အချိုတွေလျှော့စား
အချိုတွေရှော့စား
ဘယ်ဟာအမှန်ဖြစ်ပါသလဲဆရာ
၂။ ဖုန်းအရောင်းဆိုင်ကြီး တဆိုင်ရဲ့ နာမည်ပါဆရာ သူကတော့ Shop(ရှော့ပ်) လို့ ဆိုချင်တာပေမဲ့ အဲ့ဆိုင်ရှေ့က ဖြတ်မိလို့ မြင်မိတိုင်း ဈေးလျှော့ ရောင်းတာလို့ဘဲ နားလည်နေမိတယ်ခင်ဗျ
၃။ တစ်တွေ တဖြစ်လာတာကို အမြင်မှန်ရလာပြီလို့ခေါ် ၊ Shop (ရှော့်)လို့ရေးတာကတော့ လူတွေစိတ်ဝင်စားအောင် ထွင်ကြည့်တာနေမှာ ဒါပေမယ့်ရေးထားတာက လျှော့ လို့ရေးထားတာလို့ဖော်ပြထားတော့ ထင်ယောင်ထင်မှား ဈေးလျှော့သလိုလို သူများနဲ့မတူအောင် ကြော်ငြာတာ။
၄။ ဆရာ မင်္ဂလာပါ လျော့ နဲ့ လျှော့ အသုံးအနှုန်းတွေ ရောနေတာ ဘယ်လိုသုံးရမယ်သိ ဆရာ
၅။ ဆရာ အထူးလျှော့စျေး နဲ့ အထူးလျော့စျေး ဘယ်ဟာက အမှန်လဲဆိုတာ ပြောပြပေးပါလား။
၆။ အလျော့အတင်းနဲ့ အလျှော့အတင်းကို နားလည်အောင် ရှင်းပြပေးပါဦးဆရာ
လျှော့ အသံထွက် ယှော့
ရှော့ မြန်မာအဘိဓါန်တွေနဲ့ သတ်ပုံကျမ်းတွေထဲမှာ မပါ။
how to pronounce shock = shaak
How to pronounce shock
UK/ʃɒk/
US/ʃɑːk/
https://dictionary.cambridge.org/us/pronunciation/english/shock#google_vignette
Shock အင်္ဂလိပ်စာလုံး အသံထွက်ကို ရှော့၊ ရှော့ခ် လို့ ရေးကြတယ်။
Shop နဲ့ Stop အသံထွက်က (ပ်) သံနဲ့ ဆုံးရတယ်။
Shock နဲ့ Stock အသံထွက်က (ခ်) သံနဲ့ ဆုံးရတယ်။
လျှော့
တင်းကျပ်နေသည်ကို အနည်းငယ်ချောင်အောင်လုပ်သည်။
ကြိုးလျှော့သည်။
ခါးပတ်လျှော့သည်။
စျေးလျှော့ပါ
စိတ်လျှော့သည်
ဈေးလျှော့ဖွင့်သည်
လက်မလျှော့တဲ့အချစ်
လက်လျှော့သည်
လျှော့၍ လျော့သည်
လျှော့ပေါ့
လျှော့မတွက်နဲ့
လျှော့ရက်
လျှော့ရက်ရသည်
အကြံလျှော့သည်
အားမလျှော့နဲ့ ရောက်လုပြီ အို ကြိုးစားတက်ပါမည် ကုသိုလ်အကျိုးဟာ တန်ခိုးကြီးသည် ဘိုးဘိုးကြီး မမည် (ကျိုက်ထီးရိုး)
လျော့
ကြိုးလျော့
မာန်လျော့
အလျော့အတင်း
အထူးလျော့ဈေး
အလျော့အတင်း
လျော့ကျသည်
လျော့နည်း
လျော့ပါး
လျော့ရိလျော့နည်း
လျော့လျည်း
လျော့လျား
အလျော့အတင်း စောင်းကြိုးညှင်း
အားမတန် မာန်လျော့
ဖြေလျော့ခွေ
ငါနှင့်ငါသာ နှိုင်းစရာဟု ပညာမုန်ယို အရွယ်ပျိုက မဆိုစလောက် မာန်စောင်မြောက်၍ နှုတ်ငေါက်လွန်မိ ဒေါသငြိလည်း နောင်ပြီးတခါ ရိုသေစွာလျှင် ဤစာကိုးခန်း ပုလဲပန်းဖြင့် စိတ်ကျန်းညံ့လျော့ ငါကန်တော့၏။ (ရှင်မဟာရဋ္ဌသာရ)
နှမလက်လျှော့နေလေတော့ (ရေး/ဆို တွံတေးသိန်းတန်) https://www.youtube.com/watch?v=KHvNbyUlgCM
ဒေါက်တာတင့်ဆွေ

Comments
Post a Comment