တင်ထားတဲ့စာ = စူးဆူလိုအပ်နဲ့ထွန်းရတာဆိုပြီး စူးတောထဲတွန်းချတဲ့သူတွေက ပြောနေကြတာ မရှက်ကြဘူးလား။ အာဏာရှင်အိမ်ကြီးပေါ် အာဏာရှင်အိမ်ကလေးတည်ဆောက်နေကြပြီးလား...
ပြန်စာ
“တော်လှန်ရေး”
ဆူးစူး၍လျှင်
အပ်နှင့်ထွင်သည်
အသင် ဘာပြောချင်သနည်း။ (မောင်သာရ)
စူး နဲ့ ဆူး၊
စ နဲ့ ဆ မှားနေတာတွေကို
နေ့တိုင်း တွေ့နေရပါသည်။
မြန်မာစာ တော်လှန်ရေး လိုနေပြီ။
မြန်မာစာတော်လှန်ရေးကိုတော့
(တချို့လူတွေ) နိုင်ငံရေးလုပ်သလိုလုပ်ပါက မှားနိုင်ပါသည်။
စာ၊ ပညာ၊ အသိ မှာ
နိုင်ငံရေး
ဘာသာရေး
လူမှုရေး
ကင်းရပါသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment