Skip to main content

Ghost pepper ရွှေလံဘိုငရုပ်

ကွန်မင့်တခု = ဘယ် ငရုပ် က အစပ်ဆုံးပါလိမ့်။ ကယန်း၊ နာဂ၊ မစားဘူးပါ။ မြန်မာပြည်က ရွှေအပ်မျိုး ယူခဲ့တာက ပျိုးတာ မပေါက်။ ရေစကြိုမျိုး ငရုပ်ပင် ဆောင်းတွင်းတုန်းက အိမ်ထဲမှာ ထားပေမဲ့ တနှစ်ဘဲ ခံတယ်။ တဖြည်းဖြည်း ခြောက်ပြီး သေသွားတယ်။

၁၇-၁၀-၂၀၂၃ Guinness World Records crowns new hottest pepper အစပ်ဆုံး ငရုပ်သီး ဂင်းနပ်စ် စံချိန်တင်လို့ ဆိုပါတယ်။ Pepper X လို့ အမည်ပေးထာတယ်။ ဒိအရင်က ၁၀ နှစ်အထိ အစပ်ဆုံး ငရုပ်သီးအမည်က Carolina Reaper chili pepper ဖြစ်တယ်။ habanero pepper အမျိုးအစားဟာ တိုင်းတာမှုအရ 100,000 Scoville heat units ယူနစ်ရှိပြီး၊ Pepper X အမျိုးအစားသစ်က 2.69 million units ယူနစ်ရှိတယ်။

Mr Currie ဆိုသူက South Carolina farm တောင်ကယ်ရိုလိုင်းနာမှာ စိုက်ပါတယ်။ intellectual property မူပိုင်ခွင့်လုပ်ထားတယ်။

Winthrop University တက္ကသိုလ် ဓါတ်ခွဲခန်းမှာ စစ်ဆေးပါတယ်။ ပျမ်းမျှ 2,693,000 Scoville Heat Units (SHU) ရရှိတယ်။ သူရဲ့အရင်အမျိုးအစားက 1,641,183 SHU ရှိတယ်။

အစပ်ဆုံး ငရုပ်သီးမျိုးစေ့ကို မရောင်းပါတဲ့။ အခုထိ လူ ၅ ယောက်သာ စမ်းစားဘူးသေးပါသတဲ့။

ငရုပ်သီးအစပ်ကို Scoville Heat Units ယူနစ်နဲ့ တိုင်းတာတယ်။

1. Pepper Average Scoville Heat Units

2. Pepper X 2.69 million

3. Carolina Reaper 1.64 million

4. Jalapeño 2,500 to 8,000

5. Cayenne 30,000 to 50,000

Chili Chili Chili ငရုပ်သီးဋီကာ https://dr-tint-swe.blogspot.com/2022/07/chili-chili-chili.html

Chilli ငရုတ်သီး အရသာ https://dr-tint-swe.blogspot.com/2021/07/chilli.html

Ghost pepper တစ္ဆေငရုတ် ဥမရုတ် https://burmese-spelling.blogspot.com/2023/01/ghost-pepper.html

Ghost pepper ရွှေလံဗိုလ်ငရုပ် https://dr-tint-swe.blogspot.com/2021/06/ghost-pepper.html

Super-hots ဆူပါဟော့ ခေါ် စံချိန်တင်အစပ်ဆုံးငရုတ်သီးများ https://dr-tint-swe.blogspot.com/2021/08/super-hots.html

ငရုတ် ငရုပ် ငြုတ် https://burmese-spelling.blogspot.com/2023/09/blog-post_458.html

ငရုပ်သီး ငရုတ်သီး https://burmese-spelling.blogspot.com/2022/12/blog-post_938.html

ငြုတ်သီး စပ်မှ https://burmese-spelling.blogspot.com/2023/05/blog-post_690.html

ကျွန်တော်စားဘူးတဲ့ ငရုပ်အမျိုးမျိုးကို သုတေသနလုပ်ထားတာ မရှိပါ။ ရွှေလံဘို ခေါ် ဥမရုတ် ခေါ် ကသည်းငရုပ် ခေါ် နာဂငရုတ်က အစပ်ဆုံးလို့ လျှာက သိတယ်။ ကျွန်တော့သုတေသနတခုကတော့ ဘယ်ငရုပ်စားရင် ဘယ်နေရာက ချွေးထွက်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ