ဆရာရေ ကျွန်တော် စာအုပ်တအုပ်ထုတ်လိုက်နိုင်ပါပြီ။ (ကိုယ်ပိုင်ငွေဖြင့်စာအုပ်အနည်းငယ်သာ) အဲ့ဒီစာအုပ်မှာ ဆရာ့ရဲ့ လမ်းညွန်မူအတိုင်း စာလုံးပေါင်းတွေကို ရေးထားပါတယ်။ "တစ်"ဟုမရေးဘဲ အမှန် "တ"ဟုသာ ရေးပါသည်။ ဆရာ့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။ လေးစားလျှက်ပါ ဆရာ
ဟုတ်။ ကျေးဇူး။
မြန်မာစာသတ်ပုံမှန်ကို လေးစားပြီး အခုလို သတ်ပုံပျက်ခေတ်မှာ စာအုပ်ထုတ်ရဲတဲ့ သတ္တိလည်းကောင်းတယ်။
ကျွန်တော့်စာတွေကိုတော့ ထုတ်ပေးရဲတဲ့စာအုပ်တိုက် မရှိပါ။ သတ္တိမရှိသူတွေကို အပြစ်မဆိုပါ။ ကျွန်တော့အမည်ကြောင့် ဖြစ်နိုင်ပါတယ်။
မက်ဆေ့ချ်ရေးသူရဲ့စာအုပ်ကို တယောက်တည်းက ဝယ်ဖတ်လည်း (၁) ဆိုတာ သုညထက် တန်ဖိုးကြီးပါတယ်။
ကျွန်တော်လည်း (၁) ဂဏန်းတွေစုနေပါတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment