Skip to main content

အဋ္ဌမတန်းလို့ ရေးရပါသည်

ယူနီကုတ်မှာ ဋ္ဌ စာလုံးကအရေးရခက်ပါသည်။ တချို့ဖုန်းတွေမှာ ယူနီကုတ်နဲ့ ဋ္ဌ ရိုက်ရတာခက်တယ်လို့ပြောကြတယ်။ ကျွန်တော်ကတော့ ကွန်ပြူတာကနေသာ ရိုက်တယ်။

ဌ နဲ့ ဋ္ဌ မတူပါ။
ဋ္ဌ = ထဝမ်းဘဲ မဟုတ်ပါ။ အကိုးအကားတခု တင်ပြပါမယ်။
ဌဝမ်းဘဲ ဒါမှမဟုတ် ဌဝင်ဘဲမှာ လည်ရစ်မပါတဲ့ ဌဝမ်းဘဲနဲ့ လည်ရစ်ပါတဲ့ဋ္ဌ ဆိုပြီး နှစ်မျိုးရှိပါတယ်။
လုံးဆင့်ရေးနေရင် နေရာကျယ်မှာစိုးလို့ နှစ်လုံးပေါင်းပြီး အကျဉ်းချုံး ရေးပါတယ်။ အပေါ်က င လိုပုံစံလေးကတော့ နှစ်မျိုးစလုံး အတူတူဖြစ်တဲ့ အတွက် အဲဒီ င သဏ္ဌာန်လေးကို သူ့အတိုင်းယူပါတယ်။ ဋဆီကနေတော့ လည်ရစ်ကိုယူပြီး ဌ ဆီကတော့ ဟထိုးသဏ္ဌာန်လေးကို ယူလိုက်တဲ့အခါ ဋ နဲ့ ဌ နှစ်မျိုးပေါင်းထားတဲ့ ဋ္ဌအက္ခရာ ဖြစ်လာပါတယ်။
လည်ရစ်မပါတဲ့ ဌဝမ်းဘဲကတော့ ရိုးရိုးဌဝမ်းဘဲပါ။
အဲဒီလည်ရစ်ပါတဲ့ ဌဝမ်းဘဲ (ဋ္ဌ) ကိုပဲပါဠိလိုသံယုဂ်ပါတဲ့ ဌဝမ်းဘဲ လို့လည်းခေါ်ပါသေးတယ်။
ဌဝမ်းဘဲဟာ ဝေါဟာရတလုံးရဲ့ ရှေ့ဆုံးစာလုံး ဖြစ်နေရင်တော့ အဲဒီဌဝမ်းဘဲဟာ လည်ရစ် မပါဘူးဆိုတာ လုံးဝသေချာတယ်လို့ ဆိုနိုင်ပါတယ်။ ဥပမာအားဖြင့် ဌာနဆိုတဲ့ စကားလုံးဟာ လည်ရစ်မပါတာ သေချာပါပြီ။ ဌာနကနေ ဆင်းသက်လာတဲ့ ဌာန်ကရိုဏ်းမှာလည်း လည်ရစ် မပါပါဘူး။ ဌာပနာ ဆိုရင်လည်း လည်ရစ်မပါပါဘူး။ ဌာယိဘာဝ ဆိုရင်လည်း လည်ရစ် မပါပါဘူး။ ဥပါဒ်ဌီဘင် တို့မှာ သုံးတဲ့ ဌီဟာလည်း လည်ရစ်မပါပါဘူး။ ရာထူး ဌာနန္တရမှာ သုံးတဲ့ ဌာနန္တရမှာလည်း လည်ရစ်မပါပါဘူး။
ဌဝမ်းဘဲလည်ရစ်ပါတဲ့ စာလုံးတချို့ကို ပြောရရင်တော့ ဆဋ္ဌမ၊ အဋ္ဌမ၊ သမ္မာဒိဋ္ဌိ၊ ရှင်မဟာရဋ္ဌသာရ ၊ အဓိဋ္ဌာန်၊ သန္နိဋ္ဌာန်၊ ပြဋ္ဌာန်း၊ ပဋ္ဌာန်း စတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ အများကြီး ရှိပါတယ်။ (ကိုသိမ်းမြတ် အလင်္ကာပုလဲပန်း အစီအစဉ် ၁၈ ဇန်နဝါရီ ၂၀၁၈)
တရားစာမှာ စူဠကို စူ ဋ္ဌလို့ မှားရေးထားတယ်။ အသူရကာယ် လို့ ရေးရတယ်။ တိရစ္ဆာန်လည်း မှားနေတယ်။
တရားစာတွေမှာ သတ်ပုံမှားတာက ပိုပြီး တာဝန်ကြီးပါတယ်။ မကြာခဏ အမှားတွေ တွေ့နေရတယ်။ တခါတခါဆရာတော်ဘွဲ့အမည်တွေပါတယ်။ ဆရာတော် မှားသလို ထင်စေနိုင်တယ်။ တရားဆိုတာ ဘုရား ဟောတာ။ ဘုရား မှားသလို ထင်စေအောင် မလုပ်သင့်ကြပါ။
ကျောင်းသုံးစာအုပ် အမှားများအကြောင်း https://burmese-spelling.blogspot.com/.../blog-post_43.html
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ