Skip to main content

ကျည်းကန်ရှင်ကြီး ကြည့်ကန်ရှင်ကြီး



ဆရာခင်ဗျာ ကြည့်ကန်ရှင်ကြီး၏ လမ်းညွှန်မေတ္တာ ဆုံးမစာတွင် လူဖြောင့်စိတ်တို၊ လူချိုစိတ်ကောက်၊ သည်နှစ်ယောက်တွင်၊ ချိုကောက်ကိုမပေါင်းနှင့်။ တိုဖြောင့်ကိုပေါင်းရမည်။ ချိုကောက်တို့သဘောမှာ၊ ပျားရည်ဆိပ်ခတ်၊ ထောပတ်စိန်ပါ၊ မစားရသည် ပမာအတူတူ၊ စသည်ဖြင့်ဆိုထားသည့်အနက် ထောပတ်စိန်ပါဆိုသည့်စကားရပ်၏ အဓိပ္ပယ်ကိုသိလိုပါသည်ခင်ဗျာ။

ထောပတ်စိန် ဟုတ်ပါသလား။ စိမ်လား။

ထောပတ်စိန်ပါပါဆရာ။ စိမ်မဟုတ်ပါဘူးခင်ဗျ

ကျည်းကန်ရှင်ကြီးဟာ ကုန်းဘောင်ခေတ်မှာ အလွန်ထင်ရှားခဲ့တဲ့ ကျမ်းပြုဆရာတော်ကြီးတပါးဖြစ်တယ်။ မြိုင်မြို့နယ် ကျည်းကန်ရွာမှာ ၁၁၁၉ ခုနှစ်က ဖွါးမြင်ခဲ့တယ်။ မုံရွေး အမေး ကျည်းကန် အဖြေစာတွေကထင်ရှားတယ်။ အမေးပုစာ္ဆ ၁၁၁၅ ပုဒ်ပါတဲ့ စွယ်စုံကျော်ထင်ကျမ်းကြီးကိုလည်း ပြုစုတော်မူခဲ့တယ်။

ကျီးသဲဆရာတော်ကြီးက ကျည်းကန်ရှင်ကြီးသည် ပိဋကတ်ဗေဒင်အရပ်ရပ်တို့ကို နှံ့စပ်၏။ လောက ဓမ္မ ရာဇအရေး သုံးပါး၌ ကျွမ်းကျင်၏။ ဉာဏ်လည်း ထက်မြက်နက်နဲသည်။ ရယ်ရွှင်နှစ်သက်စရာတို့ကိုလည်း တီထွင်ရေးတတ်သေးသည်။ အဖက်ဖက်က ပြည့်စုံရကား လူအားလုံး၏ မှီတင်းရာ ပညာသူဌေးကြီးဖြစ်၏ လို့ ဂုဏ်ပြုချီးကျူးတော်မူလေသည်။

ကျွန်တော် ထောပတ်စိန်ပါကို အခုထိတော့ မသိသေးပါ။ ထုတ်ဝေထားတဲ့စာအုပ်တွေကိုလည်း မယုံရဲပါ။ သတ်ပုံတွေ မှားနေကြတယ်။ စွယ်စုံကျော်ထင်ကျမ်း (ကြည့်ကန်ရှင်ကြီး အမေးပုစ္ဆာတစ်ထောင်ကျော်၏ အဖြေများ) လို့ စာအုပ်ကြော်ငြာ တင်ထားတာတွေ့တယ်။ ဆရာတော်အမည်ကအစ မှားနေတယ်။ 

သာကီဝင်နွယ် စောဘုန်းကြွယ် မင်းဘယ်မျှတွင် ပွင့်သနည်း။

ရွှေနန်းသိမ်းအံ့ စားတော်ခွံ နူးညံ့ဆုပ်ပေါင်း မည်မျှနည်း။

သိလိုသူတွေ အဟောင်းမူရင်းစာအုပ်တွေကိုသာ အားကိုးကြစေချင်ပါတယ်။ 

ကျည်းကန်လို့ ကျွန်တော်တို့ဒေသိယအသံနဲ့ထွက်ကြပေမယ့် ရွာဆိုင်းပုဒ်ကိုတော့ ကြည့်ကန်ဆိုပြီး တးင်ထားပါတယ် ဆရာကြီး၊ ကျည်းကန်-ကြည့်ကန် ဘယ်ဟာက အမှန်ပါလဲခင်ဗျာ

ကြည့်ကန်ရှင်ကြီး ဘဝနှင့်စာပေ

သန်းဝင်းလှိုင်

(မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၁၈

ကြည့်ကန်ရှင်ကြီးအမည်ဖြင့် ထင်ရှားသော ကုန်းဘောင် ခေတ် စာဆိုတော်ကား သာမဏေပုဂ္ဂိုလ် ရှင်နန္ဒဓဇ ဖြစ်သည်။ ဆရာတော်သည် မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ မြို့မြို့နယ် ၏ မြောက်ဘက် လင်္ကာတော ၁၀ ရွာအပါအဝင်ဖြစ်သော ကြည့်ကန်ရွာ၌ မြန်မာသက္ကရာဇ် ၁၁၁၉ ခုနှစ် (ခရစ် ၁၇၅၇ ခုနှစ်) တွင် ဖွားမြင်ခဲ့သည်။ မွေးနံတော်မှာ စနေသားဖြစ်ပြီး၊ ငယ်မည်မှာ မောင်နု ဖြစ်သည်။ သာမဏေဝတ်ဖြင့် စာပေသင်ကြား သည်။ အမျိုးအနွယ်ကား ကေတုမတီ ပြည့်ရှင်မင်း၏ အဆောင်မြဲ မင်းကြီး၏ မြစ်ဖြစ်သည်။ စဉ့်ကူးမင်းနှင့် ပဒုံ မင်းလက်ထက်တွင် လွှတ်တော်ရုံးတော်များ၌ ဝင်ရောက်အမှုထမ်းသည်။

http://maas.edu.mm/Research/Admin/pdf/24%20UAgKyawMoe.pdf

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ