(၁)
တင်ထားတဲ့စာ = သတ်ပုံတွေကို အနီဆို အမှား၊ အစိမ်းဆိုအမှန်ဆိုပြီး သင်နေကြတယ်။ မြန်မာစာ အဲလောက် မလွယ်ကူပါ။
ကွန်မင့်တခု = ဂွကျ❎ ခွချ✅ ဖုန်းမှာအမှားကို အနီရောင်မပြထားပေးဘူး
ပြန်စာ
"မပြထား" ကြီးလာသော် "ဒေါ်ပြထား" ဟုခေါ်ရမည်။
အမှန်ခြစ်၊ အမှားခြစ်နည်းနဲ့ သတ်ပုံစစ်ပေး၊ သတ်ပုံသင်ပေးနေတာတွေ တဝက်လောက်သာ မှန်တာတွေရသည်။
မ ကို နေရာတကျ မထားတတ်သူတွေများလွန်းလို့ AI လည်း မ ကိုနေရာကျအောင်မထားတတ်အောင် ဖြစ်နေပြီ။ ခဏခဏပြန်ပြောရသည်။ ပြန်ပြောတော့ လက်ခံသွားသည်။ နောက်တခါ ထပ်မှားသည်။ နောက်တခါလည်း ထပ်မှားပြန်သည်။ မှားဦးမည်။
အင်တာနက်သုံးပြီး မြန်မာစာလိုစာရေးတာတွေ မှားလေလေ AI လည်း မြန်မာစာ မှားလေလေ။
(၂)
ကွန်မင့်တခု = (စ) စာရေးရင်တော့ “ခွကျ” လို့ သတ်ပုံ အမှန်ရေးပြီး အသံထွက်ကတော့ “ဂွကျ” လို့ အသံထွက်ရမှာ မဟုတ်ဘူးလား ခင်ဗျ။ “ဂွကျတယ်= အဆင်မပြေ၊ မသင့်မတင့်၊ အဆီအငေါ်မတည့် ဖြစ်သည်။” ဆိုတာက ဘယ်စာအုပ်မှာ ပါတာလဲ ခင်ဗျ။ “ကာရန် အသံနဲ့ အားကို ယူပြီး အသံထွက် စာလုံး သုံးတာတွေ ရှိတယ်” ဆိုတော့ ပုံမှန် စကားပြေ ရေးတဲ့ နေရာမှာ အမှန်ဖြစ်တဲ့ “ခွကျ” ကိုပဲ သုံးမှသာ သတ်ပုံ အမှန်ကို သိပြီး မှန်မှန်ကန်ကန် သုံးရာရောက်မှာ မဟုတ်ဘူးလား ခင်ဗျာ။ တကယ်တော့ သတ်ပုံအမှန်ကို သိထားရင် အသံထွက်လည်း မမှားနိုင်တာမို့ ဘယ်သီချင်း၊ ဘယ်ကဗျာ၊ ဘယ်မှာဖြစ်ဖြစ် “ခွကျ” လို့ ရေးလို့ရပြီး အသံထွက်သူကလည်း အမှန်ထွက်ကြမှာ မဟုတ်လား ခင်ဗျာ။ ကိုယ်က “ဂွ” ကြိုက်လို့၊ အသံထွက်အတိုင်း “ဂွကျ” လို့ပဲ သုံးချင်လို့ သတ်ပုံအမှားကို စာရေးတဲ့နေရာမှာ သုံးမယ်ဆိုရင်တော့လည်း သဘောပါခင်ဗျာ။ (ဆုံး)
ပို့စ် ထပ်တင်ပါမည်။
မြန်မာ့ ဘန်းစကားများ လှသမိန်)
https://drive.google.com/.../1xtbwSfdqEe9n9Lfffzg.../view...
(ရှေးစာကဗျာများ)
တအုပ်လုံး သတ်ပုံမှန်စာ ရေးထားသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment