Skip to main content

ငရုပ် ရွှေအပ်၊ တရုပ်အပ်၊ နေရပ် ပ-သတ်ရေး

ကွန်မင့်တခု = ငရုတ်သီး၊ ငရုတ်ဆုံလို့ရေးတယ်။

ကွန်မင့်တခု = ငရုတ်လို့ဘဲ ကျွန်တော်ရေးပါတယ်။ ဒါပေမဲ့ ငြုတ်လို့ ရေးတာကိုလဲ ကြိုက်ပါတယ်။ ငြုတ်လို့ရေးရင် မှားသလားဆရာ။

ငရုတ် ငရုပ် ငြုတ် မူကွဲစာလုံးတွေလို့ ဆိုရပါမယ်။

၁။ သုံးသပ် စမ်းသပ်၊ ငွေတကျပ်၊

ပေါ်လျှပ် ပ-သတ်ရေး။

၂။ ဘွဲ့စပ် ယှဉ်စပ်၊ ရင်ခြင်းအပ်၊

လက်ထပ် ပ-သတ်ရေး။

၃။ ပုတီးလည်ကပ်၊ ဆောင်နှင်းအပ်၊

ကြီးကြပ် ပ-သတ်ရေး။

၄။ အင်္ကျီလက်ကျပ်၊ ပါးလျှပ်လျှပ်၊

လက်စွပ် ပ-သတ်ရေး။

၅။ ကိုယ်ဟန်သွယ်သပ်၊ တခုလပ်၊

နုဖပ် ပ-သတ်ရေး။

၆။ ငရုပ် ရွှေအပ်၊ တရုပ်အပ်၊

နေရပ် ပ-သတ်ရေး။

၇။ ရွှေကြာပွင့်ချပ်၊ ကမ႓ာကပ်၊

တင့်အပ် ပ-သတ်ရေး။

၈။ အစေ့အစပ်၊ အထပ်ထပ်၊

ရိုးစွပ် ပ-သတ်ရေး။

၉။ မြေမှာ တုံ့ပျပ်၊ အလျားဝပ်၊

လန့်ဖျပ် ပ-သတ်ရေး။

၁၀။ ပါးပါးချပ်ချပ်၊ ငှက်ပျောပပ်၊

သစ်တပ် ပ-သတ်ရေး။

၁၁။ ခြေနင်းဘိနပ်၊ သားမြီးယပ်၊

မွေးညှပ် ပ-သတ်ရေး။

၁၂။ မနူး မနပ်၊ မီးဝယ်နှပ်၊

သေနပ် ပ-သတ်ရေး။

၁၃။ တိမ်တိုက်ချင်းခွပ်၊ ပြက်သည့်လျှပ်၊

ညှပ်ညှပ် ပ-သတ်ရေး။

ငရုတ် ငရုပ် ငြုတ် https://burmese-spelling.blogspot.com/.../blog-post_887.html

ငရုပ် ငရုတ် တရုပ် တရုတ် https://burmese-spelling.blogspot.com/.../blog-post_333.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ