသင်ရသလားလို့ဆရာ။ င ငြုပ်စိမ်း ခပ်ရှိန်းရှိန်း၊ င ငချိပ်ပေါင်း စားလို့ကောင်းကနေ ပြောင်းခဲ့တယ် ထင်ပါတယ်ဆရာ။
မြန်မာ့စွယ်စုံကျမ်းမှာ ငရုတ်လို့ ရေးပါတယ်။ ကြားထဲကာလမှာ ငြုတ်လို့ ရေးကြသေးတယ်။ သတ်ပုံစာအုပ်ဟောင်းတွေမှာ ငရုတ်လည်းမပါ၊ ငြုတ်လည်းမပါ။
ဆောင်း၏ကွန်ယက် (တက္ကသိုလ်ဘုန်းနိုင်)
ငရုပ် ရွှေအပ်၊ တရုပ်အပ်၊ နေရပ် ပ-သတ်ရေး။ (လယ်တီဆရာတော်ကြီး)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment