Skip to main content

တခါတရံ အင်းယားကန်မှာ

- အင်းယားနားက မြို့သမိုင်း အင်းလျား တဲ့ မွန်တွေ အခြေပြု အင်းနဘေးမှာ နေထိုင်စဥ်က တောင်နဲ့မြောက်သာ ခပ်မျောမျောအလျားလိုက် အင်းကြီးမို့ အင်းလျားခေါ်သတဲ့။ ၁၈၈၂-၈၃ အင်္ဂလိပ်ခေတ်ကြ(ကျ)တော့ ပိုထူထပ်လာတဲ့ မြို့လူဦးရေ နဲ့အမျှ လိုအပ်တဲ့ ရေအရင်းအမြစ် ပြည့်မှီ(မီ)ဖို့ရာ အင်းယားက ရေကို ကန်တော်ကြီးထိ သွယ်ယူခဲ့ရတယ်။ ပြုပြင်ထိန်းသိမ်းတာတွေ လုပ်အပြီးမှာ ဝိတိုရိယကန် တဖြစ် ပြောင်းလဲခေါ်ကြပြန်တယ်။ နောင်နှစ်များ ကြာလာတော့လည်း ဝိတိုရိယဆိုတာ ရာဇဝင်ထဲမှာ ကျန်ခဲ့ပြီး မူရင်း အင်းလျားကိုပဲ အင်းယားလို့ ယ အသံထွက်ပြောင်းလဲ ခေါ်လိုက်တာ ဒီနေ့ထိပါပဲ။ 
- မင်္ဂလာပါ ဆရာ။ အင်းယားကန် နဲ့ အင်းလျားကန် ဘယ်ဟာက သတ်ပုံမှန်ပါသလဲခင်ဗျ။ မင်္ဂလာဆောင်ဖိတ်စာမှာ မူရင်းသတ်ပုံ သုံးချင်လို့ပါဆရာ။ ကျေးဇူးပါ။
၁။ အင်းယားကန်သို့အိုကုတို့ ကဗျာစာအုပ်ကို ဆရာ မင်းသုဝဏ် ၁၉၂၆ မှ ၁၉၇၂ အတွင်း ရေးသားထားတဲ့ ကဗျာတွေကို ဇွဲစာပေရိပ်မြုံက ဖြန့်ချိသည်။
၂။ ဆရာတင်မိုးက ဒေါက်တာဂျော်နီကဗျာမှာ တခါတရံ အင်းယားကန်မှာလို့ ရေးပါတယ်။
၃။ မိုးမိုး (အင်းလျား)။ ကလောင်အမည်။ အမည်တွေကို ကိုယ့်သဘော စာလုံးပေါင်းကြလေ့ရှိတယ်။
၄။ ချစ်ရက်ရှည်ရှည်အင်းယားမြေ (တွံတေးသိန်းတန်)
ကျောင်းဖွင့်ချိန်
စိန်ပန်းတွေလဲ မြေမှာကျဲပြန့်နေ
ဂန့်ဂေါ်ပန်းတွေနဲ့အတူ သူနဲ့တွေရာမြေ
တက္ကသိုလ် သို့မဟုတ် မြကျွန်းသာအင်းယားကန်နယ်မြေ
အချိန်ညနေချမ်း နေခြည်ဖျန်းရင်လေ
မြေနီလမ်းကလေးမှာ အပန်းဖြေ အပန်းဖြေ
ချစ်စရာအလှပစကားများပြောကြတာတွေ
ချစ်သောမောင့်ချစ်သူရေ
အင်းယားကန်က မောင်တို့မောင်တို့မေတ္တာမြေ
သိုသိပ်ဝှက်ကွယ်ထားတဲ့ မေတ္တာတရားတွေ
ရင်ထဲမှာ ကိုယ်စီကိုယ်ငှပေ
ချစ်စရာနုတ်ခမ်းများမှ စကားများလဲမပွင့်လင်းကြပေ
သဇင်တွေဖူးပါတဲ့ဆောင်းဦးကိုလဲ ကျော်ခဲ့ပြီမေရေ
ရာသီတွေပြောင်းပေမယ့် မောင်တို့နှစ်ဦးရဲ့မထူးမထူးတဲ့အခြေ
ချစ်စိတ်တွေရင်မှာ အစဉ်သာသိမ်းကာထားခဲ့ပေ
နွေဦးလေရူးတွေလဲမြူးပြီလေ ဂန့်ဂေါ်တွေလဲဖူးလို့နေ
သစ်ရွက်ကြွေမြေမှာလူးကာ
ဥသြငှက်တွေတွေ့တော့ချစ်ရက်တွေရှည်
ဒီအခါဒီသမယ ခွဲကြရမယ့်အခြေ
အချိန်တန် အိမ်ပြန်ကြပေမယ့် ကိုယ့်လိပ်ပြာကမင်းရဲ့ထံမှာနေ
အင်းယားကိုလဲမမေ့နိုင်ပေ။   ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ