Skip to main content

Champagne mangoes မက်ဆီကိုကလာတဲ့သရက်သီး

Ataulfo mangoes လို့လည်းခေါ်တယ်။

ဒီအရပ်မှာ မြန်မာပြည်က အကောင်းဆုံး စိန်တလုံးသရက်သီးမရှိပါ။ မျိုချရခက်တဲ့ စိန်တစ်လုံးလည်း မရှိပါ။

မက်ဆီကိုသရက်ထက် ကောင်းတာလည်း မရှိပါ။

သရက်သီးအရောင်ကြည့်တာနဲ့ ချိုလောက်ပြီ၊ ချိုချိုချဉ်ချဉ် သိနိုင်တယ်။ အခန်းတွင်းအပူချိန်မှာ တရက်တက်တရက် မှည့်မှာလာပါတယ်။

အခုတလော စားရတယ်။ ကနေ့တော့ အမရာဆွေနဲ့အတူ သရက်သီးတပန်းကန်စားကြတာ သူက ၃ ပုံ ၂ ပုံစားတယ်။

နောက်တခါ ကနေ့ထပ်ဝယ်လာတဲ့ သိပ်ကြီးမမှည့်သေးတဲ့အလုံးကို နွေဦးဆွေက စားပြန်ပါတယ်။ ကလေးတွေလည်း ကြိုက်ကြတယ်။

ရာသီစာ။ ဒီမှာတော့ ရာသီစာလို့ပြောရခက်ပြန်တယ်။ တနှစ်လုံးနီးပါး ဝယ်လို့တယ်။

ဒေါက်တာတင့်ဆွေ

Comments