Skip to main content

တခါတရံ အင်းယားကန်မှာ

- အင်းယားနားက မြို့သမိုင်း အင်းလျား တဲ့ မွန်တွေ အခြေပြု အင်းနဘေးမှာ နေထိုင်စဥ်က တောင်နဲ့မြောက်သာ ခပ်မျောမျောအလျားလိုက် အင်းကြီးမို့ အင်းလျားခေါ်သတဲ့။ ၁၈၈၂-၈၃ အင်္ဂလိပ်ခေတ်ကြ(ကျ)တော့ ပိုထူထပ်လာတဲ့ မြို့လူဦးရေ နဲ့အမျှ လိုအပ်တဲ့ ရေအရင်းအမြစ် ပြည့်မှီ(မီ)ဖို့ရာ အင်းယားက ရေကို ကန်တော်ကြီးထိ သွယ်ယူခဲ့ရတယ်။ ပြုပြင်ထိန်းသိမ်းတာတွေ လုပ်အပြီးမှာ ဝိတိုရိယကန် တဖြစ် ပြောင်းလဲခေါ်ကြပြန်တယ်။ နောင်နှစ်များ ကြာလာတော့လည်း ဝိတိုရိယဆိုတာ ရာဇဝင်ထဲမှာ ကျန်ခဲ့ပြီး မူရင်း အင်းလျားကိုပဲ အင်းယားလို့ ယ အသံထွက်ပြောင်းလဲ ခေါ်လိုက်တာ ဒီနေ့ထိပါပဲ။ 
- မင်္ဂလာပါ ဆရာ။ အင်းယားကန် နဲ့ အင်းလျားကန် ဘယ်ဟာက သတ်ပုံမှန်ပါသလဲခင်ဗျ။ မင်္ဂလာဆောင်ဖိတ်စာမှာ မူရင်းသတ်ပုံ သုံးချင်လို့ပါဆရာ။ ကျေးဇူးပါ။
၁။ အင်းယားကန်သို့အိုကုတို့ ကဗျာစာအုပ်ကို ဆရာ မင်းသုဝဏ် ၁၉၂၆ မှ ၁၉၇၂ အတွင်း ရေးသားထားတဲ့ ကဗျာတွေကို ဇွဲစာပေရိပ်မြုံက ဖြန့်ချိသည်။
၂။ ဆရာတင်မိုးက ဒေါက်တာဂျော်နီကဗျာမှာ တခါတရံ အင်းယားကန်မှာလို့ ရေးပါတယ်။
၃။ မိုးမိုး (အင်းလျား)။ ကလောင်အမည်။ အမည်တွေကို ကိုယ့်သဘော စာလုံးပေါင်းကြလေ့ရှိတယ်။
၄။ ချစ်ရက်ရှည်ရှည်အင်းယားမြေ (တွံတေးသိန်းတန်)
ကျောင်းဖွင့်ချိန်
စိန်ပန်းတွေလဲ မြေမှာကျဲပြန့်နေ
ဂန့်ဂေါ်ပန်းတွေနဲ့အတူ သူနဲ့တွေရာမြေ
တက္ကသိုလ် သို့မဟုတ် မြကျွန်းသာအင်းယားကန်နယ်မြေ
အချိန်ညနေချမ်း နေခြည်ဖျန်းရင်လေ
မြေနီလမ်းကလေးမှာ အပန်းဖြေ အပန်းဖြေ
ချစ်စရာအလှပစကားများပြောကြတာတွေ
ချစ်သောမောင့်ချစ်သူရေ
အင်းယားကန်က မောင်တို့မောင်တို့မေတ္တာမြေ
သိုသိပ်ဝှက်ကွယ်ထားတဲ့ မေတ္တာတရားတွေ
ရင်ထဲမှာ ကိုယ်စီကိုယ်ငှပေ
ချစ်စရာနုတ်ခမ်းများမှ စကားများလဲမပွင့်လင်းကြပေ
သဇင်တွေဖူးပါတဲ့ဆောင်းဦးကိုလဲ ကျော်ခဲ့ပြီမေရေ
ရာသီတွေပြောင်းပေမယ့် မောင်တို့နှစ်ဦးရဲ့မထူးမထူးတဲ့အခြေ
ချစ်စိတ်တွေရင်မှာ အစဉ်သာသိမ်းကာထားခဲ့ပေ
နွေဦးလေရူးတွေလဲမြူးပြီလေ ဂန့်ဂေါ်တွေလဲဖူးလို့နေ
သစ်ရွက်ကြွေမြေမှာလူးကာ
ဥသြငှက်တွေတွေ့တော့ချစ်ရက်တွေရှည်
ဒီအခါဒီသမယ ခွဲကြရမယ့်အခြေ
အချိန်တန် အိမ်ပြန်ကြပေမယ့် ကိုယ့်လိပ်ပြာကမင်းရဲ့ထံမှာနေ
အင်းယားကိုလဲမမေ့နိုင်ပေ။   ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ