Skip to main content

ဒါ နှင့် တာ

"အဲ့ လို့ ရေးနေကြတာ မမှန်ပါ"

ပေါလိုက်ထာနဲ့ မသိဒါ မှန်ပါသလား

ဒါ နှင့် တာ

၁။ ဆရာ အဖေက ကိုဗစ်ဖြစ်ဒါ (ဖြစ်တာ)  ၂၉ရက်ရှိပြီရှင့် အခု ကအောင်စီဂျင်က ၈၅ တချက်ဖြစ်ပြီး ၉၀ ၉၅ အဲဒီလို တချက်တချက်ဖြစ်နေပါတယ်ဆရာ အဲဒါ ဘာကြောင့်ဖြစ်ဒါ (ဖြစ်တာ) လဲဆရာ ပြနေတဲ့ဆရာကတော့ သွေးအဖြေကောင်းတယ်လိုပြောပါတယ်ဆရာ အောင်စီဂျင်အဲလိုကျဒါ (ကျတာ) စိတ်ပူရလာဆရာ အဖေကအသက် ၇၆နှစ်ပါဆရာ ကျေးဇူးပြုပြီးပြန်လည်ဖြေကြာပေးပါဆရာ။

၂။ ဆရာ အခု FM တွေ TV တွေက သတင်းတင်ဆက်ရင် ဒါဆိုတဲ့စကားလုံးကို ထပ်ခါထပ်ခါဘာလို့သုံးနေတာလဲ သိရင်ရှင်းပြပေးစေချင်ပါသည်။ စာတကြောင်းဖတ်ရင် ဒါ ဆိုတဲ့စကားလုံးကို အနည်းဆုံး ဆယ်ကြိမ်ထက်မနဲ သုံးနေတော့ pro မဖြစ်ဘူးလို့ခံစားရလို့ပါဆရာ။

နားမထောင်ဖူးလို့တော့ သေချာမသိပါ။ သတ်ပုံစာအုပ်ထဲမှာ ဒါ အသုံးတွေက အောက်ကအတိုင်းပါတယ်။

ဒါ

ကာလီဒါသ

ဒါနပြုသည်

ဒါယတာ

ဒါယိကာမ

ဒါလီ

ဒါသကျွန်

ဒါနောရက္ခိုသ် တွေသာဖြစ်ပါတယ်။

နာမ်စားတွေဖြစ်တဲ့ ထို၊ ထိုအရာ၊ ယင်း၊ အနှီ၊ ဤ၊ ဤအရာ၊ ၎င်း၊ စတာတွေကို စာရေးရာမှာသုံးတယ်။

ဒါ၊ အဲဒါ၊ ထိုဟာ၊ ဤဟာ၊ ၎င်းဟာ၊ ဟိုဟာ၊ ဟိုဒင်း၊ ဟိုဒင်းဟိုဟာ၊ ဒီ၊ ဒီဟာ၊ သည်ဟာ၊ ဒင်း၊ ဒင်းတို့၊ သင်း၊ သင်းတို့ စတာတွေကို စကားပြောရာမှာ သုံးကြတယ်။ အဲ့ နဲ့ အဲ့ဒါကို အရင်က မသုံးခဲ့ပါ။ အဲ့အဲ့တွေ၊ အော့အော့တွေလို့ အညစ်အကြေးကိုပြောပါတယ်။ ကန်တော့။

သွားတာ လာတာ နေတာ ထိုင်တာ စိတ်ကမပါဘူးရှင် (သီချင်း)

စားလို့ကောင်းလိုက်တာ

စေတနာနဲ့ လုပ်ပေးတာ

ဆင်းရဲချမ်းသာ သဘာဝ တွေ့ကြုံနေကြ လူတိုင်းပေ။

ကောင်းဆိုးနှစ်တန် အစုံတွဲလို့ တလှည့်စီလဲ အမြဲနေ။

လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။

သောကကိုထိန်း ရမ္မက်သိမ်း၊ အေးငြိမ်းချမ်းသာနေ။

အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ 

ဒါ 

• သက်ရှိသက်မဲ့တို့ကို ရည်ညွှန်းရာတွင် သုံးသော စကားလုံးတမျိုး။ ဒါဘယ်သူ့အိမ်လဲ။ ဒါဘယ်သူ့သားလဲ။

တာ

• အလျားအနံ စသည်တို့ကို တိုင်းတာသည်။ မြင့်လှထက်ဝါျင်းတာသော်၊ တယူဇနာ၊ အံ့အာသရဲ။

• အကွာအဝေး အတိုင်းအရှည်။ အရှေ့အနောက်၊ တောင်မြောက် တာပေါင်း လေးသောင်းအပြင်။

• တာတိုပြေးပွဲ။

• တူးဖို့ထားသော ကုန်းရိုးကုန်းတန်း။ 

• တဦးတယောက်အတွက် သတ်မှတ်ထားသော လုပ်ငန်း။

• ကာလအတိုင်းအရှည်။ တရက်တာကို အသပြာခြောက်သိန်းမျှဖြင့် ရှေးကအလှူပေးရသည်။

• အကြောင်းကိစ္စ။ ငါးဆစ်ကြန်ညီ၊ ဣရန္ဓီနှင့်၊ ချစ်ညီသက်မျှ၊ တူတကွလျှင်၊ ပျောက်ရမည်တာ၊ သစ္စာဧကန်၊ မှန်တပြီးကား။

• ကြိယာ၏ ဆောင်ရွက်မှုကို အမူအရာကိုပြသော စကားလုံး။ မိုးရွာတာ ကောင်းတယ်။

• စာနာထောက်ထားသည်။ မကြင်မနာ၊ မတာကိုယ်ချင်း၊ ရက်ရောပြင်းသည်။

• ခရာသည်။ ချွဲသည်။ တီတီတာတာပြောသည်။

• သစ်သားစသည်ဖြင့် ပြုလုပ်ထားသော အဖုံးပါသည့်ပစ္စည်း။

"အဲ့ လို့ ရေးနေကြတာ မမှန်ပါ"

အဲ့ ကို ညွှန်းဆိုတဲ့သဘော မသုံးရပါ။

မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉)

အဲ့

• မြန်မာသရ နှစ်ဆယ့်နှစ်လုံးတို့တွင် အပါအဝင်ဖြစ်သော ဆယ့်ငါးလုံးမြောက် သရ။

• အသံမှာ အဲ့၍ ချောင်းလည်း အမြဲဆိုးသူ ဖြစ်လေသည်။

အဲ

• မြန်မာသရ နှစ်ဆယ့်နှစ်လုံးတို့တွင် အပါအဝင်ဖြစ်သော ဆယ့်သုံးလုံးမြောက် သရ။

• အဲဟူသော အသံချီကာ အဲဟူသော အသံချ၍ ဆီဆိုသော ရှေးကဗာသီချင်း။

• အစုအဝေးလိုက် သွားရာမှ ရှေ့သို့ ဆက်၍ မသွားပဲ ရပ်တန့်နေသည်။ အဲ ဟူသည်ကား အများအပေါင်း စုဝေးရပ်နေသည်ကို ယူသင့်၏။

• အာလုပ်။ စကားပြောရင်း စကားစ ရှာမရ၍ ရုတ်တရက် မည်သို့ စကားဆက်ရမည်မသိပဲ ဆုတ်ဆိုင်းဆိုင်း ဖြစ်နေသအခါတွင် သုံးလေ့ရှိသေစကား။ အဲ့ ကောင်းပါလေရဲ့၊ ဝမ်းသာအားရ ရှိလောက်ပါပေရဲ့။

• အဲခိုး

• အဲချင်း

• အဲထူး

• အဲမောင်း

• အဲသည်လောက်

• အဲဟို

• အဲသည်

• အဲသည်တော့

• အဲသည်လို

• အဲဒီတုန်းကပေါ့ဗျာ သူကလေးနဲ့တွေကြရာတွင် မှတ်မိကာပင် ကျွန်တော့ စိတ်ထဲတွင်ေ နေ့တိုင်းပင် (တူရိယာလုလင်)

အော

• သူ့အသံမှာ အောနေသည်။

• လောင်းကစားရာတွင် တကောင်တည်း တဘက်တည်းတွင် လောင်းကြေးကို စုပုံ၍လောင်းသည်။

• အောချ

• အောတိုက်

အော့ 

• မြန်မာသရ နှစ်ဆယ့်နှစ်လုံးတို့တွင် အပါအဝင်ဖြစ်သော ဆယ့်ခြောက်လုံးမြောက် သရ။

• အစာအိမ်မှ အစာ၊ အရည် စသည် ပါးစပ်မှ ပြန်ထွက်သည်။

• အန်ထုတ်သည်။

• အပြောက မယဉ်၊ အသွင်ကရိုင်းရိုင်း၊ လူမြင်တိုင်း အော့သူကို။

• အော့ကြောလန်

• အော့နာကျ

• အော့နာဝမ်းကျ

• အော့နှလုံးနာ

• အော့အန်

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ