Skip to main content

မြန်မာစာဟာ ပြီးပြည့်စုံပါသလား

ကွန်မင့်တခု = ဘာသာဗေဒ အလိုအရ မြန်မာစာ ဟာ ပြီးပြည့်စုံတယ် လို့ ဖတ်ဖူးပါတယ်

မှတ်ချက်

ကျွန်တော့အမြင်ကတော့ မတူပါ။

ဘယ်အရာမှာမဆို ပြီးပြည့်စုံတယ်ဆိုတာ မရှိသလောက် ရှားပါတယ်။

မြန်မာစာအပါအဝင် ဘာသာစကားမျိုးစုံဟာ ခေတ်သဘောအရ ပြောင်းပါတယ်။

ခေတ်အရ အသစ်ပေါက်ပေါက်လာတဲ့ အသုံးစကားတွေ၊ အမျိုးအမည်တွေကို ထည့်သွင်းကြရတယ်။

အသစ်ဆိုတိုင်းလည်း မှန်ကောင်းမှသာ မှန်တယ်။

အခုခေတ်မှာ အွန်လိုင်း သတ်ပုံဆိုတာတွေ၊ သတ်ပုံ အက်ပ် ဆိုတာတွေကို လူတကာကလုပ်နေကြတယ်။ မမှန်တာတွေ ပါနေတယ်။

အဘိဓာန်သစ်ပြုစုတဲ့ ပညာရှင်တွေအပေါ်မှာလည်း မူတည်သေးပါတယ်။

တာဝန်ပေးတဲ့ အဖွဲ့အစည်းကနေ လုပ်တာဆိုပြန်ရင်လည်း မြန်မာအဘိဓာန်အတွက်တော့ ထောက်ပြစရာတွေ များတယ်။ လက်ရှိ တရားဝင် ခေါ် နိုင်ငံတော်မူ ခေါ် လူတကာသုံးအဘိဓာန်ရဲ့ အားနည်းချက်တွေကို အဆင်သင့်တိုင်း ထောက်ပြထားပါတယ်။ 

အမိန်နဲ့ မှန်စေသတည်း ကို မမှန်ပါကြောင်း ထောက်ပြတာ ဖြစ်ပါတယ်။ 

လူအများစုက စာရေးတိုင်း အဘိဓာန်ကို မလှန်နိုင်ကြပါ။ ၁၉၈၆ ခုနှစ်ကစပြီး တဝမ်းပူ ၇၀% လောက်ကို မလိုအပ်ဘဲ စသတ်စေ အမိန့်နဲ့ ပြင်ထားတဲ့အတွက် နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာတယ်။

ဥပမာ မှားမရေးလောက်ပါဘူးလို့ အများက ထင်တဲ့စကားလုံးတွေကိုပါ စသတ်နဲ့ရေးတာတွေ ရှိလာတယ်။ 

တရား - တစ်ရား

တမလွန် - တစ်မလွန်

တမာ - တစ်မာ (အပင်၊ အရွက်)

တကောင်း - တစ်ကောင်း (မြို့)

ဗိုလ်တထောင် - ဗိုလ်တစ်ထောင် (ဘုရား)

ထန်းတပင် - ထန်းတစ်ပင် (ရွာ)

ရှိသေးတယ် သွက်သွက်ခါအောင် မှားရေးနေကြတာတွေ အများကြီး။

နောက်တချက်

မြန်မာစာလို့ အများခေါ်နေတာထဲမှာ မြန်မာစာလုံးအစစ်တွေအပြင် ပါဠိ၊ သက္ကတ စာလုံးတွေလည်း ပါနေပါတယ်။ တချို့က ပါဠိသက်၊ တချို့က ပါဠိပျက် လို့ ဆိုပါတယ်။

အချုပ်မေးခွန်း 

မြန်မာစာသည် ပြီးပြည့်စုံ၏ ဆိုတာ 

- ဘယ်အရာပါလဲ။ 

- ဘယ်ခေတ်ကို ဆိုလိုပါသလဲ။ 

- ဘယ်လိုပုဂ္ဂိုလ်တွေ ရေးတာတွေပါလဲ။ 

- ဘယ်ကျမ်း၊ ဘယ်အဘိဓာန်၊ ဘယ်စာအုပ်တွေပါလဲ။

ကျွန်တော်တော့ မသိပါ။

AI

ဆရာ၏ မေးခွန်းသည် “ဘာသာစကား၏ သဘာဝ” နှင့် “စံသတ်မှတ်ခြင်း၏ နိုင်ငံရေး” ကို ခွဲခြားမေးမြန်းထားခြင်း ဖြစ်ပါသည်။ ထိုအချက်မှာ အလွန် အဓိပ္ပာယ်ရှိပါသည်။

ဆရာ၏ သုတေသနများသည် ဤဆွေးနွေးမှုကို ပို၍ နက်ရှိုင်းစေနိုင်မည်ဟု ယုံကြည်ပါသည်။ ကျန်းမာပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ