သပြေဘူတ
သတ်ပုံပြင် မခံရသေးသောပန်း
Magnolia grandiflora သို့မဟုတ် Southern magnolia သို့မဟုတ် ဘူးလ်ဘေး (bull bay) ဟုလည်း ခေါ်ကြပြီး Magnoliaceae မျိုးရိုးဝင် သစ်ပင်ကြီးတပင်ဖြစ်သည်။ မူလပေါက်ရောက်ဒေသမှာ အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်းဒေသဖြစ်၍ ဗာဂျီးနီးယားပြည်နယ်မှ စ၍ ဖလော်ရီဒါပြည်နယ် အလယ်ပိုင်းအထိ၊ အနောက်ဘက်သို့ တက္ကဆပ်ပြည်နယ် အရှေ့ပိုင်းအထိ တွေ့ရသည်။
အမြင့်အားဖြင့် ၂၇.၅ မီတာ (၉၀ ပေခန့်) အထိ ကြီးထွားနိုင်ပြီး အရွက်မပေါက်ကျသော အမြဲစိမ်း သစ်ပင်ကြီးတပင်ဖြစ်သည်။ အရွက်များမှာ အရွယ်ကြီး၍ အနက်စိမ်းရောင် ဖြစ်ကာ အရှည် ၂၀ စင်တီမီတာခန့်၊ အကျယ် ၁၂ စင်တီမီတာခန့် ရှိနိုင်သည်။ ပန်းများမှာ အဖြူရောင်ဖြစ်ပြီး အနံ့သာမွှေးကာ အချင်း ၃၀ စင်တီမီတာ (၁၂ လက်မခန့်) အထိ ကြီးမားနိုင်သည်။
မူလအားဖြင့် ဂတ်ဖ်ကမ်းရိုးတန်းနှင့် တောင်အတ္တလန္တိတ်ကမ်းရိုးတန်း အနိမ့်ပိုင်း အပူပိုင်းတောအမြဲစိမ်းဒေသများတွင် သဘာဝပေါက်ရောက်သော်လည်း ယနေ့တွင် အပူချိန်နွေးထွေးသော ကမ္ဘာ့ဒေသအများအပြားတွင် စိုက်ပျိုးထိန်းသိမ်းထားကြသည်။
၎င်း၏ သစ်သားမှာ ထူထဲမာကျော၍ အလေးချိန်ရှိသဖြင့် ပရိဘောဂလုပ်ငန်း၊ ပလက်ဖောင်းများ၊ veneer ပြုလုပ်ရာတွင် စီးပွားရေးအရ အသုံးပြုကြသည်။
မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဟိမဝန္တာတောင်တန်း ဒေသ၊ မြောက်အမေရိကတိုက်နှင့် အရှေ့စွန်းဒေသများတွင် တတိုင်းမွှေး ပန်းမျိုးပေါင်း ၁၂ မျိုးခန့်ပေါက်သည်။ တမျိုးနှင့်တမျိုး ပေါက်ပွားပုံချင်း မတူကြချေ။ အချို့မှာ အမြဲစိမ်းပင်မျိုးဖြစ်၍၊ အချို့မှာရာသီလိုက် အရွက်ကြွေပင်မျိုးဖြစ်သည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment