Skip to main content

ဒဏ်ရာလေးကို သက်သေတည်မယ်


(ကာတွန်း မြင့်သိန်း - စံရွှေမြင့်)

မလိမ်ပါ မညာပါ - မှန်ရာကိုသာပြောရရင် သံယောဇဉ်တမြှင်ကြိုးနဲ့ သူ့ကိုပင် ဆုံးတသက် ရုန်းမထွက်နိုင်အောင် တမင် အထပ်ထပ် ရစ်ပတ်ချည်နှောင်လိုက်စမ်းချင်

သြော် ဒါပေမယ့် ကျမအနုပညာရှင် မီးရောင်အောက်က ဇာတ်သမလေးမို့ပင် စိုးရွံစိတ်လဲလွန်ကဲချင် မတွေးမဆ အဆိုးမြင်ဝါဒနဲ့ နောင်တကယ် ရှောင်ဖယ်ခဲ့ရင် အနာဂတ်မရှိ ပစ္စုပ္ပန်မှောင်အတိ မချိပင်ပမ်း နွမ်းနွမ်းလျလျ တမ်းတလို့ မနေချင်

ဒါကြောင့်မို့ သူ့လို တခုပြောချင် ခိုင်သင်းကြည်ဇာတ်သမမို့ မေတ္တာ မေတ္တာ အကို့မေတ္တာကို မမျှစေချင်

ကျနော်နဲ့ မြတ်ဟာ သမီးရီးစားဘဝကနေ အကြင်လင်မယားဖြစ်လာကြတဲ့အထိ အများတကာ စံထားလောက်အောင် တဦးကိုတဦး အကြင်နာအယုယပိုခဲ့ကြတယ် မဟုတ်ပါလား

ဒီတော့ သားတည်းဟူသော ကြိုးကလေးကြောင့် စွန်တည်းဟူသော မြတ်ရဲ့ရစ်ဘီး ကျနော်ဟာ ဘယ်လောက်ပဲဝေးဝေး တချိန်ချိန်မှာဖြင့် ပြန်လည်ဆုံစည်းရဦးမှာပါ ကိုငြိမ်းမောင်ရယ်

သံယောဇဉ်တမြှင်ကြိုး၊ ဆုံးတသက်၊ တမင်၊ နောင်တကယ်၊ တခုပြောချင်၊ တဦးကိုတဦး၊ အများတကာ၊ တဦးကိုတဦး နဲ့ တချိန်ချိန်မှာဖြင့် သတ်ပုံကို တင်ပြပါတယ်။ ပင်ပန်းနဲ့ မျှင်လို့က ပိုသင့်မယ် ထင်ပါတယ်။

ကျွန်တော်နဲ့ အသက်မတိမ်းမယိမ်း နှစ်ယောက် ကွန်မင့် ရေးကြတာ ဖတ်ရတယ်။ 

- စံရွှေမြင့်ခေတ်မီသူတွေဆို ခြောက်ထိပ်စည်းတွေဖြစ်လောက်တယ်

- ၇၀ ကျော် ငယ်သူငယ်ချင်းတွေကလဲ မှတ်မိနေကြသေးတယ်

သူတို့က ကာတွန်းကို လွမ်းဆွတ်သတိရနေကြတယ်။ ကျွန်တော်ကတော့ သတ်ပုံကိုပါ ဖတ်တာ။ အရင်ဟာတွေ မှားတယ်လို့ နောက်လူတွေက ပြင်ကြသတဲ့။ တိုင်းပြည်ရဲ့ လွတ်လပ်ရေးကလည်း ၇ ထိပ်စည်း မဟုတ်ပါလား။ လွတ်လပ်ရေးကျောက်တိုင်မှာ သတ်ပုံ မှန်တယ်။ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ