အဲလိုထင်နေကြတယ်။
ပုံထဲကငရုပ်သီးဟာ မြန်မာပြည်ကို အိန္ဒိယနိုင်ငံ ကသည်း ခေါ် မဏိပူနဲ့ နာဂဒေသကနေလာပါတယ်။ အဲဒီမှာ Umorok ဥမရုတ် လို့ခေါ်တယ်။
မြန်မာလူမျိုးတွေက ရွှေလံဘို (ရွှေလံဗိုလ်) လို့ အမည်ပေးကြတယ်။။
ယူအက်စ်အေကို မက်ဆီကိုကနေလာတယ်။ သူတို့က Ghost pepper လို့ ခေါ်တယ်။
မြန်မာနိုင်ငံပီပီ တယောက် နှစ်မျိုးပြောလေ့ရှိကြလို့ အမည်တွေများတယ်။
ကုလားအော်ငရုတ်သီး (ခေါ်) အာဝါးသီး
အစားအသောက်တွေ၊ အပင်တွေ၊ ပန်းတွေကို နေရာဒေသအလိုက် အမျိုးမျိုးခေါ်ကြတယ်။
ပုံထဲကငရုတ်သီးကို Umorok ရွှေလံဗိုလ် လို့သာ ခေါ်ပါတယ်။
အညာဒေသမှာ ကုလားအော်သီးဆိုတာ ရွှေအပ်သီး၊ မိုးမျှော်သီးကိုသာ ခေါ်ကြတယ်။
အာဝါးသီးလို့ တော့ မကြားဘူးသေးပါ။ အာဝါးဆိုတာ ကလေးတွေကို မွှေး (နမ်း) တာ။
ပုံထဲက အလွန်စပ်တဲ့ ငရုတ်သီးရဲ့ မူရင်းအမည်တွေကလည်း အမျိုးမျိုး။
- ရွှေလံဘို
- ရွှေလံဗိုလ်
- အာဝါးသီး
- Ghost pepper တစ္ဆေငရုတ် (မက်စီကန်)
- Umorok ဥမရုတ် (ကသည်း၊ မဏိပူ)
ကျွန်တော်က ဒီငရုတ်အမျိုးအစားကိုလည်း ကြိုက်တယ်။ အခြောက်က ပိုစပ်တယ်။ အစိမ်းနဲ့ အခြောက် မွှေးတာခြင်း မတူ။ ယူအက်စ်အေမှာလည်း ဝယ်လို့ရတယ်။ နယူးဒေလီမှာတော့ နယ်စပ်ကနေ မှာရတယ်။
"လက်ရေတပြင်တည်း"
ဟေ့ သူငယ်ချင်းရေ ဒို့နယ်ပယ်တွင် မိုးသက်ကယ်ဆင် ရှင်ခွင်ကမဲ မိုး … ရွာမလိုလိုနဲ့ပဲ
ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင် လက်ရေတပြင်တည်း ရှေးကထက် ပိုချစ်ကြတယ်
တောရွာသူတို့အိမ်ဝယ် မြိန်ဖွယ်ပ ထမင်း
မိုးမျှော်ငရုတ်သီးတောင့်နဲ့ ကိုဘိုကေရယ် ဒေါင်းလန်းကြီးရဲ့အလယ်
ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင် လက်ရေတပြင်တည်း ရှေးကထက် ပိုချစ်ကြတယ်
မိုးတိမ်ယံအာကာဝယ် ယာပြင်လမ်းမှာလ ထန်းပင်ထန်းလက်ထန်းရွက်တွေက အသွယ်သွယ်ပါ မောင်ရယ်
မြရင်တို့ရွာ ရိုးရာဇာတိနွယ် ဪ … လမ်းစဉ် လမ်းဆက် လမ်းမျက်စိတောင်မှ လယ်ပါတယ်ကွယ်
ပျိုရဲ့ ညိုနွဲ့ ကြိုလှဲ့ပါ့ဆံကေသွယ်
ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင် လက်ရေတပြင်တည်း ရှေးကထက် ပိုချစ်ကြတယ်
https://www.facebook.com/watch/?v=482040652298559
ဇာတိနွယ် (လက်ရည်တပြင်တည်း) တေးရေး နန်းတော်ရှေ့ဆရာတင်
မူရင်းဆို မကြည်အောင် https://www.facebook.com/100022042233499/videos/427552244656180/ မှန်တယ်။
လက်ရည်တပြင်တည်း ဆို - မာမာအေး တီး - စန္ဒရားဂီတလုင် မောင်ကိုကို https://www.youtube.com/watch?v=_d5A0pG92Ww
လက်ရည်တပြင်တည်း https://web.facebook.com/…/pcb.10210449…/10210449504814961/…
ဆို - မာမာအေး။ တီး - စန္ဒရားဂီတလုင် မောင်ကိုကို
Chilli ငရုတ်သီး အရသာ https://dr-tint-swe.blogspot.com/2021/07/chilli.html
Chili Chili Chili ငရုတ်သီးဋီကာ https://dr-tint-swe.blogspot.com/2022/07/chili-chili-chili.html
Chili plant ငရုတ်ပင် https://dr-tint-swe.blogspot.com/2022/08/chili-plant.html
Umorok ရွှေလံဗိုလ် https://dr-tint-swe.blogspot.com/2022/08/umorok.html
Umorok ရွှေလံဗိုလ် https://dr-tint-swe.blogspot.com/2021/08/umorok.html
Ghost pepper ရွှေလံဘိုငရုပ် https://burmese-spelling.blogspot.com/2024/09/ghost-pepper.html
Ghost pepper တစ္ဆေငရုတ် ဥမရုတ် https://burmese-spelling.blogspot.com/2023/01/ghost-pepper.html
Minywa Chili မင်းရွာ မိုးမျှော် ငရုပ် https://burmese-spelling.blogspot.com/2024/09/minywa-chili.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment