"သက်ဝေ"
တကိုယ်လုံး (ဆရာဝန်များ စကားပြောကြခြင်း)
(၁)
Tin Hlaing
သီဟဒီပ ဂီတရိပ်မြုံ ဇူလိုင်(၂၀)ရက်၂၀၂၆ မြို့မ ဆရာငြိမ်း၏ သက်ဝေ
မြန်မာ့ဂန္တဝင်ဂီတလောကမှာ အထူးလူကြိုက်များခဲ့တဲ့
တေးအမည် သက်ဝေ
တေးပြုစာဆို မြို့မငြိမ်း
မူလ အဆို ပြည်လှဖေ + မေရှင်
ယခုပြန်ဆို U Tin Hlaing
အဆိုတော်သုမောင်နှင့် မြို့မ ဝင်းဝင်းေအာင်တို့ရဲ့ ကာရာအိုကေ မှာဝင်ဆိုထားခြင်းဖြစ်ပါတယ်
တေးနှင့်သက်ဆိုင်ရာ ပညာရှင်များကို လေးစားစွာ ဂါရဝပြု အပ်ပါတယ်ခင်ဗျား(cr မထိအောင်) ဒေါက်တာလှဘူးရဲ့ စာတန်းထိုးများကိုလဲ ရောနှောသုံးစွဲ ထားပါတယ်ခင်ဗျား
(၂)
Tint Swe မြို့မငြိမ်းက တကိုယ်လုံး လို့သာရေးပါသည်။
(၃)
U Tin Hlaing
ဆရာလှဘူးလက်ရာ(တ) ကျုပ်ကတော့ တကိုယ်လုံးပါ
(၄)
Hla Bu
ကျနော်က "တကိုယ်လုံး" လို့ရေးတာပါဆရာ သူတို့ဖာသာ အကူးမှားတာဖြစ်မှာပါ "တကိုယ်လုံး" လို့ ရေးဖို့ အိပ်မက်တောင် မမက်မိပါဘူး ဆရာရေ
(၅)
ဟုတ်။ ကျေးဇူး။
(၆)
"သက်ဝေ"
တေးရေး - မြို့မငြိမ်း
ဆို ပြည်လှဖေ၊ မေရှင်
သစ္စာမဏ္လိုင် မြဲခိုင်ခဲ့ပေ
မေတ္ထာမိုးတွေ သွန်းဖြိုးရွာစေ
အသဲမှာ စွဲမက် အသက်ကို ပုံတယ်လေ
တကိုယ်လုံး သိမ်းကျူး လိုရာသုံး သက်ဝေ
အပြုံးမပျက်ပေါင် စိတ်လက်ရှည်ရှည်
အချစ်အတွက်ဖြင့် အသက်ပင် သေသေ
အသွေးယူ အသားကို လှူလှူ
စိတ်တူတယ် ရယ်ရယ်ပြုံးပြုံး
မဒီဒေဝီ ဝေသန် ထုံးလို
နှလုံးပြုကာ ကြည်ဖြူမှာတွေ
သက်ဝေ အလိုကျ ဆိုသမျှ
ကိုယ်ရောစိတ်က
လိုက်လျှောရပါမယ်လေ
ဓူဝံကြယ် မြေမှာခကြွေ
ကောင်းကင်မှာ နေ လ တွေကွယ်စေ
မြမြင့်မိုရ် ပြိုအက်ကာကြေ
သွေကွက်မယ် စိတ်ဝယ်မပွေ
ဓူဝံကြယ် မြေမှာခကြွေ
ကောင်းကင်မှာ နေ လ တွေကွယ်စေ
မြမြင့်မိုရ် ပြိုအက်ကာကြေ
သွေကွက်မယ် စိတ်ဝယ်မပွေ
ချစ်တဲ့သူ အမူတုံးကလေးက
တိမ်စင် လနှယ် အလှကြွယ်ရှာပေ
ကြာကြာလေ မရိုးတဲ့အပြင်
ဆထမ်းပိုးတိုးတဲ့ အချစ်တွေ
ကမ္ဘာမြေ အသင်္ချေလဲတောင်
မကွဲအောင် တောင်းဆုကို ခြွေ
သက်ဝေ ချစ်မက် မပြေတယ်လေ
ခိုင်းတော့ သက်ဝေ
အချစ်စမ်းချင်စမ်း မစမ်းချင်နေ
ထူးတဲ့ ခင်မင်တာတွေ
အသက်ကို စွန့်ရတောင်ပင်
မငြိုငြင်ဘူးရှင့် အသင့်လိုရာစေ
မခိုင်းရက်ဘူးကွယ့်
သည်ကိုယ့်လည်ဆွဲ ပုလဲသွယ်ရေ
ရှေ့က မောင်သာ အစဉ်နေ
အသက်နဲ့ထပ်တူ ကြင်မလေ
ရင်ကို ခွဲလို့ အသည်းကင်ပါစေ
ချစ်သက်ဝေနှမ
စိတ်တိုင်းကျကျ ပျော်သလိုနေ
လှသထက် လှမယ်ဆိုရင်
ဆေးဖက် ဝင်ပါသလား
မောင့် အသားတွေ
မောင့် အသွေးတွေ
မောင့် အသည်းတွေ
မောင့် နှလုံးတွေ သြော် အသုံးပြုပါလေ
ကြည်ဖြူပါတယ်
လိုရာကို ယူစေ
ဓူဝံကြယ် မြေမှာခကြွေ
ကောင်းကင်မှာ နေ လ တွေကွယ်စေ
မြမြင့်မိုရ် ပြိုအက်ကာကြေ
သွေကွက်မယ် စိတ်ဝယ်မပွေ
ချစ်တဲ့သူ အမူတုံးကလေးက
တိမ်စင်လနှယ် အလှကြွယ်ရှာပေ
ကြာကြာလေ မရှိးတဲ့အပြင်
ဆထမ်းပိုးတိုးတဲ့ အချစ်တွေ
ကမ္ဘာမြေ အသင်္ချေလဲတောင်
မကွဲအောင် တောင်းဆုကို ခြွေ
သက်ဝေ ချစ်မက် မပြေတယ်လေ
https://www.youtube.com/watch?v=kJsIBCnBUT4
https://www.facebook.com/watch?v=1668491757225244
တကိုယ်လုံးကို တကိုယ်လုံးလို့ ရေးရတယ်။ မြင့်မိုရ် လို့ရေးတယ်။ မြင်းမိုရ် က မူကွဲ။ ၁၉၄၁ ခုနှစ်မှာ တဝမ်းပူတွေကို ရန်ရှာမဲ့သူတွေ မမွေးလောက်သေးပါ။
(အခုသီချင်းစာသား ရေးတာမှားရင် ကျွန်တော့်တာဝန်)
ဆရာဝန် ၄ ယောက်ဖြစ်အောင် ဒေါက်တာညွန့်လွင် (ကွယ်လွန်) ကိုပါ ထည့်လိုက်ဦးမယ်။ သူက မြို့မငြိမ်းရဲ့သား။
မြန်မာ့တေးဂီတနဲ့ မြန်မာစာကို ဆရာဝန်တွေ အဲလို အလေးထားကြပါကြောင်း
ထင်ရာ ရေးနေ၊ ပြောနေ၊ ကူးတင်နေ၊ ကူးသင်နေ၊ ပြန်ထုတ်နေသူအပေါင်းခင်ဗျား။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment