Τhe Three Sisters of Fate ကံကြမ္မာ၏ ညီမသုံးဦး
ဂရိနတ်ဘုရားပုံပြင်အရ Moirae ဟု ခေါ်သော ကံကြမ္မာနတ်သမီး သုံးဦး ရှိကြသည်။ ၎င်းတို့မှာ Clotho, Lachesis နှင့် Atropos တို့ ဖြစ်ကြသည်။
ဤညီမသုံးဦးသည် လူသားများနှင့် နတ်ဘုရားများ၏ ကံကြမ္မာကို တူညီစွာ ရက်ယက်သတ်မှတ်ကြသည်။ လူသားဖြစ်စေ၊ နတ်ဘုရားဖြစ်စေ ၎င်းတို့၏ ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်ချက်ကို မပြောင်းလဲနိုင်၊ မမေးမြန်းနိုင်ကြောင်း ယူဆထားကြသည်။
Clotho သည် အငယ်ဆုံးဖြစ်ပြီး “အသက်တန်းကြိုး” ကို ရက်ယက်ပေးသူ ဖြစ်သည်။ အသက်ဖန်တီးမှု၏ မူလအရင်းအမြစ်ကို ကိုယ်စားပြုသည်ဟု ဆိုကြပြီး လူတဦး မွေးဖွားသည့်အချိန်တွင် အသက်တန်းကြိုးကို စတင်ရက်ယက်ပေးသည်ဟု ယူဆကြသည်။
Lachesis သည် ဒုတိယဖြစ်ပြီး လူတဦး၏ ဘဝကံကြမ္မာကို ခွဲဝေပေးသူ ဖြစ်သည်။ ၎င်း၏ အမည်သည် ဂရိစကား “λαγχάνω” မှ ဆင်းသက်လာပြီး “မဲနှိုက်၍ ရရှိသည်” ဟု အဓိပ္ပါယ်ရသည်။ ထိုသဘောအရ လူတဦး၏ ကံကြမ္မာသည် ဖြစ်နိုင်ချေ များစွာအတွင်းမှ ရွေးချယ်သတ်မှတ်ထားသည်ဟု နားလည်နိုင်သည်။ Lachesis သည် မိမိ၏ တံတားတံဖြင့် အသက်တန်းကြိုး၏ အရှည်နှင့် သဘာဝကို တိုင်းတာသတ်မှတ်ပေးသည်ဟု ဆိုကြသည်။
နောက်ဆုံးညီမမှာ Atropos ဖြစ်သည်။ ၎င်းကို “မပြန်လှည့်နိုင်သူ” ဟု အဓိပ္ပါယ်ဖော်ကြသည်။ Atropos သည် အသက်တန်းကြိုးကို ဖြတ်တောက်သူ ဖြစ်ပြီး မိမိ၏ ဖြတ်ကိရိယာဖြင့် လူတဦး မည်သို့ သေဆုံးမည်ကို သတ်မှတ်ပေးသည်ဟု ယူဆထားကြသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment