(ပုံ ပြန်ထုတ်စာအုပ်တိုက် အယ်ဒီတာအဖွဲ့ကြီး)
တင်ထားတဲ့ကဗျာ = လက်ကျန်တပွင့် (တင်မိုး)
ကွန်မင့်တခု = စသတ် သတ်ခိုင်းပြီးတဲ့နောက် အဲဒီလိုရေးရင် မှားနေတယ်လို့ အပြောခံရတယ်။
ဟုတ်တယ်။
အဲလိုပြောတဲ့သူတွေက ဆရာတင်မိုးထက် မြန်မာစာတော်တယ်လို့ သွေးနားထင်ရောက်နေကြတယ်။
(၁)
စစ်နှင့်ငြိမ်းချမ်းရေး ၆ နှင့်စပ်လျဉ်း၍
ထုံးမြရွက်နှင့်၊ လိုက်ဖက်တင့်မှတ်၊ ကိုယ်ဝတ်တော်မှာ၊ မလ္လာရနံ့၊ မွှေးပျံ့ကြိုင်ရွှင်း၊ ပယင်းရွှေရည်၊ ပွတ်လဲ့ကြည်သို့၊ မြရည်ကြောစိမ်း၊ လဲ့လဲ့ရှိန်းမျှ၊ ခပ်သိမ်းကလျာ၊ ရှုဘွယ်သာလျှင်၊ သိင်္ဂါလျှံတောက်၊ လက်ကောက်လက်ကြပ်၊ ရည်လျှပ်ဆံကျင်၊ မျှမဆင်လည်း၊ တိုင်းပင်တင့်မှတ်ရသော လှခေါင်ထွတ်တဦးလည်းဖြစ်သည်။ လှခေါင်ထွတ်(တစ်)ဦးတည်း မဟုတ်ပါ။
မြသန်းတင့် မှားသလားလို့ တင်တော့ မြသန်းတင့် မှားတယ်တဲ့။
(၂)
စစ်နှင့်ငြိမ်းချမ်းရေး ၈ နှင့်စပ်လျဉ်း၍
စစ်နှင့်ငြိမ်းချမ်းရေး ဝတ္ထုကြီးသည် စစ်နှင့်စစ်လူတန်းစားကို စွဲဆိုလိုက်သော စွဲချက်ကြီးတခုဖြစ်သည်ဟု ကမ္ဘာကျော် အင်္ဂလိပ်စာရေးဆရာကြီး အီး၊ အမ်ဖောစတားက ရေးခဲ့၏။
မြသန်းတင့် မှားသလားလို့ တင်တော့ မြသန်းတင့် မှားတယ်တဲ့။
လက်ထဲမှာ စစ်နှင့်ငြိမ်းချမ်းရေး မူရင်းစာအုပ်တွေရှိတယ်။ ပြန်ထုတ်ကြတာ အခါခါ။ မှားအောင်ပြင်ထုတ်ကြတယ်။
"မြသန်းတင့်သည် သတ်ပုံမှန်အောင်မရေးတတ်ပါသဖြင့် ပြင်ပေးထားပါသည်" လို့ ပြန်ထုတ်စာအုပ်အဖုံးမှာ ရိုက်ရပါမယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment