Skip to main content

စွဲ ဆွဲ

- အာရှမှာ မြန်မာကသာ အနိုင်ယူ ဗိုလ်ဆွဲ ရမည်

ဗိုလ်စွဲ နဲ့ ဗိုလ်ဆွဲ မတူပါ။

- တခါက ဥပဓိရုပ်လက္ခဏာကောင်းတဲ့လူကြီး တစ်ဦး(တဦး)ဟာ လက်စွဲပုံး(လက် ဆွဲ ပုံး) တစ်ဖက်(တဖက်) တံမြက်စည်းတစ်ဖက်(တဖက်)နဲ့ ဝေဘူရိပ်သာ (ဘာသာရေးစာဖြစ်တော့ သတ်ပုံပြင်ရမှာ အားနာ။ အကုသိုလ်တော့ မဖြစ်လောက်လို့ ထင်တယ်။ စွဲ နဲ့ ဆွဲ မှားနေတယ်။)

- စစ်ခွေးတွေက ကျနော်တို့ ယာကြီး ဘုန်းတော်ကြီးကျောင်းထဲမှာ တပ်ဆွဲပြီး ရွာထဲလူ‌တွေကို သူတို့မထင်ရင် မထင်သလို ဝင်ဖမ်း ရိုက်နှက် ခေါ်စစ်ဆေးတော့ ရွာသားတွေက ကြောက်လှန့်ပြီး ရွာနဲ့နီးစပ်တဲ့တောတွေထဲ ရှောင်ပုန်းနေကြရတယ်။ (DVB)

တပ်စွဲလို့ ရေးရတယ်။ ကြောက်လန့်ပြီးလို့ ရေးရတယ်။ ခြောက်လှန့်၍ လန့်နေသည်။

- ဆရာရှင့် ကျေးဇူးပြု၍ စွဲ နှင့် ဆွဲ ကိုလဲ ခွဲခြား ရှင်းပြ ပေးပါလားရှင်။ ယခု face book မှာ တော်တော်များများ မှားနေကြပါတယ်။

ဆွဲဆောင့် ပစ်ချင်တယ်အစား စွဲဆောင့်၊ စွဲလမ်းအစား ဆွဲလမ်းလို့ရေးနေကြပါတယ်။

- ဆရာရှင့် အသက်က ၂၇ နှစ်ပါ။ ဆေးကို အကြာကြီးဆွဲသောက်သင့်ပါသလား။

ဆေးကို ဆရာဝန်ညွှန်တဲ့အတိုင်း စွဲစွဲမြဲမြဲသောက်ပါ။ အချိန်မဆွဲပါနှင့်။

- ကြိုက်တဲ့အစာတွေ့တော့ စွဲပြီ။

သည်ဆိုင်ကအစားအစာတွေကို စွဲနေပြီ။ ဘန်းစကားဆိုရင် စားတော့မယ်ကို ဆွဲပြီ။

- သူငယ်ချင်းနဲ့ ငြင်းနေတာဆရာ ကျွန်တော်က (အထုပ်ဆွဲ) သူက(အထုပ်စွဲ) အဖြေမှန် သိချင်လို့ ကျေးဇူးပါဆရာ။

အကိုက်အခဲပျောက်ဆေး စွဲနေသည်။ အပြန်မှာ ခေါက်ဆွဲတထုပ် ဆွဲခဲ့ပါ။

- BBC Burmese ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က ငြိမ်းချမ်းရေးမြို့ လေးကေ့ကော်မှာတပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်တွေ 

တပ်စွဲလို့ ရေးရ။

- ဆရာရှင့် ကျေးဇူးပြု၍ စွဲ နှင့် ဆွဲ ကိုလဲ ခွဲခြား ရှင်းပြ ပေးပါလားရှင်။ ယခု face book မှာ တော်တော်များများ မှားနေကြပါတယ်။

ဆွဲဆောင့် ပစ်ချင်တယ်အစား စွဲဆောင့်၊ စွဲလမ်းအစား ဆွဲလမ်းလို့ရေးနေကြပါတယ်။

- ဆရာရှင့် အသက်က ၂ရနှစ်ပါ။ ဆေးကို အကြာကြီးဆွဲသောက်သင့်ပါသလား။

ဆေးကို ဆရာဝန်ညွှန်တဲ့အတိုင်း စွဲစွဲမြဲမြဲသောက်ပါ။ အချိန်မဆွဲပါနှင့်။

စွဲ

စွဲချက်တင်

စွဲငြိနေပြီ

စွဲစွဲမြဲမြဲ

စွဲလန်း

စိတ်ထဲမှာစွဲနေ

ဆေးစွဲနေသည်

တပ်စွဲထားသည်

တရားစွဲ

နိုင်ငံရေးအစွဲ

ဘာသာရေးအစွဲ

ရောဂါစွဲကပ်နေသည်

အတပ်စွဲသည်

အသည်းစွဲ

ဆွဲ

ကမ္ဘာမြေကြီးဆွဲငင်အား

ကြိုက်သလောက်သာ ဆွဲပေတော့။

စွဲလမ်းတမ်းတပို ရွှေရင်အသဲထဲမှာလှိုက်ဖို မောင့်မမငြိမ်းကို (ဝင်းဦးသီချင်း)

ဆွဲ၍လိမ်သည်

ဆွဲကြိုးချသေဆုံး

ဆွဲကြိုးတန်ဆာ

ဆွဲကိုင်သည်

ဆွဲချိတ်ရှိသလား

ဆွဲချိန်ခွင်

ဆွဲချိုင့်နဲ့ ထမင်းဝယ်လာ

ဆွဲခြင်းနဲ့ စျေးသွား

ဆွဲငင်သည်

ဆွဲဖြတ်သည်

ဆွဲမီးအိမ်

ဆွဲအံ (အံဆွဲ)

ဆေးစွဲနေသူတွေကို ရဲကလာဆွဲသွားသည်။

ဆေးစွဲပြီးသောက်ပါ။ အချိန်ဆွဲမနေပါနှင့်။

တပ်စွဲထားသည်။ စစ်ပွဲကို အချိန်ဆွဲပြီးမတိုက်ပါနှင့်။

တုတ်ဆွဲ ဓါးဆွဲ

ဒီဆိုင်မှာ စွဲစွဲမြဲမြဲစားပါတယ်။

နတ်အုန်းသီးဆွဲထားသည်

နားသန်သီးဆွဲထားသည်။ ဆွဲကြိုးလည်းပါ၏။

နေ့ခင်းမှာ ဆိုက်ကားဆွဲ၏။

ပြိုင်ပွဲတွင် ပဌမစွဲ၏။

မှိုင်းစွဲနေတဲ့ လက်ဆွဲမီးအိမ်ကို ချိတ်ဆွဲထားသည်။

မီးပုံးဆွဲထားသည်

မုံ့တပွဲလောက် ဆွဲခဲ့ပါ။

ရန်ကုန်နှင့် နေပြည်တောာ်ကား ကားဆွဲနေသည်။

လွန်ဆွဲပွဲမှာ ဆေးစွဲနေသူတွေဘက်က ရှုံး၏။

အချိန်ဆွဲကစားနေသည်

အစွဲအလမ်းကြီးမားသူ။

ဗိုလ်ကေတထောင်မှာ တယောက်လောက်တော့စွဲကောင်းပါရဲ့ ကျွဲမ ကျွဲမ ကျွဲမ အသားညို

ကျွဲမသီချင်းကို နန်းတော်ရှေ့ဆရာတင်ကရေးပြီး မကြည်အောင်က စတင်ဆိုခဲ့ပါတယ်။ ခုခေတ် ပြန်ဆိုသီချင်းတွေရဲ့ နောက်ခံစာသားမှာတော့ သတ်ပုံအမှန်အတိုင်း မရေးတတ်ကြပါ။ မန်ကျည်းမှား၊ တထောင်မှား၊ တယောက်မှားကြတယ်။ တယောက်လောက်တော့(ဆွဲ)ကောင်းပါရဲ့လို့ ရေးရင်တော့ ရဲကလာဆွဲသလား၊ ဆွဲလားရမ်းလားလုပ်သလားလို့ ဆိုလိုရာရောက်ပါမယ်။

ကျွဲမ

ကျွဲမကြည်အောင် ဆရာနန်းရှေ့ရဲ့ တပည့်အရင်းပါအစ်ကို ကျွန်မကိုခင်ရင် မမြင်ချင်ပါနဲ့ အိုမကြည့်ချင်ပါနဲ့ ဥပမာပြောမယ် ကျွန်မပုံကို အာပုံသည်လုပ်တဲ့ ကုလားမလေးရဲ့ မန်ကျည်းငုတ်တို 

ဗိုလ်ကေတထောင်မှာ တယောက်လောက်တော့စွဲကောင်းပါရဲ့ ကျွဲမ ကျွဲမ ကျွဲမ အသားညို

ကျွန်မဓါတ်ပုံကိုပြရန်မလို ထမင်းအိုးဖင်ကိုကြည့်တော်မူပါအစ်ကို ကျွန်မဓါတ်ပုံကိုပြရန်မလို ထမင်းအိုးဖင်ကိုကြည့်တော်မူပါအစ်ကိုလို့ 

ညည်းနဲ့မတန်ပေါင်ဆိုချင်ဆို အသားလတ်လတ်နဲ့သူကိုသာ ယူချင်တယ်အစ်ကို 

ဗိုလ်ကေတထောင်မှာ တယောက်လောက်တော့စွဲကောင်းပါရဲ့ ကျွဲမ ကျွဲမ ကျွဲမ အသားညို

မူရင် ခရာရင် ယောကျ်ားတိုင်းက ချစ်တယ်ဆို မူရင်ခရာရင် ယောကျ်ားတိုင်းက ချစ်တယ်ဆို ကြည်အောင်ကျွဲမခင်ပျို

နွဲ့နွဲ့နွဲ့ နွဲ့လိုက်မှာပဲ ထင်သလို ထင်သလို ပိုက်ကျုံးထက်ကရွှံ့ဗွက်တွေထဲ ကျွဲမလေးကြည်အောင် မောင်ခေါ်စမ်းကို ခေါ်စမ်းကို အရုပ်ဆိုးမလေး အားငယ်တယ်အစ်ကို အများနဲ့မတူတဲ့ အပျို အပျို အပျို အပျို ကျွန်မနဲ့ညားရင် မောင်အားငယ်မှာစိုးသကို

ဗိုလ်ကေတထောင်မှာ တယောက်လောက်တော့၊ တယောက်လောက်တော့ စွဲကောင်းပါရဲ့ ကျွဲမ ကျွဲမ ကျွဲမ အသားညို။   ။

အာပုံမုံ့လုပ်နည်း တင်ထားတာမှာလည်း သတ်ပုံတွေ အတော်လွဲနေတယ်။ အစာပြေတဲ့။ အဆာပြေလို့ ရေးရတယ်။ ချိုစိမ့်ပြီတဲ့။ ချိုဆိမ့်ပြီးလို့ ရေးရတယ်။ သီချင်းတွေ ဘယ်လောက်ကောင်းကောင်း၊ အဆိုအကတွေ ဘယ်လောက်ကောင်းကောင်း၊ စားစရာတွေ ဘယ်လောက်ကောင်းကောင်း ရေးသားတဲ့စာတွေ သတ်ပုံမမှန်ရင် ဘာတခုမှ ကြည့်မကောင်းတော့ပါ။

မြန်မာစာ ကျွဲမထက် အသား ညို ရရှာပြီ။ အခုမှတ်ချက်က မြန်မာလိုရေးတာဖြစ်လို့ အသားအရောင်ကို ထည့်ပြောရတယ်။ ကန်တော့ + ဆောရီး။ နိုင်ငံတကာအသုံးမှာ အသားအရောင်မခွဲခြားရပါ။ ကျွန်တော်တို့ တိုင်းပြည်မှာတော့ အမှန်နဲ့ အမှား မခွဲခြားရသလို ဖြစ်နေပြီ။ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...