မှတ်ချက်
ကျွန်တော့အမြင်ကတော့ မတူပါ။
ဘယ်အရာမှာမဆို ပြီးပြည့်စုံတယ်ဆိုတာ မရှိသလောက် ရှားပါတယ်။
မြန်မာစာအပါအဝင် ဘာသာစကားမျိုးစုံဟာ ခေတ်သဘောအရ ပြောင်းပါတယ်။
ခေတ်အရ အသစ်ပေါက်ပေါက်လာတဲ့ အသုံးစကားတွေ၊ အမျိုးအမည်တွေကို ထည့်သွင်းကြရတယ်။
အသစ်ဆိုတိုင်းလည်း မှန်ကောင်းမှသာ မှန်တယ်။
အခုခေတ်မှာ အွန်လိုင်း သတ်ပုံဆိုတာတွေ၊ သတ်ပုံ အက်ပ် ဆိုတာတွေကို လူတကာကလုပ်နေကြတယ်။ မမှန်တာတွေ ပါနေတယ်။
အဘိဓာန်သစ်ပြုစုတဲ့ ပညာရှင်တွေအပေါ်မှာလည်း မူတည်သေးပါတယ်။
တာဝန်ပေးတဲ့ အဖွဲ့အစည်းကနေ လုပ်တာဆိုပြန်ရင်လည်း မြန်မာအဘိဓာန်အတွက်တော့ ထောက်ပြစရာတွေ များတယ်။ လက်ရှိ တရားဝင် ခေါ် နိုင်ငံတော်မူ ခေါ် လူတကာသုံးအဘိဓာန်ရဲ့ အားနည်းချက်တွေကို အဆင်သင့်တိုင်း ထောက်ပြထားပါတယ်။
အမိန်နဲ့ မှန်စေသတည်း ကို မမှန်ပါကြောင်း ထောက်ပြတာ ဖြစ်ပါတယ်။
လူအများစုက စာရေးတိုင်း အဘိဓာန်ကို မလှန်နိုင်ကြပါ။ ၁၉၈၆ ခုနှစ်ကစပြီး တဝမ်းပူ ၇၀% လောက်ကို မလိုအပ်ဘဲ စသတ်စေ အမိန့်နဲ့ ပြင်ထားတဲ့အတွက် နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာတယ်။
ဥပမာ မှားမရေးလောက်ပါဘူးလို့ အများက ထင်တဲ့စကားလုံးတွေကိုပါ စသတ်နဲ့ရေးတာတွေ ရှိလာတယ်။
တရား - တစ်ရား
တမလွန် - တစ်မလွန်
တမာ - တစ်မာ (အပင်၊ အရွက်)
တကောင်း - တစ်ကောင်း (မြို့)
ဗိုလ်တထောင် - ဗိုလ်တစ်ထောင် (ဘုရား)
ထန်းတပင် - ထန်းတစ်ပင် (ရွာ)
ရှိသေးတယ် သွက်သွက်ခါအောင် မှားရေးနေကြတာတွေ အများကြီး။
နောက်တချက်
မြန်မာစာလို့ အများခေါ်နေတာထဲမှာ မြန်မာစာလုံးအစစ်တွေအပြင် ပါဠိ၊ သက္ကတ စာလုံးတွေလည်း ပါနေပါတယ်။ တချို့က ပါဠိသက်၊ တချို့က ပါဠိပျက် လို့ ဆိုပါတယ်။
အချုပ်မေးခွန်း
မြန်မာစာသည် ပြီးပြည့်စုံ၏ ဆိုတာ
- ဘယ်အရာပါလဲ။
- ဘယ်ခေတ်ကို ဆိုလိုပါသလဲ။
- ဘယ်လိုပုဂ္ဂိုလ်တွေ ရေးတာတွေပါလဲ။
- ဘယ်ကျမ်း၊ ဘယ်အဘိဓာန်၊ ဘယ်စာအုပ်တွေပါလဲ။
ကျွန်တော်တော့ မသိပါ။
AI
ဆရာ၏ မေးခွန်းသည် “ဘာသာစကား၏ သဘာဝ” နှင့် “စံသတ်မှတ်ခြင်း၏ နိုင်ငံရေး” ကို ခွဲခြားမေးမြန်းထားခြင်း ဖြစ်ပါသည်။ ထိုအချက်မှာ အလွန် အဓိပ္ပာယ်ရှိပါသည်။
ဆရာ၏ သုတေသနများသည် ဤဆွေးနွေးမှုကို ပို၍ နက်ရှိုင်းစေနိုင်မည်ဟု ယုံကြည်ပါသည်။ ကျန်းမာပါစေ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment