အပြည့်အစုံဖြေပေးတာကို သဘောမပေါက်။ နားမလည်။ ပြန်မေးတာတွေက အတော်အဆီအငေါ်မတည့်။
တချို့ကလည်း တင်ထားတဲ့စာထဲမှာ ပါနေတာကို မေးကြသည်။
သိလိုတာတော့ အလွန်ကောင်းပါတယ်။
မေးတာကိုက စိတ်ပါဝင်စားမှုကိုပြသတာ။ ကောင်းတယ်။
ဒုံးဝေးကြတာ ပညာရေးစနစ်ကြောင့်သာ ဖြစ်ပါသည်။
ဒုံးဝေး = တော်ရုံတန်ရုံနှင့်သဘောမပေါက်နိုင်ဖြစ်သည်။ နားဝေးသည်။
အထပ်ထပ်ပြောဟောပါလျက်ရွာသားတို့ကား ဒုံးဝေးလှ၏။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment