မိုင်ပေါင်း ၈၅၀၀ ကျော်ဝေးတဲ့ ရွာကလက်ဆောင် ပါလာတယ်။
တနပ်ဆို တတောင့် နှစ်တောင့်နဲ့ လောက်တယ်။ ပေးလိုက်တာက လူတကိုယ်စာလောက် သယ်နိုင်တာက လူ့နှလုံးလောက်သာ။
မိုးမျှော်ငြုပ်သီး၊ ရွှေအပ်သီးလို့လည်းခေါ်တယ်။
တချို့အရပ်မှာ ကြွက်ချေး (ကန်တော့) လို့လည်း ခေါ်တယ်။
ပုလဲမှာနေစဉ်က ဇာတိမင်းရွာနဲ့က သုံးတိုင် ၆ မိုင်သာဝေးတဲ့ရွာ။ ၃ တိုင်လို့သာ ခေါ်ကြတယ်။
ရွာကညီ သူ့အခင်းမှာ စိုက်ထားတာကို ပို့လိုက်တာတဲ့။ ၂၀၁၇ ခုနှစ်က ပြည်တွင်းကိုအလည်ပြန်တဲ့ သားတယောက် (ကွယ်လွန်) က ယူလာတာ။
မိုးမျှော်ကို အမျိုးမျှော်လို့ နာမည်ပြောင်းမယ်။
ဒီမြို့မှာ ဝယ်လို့ရတဲ့ ကယန်းငရုပ်က ဒိထက်နည်းနည်းပိုကြီးတယ်။ စပ်တာချင်း အတူတူလောက်ဘဲ။
မူရင်းပုံကို ရှာမတွေသေးပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment