နေ့စဉ်ဘဝအခြေအနေများတွင် အထူးကျွမ်းကျင်ပညာမလိုဘဲ အရာဝတ္ထုများကို မြင်နိုင်၊ နားလည်နိုင်၊ တုံ့ပြန်နိုင်သော မျှဝေခံယူထားသည့် လက်တွေ့ကျဆုံးဖြတ်နိုင်မှုနှင့် မွေးရာပါသဘောထားဆိုင်ရာ စွမ်းရည်ကို ဆိုလိုသည်။ ၎င်းသည် လူ့အသိုင်းအဝိုင်းအတွင်း အများအားဖြင့် လက်ခံထားသည့်၊ အလွန်သဘာဝကျသည့် အသိပညာအပေါ် အခြေခံသည်။ အခြေခံဆုံးဖြတ်ချက်များနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စများတွင် အရေးပါသော်လည်း ၎င်းကို ပုဂ္ဂိုလ်ရေးဆန်မှုရှိနိုင်ခြင်း၊ အချို့အခါများတွင် သာမန်ယုံကြည်ချက် (conventional wisdom) သို့မဟုတ် မစိစစ်ထားသော အမြင်များနှင့် ဆင်တူကြောင်း ဝေဖန်လေ့ရှိကြသည်။
Common sense ၏ အဓိကလက္ခဏာများ —
၁။ လက္ခဏာများ
ရှုပ်ထွေးသော ယုတ္တိဆင်ခြင်မှု မလိုအပ်သော လက်တွေ့ကျ၊ တည်ငြိမ်သေချာသော ဆုံးဖြတ်နိုင်မှုဟု ဖော်ပြလေ့ရှိသည်။
လူ့အသိုင်းအဝိုင်းအများစု မျှဝေထားသည့် “သာမန်အသိ” တရပ်ဟု ယူဆကြသည်။
၂။ ဖွံ့ဖြိုးလာပုံ
တရားဝင်ပညာရေးမှ မဟုတ်ဘဲ
ကိုယ်တိုင်တွေ့ကြုံခဲ့သည့် အတွေ့အကြုံများနှင့် လူမှုဆက်ဆံရေးလေ့လာမှုများမှ ဖွံ့ဖြိုးလာသည်။
၃။ ဆုံးဖြတ်ချက်ချရာတွင် အခန်းကဏ္ဍ
လုံခြုံရေး၊ လူမှုဆက်ဆံရေး စသည့် နေ့စဉ်ဘဝဆုံးဖြတ်ချက်များကို လမ်းညွှန်ပေးနိုင်သည်။
သို့သော် လက်တွေ့ကိစ္စများတွင်သာ အများအားဖြင့် အသုံးဝင်ပြီး၊ ပိုမိုကျယ်ပြန့်သော ဉာဏ်ပညာ (wisdom) နှင့် ကွာခြားသည်။ ဉာဏ်ပညာသည် ပိုမိုအတွေးအခေါ်ဆန်နိုင်ပြီး ဒဿနဆန်နိုင်သည်။
၄။ ဝေဖန်ချက်များ
ပုဂ္ဂိုလ်ရေးအမြင်အပေါ် မူတည်နိုင်ခြင်း
တည်ငြိမ်မညီခြင်း
အချို့အခါ “သာမန်ယုံကြည်ချက်” ဟူ၍ ယူဆသော်လည်း အမြဲတမ်း ယုတ္တိကျမှန်ကန်မနေနိုင်ခြင်း
၅။ သမိုင်းနောက်ခံ
Common sense ဟူသော စကားလုံးသည် လာတင်ဘာသာ sensus communis မှ ဆင်းသက်လာပြီး အာရစ်စတိုတယ်၏ အတွေးအခေါ်များတွင် “မျှဝေခံယူသဘော” အဖြစ် ဆွေးနွေးထားသည်။ သမိုင်းအတွင်း၌
ကောင်းမွန်သော အရသာနှင့် ဆုံးဖြတ်နိုင်မှု၏ မြင့်မားသော စံနှုန်းကို ဆိုလိုရန် အသုံးပြုခဲ့သကဲ့သို့
တဖက်တွင် သာမန်လူထု၏ မစိစစ်ထားသော ယုံကြည်ချက်များ၊ အယူမှားများကို ရည်ညွှန်းရန်လည်း အသုံးပြုခဲ့သည်။
၆။ “Common Sense” (၁၇၇၆) – သောမတ်စ် ပိန်း
၁၇၇၆ ခုနှစ်တွင် ထုတ်ဝေခဲ့သော Common Sense ဟူသည့် လက်ကမ်းစာစောင်သည် အမေရိကန် လွတ်လပ်ရေးကို ထောက်ခံကာ တောင်းဆိုသည့် အရေးပါသော စာတမ်းတခု ဖြစ်ပြီး အမေရိကန် နိုင်ငံရေးသမိုင်းတွင် ယင်းစကားလုံး၏ အဓိကအသုံးပြုမှုတရပ်ဟု ယူဆကြသည်။
၇။ Common Sense Media
ယနေ့ခေတ်တွင် Common Sense Media ဟူသော အဖွဲ့အစည်းသည် ဒီဂျစ်တယ်ခေတ်တွင် ကလေးများအတွက် အသက်အရွယ်နှင့် သင့်လျော်သည့်၊ လုံခြုံစိတ်ချရသော အကြောင်းအရာများကို လမ်းညွှန်ပေးရန် ယင်းစကားလုံးကို အသုံးပြုထားသော နမူနာတရပ် ဖြစ်သည်။
အနှုတ်အားဖြင့်
Common sense သည် နေ့စဉ်ဘဝတွင် အရေးပါသော လက်တွေ့အသိတရပ်ဖြစ်သော်လည်း အမြဲတမ်း ယုတ္တိအပြည့်အစုံမဖြစ်နိုင်ကြောင်း၊ ထိုကြောင့် ဝေဖန်စဉ်းစားနိုင်မှုနှင့် ပေါင်းစပ်အသုံးချရန် လိုအပ်ကြောင်း သတိပြုရမည် ဖြစ်သည်။
(၂)
“Common sense is not so common”
လူတိုင်းလိုလိုက သိသောအရာများကိုသိသူ နည်းပါးသည်
၁၈ ရာစု ပြင်သစ်ဒဿနပညာရှင် ဗော်လ်တဲယား (Voltaire) ထံ ခန့်မှန်းသတ်မှတ်လေ့ရှိသော နာမည်ကြီး ဟာသရိပ်ပါ သတိပေးစကားတခု ဖြစ်သည်။ ယင်းစကားသည် လက်တွေ့ကျသော၊ ယုတ္တိပြည့်စုံသော စဉ်းစားဆုံးဖြတ်နိုင်မှုသည် လူ့အသိုင်းအဝိုင်းအတွင်း မျှော်လင့်သလောက် မများကြောင်းကို ဖော်ပြထားသည်။ လူများသည် ယုတ္တိအခြေပြုစဉ်းစားမှုထက် စိတ်ခံစားမှု၊ မတည့်မညီသော အမြင် (bias) များ သို့မဟုတ် အတွေ့အကြုံနည်းပါးမှုတို့ကြောင့် လှုံ့ဆော်ခံရလေ့ရှိကြသည်ဟု အဓိပ္ပာယ်ရသည်။
Common sense မများရခြင်း၏ အဓိကအကြောင်းရင်းများ —
၁။ ပုဂ္ဂိုလ်ရေးအခြေပြုမှု (Subjectivity)
Common sense ဟူသည် ကိုယ်ပိုင်အတွေ့အကြုံအပေါ် အခြေခံလေ့ရှိသဖြင့် လူတဦးနှင့် တဦး၊ ယဉ်ကျေးမှုတခုနှင့် တခုအကြား မတူကွဲပြားနိုင်သည်။
၂။ စိတ်ခံစားမှုအပေါ် အခြေပြုဆုံးဖြတ်ခြင်း
လူများသည် တည်ငြိမ်သေချာသော ယုတ္တိအခြေပြု စဉ်းစားမှုထက် ချက်ချင်းတုံ့ပြန်သည့် စိတ်ခံစားမှုများအပေါ် မူတည်၍ ဆောင်ရွက်လေ့ရှိကြသည်။
၃။ မွေးရာပါ မဟုတ်ဘဲ လေ့လာရယူရခြင်း
Common sense သည် မွေးရာပါ မဟုတ်ဘဲ အမှားအယွင်းများ၊ ပျက်ကွက်မှုများနှင့် ခက်ခဲသော အတွေ့အကြုံများမှ သင်ယူရရှိလာရသော အရည်အချင်းတခု ဖြစ်သည်။ သို့သော် လူများစွာသည် အဆင်ပြေသော အခြေအနေကိုသာ ရွေးချယ်လိုသဖြင့် ထိုသို့ လေ့လာရယူနိုင်ခြင်း မဖြစ်လေ့ရှိကြသည်။
၄။ စိတ်ဓာတ်ဘက်ဆိုင်ရာ လွဲမှားမှုများ (Cognitive biases)
မစိစစ်မသုံးသပ်ဘဲ လက်ခံထားသော ယုံကြည်ချက်များ၊ ကြိုတင်အမြင်များသည် လက်တွေ့ကျသော စဉ်းစားမှုကို မကြာခဏ အနိုင်ယူလေ့ရှိကြသည်။
၅။ အခြေအနေဆိုင်ရာ ကွဲပြားမှု
လူတဦးအတွက် အထင်အရှား ဖြစ်သည့် အရာတခုသည် အခြားသူအတွက် ထင်ရှားမဖြစ်နိုင်ပါ။ ၎င်းသည် ပုဂ္ဂိုလ်တဦးချင်း၏ နောက်ခံအတွေ့အကြုံနှင့် ဆက်နွယ်သည်။
ယင်းစကားသည် ၁၇၆၄ ခုနှစ် ထုတ်ဝေခဲ့သော သူ၏ Dictionnaire Philosophique တွင် မူရင်းဖြစ်လာခဲ့သည်ဟု ခန့်မှန်းရပြီး လူ့အပြုအမူအပေါ် ဝေဖန်သုံးသပ်ချက်တခုအဖြစ်လည်းကောင်း၊ ဝေဖန်စဉ်းစားနိုင်မှု (critical thinking) သည် လူများတွင် အလိုအလျောက် ဖြစ်ပေါ်နေသည့် အရာ မဟုတ်ကြောင်း သတိပေးချက်အဖြစ်လည်းကောင်း ယူဆနိုင်သည်။
(၃)
Common sense ၏ နမူနာများ
အထူးကျွမ်းကျင်ပညာမလိုဘဲ လုံခြုံရေးနှင့် အဆင်ပြေမှုကို သေချာစေရန် လက်တွေ့ကျကျ ဆုံးဖြတ်ဆောင်ရွက်ခြင်းများ ဖြစ်သည်။ ဥပမာအားဖြင့် အအေးမိသောရာသီတွင် ကုတ်အင်္ကျီဝတ်ခြင်း၊ လမ်းဖြတ်ရာတွင် ဘယ်ဘက်ညာဘက် ကြည့်ခြင်း၊ ပျက်စီးလွယ်သော အစားအစာများကို ရေခဲသေတ္တာထဲ ထားခြင်း၊ ပူနေသော မီးဖိုကို မထိခြင်း၊ မိုးရွာမည်ဟု ခန့်မှန်းလျှင် ထီးယူသွားခြင်းတို့ ဖြစ်သည်။ ယင်းတို့သည် အထူးပညာမလိုဘဲ ယုတ္တိကျစွာ ချမှတ်သော ဆုံးဖြတ်ချက်များ ဖြစ်ကြသည်။
နေ့စဉ်ဘဝရှိ Common sense နမူနာများ —
၁။ လုံခြုံရေးနှင့် ကျန်းမာရေး
လပ်တော့ပ် ကွန်ပျူတာ ပိတ်သွားလျှင် ဘက်ထရီကို စစ်ဆေးခြင်း
အရက်မူးနေစဉ် မမောင်းနှင်ခြင်း
ဆာလောင်လျှင် အစာစားခြင်း
၂။ အခြေအနေသဘောနားလည်ခြင်း (Situational awareness)
ယာဉ်အသွားအလာများသော လမ်းကြားတွင် မလျှောက်ခြင်း
မိုးရွာနေစဉ် အကာအကွယ်မရှိဘဲ မရပ်နားခြင်း
အန္တရာယ်ရှိနိုင်သည့် နေရာများကို ရှောင်ရှားခြင်း
၃။ လူမှုဆက်ဆံရေးနှင့် လက်တွေ့ကျဆုံးဖြတ်မှု
နောက်တွင် လိုက်လာသူရှိလျှင် တံခါးကို ကိုင်ထားပေးခြင်း
ပူနေသော ပန်းကန်ကို အဝတ်သုတ်ဖြင့် ကိုင်ခြင်း
၄။ ယုတ္တိဆင်ခြင်နိုင်မှု
ကြက်ဥကို လွှတ်ချလျှင် ကွဲမည်ကို သိရှိခြင်း
၅။ ဆိုရှယ်မီဒီယာမှာ တင်တာတိုင်းကို အစစ်အမှန်မဟုတ်နိုင်ကြောင်းကို သံသယရှိခြင်း
၆။ ကင်ဆာပျောက်ဆေး၊ ဆီးချိုပျောက်ဆေး ဆိုတာတိုင်းသည် လိမ်နေသည်ဟုသိခြင်း
Common sense သည် နေ့စဉ်ဘဝတွင် အခြေခံယုတ္တိနှင့် အတွေ့အကြုံအပေါ် မူတည်၍ လုံခြုံရေး၊ လူမှုဆက်ဆံရေးနှင့် အဆင်ပြေမှုကို ထိန်းသိမ်းပေးသော လက်တွေ့အသိတရပ် ဖြစ်သည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment